နန္ဒာလှိုင်တို့မိသားစုက ရန်ကုန်မြို့တွင်း အောက်စီဂျင် လိုအပ်မှုလျော့နည်းလာပြီဖြစ်သဖြင့် ဒုတိယအစီအစဉ် စတင်တော့မည်

1310

NP News - စက်တင်ဘာ ၁၅
ရန်ကုန်မြို့တွင် ထပ်ဆင့်အကယ်ဒမီ သရုပ်ဆောင် နန္ဒာလှိုင်တို့မိသားစုက အောက်စီဂျင်ဖြန့်ဝေပေးမှုအစီအစဉ်အားဆောင်ရွက်ခဲ့ရာ လက်ရှိတွင် ရန်ကုန်မြို့အောက်စီဂျင်လိုအပ်မှုလျော့နည်းလာပြီဖြစ်သဖြင့် ဒုတိယအစီအစဉ်အားစတင်တော့မည်ဖြစ်ကြောင်း ဦးဇေသီဟမှ ယနေ့ စက်တင်ဘာလ (၁၅) ရက်တွင် ၎င်း၏ လူမှုကွန်ရက်မှတဆင့် အသိပေးဖော်ပြလိုက်သည်။
အဆိုပါ ဒုတိယအစီအစဉ်သည် လက်ရှိအချိန်ထိ ကိုဗစ်ရောဂါကူးစက်မှုများ မြင့်တက်လျက်ရှိသောနယ်မြို့များသို့ ၎င်းတို့၏ အောက်စီဂျင်စက်ကို အခမဲ့ဌားရမ်းပေးမည့် အစီအစဉ်ဖြစ်ကြောင်းသိရသည်။ ၎င်းတို့အနေဖြင့် အောက်စီဂျင်စက်ကို အခမဲ့ဌားရမ်းပေးသွားမည်ဖြစ်သော်လည်း ဌားရမ်းလိုသူဘက်မှ မိမိမြို့၏ စီစဉ်ဆောင်ရွက်မှုဖြင့် သယ် ဆောင်ရမည်ဖြစ်ပြီး အသုံးပြုပြီးပါကလည်း ကိုယ်တိုင်ပြန်လည်ပို့ဆောင်ပေးရမည် ဖြစ်ကြောင်း၊ သယ်ယူစရိတ်များအတွက် မြို့တာဝန်ခံဘက်မှတာဝန်ယူပေးရမည်ဖြစ်ကြောင်း၊ မြို့မိမြို့ဖများ ဦးဆောင်သော ပရဟိတအသင်း အဖွဲ့များထံသို့ ဌားရမ်းပေးမည်ဖြစ်ကြောင်း ကြိုတင်အသိပေးထားသည်။
သြဂုတ်လအတွင်းမှစတင်၍ အောက်စီဂျင်လိုအပ်သူများအတွက် ဇေကမ္ဘာဝင်းအတွင်း၌ (၂၄)နာရီ အောက်စီဂျင်များ အခမဲ့ဖြည့်သွင်းပေးခဲ့ရာ လက်ရှိတွင်လာရောက်ဖြည့်သွင်းသူများလည်း သိသိသာသာနည်းလာသည့်အပြင် ညပိုင်းများတွင် လာရောက် ဖြည့်သူများမရှိတော့သဖြင့် အခြားသော နယ်မြို့များသို့ ကူညီပေးမည့် အစီအစဉ်ကို မကြာခင် ရက်ပိုင်းအတွင်း စတင်သွားမည်ဖြစ်ကြောင်း သိရသည်။
အောက်စီဂျင်စက်အခမဲ့ဌားရမ်းအသုံးပြုခွင့်ကာလကို တစ်လသတ်မှတ်ထားပြီး လိုအပ်ပါကလည်း ထပ်တိုးတစ်လ ဌားရမ်းပေးမည်ဖြစ်ကြောင်း၊ စက်အား ထိန်းသိမ်းနိုင်ရန် စက်ကိုင်ကို ယင်းတို့ဘက်မှ ထည့်ပေးမည်ဖြစ်ပြီး အဆိုပါစက်ကိုင်ဝန်ထမ်းအတွက် နေထိုင်၊ စားသောက်ရေးကို မြို့တာဝန်ခံဘက်မှ တာဝန်ယူပေးရမ ည်ဖြစ်ကြောင်း၊ အောက်စီဂျင်စက်ကို အခမဲ့ငှားရမ်းခြင်းဖြစ်သည့်အတွက် ပြည်သူများထံသို့ အောက်စီဂျင်ကို အခမဲ့သာပြန်လည်ဖြန့်ဝေပေးရန် ရေးသားဖော်ပြထားသည်။ ပြည်သူများ၏ ကျန်းမာရေးအတွက် အသုံးပြုရန်သာ ရည်ရွယ်ထားခြင်းဖြစ်သည့်အတွက် လုပ်ငန်းသုံးရန် လုံးဝဌားရမ်းမည် မဟုတ်ကြောင်း လည်းအတိအလင်းပြောထားသည်။
#NPNews