KNU အတွင်း၌ CIA ဆဲလ်များ စိမ့်ဝင်နေပြီး ငြိမ်းချမ်းရေးဆွေးနွေးလိုသည့် ဥက္ကဋ္ဌဖြစ်သူ စောမူးတူးစေးပိုးလည်း ဖိအားပေးခံနေရဟု ဆို
                        
                            
                             
 6463
 
                             
                            
                            
                         
                        
 
                        Iris (NP News) -  မေ ၁၃
ကရင်အမျိုးသားအစည်းအရုံး(KNU)အတွင်း၌ အမေရိကန် CIA ဆဲလ်များ စိမ့်ဝင်နေပြီဖြစ်ပြီး ဥက္ကဋ္ဌဖြစ်သူ စောမူးတူးစေပိုးအား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ငြိမ်းချမ်းရေးဆွေးနွေးမည့်ကိစ္စ ဖြစ်ပေါ်လာခြင်းမရှိစေရန် ဝိုင်းဝန်းဖိအားပေးမှုများ ရှိနေကြောင်း အတွင်းသတင်းရင်းမြစ်များက ပြောသည်။ 
ဧပြီလ(၂၂)ရက်က ဖိတ်ခေါ်ခဲ့သော နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဆွေးနွေးကြမည်ဆိုသည့်ကိစ္စကို KNU ဥက္ကဋ္ဌဖြစ်သော စောမူးတူးစေးပိုးက သဘောကျနှစ်သက်ခဲ့ပြီး တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ပစ်ခတ်နေကြမည့်အစား ငြိမ်းချမ်းရေးစားပွဲဝိုင်း၌ အဖြေရှာခြင်းဖြင့်သာ လူ့အသက်များကို ကယ်တင်သင့်ကြောင်း KNU အတွင်း၌ စည်းရုံးပြောကြားမှုများ လုပ်ခဲ့သည်ဟု သိရသည်။ အထူးသဖြင့် အစည်းအဝေးတက်ရန် ဥက္ကဋ္ဌဖြစ်သူကိုယ်တိုင်က သဘောထားရှိခဲ့ပြီး လက်နက်ကိုင်တိုက်ခိုက်နေကြခြင်းများကို ရပ်တန့်လိုသော ဆန္ဒရှိနေခြင်းမျိုး ဖြစ်သည်။ " ဖထီးက မင်းတို့ ဘယ်သူတက်တက် မတက်တက် ငါတော့တက်မယ်။ အပြန်အလှန်သတ်ဖြတ်နေကြတာကို မမြင်ချင်တော့ဘူးလို့ ပြောတယ်။ ဒါကို ဗဟိုမှာ သဘောထားကွဲလွဲကြတယ်။ ဖထီး တက်ချင်ရင် ကိုယ့်ဘာသာကိုယ်တက်ပါ။ သွားတက်တာနဲ့အမျှ KNU သဘောထား မဟုတ်ဘူးလို့ ကြေညာမယ်ဆိုပြီး ဖထီးကို အကြပ်ကိုင်ထားကြတယ် " ဟု အတွင်းသတင်းရင်းမြစ်တစ်ဦးက NP News ကို မေလ(၉)ရက်တွင် ပြောသည်။ မေလ(၆)ရက်က KNU ဗဟိုအစည်းအဝေးတစ်ခု ကျင်းပခဲ့ကြပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အစည်းအဝေး တက်သင့်မသင့်အပေါ် မဲခွဲဆုံးဖြတ်စေခဲ့ရာတွင် တက်သင့်သည်ဟု မဲပေးသူ တစ်ဦးသာရှိခဲ့ပြီး သုံးဦး မတက်ရောက်ခဲ့ဘဲ (၉)ဦး ကန့်ကွက်သည့်ဘက်မှ ရှိခဲ့ကြောင်းလည်း သိရသည်။ " ဗဟိုထဲမှာ တိုက်ချင်ခိုက်ချင်တဲ့အဖွဲ့တွေနဲ့ စစ်မတိုက်ချင်တော့ဘဲ ငြိမ်းချမ်းရေးစကားပြောချင်သူတွေဆိုပြီး ကွဲနေတယ်။ ခက်တာက တိုက်ချင်ခိုက်ချင်သူတွေဘက်က ဘဏ္ဍာငွေ တောင့်တင်းပြီး အင်အားများနေတော့ ငြိမ်းချမ်းရေးလုပ်ချင်သူတွေက အသံသိပ်မထွက်ရဲဘဲ ငြိမ်ပေးနေရတယ်။ မဟုတ်ရင် ဖဒိုမန်းရှာလို ဖြစ်မှာလည်း စိုးကြတယ်လေ " ဟု သတင်းရင်းမြစ်က ပြောသည်။ ဖဒိုမန်းရှာ ဆိုသည်မှာ KNU အတွင်း သဘောထားကွဲလွဲမှုများ ဖြစ်ခဲ့မှုကြောင့် လွန်ခဲ့သော ၂၀၀၈ ခုနှစ်အတွင်းက လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသော သဘောထားတင်းမားသည့်ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။ KNU အတွင်း၌ ယခင်က တိမ်မြုပ်နေသော KNDO တပ်ကို ယခင်ခေါင်းဆောင်တစ်ဦးဖြစ်သူ စောဘိုမြ(ကွယ်လွန်)၏သား စောနယ်ဒါးမြက ပြန်လည်အသက်သွင်းနေပြီး KNU ထိပ်ပိုင်းခေါင်းဆောင်မှုတစ်နေရာကို မျှော်မှန်းနေသည်ဟု ကြားသိရသည်။ အခြားတစ်ဖက်တွင် နော်စီဖိုးရာစိန်၊ ဖဒိုကွယ်ထူးဝင်းတို့ အုပ်စုနှင့် စောမူးတူးစေးပိုးဦးဆောင်သော အုပ်စုတို့ကြား၌လည်း ခံယူချက်အသွင်သဏ္ဍန်နှင့် သဘောထားကွဲလွဲမှုများစွာ ဖြစ်ပေါ်နေကြောင်း သိရသည်။ " KNU ထဲမှာ အမေရိကန် CIA ဆဲလ်တွေ ရောက်နေပြီ။ ကရင်ပြည်နယ်ထဲကို သူတို့ ခြေကုပ်တော်တော်ယူထားတယ်။ နာမည်အတိအကျ ပြောလို့ရတယ်။ အသက်အန္တရာယ်ရှိနေလို့ ဒီလောက်ပဲ သိထားပါ " ဟု သတင်းရင်းမြစ်က ပြောသည်။ ၂၀၂၀ ပြည့်နှစ်အတွင်းကလည်း KNU အတွက် OIC အုပ်စုက သတ်မှတ်ပေးချေမည်ဖြစ်သော ငွေကြေးကိစ္စတစ်ခုအတွက် ထိုင်းနိုင်ငံတွင်း၌ ဖမ်းဆီးစစ်ဆေးခံရမည့် ပြဿနာအချို့ပေါ်ပေါက်ခဲ့ဖူးပြီး ယင်းကိစ္စ၏နောက်တွင် အမေရိကန် CIA တို့က ကြိုးကိုင်ခြယ်လှယ်ခဲ့ခြင်းဖြစ်ကာ ၂၀၂၁ နိုင်ငံရေးအခင်းအကျင်းနှင့်အတူ အမေရိကန်နှင့် OIC တို့၏ ငွေကြေးများက NUG မှတစ်ဆင့် သွယ်ဝိုက်စီးဝင်လာပုံရကြောင်းလည်း ၎င်းက ပြောသည်။ 
ယင်းအတွက်ကြောင့် ကရင်ပြည်နယ်အတွင်း၌ ငြိမ်းချမ်းတည်ငြိမ်မှု ရရှိရန် မဖြစ်နိုင်သေးဘဲ ထောက်ပံ့ငွေအရှိန်ဖြင့် စစ်ဆက်တိုက်ကြရမည့် အနေအထားမျိုး ဖြစ်ပေါ်နေကြောင်းလည်း ဆိုသည်။ KNU ဗဟိုဘက်ကလည်း ဥက္ကဋ္ဌဖြစ်သူ စောမူးတူးစေပိုး၏ သဘောထားမပါဘဲ ထုတ်ပြန်လာသည့် မေလ(၉)ရက်က ထုတ်ပြန်ချက်အတွင်း၌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် မရှိကြောင်း ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရသည်။
https://npnewsmm.com/news/627e0c828dc1ac52be209203
Zawgyi Version
KNU အတြင္း၌ CIA ဆဲလ္မ်ား စိမ့္ဝင္ေနၿပီး ၿငိမ္းခ်မ္းေရးေဆြးေႏြးလိုသည့္ ဥကၠ႒ျဖစ္သူ ေစာမူးတူးေစးပိုးလည္း ဖိအားေပးခံေနရဟု ဆုိ
Iris (NP News) -  ေမ ၁၃
ကရင္အမ်ိဳးသားအစည္းအ႐ုံး(KNU)အတြင္း၌ အေမရိကန္ CIA ဆဲလ္မ်ား စိမ့္ဝင္ေနၿပီျဖစ္ၿပီး ဥကၠ႒ျဖစ္သူ ေစာမူးတူးေစပိုးအား ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးမည့္ကိစၥ ျဖစ္ေပၚလာျခင္းမရွိေစရန္ ဝိုင္းဝန္းဖိအားေပးမႈမ်ား ရွိေနေၾကာင္း အတြင္းသတင္းရင္းျမစ္မ်ားက ေျပာသည္။ 
ဧၿပီလ(၂၂)ရက္က ဖိတ္ေခၚခဲ့ေသာ နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၏ ၿငိမ္းခ်မ္းေရးေဆြးေႏြးၾကမည္ဆိုသည့္ကိစၥကို KNU ဥကၠ႒ျဖစ္ေသာ ေစာမူးတူးေစးပိုးက သေဘာက်ႏွစ္သက္ခဲ့ၿပီး တစ္ဖက္ႏွင့္တစ္ဖက္ အျပန္အလွန္ပစ္ခတ္ေနၾကမည့္အစား ၿငိမ္းခ်မ္းေရးစားပြဲဝိုင္း၌ အေျဖရွာျခင္းျဖင့္သာ လူ႔အသက္မ်ားကို ကယ္တင္သင့္ေၾကာင္း KNU အတြင္း၌ စည္း႐ုံးေျပာၾကားမႈမ်ား လုပ္ခဲ့သည္ဟု သိရသည္။ အထူးသျဖင့္ အစည္းအေဝးတက္ရန္ ဥကၠ႒ျဖစ္သူကိုယ္တိုင္က သေဘာထားရွိခဲ့ၿပီး လက္နက္ကိုင္တိုက္ခိုက္ေနၾကျခင္းမ်ားကို ရပ္တန႔္လိုေသာ ဆႏၵရွိေနျခင္းမ်ိဳး ျဖစ္သည္။ " ဖထီးက မင္းတို႔ ဘယ္သူတက္တက္ မတက္တက္ ငါေတာ့တက္မယ္။ အျပန္အလွန္သတ္ျဖတ္ေနၾကတာကို မျမင္ခ်င္ေတာ့ဘူးလို႔ ေျပာတယ္။ ဒါကို ဗဟိုမွာ သေဘာထားကြဲလြဲၾကတယ္။ ဖထီး တက္ခ်င္ရင္ ကိုယ့္ဘာသာကိုယ္တက္ပါ။ သြားတက္တာနဲ႔အမွ် KNU သေဘာထား မဟုတ္ဘူးလို႔ ေၾကညာမယ္ဆိုၿပီး ဖထီးကို အၾကပ္ကိုင္ထားၾကတယ္ " ဟု အတြင္းသတင္းရင္းျမစ္တစ္ဦးက NP News ကို ေမလ(၉)ရက္တြင္ ေျပာသည္။ ေမလ(၆)ရက္က KNU ဗဟိုအစည္းအေဝးတစ္ခု က်င္းပခဲ့ၾကၿပီး ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ အစည္းအေဝး တက္သင့္မသင့္အေပၚ မဲခြဲဆုံးျဖတ္ေစခဲ့ရာတြင္ တက္သင့္သည္ဟု  မဲေပးသူ တစ္ဦးသာရွိခဲ့ၿပီး သုံးဦး မတက္ေရာက္ခဲ့ဘဲ (၉)ဦး ကန႔္ကြက္သည့္ဘက္မွ ရွိခဲ့ေၾကာင္းလည္း သိရသည္။ " ဗဟိုထဲမွာ တိုက္ခ်င္ခိုက္ခ်င္တဲ့အဖြဲ႕ေတြနဲ႔ စစ္မတိုက္ခ်င္ေတာ့ဘဲ ၿငိမ္းခ်မ္းေရးစကားေျပာခ်င္သူေတြဆိုၿပီး ကြဲေနတယ္။ ခက္တာက တိုက္ခ်င္ခိုက္ခ်င္သူေတြဘက္က ဘ႑ာေငြ ေတာင့္တင္းၿပီး အင္အားမ်ားေနေတာ့ ၿငိမ္းခ်မ္းေရးလုပ္ခ်င္သူေတြက အသံသိပ္မထြက္ရဲဘဲ ၿငိမ္ေပးေနရတယ္။ မဟုတ္ရင္ ဖဒိုမန္းရွာလို ျဖစ္မွာလည္း စိုးၾကတယ္ေလ " ဟု သတင္းရင္းျမစ္က ေျပာသည္။ ဖဒိုမန္းရွာ ဆိုသည္မွာ KNU အတြင္း သေဘာထားကြဲလြဲမႈမ်ား ျဖစ္ခဲ့မႈေၾကာင့္ လြန္ခဲ့ေသာ ၂၀၀၈ ခုႏွစ္အတြင္းက လုပ္ႀကံသတ္ျဖတ္ျခင္းခံခဲ့ရေသာ သေဘာထားတင္းမားသည့္ေခါင္းေဆာင္တစ္ဦးလည္း ျဖစ္သည္။ KNU အတြင္း၌ ယခင္က တိမ္ျမဳပ္ေနေသာ KNDO တပ္ကို ယခင္ေခါင္းေဆာင္တစ္ဦးျဖစ္သူ ေစာဘိုျမ(ကြယ္လြန္)၏သား ေစာနယ္ဒါးျမက ျပန္လည္အသက္သြင္းေနၿပီး KNU ထိပ္ပိုင္းေခါင္းေဆာင္မႈတစ္ေနရာကို ေမွ်ာ္မွန္းေနသည္ဟု ၾကားသိရသည္။ အျခားတစ္ဖက္တြင္ ေနာ္စီဖိုးရာစိန္၊ ဖဒိုကြယ္ထူးဝင္းတို႔ အုပ္စုႏွင့္ ေစာမူးတူးေစးပိုးဦးေဆာင္ေသာ အုပ္စုတို႔ၾကား၌လည္း ခံယူခ်က္အသြင္သ႑န္ႏွင့္ သေဘာထားကြဲလြဲမႈမ်ားစြာ ျဖစ္ေပၚေနေၾကာင္း သိရသည္။ " KNU ထဲမွာ အေမရိကန္ CIA ဆဲလ္ေတြ ေရာက္ေနၿပီ။ ကရင္ျပည္နယ္ထဲကို သူတို႔ ေျခကုပ္ေတာ္ေတာ္ယူထားတယ္။ နာမည္အတိအက် ေျပာလို႔ရတယ္။ အသက္အႏၲရာယ္ရွိေနလို႔ ဒီေလာက္ပဲ သိထားပါ " ဟု သတင္းရင္းျမစ္က ေျပာသည္။ ၂၀၂၀ ျပည့္ႏွစ္အတြင္းကလည္း KNU အတြက္ OIC အုပ္စုက သတ္မွတ္ေပးေခ်မည္ျဖစ္ေသာ ေငြေၾကးကိစၥတစ္ခုအတြက္ ထိုင္းႏိုင္ငံတြင္း၌ ဖမ္းဆီးစစ္ေဆးခံရမည့္ ျပႆနာအခ်ိဳ႕ေပၚေပါက္ခဲ့ဖူးၿပီး ယင္းကိစၥ၏ေနာက္တြင္ အေမရိကန္ CIA တို႔က ႀကိဳးကိုင္ျခယ္လွယ္ခဲ့ျခင္းျဖစ္ကာ ၂၀၂၁ ႏိုင္ငံေရးအခင္းအက်င္းႏွင့္အတူ အေမရိကန္ႏွင့္ OIC တို႔၏ ေငြေၾကးမ်ားက NUG မွတစ္ဆင့္ သြယ္ဝိုက္စီးဝင္လာပုံရေၾကာင္းလည္း ၎က ေျပာသည္။ 
ယင္းအတြက္ေၾကာင့္ ကရင္ျပည္နယ္အတြင္း၌ ၿငိမ္းခ်မ္းတည္ၿငိမ္မႈ ရရွိရန္ မျဖစ္ႏိုင္ေသးဘဲ ေထာက္ပံ့ေငြအရွိန္ျဖင့္ စစ္ဆက္တိုက္ၾကရမည့္ အေနအထားမ်ိဳး ျဖစ္ေပၚေနေၾကာင္းလည္း ဆိုသည္။ KNU ဗဟိုဘက္ကလည္း ဥကၠ႒ျဖစ္သူ ေစာမူးတူးေစပိုး၏ သေဘာထားမပါဘဲ ထုတ္ျပန္လာသည့္ ေမလ(၉)ရက္က ထုတ္ျပန္ခ်က္အတြင္း၌ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးရန္ မရွိေၾကာင္း ထည့္သြင္းေဖာ္ျပထားသည္ကို ေတြ႕ရသည္။
https://npnewsmm.com/news/627e0c828dc1ac52be209203