ဒေါ်အောင်ဆန်းစုကြည် ကျန်မာရေးကောင်းမွန်ပြီဖြစ်သဖြင့် တရားရုံးကြားနာမှုသို့တက်ရောက်ခဲ့ပြီး ပြည်သူများကျန်းမာရေးဂရုစိုက်ရန်ပြော

 1355

NP News - စက်တင်ဘာ ၁၄
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေးကောင်မွန်ပြီဖြစ်သဖြင့် ယနေ့ (စက် တင်ဘာလ ၁၄ ရက်) နံနက်ပိုင်းကပြုလုပ်ခဲ့သည့် ဇမ္ဗူသီရိအထူးတရားရုံး၊ ရုံးချိန်းသို့တက်ရောက်နိုင်ခဲ့သော်လည်း ခေါင်းမူးနေဆဲဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ (၁၃) ရက်တွင်ပြုလုပ်မည့် တရားရုံးကြားနာမှုရုံးချိန်သို့တက်ရောက်ရန်အလာတွင် ကားမူးပြီးနေထိုင်မကောင်းဖြစ်ခဲ့သဖြင့် တရားခွင်အားခွင့်တိုင်ပြီး တစ်ရက်အနားယူခဲ့ကြောင်း သိရသည်။ "ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ကြည့်ရတာ ပြန်သက် သာလာပါတယ်။ ဒါပေမယ့်သူကတော့ ခေါင်းမူးနေတုန်းပဲလို့ပြောပါတယ်။ ပြည်သူတွေရဲ့ကျန်းမာ ရေးအတွက် စိတ်ပူကြောင်း၊ ဂရုစိုက်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူအတွက် အမှာစကားပါးကြောင်း” ၎င်း၏ရှေ့နေများထံမှ သိရသည်။

သမ္မတဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာမျိုးအောင်တို့သည် ရှေ့ နေအဖွဲ့ များနှင့်တွေ့ဆုံခွင့်ရခဲ့ပြီး စစ်ကောင်စီဘက်မှတရားစွဲဆိုထားသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအမှုပေါင်းငါးခုအတွက် ရှေ့နေများထံသို့ ပါဝါလွှဲစာများတွင် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ (စက်တင်ဘာလ ၁၄ ) ရက်တွင် လက်မှတ်ရေးထိုးပေးခဲ့ကြောင်း သိရသည်။ ယ နေ့ရုံးချိန်တွင် သမ္မတဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာမျိုးအောင်တို့ အမှုဖွင့်တရားစွဲခံထားရသည့် ပုဒ်မ ၅ဝ၅(ခ)အမှုနှင့် ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသည့် သဘာဝဘေးအန္တရာယ်ဥပဒေအမှုကို စစ်ဆေးခဲ့ကြောင်း သိရသည်။
#NPNews

Related news

© 2021. All rights reserved.