ဆလိုဗက်ကီးယားမှာ ရထားနှစ်စင်းတိုက်မိခဲ့ပြီး ခရီးသည်ဒါဇင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာရရှိ

 101

Pika (NP News) - နိုဝင်ဘာ ၁၁

ဆလိုဗက်ကီးယားနိုင်ငံမှာ ရထားနှစ်စင်းတိုက်မိခဲ့ရာ ခရီးသည်ဒါဇင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆလိုဗက်ကီးယားပြည်ထဲရေးဝန်ကြီး Matus Sutaj Estok က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အဲဒီဖြစ်ရပ်အတွင်း ရထားတစ်စင်းကို အခြားရထားတစ်စင်းက နောက်ကနေ ဝင်တိုက်မိခဲ့တာဖြစ်တယ်လို့ Matus Sutaj Estok က ပြောကြားခဲ့ပါတယ်။ ရထားနှစ်စင်းတိုက်မိမှုဖြစ်ပွားခဲ့ပြီးနောက် သေဆုံးတဲ့သူမရှိခဲ့ပေမယ့်လည်း ထိခိုက်ဒဏ်ရာ ရရှိသူတွေအားလုံးကို ဆေးရုံကိုချက်ချင်းပို့ဆောင်ခဲ့တယ်လို့ Matus Sutaj Estok က ပြောကြားခဲ့ပါတယ်။ ရထားနှစ်စင်းတိုက်မိမှုဟာ Bratislava မြို့နဲ့ Pezinok မြို့ကြား အရှေ့မြောက်ဘက်(၂၀)ကီလိုမီတာအကွာမှာရှိတဲ့ ရထားလမ်းတစ်ခုမှာဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့က “ကနဦးသတင်းအချက်အလက်တွေအရတော့ ဒီဖြစ်ရပ်အတွင်း လူပေါင်းများစွာ ထိခိုက်ဒဏ်ရာရရှိခဲ့ပါ တယ်။ ရထားတစ်စင်းကို အခြားရထားတစ်စင်းက နောက်ကနေဝင်တိုက်မိခဲ့တာပါ” လို့ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာလ(၁၃)ရက်တုန်းကလည်း ဆလိုဗက်ကီးယားနိုင်ငံအရှေ့ပိုင်းမှာ ရထားနှစ်စင်းတိုက်မိခဲ့ပြီး လူ(၉၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version:
ဆလိုဗက္ကီးယားမွာ ရထားႏွစ္စင္းတိုက္မိခဲ့ၿပီး ခရီးသည္ဒါဇင္ေပါင္းမ်ားစြာ ထိခိုက္ဒဏ္ရာရရွိ
Pika (NP News) - ႏိုဝင္ဘာ ၁၁
ဆလိုဗက္ကီးယားႏိုင္ငံမွာ ရထားႏွစ္စင္းတိုက္မိခဲ့ရာ ခရီးသည္ဒါဇင္ေပါင္းမ်ားစြာ ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ ဆလိုဗက္ကီးယားျပည္ထဲေရးဝန္ႀကီး Matus Sutaj Estok က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ အဲဒီျဖစ္ရပ္အတြင္း ရထားတစ္စင္းကို အျခားရထားတစ္စင္းက ေနာက္ကေန ဝင္တိုက္မိခဲ့တာျဖစ္တယ္လို႔ Matus Sutaj Estok က ေျပာၾကားခဲ့ပါတယ္။ ရထားႏွစ္စင္းတိုက္မိမႈျဖစ္ပြားခဲ့ၿပီးေနာက္ ေသဆုံးတဲ့သူမရွိခဲ့ေပမယ့္လည္း ထိခိုက္ဒဏ္ရာ ရရွိသူေတြအားလုံးကို ေဆး႐ုံကိုခ်က္ခ်င္းပို႔ေဆာင္ခဲ့တယ္လို႔ Matus Sutaj Estok က ေျပာၾကားခဲ့ပါတယ္။ ရထားႏွစ္စင္းတိုက္မိမႈဟာ Bratislava ၿမိဳ႕နဲ႔ Pezinok ၿမိဳ႕ၾကား အေရွ႕ေျမာက္ဘက္(၂၀)ကီလိုမီတာအကြာမွာရွိတဲ့ ရထားလမ္းတစ္ခုမွာျဖစ္ပြားခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။
ရဲတပ္ဖြဲ႕က “ကနဦးသတင္းအခ်က္အလက္ေတြအရေတာ့ ဒီျဖစ္ရပ္အတြင္း လူေပါင္းမ်ားစြာ ထိခိုက္ဒဏ္ရာရရွိခဲ့ပါ တယ္။ ရထားတစ္စင္းကို အျခားရထားတစ္စင္းက ေနာက္ကေနဝင္တိုက္မိခဲ့တာပါ” လို႔ ေျပာခဲ့ပါတယ္။
ၿပီးခဲ့တဲ့ေအာက္တိုဘာလ(၁၃)ရက္တုန္းကလည္း ဆလိုဗက္ကီးယားႏိုင္ငံအေရွ႕ပိုင္းမွာ ရထားႏွစ္စင္းတိုက္မိခဲ့ၿပီး လူ(၉၁)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.