ရန်ကုန်တွင် မိုးပျံ အမြန်လမ်းနှင့် အပြင်ပတ်လမ်းစီမံကိန်းများသည် အနာဂတ်အတွက် Plan ဖြစ်ဟုဆို

131

စော (NP News) - နိုဝင်ဘာ ၁၁
ရန်ကုန်တွင် မိုးပျံအမြန်လမ်းနှင့် ရန်ကုန်မြို့တော် အပြင်ပတ်လမ်းစီမံကိန်းများတည်ဆောက် ရေးသည် အနာဂတ်အတွက် အစီအစဉ်များဆောင်ရွက်ခြင်းဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးဝဏ္ဏဇော်က NP News ကိုပြောသည်။
စက်မှုဇုန်များအကြား ချိတ်ဆက်မှုကောင်းစေရန် ပင်လယ်ကူးသင်္ဘောဆိပ်ကမ်းများ၊ Dry Ports များ၊ အခြေပြုမြို့သစ်များနှင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ (Logistic Routes) အဆင်ပြေ ချောမွေ့လာစေရန်နှင့် နိုင်ငံ၏စီးပွားရေးစင်္ကြံလမ်း မကြီးတစ်ခုအဖြစ်ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ရန်ကုန် မိုးပျံအမြန်လမ်းနှင့် ရန်ကုန်မြို့တော် အပြင်ပတ်လမ်းစီမံကိန်းဦးဆောင်ကော်မတီဖွဲ့စည်းလိုက် ကြောင်းသိရသည်။
အဆိုပါစီမံကိန်းဦးဆောင်ကော်မတီတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ်တာဝန်ယူသွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က အဖွဲ့ဝင်များအဖြစ်တာဝန်ယူသွားမည့်အပြင် ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက အတွင်းရေးမှူးအဖြစ်လည်း တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်ပြန်တမ်းအရသိရသည်။
“အဓိကကတော့ ယာဉ်ကြောပိတ်ဆို့မှုတွေများလာတဲ့အခါကျရင် ဖြေရှင်းနိုင်ဖို့အတွက် ကမ္ဘာ့ နိုင်ငံကြီးတွေရဲ့ မြို့တော်ကြီးတွေမှာလည်း ဒါမျိုးတွေက အတော်များများမှာပေါ့။ ယာဉ်ကြောပိတ်ဆို့မှု များပြားလာတဲ့အခါကျမှ ဒီလိုနည်းလမ်းနဲ့ဖြေရှင်း ဆောင်ရွက်ကြတာမျိုးရှိကြပါတယ်။ ဒါကြီးကို အခု ချက်ချင်းကြီးအကောင်အထည်ဖော်မယ်လို့တော့ မဟုတ်ပါဘူး။ အနာဂတ်အတွက် ဖြေရှင်းဆောင်ရွက်ဖို့ ပလန်လုပ်ထားတဲ့သဘောပါပဲ” ဟု ဦးဝဏ္ဏဇော်က ပြောသည်။
ရန်ကုန်မိုးပျံအမြန်လမ်းနှင့် ရန်ကုန်မြို့တော် အပြင်ပတ်လမ်းစီမံကိန်း ဦးဆောင်ကော်မတီ၏ လုပ်ငန်းတာဝန်များမှာ (၇)ချက်ရှိ၍ ယင်းအချက်များအနက်မှ ရန်ကုန်မိုးပျံအမြန်လမ်းနှင့် ရန်ကုန်မြို့ တော် အပြင်ပတ်လမ်းတို့ဆက်စပ်ပြီး လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အကျိုးရှိထိရောက်စေမည့် အမြန်လမ်းများ၏လမ်းအူကြောင်းများ (Alignments) ကို ရှာဖွေဖော်ထုတ်ခြင်းလည်း ပါဝင်ကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်မိုးပျံအမြန်လမ်းနှင့် ရန်ကုန်မြို့တော်အပြင်ပတ်လမ်းတစ်လျှောက်တွင် ပေါ်ထွက် လာမည့် စက်မှုဇုန်များ၊ Logistic Hubs Dry Ports ၊ ဆိပ်ကမ်းများနှင့် အခြေပြုမြို့သစ်များ (Satellite Towns) ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့တို့အကြား ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ခြင်းလည်းပါဝင်ကြောင်း သိရသည်။
ရန်ကုန်မိုးပျံအမြန်လမ်းနှင့် ရန်ကုန်မြို့တော် အပြင်ပတ်လမ်း ရင်းနှီးမြှုပ်နှံမှုများကို ဘတ်ဂျက် အသုံးပြုမှုအနည်းဆုံးကိုအခြေပြု၍ PPP စနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်၍ ယင်းစနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ယခင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး ကထုတ်ပြန်ထားသော တင်ဒါလုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

Zawgyi Version:
ရန္ကုန္တြင္ မိုးပ်ံ အျမန္လမ္းႏွင့္ အျပင္ပတ္လမ္းစီမံကိန္းမ်ားသည္ အနာဂတ္အတြက္ Plan ျဖစ္ဟုဆို
ေစာ (NP News) - ႏိုဝင္ဘာ ၁၁
ရန္ကုန္တြင္ မိုးပ်ံအျမန္လမ္းႏွင့္ ရန္ကုန္ၿမိဳ႕ေတာ္ အျပင္ပတ္လမ္းစီမံကိန္းမ်ားတည္ေဆာက္ ေရးသည္ အနာဂတ္အတြက္ အစီအစဥ္မ်ားေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာနမွ အၿမဲတမ္း အတြင္းဝန္ ဦးဝဏၰေဇာ္က NP News ကိုေျပာသည္။
စက္မႈဇုန္မ်ားအၾကား ခ်ိတ္ဆက္မႈေကာင္းေစရန္ ပင္လယ္ကူးသေဘၤာဆိပ္ကမ္းမ်ား၊ Dry Ports မ်ား၊ အေျချပဳၿမိဳ႕သစ္မ်ားႏွင့္ သယ္ယူပို႔ေဆာင္ေရးလမ္းေၾကာင္းမ်ား (Logistic Routes) အဆင္ေျပ ေခ်ာေမြ႕လာေစရန္ႏွင့္ ႏိုင္ငံ၏စီးပြားေရးစႀကႍလမ္း မႀကီးတစ္ခုအျဖစ္ေပၚထြန္းလာေစရန္ ရည္႐ြယ္၍ ရန္ကုန္ မိုးပ်ံအျမန္လမ္းႏွင့္ ရန္ကုန္ၿမိဳ႕ေတာ္ အျပင္ပတ္လမ္းစီမံကိန္းဦးေဆာင္ေကာ္မတီဖြဲ႕စည္းလိုက္ ေၾကာင္းသိရသည္။
အဆိုပါစီမံကိန္းဦးေဆာင္ေကာ္မတီတြင္ ေဆာက္လုပ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးက ဥကၠ႒အျဖစ္တာဝန္ယူသြားမည္ျဖစ္ၿပီး ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ဝန္ႀကီးခ်ဳပ္၊ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး၊ ဘ႑ာေရးႏွင့္ အခြန္ဝန္ႀကီးဌာန ဒုတိယဝန္ႀကီးႏွင့္လွ်ပ္စစ္ စြမ္းအားဝန္ႀကီးဌာန ဒုတိယဝန္ႀကီးတို႔က အဖြဲ႕ဝင္မ်ားအျဖစ္တာဝန္ယူသြားမည့္အျပင္ ေဆာက္လုပ္ေရး ဝန္ႀကီးဌာန ဒုတိယဝန္ႀကီးက အတြင္းေရးမႉးအျဖစ္လည္း တာဝန္ယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္ျပန္တမ္းအရသိရသည္။
“အဓိကကေတာ့ ယာဥ္ေၾကာပိတ္ဆို႔မႈေတြမ်ားလာတဲ့အခါက်ရင္ ေျဖရွင္းႏိုင္ဖို႔အတြက္ ကမာၻ႔ ႏိုင္ငံႀကီးေတြရဲ႕ ၿမိဳ႕ေတာ္ႀကီးေတြမွာလည္း ဒါမ်ိဳးေတြက အေတာ္မ်ားမ်ားမွာေပါ့။ ယာဥ္ေၾကာပိတ္ဆို႔မႈ မ်ားျပားလာတဲ့အခါက်မွ ဒီလိုနည္းလမ္းနဲ႔ေျဖရွင္း ေဆာင္႐ြက္ၾကတာမ်ိဳးရွိၾကပါတယ္။ ဒါႀကီးကို အခု ခ်က္ခ်င္းႀကီးအေကာင္အထည္ေဖာ္မယ္လို႔ေတာ့ မဟုတ္ပါဘူး။ အနာဂတ္အတြက္ ေျဖရွင္းေဆာင္႐ြက္ဖို႔ ပလန္လုပ္ထားတဲ့သေဘာပါပဲ” ဟု ဦးဝဏၰေဇာ္က ေျပာသည္။
ရန္ကုန္မိုးပ်ံအျမန္လမ္းႏွင့္ ရန္ကုန္ၿမိဳ႕ေတာ္ အျပင္ပတ္လမ္းစီမံကိန္း ဦးေဆာင္ေကာ္မတီ၏ လုပ္ငန္းတာဝန္မ်ားမွာ (၇)ခ်က္ရွိ၍ ယင္းအခ်က္မ်ားအနက္မွ ရန္ကုန္မိုးပ်ံအျမန္လမ္းႏွင့္ ရန္ကုန္ၿမိဳ႕ ေတာ္ အျပင္ပတ္လမ္းတို႔ဆက္စပ္ၿပီး လူမႈေရး၊ စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္မႈကို အက်ိဳးရွိထိေရာက္ေစမည့္ အျမန္လမ္းမ်ား၏လမ္းအူေၾကာင္းမ်ား (Alignments) ကို ရွာေဖြေဖာ္ထုတ္ျခင္းလည္း ပါဝင္ေၾကာင္း သိရသည္။
ထို႔ျပင္ ရန္ကုန္မိုးပ်ံအျမန္လမ္းႏွင့္ ရန္ကုန္ၿမိဳ႕ေတာ္အျပင္ပတ္လမ္းတစ္ေလွ်ာက္တြင္ ေပၚထြက္ လာမည့္ စက္မႈဇုန္မ်ား၊ Logistic Hubs Dry Ports ၊ ဆိပ္ကမ္းမ်ားႏွင့္ အေျချပဳၿမိဳ႕သစ္မ်ား (Satellite Towns) ဖြံ႕ၿဖိဳးတိုးတက္လာေစေရးအတြက္ သက္ဆိုင္ရာဝန္ႀကီးဌာနမ်ား၊ အဖြဲ႕အစည္းမ်ား၊ တိုင္းေဒသ ႀကီးအစိုးရအဖြဲ႕တို႔အၾကား ခ်ိတ္ဆက္ညႇိႏႈိင္းေဆာင္႐ြက္ျခင္းလည္းပါဝင္ေၾကာင္း သိရသည္။
ရန္ကုန္မိုးပ်ံအျမန္လမ္းႏွင့္ ရန္ကုန္ၿမိဳ႕ေတာ္ အျပင္ပတ္လမ္း ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကို ဘတ္ဂ်က္ အသုံးျပဳမႈအနည္းဆုံးကိုအေျချပဳ၍ PPP စနစ္ျဖင့္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္သြားမည္ျဖစ္၍ ယင္းစနစ္ျဖင့္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ရာတြင္ ယခင္ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ႐ုံး ကထုတ္ျပန္ထားေသာ တင္ဒါလုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းသိရသည္။