မတော်တဆ ထိခိုက်မှုများကြောင့် သေဆုံးသူပမာဏ မြို့ပြထက် ကျေးလက်တွင် ပိုမိုများပြားနေ

 87

စော (NP News) - နိုဝင်ဘာ ၁၁

မတော်တဆထိခိုက်မှုများကြောင်းသေ ဆုံးသူပမာဏ မြို့ပြထက် ကျေးလက်တွင် ပိုမိုများပြား နေကြောင်း (၂၀၂၄)ခုနှစ် လူဦးရေနှင့်အိမ်အကြောင်း အရာသန်းခေါင်စာရင်း၏အချက်အလက်များအရ သိရသည်။
မြို့ပြနှင့်ကျေးလက် နှိုင်းယှဉ်ရာတွင် ရောဂါကြောင့် သေဆုံးမှုပမာဏမှာ လူ(၁၀ဝ)လျှင် (၉၂ ဒသ မ ၂) ရာခိုင်နှုန်း၊ ကျေးလက်တွင် (၉၁ ဒသမ ၁) ရာခိုင်နှုန်း၊ မတော်တဆထိခိုက်မှုမှာ မြို့ပြတွင် (၄ ဒ သမ ၅) ရာခိုင်နှုန်းရှိပြီး ကျေးလက်တွင် (၅ ဒသမ ၁) ရာခိုင်နှုန်း၊ မိမိကိုယ်မိမိသတ်သေခြင်းမှာ မြို့ပြတွင် (ဝ ဒသမ ၁)ရာခိုင်နှုန်း၊ ကျေးလက်တွင် (ဝ ဒသမ ၂)ရာခိုင်နှုန်း၊ အကြမ်းဖက်မှုမှာ မြို့ပြတွင် (ဝ ဒသမ ၇) ရာ ခိုင်နှုန်း၊ ကျေးလက်တွင် (ဝ ဒသမ ၅) ရာခိုင်နှုန်း စသည်ဖြင့်ရှိကြောင်း ဖော်ပြထားသည်။
မြို့ပြနှင့်ကျေးလက်ကို နှိုင်းယှဉ်လေ့လာရာတွင် မြို့ပြ၌ ရောဂါကြောင့်သေဆုံးမှုသည် ကျေး လက်ထက် အနည်းငယ်ပိုများသော်လည်း ကျေးလက်၌ မတော်တဆထိခိုက်မှုကြောင့်သေဆုံးမှုနှင့် အမျိုးအမည် မသိသောအကြောင်းရင်းများကြောင့်သေဆုံးမှုသည် မြို့ပြထက်ပိုများရာ ကျေးလက်တွင် နေထိုင်သူများသည် မတော်တဆထိခိုက်မှုများဖြစ်စေသည့်ပတ်ဝန်းကျင်ဆိုင်ရာ သို့မဟုတ် လုပ်ငန်းခွင် ဆိုင်ရာ အန္တရာယ်များနှင့် ပိုမိုရင်ဆိုင်ရနိုင်ခြင်း၊ ဖြေဆိုမှု မပြည့်စုံခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု ရယူ နိုင်ခြင်းတို့တွင် ကွာဟချက်များရှိခြင်းတို့ကြောင့် အမျိုးအမည် မသိသောအကြောင်းရင်းဖြင့်သေဆုံးမှုများ မြင့်မားနေရခြင်းဖြစ်နိုင်သည်ဟု သန်ခေါင်စာရင်းတွင် ကောက်ချက်ချထားသည်။
“အဓိကကတော့ ကျေးလက်တွေမှာ ကျွန်တော်တို့က မော်တော်ဆိုင်ကယ်တွေစီးကြတာပေါ့။ အဓိကသုံးကြတော့ မော်တော်ဆိုင်ကယ်တွေ ထိခိုက်မှုကများတယ်။ လမ်းတွေကလည်း ရွာလမ်းတွေဆို တော့ သိတဲ့အတိုင်းပဲ မြို့ပြလိုမျိုးလမ်းတွေကကောင်းနေတာမဟုတ်ဘူး။ ပြီးရင် ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်း မော်တော်ယာဉ်ကျွမ်းကျင်မှုအပိုင်းတွေမှာ အားနည်းတဲ့အခါမှာ ကျေးလက်မှာ ထိခိုက်မှုများ တယ်ဆိုတာ အဲဒီဟာကြောင့်ပါ” ဟု ကျေးလက်ကျန်းမာရေး စောင့်ရှောက်မှုအခြေအနေများနှင့် ပတ် သက်၍ မကြာခဏ ထောက်ပြပြောကြားလေ့ရှိသူ ဒေါက်တာမျိုးဆက်သွေးက NP News သို့ပြောသည်။
သန်းခေါင်စာရင်းအရ ကယားပြည်နယ်သည် ရောဂါကြောင့်သေဆုံးသူနည်းသော်လည်း တစ် ဖက်တွင် မတော်တဆထိခိုက်မှုကြောင့် သေဆုံးမှုများပြားနေပြီး ကချင်ပြည်နယ်တွင်လည်း မတော် တဆမှုကြောင့် သေဆုံးမှုမြင့်မားကြောင်းသိရသည်။ မိမိကိုယ်မိမိ သတ်သေသောဖြစ်စဉ်များဖြစ်ပွားရာ တွင်မူ ကရင်ပြည်နယ်သည် မိမိကိုယ်မိမိသတ်သေသောဖြစ်စဉ် (၁ ဒသမ ဝ) ရာခိုင်နှုန်းဖြင့် တိုင်းဒေသ ကြီးနှင့်ပြည်နယ်များအနက် ပမာဏ အမြင့်ဆုံးဖြစ်ကြောင်း သန်းခေါင်စာရင်းတွင်တွေ့ရသည်။

Zawgyi Version:
မေတာ္တဆ ထိခိုက္မႈမ်ားေၾကာင့္ ေသဆုံးသူပမာဏ ၿမိဳ႕ျပထက္ ေက်းလက္တြင္ ပိုမိုမ်ားျပားေန
ေစာ (NP News) - ႏိုဝင္ဘာ ၁၁
မေတာ္တဆထိခိုက္မႈမ်ားေၾကာင္းေသ ဆုံးသူပမာဏ ၿမိဳ႕ျပထက္ ေက်းလက္တြင္ ပိုမိုမ်ားျပား ေနေၾကာင္း (၂၀၂၄)ခုႏွစ္ လူဦးေရႏွင့္အိမ္အေၾကာင္း အရာသန္းေခါင္စာရင္း၏အခ်က္အလက္မ်ားအရ သိရသည္။
ၿမိဳ႕ျပႏွင့္ေက်းလက္ ႏႈိင္းယွဥ္ရာတြင္ ေရာဂါေၾကာင့္ ေသဆုံးမႈပမာဏမွာ လူ(၁၀ဝ)လွ်င္ (၉၂ ဒသ မ ၂) ရာခိုင္ႏႈန္း၊ ေက်းလက္တြင္ (၉၁ ဒသမ ၁) ရာခိုင္ႏႈန္း၊ မေတာ္တဆထိခိုက္မႈမွာ ၿမိဳ႕ျပတြင္ (၄ ဒ သမ ၅) ရာခိုင္ႏႈန္းရွိၿပီး ေက်းလက္တြင္ (၅ ဒသမ ၁) ရာခိုင္ႏႈန္း၊ မိမိကိုယ္မိမိသတ္ေသျခင္းမွာ ၿမိဳ႕ျပတြင္ (ဝ ဒသမ ၁)ရာခိုင္ႏႈန္း၊ ေက်းလက္တြင္ (ဝ ဒသမ ၂)ရာခိုင္ႏႈန္း၊ အၾကမ္းဖက္မႈမွာ ၿမိဳ႕ျပတြင္ (ဝ ဒသမ ၇) ရာ ခိုင္ႏႈန္း၊ ေက်းလက္တြင္ (ဝ ဒသမ ၅) ရာခိုင္ႏႈန္း စသည္ျဖင့္ရွိေၾကာင္း ေဖာ္ျပထားသည္။
ၿမိဳ႕ျပႏွင့္ေက်းလက္ကို ႏႈိင္းယွဥ္ေလ့လာရာတြင္ ၿမိဳ႕ျပ၌ ေရာဂါေၾကာင့္ေသဆုံးမႈသည္ ေက်း လက္ထက္ အနည္းငယ္ပိုမ်ားေသာ္လည္း ေက်းလက္၌ မေတာ္တဆထိခိုက္မႈေၾကာင့္ေသဆုံးမႈႏွင့္ အမ်ိဳးအမည္ မသိေသာအေၾကာင္းရင္းမ်ားေၾကာင့္ေသဆုံးမႈသည္ ၿမိဳ႕ျပထက္ပိုမ်ားရာ ေက်းလက္တြင္ ေနထိုင္သူမ်ားသည္ မေတာ္တဆထိခိုက္မႈမ်ားျဖစ္ေစသည့္ပတ္ဝန္းက်င္ဆိုင္ရာ သို႔မဟုတ္ လုပ္ငန္းခြင္ ဆိုင္ရာ အႏၲရာယ္မ်ားႏွင့္ ပိုမိုရင္ဆိုင္ရႏိုင္ျခင္း၊ ေျဖဆိုမႈ မျပည့္စုံျခင္း၊ က်န္းမာေရးေစာင့္ေရွာက္မႈ ရယူ ႏိုင္ျခင္းတို႔တြင္ ကြာဟခ်က္မ်ားရွိျခင္းတို႔ေၾကာင့္ အမ်ိဳးအမည္ မသိေသာအေၾကာင္းရင္းျဖင့္ေသဆုံးမႈမ်ား ျမင့္မားေနရျခင္းျဖစ္ႏိုင္သည္ဟု သန္ေခါင္စာရင္းတြင္ ေကာက္ခ်က္ခ်ထားသည္။
“အဓိကကေတာ့ ေက်းလက္ေတြမွာ ကြၽန္ေတာ္တို႔က ေမာ္ေတာ္ဆိုင္ကယ္ေတြစီးၾကတာေပါ့။ အဓိကသုံးၾကေတာ့ ေမာ္ေတာ္ဆိုင္ကယ္ေတြ ထိခိုက္မႈကမ်ားတယ္။ လမ္းေတြကလည္း ႐ြာလမ္းေတြဆို ေတာ့ သိတဲ့အတိုင္းပဲ ၿမိဳ႕ျပလိုမ်ိဳးလမ္းေတြကေကာင္းေနတာမဟုတ္ဘူး။ ၿပီးရင္ ယာဥ္စည္းကမ္း၊ လမ္း စည္းကမ္း ေမာ္ေတာ္ယာဥ္ကြၽမ္းက်င္မႈအပိုင္းေတြမွာ အားနည္းတဲ့အခါမွာ ေက်းလက္မွာ ထိခိုက္မႈမ်ား တယ္ဆိုတာ အဲဒီဟာေၾကာင့္ပါ” ဟု ေက်းလက္က်န္းမာေရး ေစာင့္ေရွာက္မႈအေျခအေနမ်ားႏွင့္ ပတ္ သက္၍ မၾကာခဏ ေထာက္ျပေျပာၾကားေလ့ရွိသူ ေဒါက္တာမ်ိဳးဆက္ေသြးက NP News သို႔ေျပာသည္။
သန္းေခါင္စာရင္းအရ ကယားျပည္နယ္သည္ ေရာဂါေၾကာင့္ေသဆုံးသူနည္းေသာ္လည္း တစ္ ဖက္တြင္ မေတာ္တဆထိခိုက္မႈေၾကာင့္ ေသဆုံးမႈမ်ားျပားေနၿပီး ကခ်င္ျပည္နယ္တြင္လည္း မေတာ္ တဆမႈေၾကာင့္ ေသဆုံးမႈျမင့္မားေၾကာင္းသိရသည္။ မိမိကိုယ္မိမိ သတ္ေသေသာျဖစ္စဥ္မ်ားျဖစ္ပြားရာ တြင္မူ ကရင္ျပည္နယ္သည္ မိမိကိုယ္မိမိသတ္ေသေသာျဖစ္စဥ္ (၁ ဒသမ ဝ) ရာခိုင္ႏႈန္းျဖင့္ တိုင္းေဒသ ႀကီးႏွင့္ျပည္နယ္မ်ားအနက္ ပမာဏ အျမင့္ဆုံးျဖစ္ေၾကာင္း သန္းေခါင္စာရင္းတြင္ေတြ႕ရသည္။

Related news

© 2021. All rights reserved.