ငြမ်းချမ်းရေးကို သွားချင်ရင် ဒီရွေးကောက်ပွဲကို မဖြစ်မနေဖြတ်သန်းရမယ်

92

သက်ပိုင် (NP News) - နိုဝင်ဘာ ၁၁
မွန်ညီညွတ်ရေးပါတီသည် မွန်ပြည်နယ်တွင်အခြေစိုက်သည့်ပါတီတစ်ခုဖြစ်ကာ လာမည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီတစ်ခု လည်းဖြစ်သည်။ မွန်ညီညွတ်ရေးပါတီနှင့်ပတ်သက်၍ ပါတီ၏မူဝါဒ၊ အနာဂတ်ရည်မှန်းချက်များနှင့် ရွေး ကောက်ပွဲအတွက် ကြိုးပမ်းအားထုတ်ရာတွင်တွေ့ကြုံရမှုများကို ပါတီပြောရေးဆိုခွင့်ရှိသူ ဦးနိုင်သန်းရွှေ နှင့် ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။
မေး။ ရွေးကောက်ပွဲအပေါ်ထားတဲ့ ပါတီရဲ့မူဝါဒနဲ့ သဘောထားကို ပြောပြပေးပါ။
ဖြေ ။ ကျွန်တော်တို့က ပြည်တွင်းမှာရှိနေတဲ့ တရားဝင်နိုင်ငံရေးပါတီဆိုတော့ ကျွန်တော်တို့က ရွေး ကောက်ပွဲကိုဝင်ကြမှာပေါ့နော်။ ဒီရွေးကောက်ပွဲကိုဝင်တာက အဓိကတော့ လက်ရှိနိုင်ငံရေး အခင်း အကျင်းပေါ် မူတည်ပြီးတော့ ငြိမ်းချမ်းရေးဘောင်ကျယ်လာအောင်ပေါ့ဗျာ။ အဓိကကတော့ စစ်ရေး ဘောင်ကျဉ်းပြီးတော့ ငြိမ်းချမ်းရေးရဲ့မျက်နှာစာ ပိုပြီးကျယ်လာအောင်ဆိုရင် ရွေးကောက်ပွဲနဲ့ပဲ သွားလို့ ရမယ်။ ဒီမိုကရေစီရှင် သန်ရေးလမ်းကြောင်းအရကိုသွားမယ်ဆိုရင် ရွေးကောက်ပွဲကနေပြီးတော့မှပဲ သွားလို့ရမယ်။ ဒါ ကျွန် တော်တို့ မွန်ညီညွတ်ရေးပါတီရဲ့ အဓိကရည်မှန်းချက်ပေါ့။ ကျွန်တော်တို့ ပါတီ မူဝါဒကတော့ ပြီးခဲ့တဲ့ (၂၀၂၂) မှာလုပ်ခဲ့တဲ့ ပါတီညီလာခံမှာချမှတ်ထားတဲ့ မူဝါဒလုပ်ငန်းစဉ်တွေရှိတယ်။ အဲဒါကိုပြောရမယ်ဆိုရင် နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးမှုနဲ့အဖြေရှာရမယ်။ နောက်တစ်ခုက ဘယ်လိုအချိုးအကွေ့မှာမဆို ကျွန်တော်တို့ ဒေသခံမွန်လူမျိုးတွေရဲ့အကျိုးစီးပွားကို ကျွန်တော်တို့ လုပ် သွားမယ်။ နောက်ပြီးတော့ ပြည်ထောင်စုနဲ့ကိုက်ညီတဲ့ အခြေခံဖွဲ့စည်းပုံပေါ်ပေါက်ဖို့အတွက် ကျွန်တော် တို့က တခြားတိုင်းရင်းသား ပါတီတွေ၊ ဒီမိုကရက်တစ်ပါတီတွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်သွား မယ်။ နောက်ပြီးတော့ ကျွန်တော်တို့ တိုင်းရင်းသားတွေနဲ့ကိုက်ညီတဲ့ ရွေးကောက်ပွဲစနစ်ပေါ့နော်။ နောက်ပြီးတော့ ကျွန်တော်တို့အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုမှာ ပြည်နယ်ရဲ့ ဖွဲ့စည်းပုံ တွေပေါ့နော်။ အဓိကကတော့ ဒီမူဝါဒတွေကိုအခြေခံပြီးတော့ ကျွန်တော်တို့လျှောက်လှမ်းနေတာပေါ့။
မေး။ လာမယ့်ရွေးကောက်ပွဲဟာ လွပ်လပ်ပြီးတရား မျှတတဲ့ ရွေးကောက်ပွဲဖြစ်မယ်ထင်လား။
ဖြေ။ ဒါကတော့ ပြောဖို့က နည်းနည်းစောနေပါသေးတယ်။ ဒီရွေးကောက်ပွဲရဲ့ အခင်းအကျင်းပေါ်မှာ လည်း မူတည်တယ်။ နောက်ပြီးတော့ အခုကလည်း အခက်အခဲ အကျပ်အတည်းကြားထဲမှာဆိုတော့ ပိုပြီးရုန်းကန်ပြီးတော့လှုပ်ရှားနေရတယ်ဆိုတော့ ပြောဖို့တော့နည်းနည်းခက်တာပေါ့။
မေး ။ ဘယ်မဲဆန္ဒနယ်တွေကနေ ဝင်ပြိုင်သွားမလဲ။
ဖြေ ။ ရှင်းရှင်းပြောရရင် ကျွန်တော်တို့ မွန်ညီညွတ်ရေးပါတီက ပြည်နယ်အဆင့်အနေနဲ့ပဲ ဝင်ပြိုင်မယ်။ ပြည်နယ်အဆင့်အနေနဲ့ပဲ မှတ်ပုံတင်ထားတာဆိုတော့ အဓိက မွန်ပြည်နယ်ကိုအခြေခံတာပေါ့နော်။ မွန် ပြည်နယ်မှာ ပြည်သူ့လွှတ်တော်ကနေ (၇)နေရာဝင်ပြိုင်မယ်၊ အမျိုးသားလွှတ်တော်မှာကျတော့ PR ရော FPTP ရော အကုန်လုံးပြိုင်မယ်။ ပြည်နယ်လွှတ်တော် မှာကျတော့ FPTP က တစ်နေရာကျန်ခဲ့တယ်။ PR မှာကတော့ အားလုံးနေရာဝင်ပြိုင်မယ်။ စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ်လောင်း (၃၈)ဦးဝင်ပြိုင်မယ်။
မေး ။ UEC ရဲ့သတ်မှတ်ချက်တွေနဲ့ကိုက်ညီအောင် ဘယ်လိုကြိုးစားခဲ့ရသလဲ။
ဖြေ။ UEC မဖြေလျှော့ခင်က သတ်မှတ်ထားတဲ့ စံချိန်၊ စံညွှန်းတွေနဲ့တုန်းကတော့ ကျွန်တော်တို့ တော် တော်လေး ရုန်းကန်ခဲ့ကြရတယ်၊ ကြိုးစားခဲ့ရတယ်။ ကိုယ်စားလှယ်လောင်းအရေအတွက် ပြည့်မီအောင် ပေါ့။ ကျွန်တော်တို့တင်ပြီးနောက်ပိုင်းကျတော့မှ ဖြေ လျှော့တာတွေကိုလည်းတွေ့လာရတယ်။ ကျွန် တော်တို့ကတော့ ဘာမှလည်းမပြင်ဆင်တော့ဘူးပေါ့နော်။ တင်ထားပြီးပြီဆိုတော့ ဒီအတိုင်းပဲထားလိုက် တယ်။ ပါတီအနေနဲ့ကတော့ အတည်ပြုပေးလိုက်တယ်။ နောက်ပိုင်းမှ ဖြေလျှော့လိုက်တာပေါ့နော်။ အဲဒီ အချိန်မှာ ကျွန်တော်တို့ပြီးသွားပြီလေ။ ဒါပေမဲ့ အခက်အခဲတော့ အများကြီးရှိတာပေါ့နော်။ ကိုယ်စား လှယ်လောင်း ရှာတာတို့ နောက်ပြီးတော့ အရည်အချင်းပေါ့နော်။ တချို့ကျတော့ အရည်အချင်းမပြည့်မီ တာတို့ ဘာတို့နဲ့ကျွန်တော်တို့မှာ အခက်အခဲရှိခဲ့တာပေါ့။ ဒီလိုအခက်အခဲတွေ စိန်ခေါ်မှုတွေ အများကြီး ရင်ဆိုင်ခဲ့ရပါတယ်။
မေး။ လာမယ့်ရွေးကောက်ပွဲမှာ FPTP နဲ့ PR ရော ထားတဲ့စနစ်ကို ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ဒီစနစ်နှစ်မျိုးကိုရောထားတဲ့အနေအထားကိုတော့ ပြောစရာတော့မရှိပါဘူး။ တချို့နိုင်ငံတကာမှာ ဆိုရင်လည်း အဲဒီလိုရောထားတာမျိုးလည်းရှိကြတာပဲ။ ဒါပေမဲ့ တစ်ခုတော့ရှိတာပေါ့။ အခုလာမယ့် ရွေး ကောက်ပွဲက အရင်ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေနဲ့ မတူဘူး။ စက်နဲ့မဲပေးရမှာဆိုတော့ ဒီအပေါ်မှာ လူထုက လည်း နည်းနည်းစိုးရိမ်စိတ်တွေရှိနေကြသလို ယုံကြည်မှုနည်းတာမျိုးတွေ အနည်းအပါးရှိတယ်။ အဲဒါက ရွေးကောက်ပွဲနေ့ကျမှပြောလို့ရမှာပေါ့။ ဒါကလည်း ထူးခြားတာတော့သိပ်မရှိလောက်ဘူးထင်ပါတယ်နော်။
မေး။ ရွေးကောက်ပွဲဝင်ပြိုင်ဖို့အတွက် ပါတီမှာ ဘယ်လိုစိန်ခေါ်မှုတွေရှိခဲ့လဲ။
ဖြေ။ အဓိကက ပါတီအနေနဲ့ ရွေးကောက်ပွဲဝင်ပြိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ မူဝါဒပိုင်းပေါ့နော်။ ကျွန် တော်တို့ချမှတ်ထားတဲ့မူဝါဒပိုင်းတွေကို အကောင်အထည်ဖော်မယ်ဆိုရင် လက်ရှိအခင်းအကျင်းနဲ့ သွား လို့မရဘူးပေါ့နော်။ ဥပမာအားဖြင့် ကျွန်တော်တို့ ဖက်ဒရယ်ဒီမိုကရေစီကိုတည်ဆောက်မယ်ဆိုရင် ရွေး ကောက်ပွဲကနေပြီးတက်လာမယ့် လွှတ်တော်ရယ်၊ အစိုးရရယ်ရှိမှ ပြောလို့ဆိုရမယ်။ လက်ရှိမှာကျတော့ ဘယ်သူနဲ့ပြောလို့ပြောရမှန်းမသိတာမျိုးပေါ့။ ဒါက ရွေးကောက်ပွဲဝင်မယ်ဆိုရင် ရွေးကောက်ပွဲဖြစ်မယ်ဆို ရင် ကျွန်တော်တို့ရဲ့လမ်းကြောင်းက ပိုပြီးတော့ နီးစပ်လာမှာပေါ့။ နောက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွေပေါ့နော်။ ကျွန်တော်တို့ချမှတ်ထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေက လောလောဆယ်မှာ ဘာမှ လုပ်လို့ မရဘူး။ ရွေးကောက်ပွဲပြီးတော့မှပဲ ဆက်အကောင်အထည်ဖော်လို့ရမယ့် သဘောရှိနေတယ်။ ဒါ ကြောင့် ရွေးကောက်ပွဲက ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ကျွန်တော်တို့ဝင်ရမယ်။ ဒါမှသာလျှင် ကျွန်တော်တို့ရဲ့ မူဝါဒမှာ ပါရှိတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ကျွန်တော်တို့ လုပ်ဆောင်လို့ရမှာဖြစ်တယ်။ လက်ရှိမှာ ဆိုရင်တော့ ဘာမှမလုပ်နိုင်သေးဘူးပေါ့ဗျာ။
မေး။ လက်ရှိ ကိုယ်စားလှယ်လောင်းတွေရဲ့ လုံခြုံရေးပိုင်းနဲ့ပတ်သက်ပြီး ဘယ်လိုအနေထားရှိပါသလဲ။
ဖြေ။ ပါတီကိုယ်စားလှယ်လောင်းတွေရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး ထူးထူးထွေထွေတော့ ဘာမှမရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ စည်းရုံးရေးဆင်းတဲ့အခါကျတော့ ကော်မရှင်ကနေပြီး တင်ကြရတာတွေရှိတာပေါ့။ လုံခြုံရေးက ကော်မရှင်ကနေတစ်ဆင့် စီစဉ်ပေးတာမျိုးတော့ရှိနိုင်တာပေါ့။ ဒါပေမဲ့ ကျွန်တော်ကတော့ အတိကျ မသိဘူးပေါ့။ ဒါပေမဲ့ ကျွန်တော်တို့တင်လိုက်မယ်။ ကျွန်တော်တို့ ဘယ်နေ့မှာ ဘယ်လိုနေရာကို ဘယ်လိုသွားမယ်ဆိုလို့ရှိရင် ဟောပြောပွဲဘယ်လိုလုပ်မယ်ဆိုရင် ကျွန်တော်ထင်တာကတော့ လုံခြုံရေး တို့ဘာတို့ကိုတော့ ကော်မရှင်ကစီစဉ်သွားမယ်လို့ ကျွန်တော်ထင်ပါတယ်ခင်ဗျာ။ ကျွန်တော်တို့ဘက်က တော့ ဘာမှတော့ သိပ်ထူးထူးထွေထွေတော့မရှိဘူး။
မေး ။ လွှတ်တော်ထဲကိုရောက်ခဲ့ရင် ဘယ်အရာတွေကို အရင်ဆုံးလုပ်ဆောင်သွားပါမလဲ။
ဖြေ ။ ကျွန်တော်တို့လွှတ်တော်ထဲကိုရောက်ခဲ့ရင် နံပါတ်တစ်အနေနဲ့ ပြည်သူလူထု ကြုံတွေ့ရင်ဆိုင်နေရ တဲ့အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို ကျွန်တော်တို့ဖြေရှင်းမယ်။ နောက်တစ်ချက်ကတော့ ငြိမ်းချမ်းရေး ပါပဲ။ ငြိမ်းချမ်းရေးမရှိရင် ကျွန်တော်တို့ ဘာမှလည်း မလုပ်နိုင်ဘူး။ အဲဒါကြောင့် ပြည်တွင်းငြိမ်းချမ်းရေး ကို အစဉ်တစိုက်လုပ်မယ့်မူဝါဒတွေနဲ့ လုပ်ငန်းစဉ်တွေကိုလည်း ချမှတ်ထားပြီးဖြစ်တယ်ပေါ့နော်။ နောက် တစ်ခုကတော့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေပေါ့။ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ပြည်သူလူထုရဲ့လိုအပ်ချက်တွေကို အခြေခံပြီးတော့ ကျွန်တော်တို့ လုပ်ဆောင်သွားမှာပေါ့။
မေး။ လက်ရှိမှာ ပြည်သူလူထုကကော ပါတီအပေါ် ဘယ်လိုသဘောအမြင်တွေရှိနေတာကိုတွေ့ရပါလဲ။
ဖြေ။ ပြည်သူလူထုရဲ့ ပါတီအပေါ်ထားတဲ့သဘောထားအမြင်ကတော့ သိပ်ပြီးတော့ မဆိုးပါဘူးလို့ထင်ပါ တယ်။ ဘာလို့လဲဆိုတော့ အခုအခြေအနေမှာတော့ ဘယ်သူမှလည်း ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြောရဲ ဆိုရဲတာတော့မတွေ့ရဘူးပေါ့နော်။ ဒါပေမဲ့ ဘယ်လိုပြောရမလဲ။ သူတို့ရဲ့ရင်ထဲမှာတော့ ပြောဖို့ရှိမယ်လို့ ထင်တယ်။ ဒါပေမဲ့ ဘယ်သူမှတော့ ထုတ်ဖော်ပြီးတော့ ပြောတာမျိုးတော့မတွေ့သေးဘူး။ ဒါပေမဲ့ ကျွန် တော်တို့ထင်တာတော့ ပြည်သူလူထုက မဲလာပေးကြမယ်လို့တော့ထင်တာပေါ့။ ဘာလို့လဲဆိုတော့ သူက မပြောရဲပေမယ့်လည်း အချို့နေရာတွေမှာ အရိပ်အယောင်နဲ့ ရွေးကောက်ပွဲကိုသဘောကျတာမျိုး၊ အပြောင်းလဲတစ်ခုခုကို သူတို့ကလိုချင်တယ်ဆိုတာကို အရိပ်အယောင်တော့ပြနေတာကိုတော့ ကျွန် တော်တို့တွေ့မြင်နေရတာပေါ့။
မေး။ ရွေးကောက်ပွဲကျင်းပတဲ့ကာလမှာ ဘယ်လိုစိန်ခေါ်မှုတွေ ရှိနိုင်ပါသလဲ။
ဖြေ။ ကျွန်တော့်အမြင်နဲ့ပြောရမယ်ဆိုရင်တော့ လာမယ့်ရွေးကောက်ပွဲကျင်းပတဲ့ကာလမှာ အထူးသဖြင့် မဲဆန္ဒရှင်ပြည်သူတွေက မွန်ပြည်နယ်အနေအထားနဲ့ဆိုရင် အလုပ်မအားကြတာပေါ့နော်။ သူတို့အလုပ် မအားတဲ့အတွက် ကျွန်တော်တို့ စည်းရုံးဟောပြောတဲ့အချိန်မှာ သူတို့က အချိန်မပေးနိုင်ဘူး။ အဲဒါတစ်ခု ကတော့ ကျွန်တော်တို့အတွက် အရေးကြီးတဲ့စိန်ခေါ်မှုပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မွန်ပြည်နယ် မှာက စီးပွားရေးကို ရော်ဘာလုပ်ငန်းနဲ့ အဓိကလုပ်ကြတာလေ။ ဒီတော့ သူတို့အတွက် အချိန်မအားကြ ဘူးပေါ့နော်။ ဒီတော့ စည်းရုံးဟောပြောပွဲတွေမှာ သူတို့မလာနိုင်ကြဘူးပေါ့။ နောက်ပြီး သူတို့အားတဲ့ အချိန်နဲ့ ကျွန်တော်တို့အားတဲ့အချိန်နဲ့ တိုက်ဆိုင်မှု မဖြစ်တဲ့အခါကျတော့ ကျွန်တော်တို့စည်းရုံးဟောပြော တာတွေကို သူတို့မသိတော့ဘူးပေါ့နော်။ ဒါမျိုးစိန်ခေါ်မှုတွေတော့ရှိပါတယ်။
မေး။ ပါတီဝင်တွေနဲ့ ကိုယ်စားလှယ်လောင်းတွေအပေါ်မှာ လက်နက်ကိုင်တွေက ခြိမ်းခြောက်တာတွေ ကောရှိပါသလား။
ဖြေ။ လောလောဆယ်တော့ ကျွန်တော်တို့မကြားမိသေးပါဘူး။ ဒါကတော့ ကျွန်တော်တို့လည်း သတိ ထားနေကြရတာပေါ့။ အခုလက်ရှိအချိန်အထိတော့ ပုဂ္ဂိုရေးအရရော ပါတီဘက်ကိုရော ခြိမ်းခြောက်တာ မျိုးတော့မရှိသေးဘူးပေါ့။ ဒါပေမဲ့လည်း ကျွန်တော်တို့တွေက သတိတော့ထားနေရတာပေါ့။
မေး။ ကိုယ်စားလှယ်လောင်းတွေရဲ့လုံခြုံရေးအတွက်ကော ဘာတွေစီစဉ်ပေးထားလဲ။
ဖြေ ။ လောလောဆယ်တော့ ကိုယ်စားလှယ်လောင်း လုံခြုံရေးနဲ့ပတ်သက်ပြီးစီစဉ်ထားတာတော့ ထူးထူး ထွေထွေတော့ ဘာမှမရှိသေးဘူး။ အထူးသဖြင့်တော့ ကျွန်တော်တို့တွေသတိတော့ထားတယ်။ တစ် ယောက်နဲ့တစ်ယောက် မက်ဆေ့ချ်ပေးပို့ကြတာ။ နောက်ပြီး လုံခြုံရေးနဲ့ပတ်သက်ပြီး ကွန်ရက်တွေ လုပ် ထားတာတော့ရှိတယ်။ တခြား ထူးထူးထွေထွေတော့မရှိပါဘူး။
မေး။ လက်ရှိမှာ ရွေးကောက်ပွဲကို ကန့်ကွက်နေကြတဲ့သူတွေကို ဘာပြောချင်လဲ။
ဖြေ။ ကျွန်တော်တို့နိုင်ငံမှာ ပြည်သူအတွက်လိုအပ်ချက် နံပါတ်(၁)အချက်ကငြိမ်းချမ်းရေးပဲ။ ဒီငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ကို ဘယ်ကစလုပ်ရမလဲဆိုတဲ့နေရာမှာကျတော့ အခက်အခဲတော့ရှိတယ်။ အစရှာလို့ မရတာပေါ့နော်။ ဒီတစ်ခါ ရွေးကောက်ပွဲဖြစ်မြောက် ပြီးသွားရင် ရွေးကောက်ပွဲကနေတစ်ဆင့် လွှတ် တော် ပေါ်လာမယ်။ ဒီလွှတ်တော်ထဲမှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို ကျွန် တော်တို့လုပ်လို့ရမယ်၊ ပြောလို့ရမယ်။ ပြောရရင်တော့ ရွေးကောက်ပွဲကနေပြီးတော့ ပြည်သူလူထုရဲ့ အကျိုးခံစားခွင့်တွေဟာ ပိုရှိလာမယ်။ ဒီအတွက်ကြောင့် ဘယ်သူက ဘာပဲကန့်ကွက်နေပါစေပေါ့နော်။ တကယ်လို့ ရွေးကောက်ပွဲမရှိရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဘယ်နားကစရမလဲဆိုတာကို လမ်းစရှာ လို့မရဘူး။ ရွေးကောက်ပွဲကနေတစ်ဆင့်ပဲ ငြိမ်းချမ်းရေးလမ်းကြောင်း ပေါ်ကိုတက်ရမှာ။ ပစ်ခတ်ရပ်စဲ ရေးတို့ တွေ့ဆုံဆွေးနွေးတာတို့အားလုံးကို ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် ကနေပဲသွားလို့ရမှာ။ ဒါ ကြောင့် ဘယ်သူတွေပဲဟန့်တားနေပါစေ ဒါကတော့ သိပ်ပြီးတော့အရေးကြီးမယ် မထင်ပါဘူး။ အဓိက တော့ ပြည်သူလူထုတွေက ဆန္ဒမဲလာထည့်ဖို့ရယ်၊ ရွေးကောက်ပွဲပြီးမြောက်ဖို့ရယ်၊ နောက်ပြီး လွှတ် တော်ပေါ်လာရင် ကျန်တဲ့ကိစ္စတွေကိုလုပ်လို့ရမယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့ နိုင်ငံစီပွားရေးကိစ္စတို့ ဘာတို့ အကုန်လုံးပြောလို့ရမယ်။ အခုလက်ရှိအနေအထားမှာဆိုရင် ဒါတွေကို ဘာမှပြောလို့မရနိုင်ဘူး ဖြစ်နေတယ်။ ဒါတွေကိုပြောဖို့ဆိုရင် ရွေးကောက်ပွဲကို ဖြတ်ပြီးတော့မှပဲပြောလို့ရမယ်။
မေး။ ဒီရွေးကောက်ပွဲဟာ ငြိမ်းချမ်းရေးအတွက် ဘယ်လောက်ထိအရေးပါတယ်လို့ ပြောလို့ရမလဲ။
ဖြေ။ ဒီရွေးကောက်ပွဲက ငြိမ်းချမ်းရေးအတွက် အရမ်းကိုအရေးပါလွန်းတယ်။ ဒီရွေးကောက်ပွဲကိုမဖြတ် သန်းလိုက်ရဘူးဆိုရင် ပြည်သူတွေဟာ အခုထက်ပိုပြီး အရမ်းကိုဒုက္ခရောက်သွားနိုင်တယ်။ အဓိကက တော့ ကျွန်တော် အရှေ့မှာပြောခဲ့သလိုပါပဲ။ ဒီရွေးကောက်ပွဲကနေတစ်ဆင့် ငြိမ်းချမ်းရေးဆီကိုသွားရမှာ ဖြစ်တဲ့အတွက် အခုလာမယ့်ရွေးကောက်ပွဲဟာ ငြိမ်းချမ်းရေးဆီကိုသွားဖို့အတွက် ခြေလှမ်းအစဖြစ် တယ်။ ဘယ်အရာမှာမဆို အစကောင်းမှ အနှောင်းသေချာ မှာလေ။ ဒီတော့ ဒီရွေးကောက်ပွဲဟာ ငြိမ်း ချမ်းရေးအတွက် အရမ်းအရေးပါတယ်ဆိုတာကိုသိနိုင်ပါတယ်။ ငြိမ်းချမ်းရေးကိုသွားချင်တယ်ဆိုရင် ဒီရွေးကောက်ပွဲကို မဖြစ်မနေ ဖြတ်ကိုဖြတ်သန်းရမယ်။ အားလုံးကလည်း ဒီအတွက်ကို ဆောင်ရွက်နေ ကြတာဖြစ်ပါတယ်။
မေး။ UEC က စီတန်းလှည့်လည်မဲဆွယ်ခွင့်ကို ကန့်သတ်ထားတဲ့အတွက် မဲဆွယ်ရာမှာ အခက်အခဲရှိနိုင် လား။
ဖြေ။ အဓိကက စီတန်းလှည့်လည်တာကိုတော့ ကော်မရှင်ကတော့ ခွင့်မပြုဘူး။ ဒါပေမဲ့ စီတန်း လှည့် လည်တယ်ဆိုတာကတော့ အင်အားပြတာပေါ့။ အင်အားပြတဲ့အခါကျတော့ အဖွဲ့အစည်းတစ်ခုနဲ့တစ်ခု ပါတီတစ်ခုနဲ့တစ်ခု ထိပ်တိုက်တွေ့ကြမှာစိုးလို့တားမြစ်ထားတာပါ။ စည်းရုံးလှုံ့ဆော်မှုဆိုတဲ့နေရာမှာ ဆိုင်းဘုတ်တွေတင်လို့ရတယ်။ နောက်ပြီးတော့ လက်ကမ်းစာစောင်ဖြန့်ဝေလို့ရတယ်။ သက်ဆိုင်ရာနေ ရာတွေမှာလည်း ဟောပြောတာတွေလုပ်လို့ရတာပေါ့။ အဓိက စည်တန်းလှည်လည်ခွင့်ကိုပဲ ပိတ်ထား တာဆိုတော့ အခက်အခဲမရှိလောက်ဘူးလို့ထင်ပါတယ်။ အဆင်မပြေမှုတွေလည်းမရှိလောက်ပါဘူး။ တစ်ဖက်ကလည်း နည်းပညာတွေလည်း အများကြီးရှိနေတယ်လေ။ ဆို ရှယ်မီဒီယာတွေပေါ်ကနေပြီး တော့လည်း မဲဆွယ်စည်းရုံးတာတွေကို လုပ်လို့ရနေသေးတာပဲ။ ဒီလိုမဲဆွယ်ဖို့အတွက်တော့ ကျွန်တော် တို့မှာ နည်းပညာ အထောက်ပံ့တော့ နည်းနည်းလိုမှပေါ့။
မေး။ ပြည်သူတွေကို ဘာပြောချင်လဲ။
ဖြေ ။ တခြားတော့ အများကြီးပြောစရာမရှိပါဘူး။ (၂၀၂၅)ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ မဲဆန္ဒရှင် တွေကိုပြောချင်တာကတော့ လက်ရှိအနေအထားထက် အပြောင်းအလဲတစ်ခုကိုဆက်လျှောက်မယ် ဆိုရင် အားလုံးသော မဲဆန္ဒရှင်ပြည်သူတွေဟာ မဲပေးကြပါလို့ပဲ ကျွန်တော်ပြောချင်ပါတယ်။ မဲပေးမှပဲ အခုအနေအထားကို ကျော်လွန်ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။ ဒီလိုကျော်လွန်ပြောင်းလဲဖို့အတွက် အခွင့် အရေးဟာလည်း ပြည်သူတွေရဲ့လက်ထဲမှာပဲရှိနေပါတယ်။ ဒီတော့ ပြည်သူတွေအနေနဲ့ အပြောင်း အလဲ တစ်ခုကို ကိုယ်တိုင်ပါဝင်မဲပေးခြင်းနဲ့အတူ ပြောင်းလဲကြပါစို့လို့ ပြောချင်ပါတယ်။

Zawgyi Version:
ျငမ္းခ်မ္းေရးကို သြားခ်င္ရင္ ဒီေ႐ြးေကာက္ပြဲကို မျဖစ္မေနျဖတ္သန္းရမယ္
သက္ပိုင္ (NP News) - ႏိုဝင္ဘာ ၁၁
မြန္ညီၫြတ္ေရးပါတီသည္ မြန္ျပည္နယ္တြင္အေျခစိုက္သည့္ပါတီတစ္ခုျဖစ္ကာ လာမည့္ ပါတီစုံ အေထြေထြေ႐ြးေကာက္ပြဲတြင္ တိုင္းေဒသႀကီး၊ ျပည္နယ္အဆင့္ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ပါတီတစ္ခု လည္းျဖစ္သည္။ မြန္ညီၫြတ္ေရးပါတီႏွင့္ပတ္သက္၍ ပါတီ၏မူဝါဒ၊ အနာဂတ္ရည္မွန္းခ်က္မ်ားႏွင့္ ေ႐ြး ေကာက္ပြဲအတြက္ ႀကိဳးပမ္းအားထုတ္ရာတြင္ေတြ႕ႀကဳံရမႈမ်ားကို ပါတီေျပာေရးဆိုခြင့္ရွိသူ ဦးႏိုင္သန္းေ႐ႊ ႏွင့္ ဆက္သြယ္ေမးျမန္းထားသည္မ်ားကို ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။
ေမး။ ေ႐ြးေကာက္ပြဲအေပၚထားတဲ့ ပါတီရဲ႕မူဝါဒနဲ႔ သေဘာထားကို ေျပာျပေပးပါ။
ေျဖ ။ ကြၽန္ေတာ္တို႔က ျပည္တြင္းမွာရွိေနတဲ့ တရားဝင္ႏိုင္ငံေရးပါတီဆိုေတာ့ ကြၽန္ေတာ္တို႔က ေ႐ြး ေကာက္ပြဲကိုဝင္ၾကမွာေပါ့ေနာ္။ ဒီေ႐ြးေကာက္ပြဲကိုဝင္တာက အဓိကေတာ့ လက္ရွိႏိုင္ငံေရး အခင္း အက်င္းေပၚ မူတည္ၿပီးေတာ့ ၿငိမ္းခ်မ္းေရးေဘာင္က်ယ္လာေအာင္ေပါ့ဗ်ာ။ အဓိကကေတာ့ စစ္ေရး ေဘာင္က်ဥ္းၿပီးေတာ့ ၿငိမ္းခ်မ္းေရးရဲ႕မ်က္ႏွာစာ ပိုၿပီးက်ယ္လာေအာင္ဆိုရင္ ေ႐ြးေကာက္ပြဲနဲ႔ပဲ သြားလို႔ ရမယ္။ ဒီမိုကေရစီရွင္ သန္ေရးလမ္းေၾကာင္းအရကိုသြားမယ္ဆိုရင္ ေ႐ြးေကာက္ပြဲကေနၿပီးေတာ့မွပဲ သြားလို႔ရမယ္။ ဒါ ကြၽန္ ေတာ္တို႔ မြန္ညီၫြတ္ေရးပါတီရဲ႕ အဓိကရည္မွန္းခ်က္ေပါ့။ ကြၽန္ေတာ္တို႔ ပါတီ မူဝါဒကေတာ့ ၿပီးခဲ့တဲ့ (၂၀၂၂) မွာလုပ္ခဲ့တဲ့ ပါတီညီလာခံမွာခ်မွတ္ထားတဲ့ မူဝါဒလုပ္ငန္းစဥ္ေတြရွိတယ္။ အဲဒါကိုေျပာရမယ္ဆိုရင္ ႏိုင္ငံေရးျပႆနာကို ေတြ႕ဆုံေဆြးေႏြးမႈနဲ႔အေျဖရွာရမယ္။ ေနာက္တစ္ခုက ဘယ္လိုအခ်ိဳးအေကြ႕မွာမဆို ကြၽန္ေတာ္တို႔ ေဒသခံမြန္လူမ်ိဳးေတြရဲ႕အက်ိဳးစီးပြားကို ကြၽန္ေတာ္တို႔ လုပ္ သြားမယ္။ ေနာက္ၿပီးေတာ့ ျပည္ေထာင္စုနဲ႔ကိုက္ညီတဲ့ အေျခခံဖြဲ႕စည္းပုံေပၚေပါက္ဖို႔အတြက္ ကြၽန္ေတာ္ တို႔က တျခားတိုင္းရင္းသား ပါတီေတြ၊ ဒီမိုကရက္တစ္ပါတီေတြနဲ႔ ပူးေပါင္းၿပီးေတာ့ ေဆာင္႐ြက္သြား မယ္။ ေနာက္ၿပီးေတာ့ ကြၽန္ေတာ္တို႔ တိုင္းရင္းသားေတြနဲ႔ကိုက္ညီတဲ့ ေ႐ြးေကာက္ပြဲစနစ္ေပါ့ေနာ္။ ေနာက္ၿပီးေတာ့ ကြၽန္ေတာ္တို႔အနာဂတ္ ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စုမွာ ျပည္နယ္ရဲ႕ ဖြဲ႕စည္းပုံ ေတြေပါ့ေနာ္။ အဓိကကေတာ့ ဒီမူဝါဒေတြကိုအေျခခံၿပီးေတာ့ ကြၽန္ေတာ္တို႔ေလွ်ာက္လွမ္းေနတာေပါ့။
ေမး။ လာမယ့္ေ႐ြးေကာက္ပြဲဟာ လြပ္လပ္ၿပီးတရား မွ်တတဲ့ ေ႐ြးေကာက္ပြဲျဖစ္မယ္ထင္လား။
ေျဖ။ ဒါကေတာ့ ေျပာဖို႔က နည္းနည္းေစာေနပါေသးတယ္။ ဒီေ႐ြးေကာက္ပြဲရဲ႕ အခင္းအက်င္းေပၚမွာ လည္း မူတည္တယ္။ ေနာက္ၿပီးေတာ့ အခုကလည္း အခက္အခဲ အက်ပ္အတည္းၾကားထဲမွာဆိုေတာ့ ပိုၿပီး႐ုန္းကန္ၿပီးေတာ့လႈပ္ရွားေနရတယ္ဆိုေတာ့ ေျပာဖို႔ေတာ့နည္းနည္းခက္တာေပါ့။
ေမး ။ ဘယ္မဲဆႏၵနယ္ေတြကေန ဝင္ၿပိဳင္သြားမလဲ။
ေျဖ ။ ရွင္းရွင္းေျပာရရင္ ကြၽန္ေတာ္တို႔ မြန္ညီၫြတ္ေရးပါတီက ျပည္နယ္အဆင့္အေနနဲ႔ပဲ ဝင္ၿပိဳင္မယ္။ ျပည္နယ္အဆင့္အေနနဲ႔ပဲ မွတ္ပုံတင္ထားတာဆိုေတာ့ အဓိက မြန္ျပည္နယ္ကိုအေျခခံတာေပါ့ေနာ္။ မြန္ ျပည္နယ္မွာ ျပည္သူ႔လႊတ္ေတာ္ကေန (၇)ေနရာဝင္ၿပိဳင္မယ္၊ အမ်ိဳးသားလႊတ္ေတာ္မွာက်ေတာ့ PR ေရာ FPTP ေရာ အကုန္လုံးၿပိဳင္မယ္။ ျပည္နယ္လႊတ္ေတာ္ မွာက်ေတာ့ FPTP က တစ္ေနရာက်န္ခဲ့တယ္။ PR မွာကေတာ့ အားလုံးေနရာဝင္ၿပိဳင္မယ္။ စုစုေပါင္းလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း (၃၈)ဦးဝင္ၿပိဳင္မယ္။
ေမး ။ UEC ရဲ႕သတ္မွတ္ခ်က္ေတြနဲ႔ကိုက္ညီေအာင္ ဘယ္လိုႀကိဳးစားခဲ့ရသလဲ။
ေျဖ။ UEC မေျဖေလွ်ာ့ခင္က သတ္မွတ္ထားတဲ့ စံခ်ိန္၊ စံၫႊန္းေတြနဲ႔တုန္းကေတာ့ ကြၽန္ေတာ္တို႔ ေတာ္ ေတာ္ေလး ႐ုန္းကန္ခဲ့ၾကရတယ္၊ ႀကိဳးစားခဲ့ရတယ္။ ကိုယ္စားလွယ္ေလာင္းအေရအတြက္ ျပည့္မီေအာင္ ေပါ့။ ကြၽန္ေတာ္တို႔တင္ၿပီးေနာက္ပိုင္းက်ေတာ့မွ ေျဖ ေလွ်ာ့တာေတြကိုလည္းေတြ႕လာရတယ္။ ကြၽန္ ေတာ္တို႔ကေတာ့ ဘာမွလည္းမျပင္ဆင္ေတာ့ဘူးေပါ့ေနာ္။ တင္ထားၿပီးၿပီဆိုေတာ့ ဒီအတိုင္းပဲထားလိုက္ တယ္။ ပါတီအေနနဲ႔ကေတာ့ အတည္ျပဳေပးလိုက္တယ္။ ေနာက္ပိုင္းမွ ေျဖေလွ်ာ့လိုက္တာေပါ့ေနာ္။ အဲဒီ အခ်ိန္မွာ ကြၽန္ေတာ္တို႔ၿပီးသြားၿပီေလ။ ဒါေပမဲ့ အခက္အခဲေတာ့ အမ်ားႀကီးရွိတာေပါ့ေနာ္။ ကိုယ္စား လွယ္ေလာင္း ရွာတာတို႔ ေနာက္ၿပီးေတာ့ အရည္အခ်င္းေပါ့ေနာ္။ တခ်ိဳ႕က်ေတာ့ အရည္အခ်င္းမျပည့္မီ တာတို႔ ဘာတို႔နဲ႔ကြၽန္ေတာ္တို႔မွာ အခက္အခဲရွိခဲ့တာေပါ့။ ဒီလိုအခက္အခဲေတြ စိန္ေခၚမႈေတြ အမ်ားႀကီး ရင္ဆိုင္ခဲ့ရပါတယ္။
ေမး။ လာမယ့္ေ႐ြးေကာက္ပြဲမွာ FPTP နဲ႔ PR ေရာ ထားတဲ့စနစ္ကို ဘယ္လိုျမင္ပါသလဲ။
ေျဖ။ ဒီစနစ္ႏွစ္မ်ိဳးကိုေရာထားတဲ့အေနအထားကိုေတာ့ ေျပာစရာေတာ့မရွိပါဘူး။ တခ်ိဳ႕ႏိုင္ငံတကာမွာ ဆိုရင္လည္း အဲဒီလိုေရာထားတာမ်ိဳးလည္းရွိၾကတာပဲ။ ဒါေပမဲ့ တစ္ခုေတာ့ရွိတာေပါ့။ အခုလာမယ့္ ေ႐ြး ေကာက္ပြဲက အရင္ၿပီးခဲ့တဲ့ေ႐ြးေကာက္ပြဲေတြနဲ႔ မတူဘူး။ စက္နဲ႔မဲေပးရမွာဆိုေတာ့ ဒီအေပၚမွာ လူထုက လည္း နည္းနည္းစိုးရိမ္စိတ္ေတြရွိေနၾကသလို ယုံၾကည္မႈနည္းတာမ်ိဳးေတြ အနည္းအပါးရွိတယ္။ အဲဒါက ေ႐ြးေကာက္ပြဲေန႔က်မွေျပာလို႔ရမွာေပါ့။ ဒါကလည္း ထူးျခားတာေတာ့သိပ္မရွိေလာက္ဘူးထင္ပါတယ္ေနာ္။
ေမး။ ေ႐ြးေကာက္ပြဲဝင္ၿပိဳင္ဖို႔အတြက္ ပါတီမွာ ဘယ္လိုစိန္ေခၚမႈေတြရွိခဲ့လဲ။
ေျဖ။ အဓိကက ပါတီအေနနဲ႔ ေ႐ြးေကာက္ပြဲဝင္ၿပိဳင္ဖို႔အတြက္ ကြၽန္ေတာ္တို႔ရဲ႕ မူဝါဒပိုင္းေပါ့ေနာ္။ ကြၽန္ ေတာ္တို႔ခ်မွတ္ထားတဲ့မူဝါဒပိုင္းေတြကို အေကာင္အထည္ေဖာ္မယ္ဆိုရင္ လက္ရွိအခင္းအက်င္းနဲ႔ သြား လို႔မရဘူးေပါ့ေနာ္။ ဥပမာအားျဖင့္ ကြၽန္ေတာ္တို႔ ဖက္ဒရယ္ဒီမိုကေရစီကိုတည္ေဆာက္မယ္ဆိုရင္ ေ႐ြး ေကာက္ပြဲကေနၿပီးတက္လာမယ့္ လႊတ္ေတာ္ရယ္၊ အစိုးရရယ္ရွိမွ ေျပာလို႔ဆိုရမယ္။ လက္ရွိမွာက်ေတာ့ ဘယ္သူနဲ႔ေျပာလို႔ေျပာရမွန္းမသိတာမ်ိဳးေပါ့။ ဒါက ေ႐ြးေကာက္ပြဲဝင္မယ္ဆိုရင္ ေ႐ြးေကာက္ပြဲျဖစ္မယ္ဆို ရင္ ကြၽန္ေတာ္တို႔ရဲ႕လမ္းေၾကာင္းက ပိုၿပီးေတာ့ နီးစပ္လာမွာေပါ့။ ေနာက္ၿပီး ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ေတြေပါ့ေနာ္။ ကြၽန္ေတာ္တို႔ခ်မွတ္ထားတဲ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြက ေလာေလာဆယ္မွာ ဘာမွ လုပ္လို႔ မရဘူး။ ေ႐ြးေကာက္ပြဲၿပီးေတာ့မွပဲ ဆက္အေကာင္အထည္ေဖာ္လို႔ရမယ့္ သေဘာရွိေနတယ္။ ဒါ ေၾကာင့္ ေ႐ြးေကာက္ပြဲက ဘယ္လိုနည္းနဲ႔ပဲျဖစ္ျဖစ္ ကြၽန္ေတာ္တို႔ဝင္ရမယ္။ ဒါမွသာလွ်င္ ကြၽန္ေတာ္တို႔ရဲ႕ မူဝါဒမွာ ပါရွိတဲ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြကို ကြၽန္ေတာ္တို႔ လုပ္ေဆာင္လို႔ရမွာျဖစ္တယ္။ လက္ရွိမွာ ဆိုရင္ေတာ့ ဘာမွမလုပ္ႏိုင္ေသးဘူးေပါ့ဗ်ာ။
ေမး။ လက္ရွိ ကိုယ္စားလွယ္ေလာင္းေတြရဲ႕ လုံၿခဳံေရးပိုင္းနဲ႔ပတ္သက္ၿပီး ဘယ္လိုအေနထားရွိပါသလဲ။
ေျဖ။ ပါတီကိုယ္စားလွယ္ေလာင္းေတြရဲ႕ လုံၿခဳံေရးနဲ႔ပတ္သက္ၿပီး ထူးထူးေထြေထြေတာ့ ဘာမွမရွိပါဘူး။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ စည္း႐ုံးေရးဆင္းတဲ့အခါက်ေတာ့ ေကာ္မရွင္ကေနၿပီး တင္ၾကရတာေတြရွိတာေပါ့။ လုံၿခဳံေရးက ေကာ္မရွင္ကေနတစ္ဆင့္ စီစဥ္ေပးတာမ်ိဳးေတာ့ရွိႏိုင္တာေပါ့။ ဒါေပမဲ့ ကြၽန္ေတာ္ကေတာ့ အတိက် မသိဘူးေပါ့။ ဒါေပမဲ့ ကြၽန္ေတာ္တို႔တင္လိုက္မယ္။ ကြၽန္ေတာ္တို႔ ဘယ္ေန႔မွာ ဘယ္လိုေနရာကို ဘယ္လိုသြားမယ္ဆိုလို႔ရွိရင္ ေဟာေျပာပြဲဘယ္လိုလုပ္မယ္ဆိုရင္ ကြၽန္ေတာ္ထင္တာကေတာ့ လုံၿခဳံေရး တို႔ဘာတို႔ကိုေတာ့ ေကာ္မရွင္ကစီစဥ္သြားမယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္ခင္ဗ်ာ။ ကြၽန္ေတာ္တို႔ဘက္က ေတာ့ ဘာမွေတာ့ သိပ္ထူးထူးေထြေထြေတာ့မရွိဘူး။
ေမး ။ လႊတ္ေတာ္ထဲကိုေရာက္ခဲ့ရင္ ဘယ္အရာေတြကို အရင္ဆုံးလုပ္ေဆာင္သြားပါမလဲ။
ေျဖ ။ ကြၽန္ေတာ္တို႔လႊတ္ေတာ္ထဲကိုေရာက္ခဲ့ရင္ နံပါတ္တစ္အေနနဲ႔ ျပည္သူလူထု ႀကဳံေတြ႕ရင္ဆိုင္ေနရ တဲ့အခက္အခဲေတြ၊ စိန္ေခၚမႈေတြကို ကြၽန္ေတာ္တို႔ေျဖရွင္းမယ္။ ေနာက္တစ္ခ်က္ကေတာ့ ၿငိမ္းခ်မ္းေရး ပါပဲ။ ၿငိမ္းခ်မ္းေရးမရွိရင္ ကြၽန္ေတာ္တို႔ ဘာမွလည္း မလုပ္ႏိုင္ဘူး။ အဲဒါေၾကာင့္ ျပည္တြင္းၿငိမ္းခ်မ္းေရး ကို အစဥ္တစိုက္လုပ္မယ့္မူဝါဒေတြနဲ႔ လုပ္ငန္းစဥ္ေတြကိုလည္း ခ်မွတ္ထားၿပီးျဖစ္တယ္ေပါ့ေနာ္။ ေနာက္ တစ္ခုကေတာ့ ဖြံ႕ၿဖိဳးေရးလုပ္ငန္းေတြေပါ့။ ဖြံ႕ၿဖိဳးေရးလုပ္ငန္းေတြကို ျပည္သူလူထုရဲ႕လိုအပ္ခ်က္ေတြကို အေျခခံၿပီးေတာ့ ကြၽန္ေတာ္တို႔ လုပ္ေဆာင္သြားမွာေပါ့။
ေမး။ လက္ရွိမွာ ျပည္သူလူထုကေကာ ပါတီအေပၚ ဘယ္လိုသေဘာအျမင္ေတြရွိေနတာကိုေတြ႕ရပါလဲ။
ေျဖ။ ျပည္သူလူထုရဲ႕ ပါတီအေပၚထားတဲ့သေဘာထားအျမင္ကေတာ့ သိပ္ၿပီးေတာ့ မဆိုးပါဘူးလို႔ထင္ပါ တယ္။ ဘာလို႔လဲဆိုေတာ့ အခုအေျခအေနမွာေတာ့ ဘယ္သူမွလည္း ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္ၿပီး ေျပာရဲ ဆိုရဲတာေတာ့မေတြ႕ရဘူးေပါ့ေနာ္။ ဒါေပမဲ့ ဘယ္လိုေျပာရမလဲ။ သူတို႔ရဲ႕ရင္ထဲမွာေတာ့ ေျပာဖို႔ရွိမယ္လို႔ ထင္တယ္။ ဒါေပမဲ့ ဘယ္သူမွေတာ့ ထုတ္ေဖာ္ၿပီးေတာ့ ေျပာတာမ်ိဳးေတာ့မေတြ႕ေသးဘူး။ ဒါေပမဲ့ ကြၽန္ ေတာ္တို႔ထင္တာေတာ့ ျပည္သူလူထုက မဲလာေပးၾကမယ္လို႔ေတာ့ထင္တာေပါ့။ ဘာလို႔လဲဆိုေတာ့ သူက မေျပာရဲေပမယ့္လည္း အခ်ိဳ႕ေနရာေတြမွာ အရိပ္အေယာင္နဲ႔ ေ႐ြးေကာက္ပြဲကိုသေဘာက်တာမ်ိဳး၊ အေျပာင္းလဲတစ္ခုခုကို သူတို႔ကလိုခ်င္တယ္ဆိုတာကို အရိပ္အေယာင္ေတာ့ျပေနတာကိုေတာ့ ကြၽန္ ေတာ္တို႔ေတြ႕ျမင္ေနရတာေပါ့။
ေမး။ ေ႐ြးေကာက္ပြဲက်င္းပတဲ့ကာလမွာ ဘယ္လိုစိန္ေခၚမႈေတြ ရွိႏိုင္ပါသလဲ။
ေျဖ။ ကြၽန္ေတာ့္အျမင္နဲ႔ေျပာရမယ္ဆိုရင္ေတာ့ လာမယ့္ေ႐ြးေကာက္ပြဲက်င္းပတဲ့ကာလမွာ အထူးသျဖင့္ မဲဆႏၵရွင္ျပည္သူေတြက မြန္ျပည္နယ္အေနအထားနဲ႔ဆိုရင္ အလုပ္မအားၾကတာေပါ့ေနာ္။ သူတို႔အလုပ္ မအားတဲ့အတြက္ ကြၽန္ေတာ္တို႔ စည္း႐ုံးေဟာေျပာတဲ့အခ်ိန္မွာ သူတို႔က အခ်ိန္မေပးႏိုင္ဘူး။ အဲဒါတစ္ခု ကေတာ့ ကြၽန္ေတာ္တို႔အတြက္ အေရးႀကီးတဲ့စိန္ေခၚမႈပဲ။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔မြန္ျပည္နယ္ မွာက စီးပြားေရးကို ေရာ္ဘာလုပ္ငန္းနဲ႔ အဓိကလုပ္ၾကတာေလ။ ဒီေတာ့ သူတို႔အတြက္ အခ်ိန္မအားၾက ဘူးေပါ့ေနာ္။ ဒီေတာ့ စည္း႐ုံးေဟာေျပာပြဲေတြမွာ သူတို႔မလာႏိုင္ၾကဘူးေပါ့။ ေနာက္ၿပီး သူတို႔အားတဲ့ အခ်ိန္နဲ႔ ကြၽန္ေတာ္တို႔အားတဲ့အခ်ိန္နဲ႔ တိုက္ဆိုင္မႈ မျဖစ္တဲ့အခါက်ေတာ့ ကြၽန္ေတာ္တို႔စည္း႐ုံးေဟာေျပာ တာေတြကို သူတို႔မသိေတာ့ဘူးေပါ့ေနာ္။ ဒါမ်ိဳးစိန္ေခၚမႈေတြေတာ့ရွိပါတယ္။
ေမး။ ပါတီဝင္ေတြနဲ႔ ကိုယ္စားလွယ္ေလာင္းေတြအေပၚမွာ လက္နက္ကိုင္ေတြက ၿခိမ္းေျခာက္တာေတြ ေကာရွိပါသလား။
ေျဖ။ ေလာေလာဆယ္ေတာ့ ကြၽန္ေတာ္တို႔မၾကားမိေသးပါဘူး။ ဒါကေတာ့ ကြၽန္ေတာ္တို႔လည္း သတိ ထားေနၾကရတာေပါ့။ အခုလက္ရွိအခ်ိန္အထိေတာ့ ပုဂၢိဳေရးအရေရာ ပါတီဘက္ကိုေရာ ၿခိမ္းေျခာက္တာ မ်ိဳးေတာ့မရွိေသးဘူးေပါ့။ ဒါေပမဲ့လည္း ကြၽန္ေတာ္တို႔ေတြက သတိေတာ့ထားေနရတာေပါ့။
ေမး။ ကိုယ္စားလွယ္ေလာင္းေတြရဲ႕လုံၿခဳံေရးအတြက္ေကာ ဘာေတြစီစဥ္ေပးထားလဲ။
ေျဖ ။ ေလာေလာဆယ္ေတာ့ ကိုယ္စားလွယ္ေလာင္း လုံၿခဳံေရးနဲ႔ပတ္သက္ၿပီးစီစဥ္ထားတာေတာ့ ထူးထူး ေထြေထြေတာ့ ဘာမွမရွိေသးဘူး။ အထူးသျဖင့္ေတာ့ ကြၽန္ေတာ္တို႔ေတြသတိေတာ့ထားတယ္။ တစ္ ေယာက္နဲ႔တစ္ေယာက္ မက္ေဆ့ခ်္ေပးပို႔ၾကတာ။ ေနာက္ၿပီး လုံၿခဳံေရးနဲ႔ပတ္သက္ၿပီး ကြန္ရက္ေတြ လုပ္ ထားတာေတာ့ရွိတယ္။ တျခား ထူးထူးေထြေထြေတာ့မရွိပါဘူး။
ေမး။ လက္ရွိမွာ ေ႐ြးေကာက္ပြဲကို ကန႔္ကြက္ေနၾကတဲ့သူေတြကို ဘာေျပာခ်င္လဲ။
ေျဖ။ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ျပည္သူအတြက္လိုအပ္ခ်က္ နံပါတ္(၁)အခ်က္ကၿငိမ္းခ်မ္းေရးပဲ။ ဒီၿငိမ္းခ်မ္း ေရးလုပ္ငန္းစဥ္ကို ဘယ္ကစလုပ္ရမလဲဆိုတဲ့ေနရာမွာက်ေတာ့ အခက္အခဲေတာ့ရွိတယ္။ အစရွာလို႔ မရတာေပါ့ေနာ္။ ဒီတစ္ခါ ေ႐ြးေကာက္ပြဲျဖစ္ေျမာက္ ၿပီးသြားရင္ ေ႐ြးေကာက္ပြဲကေနတစ္ဆင့္ လႊတ္ ေတာ္ ေပၚလာမယ္။ ဒီလႊတ္ေတာ္ထဲမွာ ၿငိမ္းခ်မ္းေရးနဲ႔ပတ္သက္တဲ့ ေတြ႕ဆုံေဆြးေႏြးမႈေတြကို ကြၽန္ ေတာ္တို႔လုပ္လို႔ရမယ္၊ ေျပာလို႔ရမယ္။ ေျပာရရင္ေတာ့ ေ႐ြးေကာက္ပြဲကေနၿပီးေတာ့ ျပည္သူလူထုရဲ႕ အက်ိဳးခံစားခြင့္ေတြဟာ ပိုရွိလာမယ္။ ဒီအတြက္ေၾကာင့္ ဘယ္သူက ဘာပဲကန႔္ကြက္ေနပါေစေပါ့ေနာ္။ တကယ္လို႔ ေ႐ြးေကာက္ပြဲမရွိရင္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို ဘယ္နားကစရမလဲဆိုတာကို လမ္းစရွာ လို႔မရဘူး။ ေ႐ြးေကာက္ပြဲကေနတစ္ဆင့္ပဲ ၿငိမ္းခ်မ္းေရးလမ္းေၾကာင္း ေပၚကိုတက္ရမွာ။ ပစ္ခတ္ရပ္စဲ ေရးတို႔ ေတြ႕ဆုံေဆြးေႏြးတာတို႔အားလုံးကို ၿငိမ္းခ်မ္းေရးလမ္းေၾကာင္းေပၚ ကေနပဲသြားလို႔ရမွာ။ ဒါ ေၾကာင့္ ဘယ္သူေတြပဲဟန႔္တားေနပါေစ ဒါကေတာ့ သိပ္ၿပီးေတာ့အေရးႀကီးမယ္ မထင္ပါဘူး။ အဓိက ေတာ့ ျပည္သူလူထုေတြက ဆႏၵမဲလာထည့္ဖို႔ရယ္၊ ေ႐ြးေကာက္ပြဲၿပီးေျမာက္ဖို႔ရယ္၊ ေနာက္ၿပီး လႊတ္ ေတာ္ေပၚလာရင္ က်န္တဲ့ကိစၥေတြကိုလုပ္လို႔ရမယ္။ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္တို႔ ႏိုင္ငံစီပြားေရးကိစၥတို႔ ဘာတို႔ အကုန္လုံးေျပာလို႔ရမယ္။ အခုလက္ရွိအေနအထားမွာဆိုရင္ ဒါေတြကို ဘာမွေျပာလို႔မရႏိုင္ဘူး ျဖစ္ေနတယ္။ ဒါေတြကိုေျပာဖို႔ဆိုရင္ ေ႐ြးေကာက္ပြဲကို ျဖတ္ၿပီးေတာ့မွပဲေျပာလို႔ရမယ္။
ေမး။ ဒီေ႐ြးေကာက္ပြဲဟာ ၿငိမ္းခ်မ္းေရးအတြက္ ဘယ္ေလာက္ထိအေရးပါတယ္လို႔ ေျပာလို႔ရမလဲ။
ေျဖ။ ဒီေ႐ြးေကာက္ပြဲက ၿငိမ္းခ်မ္းေရးအတြက္ အရမ္းကိုအေရးပါလြန္းတယ္။ ဒီေ႐ြးေကာက္ပြဲကိုမျဖတ္ သန္းလိုက္ရဘူးဆိုရင္ ျပည္သူေတြဟာ အခုထက္ပိုၿပီး အရမ္းကိုဒုကၡေရာက္သြားႏိုင္တယ္။ အဓိကက ေတာ့ ကြၽန္ေတာ္ အေရွ႕မွာေျပာခဲ့သလိုပါပဲ။ ဒီေ႐ြးေကာက္ပြဲကေနတစ္ဆင့္ ၿငိမ္းခ်မ္းေရးဆီကိုသြားရမွာ ျဖစ္တဲ့အတြက္ အခုလာမယ့္ေ႐ြးေကာက္ပြဲဟာ ၿငိမ္းခ်မ္းေရးဆီကိုသြားဖို႔အတြက္ ေျခလွမ္းအစျဖစ္ တယ္။ ဘယ္အရာမွာမဆို အစေကာင္းမွ အေႏွာင္းေသခ်ာ မွာေလ။ ဒီေတာ့ ဒီေ႐ြးေကာက္ပြဲဟာ ၿငိမ္း ခ်မ္းေရးအတြက္ အရမ္းအေရးပါတယ္ဆိုတာကိုသိႏိုင္ပါတယ္။ ၿငိမ္းခ်မ္းေရးကိုသြားခ်င္တယ္ဆိုရင္ ဒီေ႐ြးေကာက္ပြဲကို မျဖစ္မေန ျဖတ္ကိုျဖတ္သန္းရမယ္။ အားလုံးကလည္း ဒီအတြက္ကို ေဆာင္႐ြက္ေန ၾကတာျဖစ္ပါတယ္။
ေမး။ UEC က စီတန္းလွည့္လည္မဲဆြယ္ခြင့္ကို ကန႔္သတ္ထားတဲ့အတြက္ မဲဆြယ္ရာမွာ အခက္အခဲရွိႏိုင္ လား။
ေျဖ။ အဓိကက စီတန္းလွည့္လည္တာကိုေတာ့ ေကာ္မရွင္ကေတာ့ ခြင့္မျပဳဘူး။ ဒါေပမဲ့ စီတန္း လွည့္ လည္တယ္ဆိုတာကေတာ့ အင္အားျပတာေပါ့။ အင္အားျပတဲ့အခါက်ေတာ့ အဖြဲ႕အစည္းတစ္ခုနဲ႔တစ္ခု ပါတီတစ္ခုနဲ႔တစ္ခု ထိပ္တိုက္ေတြ႕ၾကမွာစိုးလို႔တားျမစ္ထားတာပါ။ စည္း႐ုံးလႈံ႕ေဆာ္မႈဆိုတဲ့ေနရာမွာ ဆိုင္းဘုတ္ေတြတင္လို႔ရတယ္။ ေနာက္ၿပီးေတာ့ လက္ကမ္းစာေစာင္ျဖန႔္ေဝလို႔ရတယ္။ သက္ဆိုင္ရာေန ရာေတြမွာလည္း ေဟာေျပာတာေတြလုပ္လို႔ရတာေပါ့။ အဓိက စည္တန္းလွည္လည္ခြင့္ကိုပဲ ပိတ္ထား တာဆိုေတာ့ အခက္အခဲမရွိေလာက္ဘူးလို႔ထင္ပါတယ္။ အဆင္မေျပမႈေတြလည္းမရွိေလာက္ပါဘူး။ တစ္ဖက္ကလည္း နည္းပညာေတြလည္း အမ်ားႀကီးရွိေနတယ္ေလ။ ဆို ရွယ္မီဒီယာေတြေပၚကေနၿပီး ေတာ့လည္း မဲဆြယ္စည္း႐ုံးတာေတြကို လုပ္လို႔ရေနေသးတာပဲ။ ဒီလိုမဲဆြယ္ဖို႔အတြက္ေတာ့ ကြၽန္ေတာ္ တို႔မွာ နည္းပညာ အေထာက္ပံ့ေတာ့ နည္းနည္းလိုမွေပါ့။
ေမး။ ျပည္သူေတြကို ဘာေျပာခ်င္လဲ။
ေျဖ ။ တျခားေတာ့ အမ်ားႀကီးေျပာစရာမရွိပါဘူး။ (၂၀၂၅)ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္ၿပီးေတာ့ မဲဆႏၵရွင္ ေတြကိုေျပာခ်င္တာကေတာ့ လက္ရွိအေနအထားထက္ အေျပာင္းအလဲတစ္ခုကိုဆက္ေလွ်ာက္မယ္ ဆိုရင္ အားလုံးေသာ မဲဆႏၵရွင္ျပည္သူေတြဟာ မဲေပးၾကပါလို႔ပဲ ကြၽန္ေတာ္ေျပာခ်င္ပါတယ္။ မဲေပးမွပဲ အခုအေနအထားကို ေက်ာ္လြန္ေျပာင္းလဲႏိုင္မွာျဖစ္ပါတယ္။ ဒီလိုေက်ာ္လြန္ေျပာင္းလဲဖို႔အတြက္ အခြင့္ အေရးဟာလည္း ျပည္သူေတြရဲ႕လက္ထဲမွာပဲရွိေနပါတယ္။ ဒီေတာ့ ျပည္သူေတြအေနနဲ႔ အေျပာင္း အလဲ တစ္ခုကို ကိုယ္တိုင္ပါဝင္မဲေပးျခင္းနဲ႔အတူ ေျပာင္းလဲၾကပါစို႔လို႔ ေျပာခ်င္ပါတယ္။