သမိုင်းလိမ် ရိုဟင်ဂျာ လိမ်ညာမှု စတင်ပေါ်ပေါက်ခြင်း (အတွေးအမြင် သုံးသပ်ဆောင်းပါး)

196

မောင်ကျော်ဖိုး(လေးတောင်) (NP News) - ဇန်နဝါရီလ ၂၉
မြန်မာနှင့် ဂမ်ဘီယာတို့ ICJ တွင် တရားရင် ဆိုင်နေကြရသည်။ (၁၅-၁-၂၀၂၆)ရက်က တရား ရုံးအပြင်ဘက်တွင် သတင်းထောက် ကိုသက်ထွေး နိုင်က ကိုထွန်းခင်နှင့်ကိုနေဆန်းလွင်တို့ကို တရားနိုင် လျှင် ဘာကိုတောင်းဆိုမလဲဟုအင်တာဗျူးရာ သူတို့ က ရိုဟင်ဂျာများ နေရပ်ပြန်ခွင့်ရရှိရေး၊ ရိုဟင်ဂျာအ မည်ကို တရားဝင်ခေါ်ခွင့်ရရေး၊ ရိုဟင်ဂျာများ နိုင်ငံ သားဖြစ်ရေးနှင့် မြန်မာတိုင်းရင်းသားများကဲ့သို့ တန်း တူအခွင့်အရေးရရှိရေး၊ နစ်နာဆုံးရှုံးသည်များကို လျော်ကြေးရရှိရေးတို့ဖြစ်သည်။
ICJ တရားရုံးတွင် ရိုဟင်ဂျာ သမိုင်းလိမ် နာမည် ကိုဦးတည်ပြီး တရားစွဲဆိုထားသည်ကိုသိရ၍ အထူး စိတ်မကောင်းဖြစ်ရပြီး မြန်မာ၏ အချုပ်အချာကိုလည်း ကောင်း၊ မြန်မာ၏ပုံရိပ်ကိုလည်းကောင်း ထိခိုက်ကျ ဆင်းစေသော ဤသမိုင်းလိမ်နာမည်ဆိုးကြီးကို မည် သူက တီထွင်ခဲ့သနည်း၊ မည်သည့်အဖွဲ့က မသိကျိုးနွံ ပြုပြီး ကိုယ်ကျိုးအတွက် အသုံးချခဲ့သနည်း၊ မည်သူ တွေကကော ဆန့်ကျင်ကန့်ကွက်ခဲ့ကြသနည်း၊ သမိုင်းပညာရှင် ဒေါက်တာအေးချမ်းကကော မည်သို့ ချေပခဲ့သနည်း စသည်တို့ကို ဖော်ပြလိုစိတ် ပြင်းပြခဲ့ ရကာ ဤဆောင်းပါးကိုရေးဖြစ်ပါသည်။
(၁၉၄၂)ခုနှစ်က ကုလား-ရခိုင် အဓိကရုဏ်းဖြစ် ခဲ့သည်။ မူဂျာဟစ် သူပုန်ထခဲ့သည်။ မူဂျာဟစ်တို့၏ သေနတ်သံကို စည်းဝါးအဖြစ်အသုံးချကာ (၁၉၅၀)ပြည့်နှစ်တွင် ဘူးသီးတောင်ပါလီမန်အမတ် "မစ္စတာ ဂါဖါးရ်"က ဂါဒီးယန်းသတင်းစာ၌ မည်သည့် မြန်မာ့ သမိုင်း၊ မည်သည့် ကမ္ဘာ့သမိုင်းတို့မှာမှ မပါရှိ၊ မကြား ဖူးသည့် ရိုဟင်ဂျာခေါ် အစ္စလာမ်ဘာသာဝင်လူမျိုး တစ်မျိုး ရခိုင်ပြည်တွင် တိုင်းရင်းသားအဖြစ် ရှေး ခေတ်ကပင်ရှိခဲ့သယောင် ဖန်တီးရေးသားခဲ့လေသည်။ ထိုရိုဟင်ဂျာနာမည်မှာ လုပ်ကြံလိမ်လည်သော နာမည်သာဖြစ်ကြောင်း ရခိုင်တိုင်း လူဝင်မှုကြီးကြပ် ရေးမှူး ဦးဖော်ဇံက ချက်ချင်းတုံ့ပြန်တင်ပြခဲ့သည်။နိုင်ငံရေးသမားများဖြစ်ကြသော ဦးဘစံ၊ ဦးလှထွန်း ဖြူ၊ ဦးစံထွန်းအောင်၊ ဘုံပေါက်သာကျော်တို့ကလည်း ထိုနာမည်မှာ သမိုင်းလိမ်သာဖြစ်ကြောင်း ကန့်ကွက်ခဲ့ ကြပြီး ဖဆပလ အစိုးရသို့တင်ပြကြသော်လည်း အရေးယူဆောင်ရွက်မှုမရှိပါ။ မြန်မာ့အသံ တိုင်းရင်း သားအစီအစဉ်တွင် ရိုဟင်ဂျာအစီအစဉ်ကို တင်ဆက် အသံလွှင့်ခဲ့ခြင်းတို့မှာ သမိုင်းလိမ်များကို စင်ပေါ်တင် ပေးလိုက်သကဲ့သို့ဖြစ်သွားရသည်။ နယ်ချဲ့အစိုးရ လက်ထက်က ဘင်္ဂါလီအင်အား ကြီးထွားလာခြင်း ကြောင့် လူမျိုးရေးပဋိပက္ခဖြစ်လာမည်ကိုစိုးရိမ်၍ စုံ စမ်းရေးကော်မရှင် ဖွဲ့စည်းနိုင်ခဲ့သော်လည်း ယခင် မြန်မာအစိုးရ အစဉ်အဆက်တို့ စုံစမ်းရေးကော်မရှင် မဖွဲ့စည်းနိုင်ခဲ့ခြင်းမှာ သမိုင်းလိမ်များကို အမြစ်တွယ် ရန်ပံ့ပိုးသကဲ့သို့ရှိခဲ့သည်။ ရိုဟင်ဂျာလူမျိုး မြန်မာ တွင်မရှိဟု NLD အစိုးရလက်ထက်မှာ ပြတ်သားစွာ ရှင်းလင်မှုမရှိခဲ့ခြင်းကလည်း ICJ သို့အထိ တရားစွဲ ဆိုမှု ဆိုက်သွားရသည်။
မီဒီယာလောကတွင် ရှေးအကျဆုံးဖြစ်သော ဂါဒီးယန်းသတင်းစာကြီးက ဝေဖန်စိစစ်မှုမရှိဘဲဖော် ပြလိုက်သောဆောင်းပါးတစ်စောင်ကအစပြု၍ ယနေ့ ကမ္ဘာ့အလယ်မှာ မြန်မာ့ပုံရိပ် ကျဆင်းသွားရသည်အ ထိဖြစ်သွားရသည်။ ဤလိမ်လည်ရိုဟင်ဂျာကိုအ ကြောင်းပြုပြီး အပြည်ပြည်ဆိုင်ရာက ဖိအားပေးမှု၊ မီဒီယာသမားများ၏ မီဒီယာမပီသမှု၊ မြန်မာ့ နိုင်ငံရေး သမားအချို့ ပါးနပ်မှုမရှိဘဲ ဤနာမည်ကိုသာတွင်တွင် သုံးနေကြမှုတို့ကြောင့် ပြည်သူများ ဤလိုလို ကျွဲလိုလို ဖြစ်နေကြရသည် မဟုတ်ပါလား။
(၂၀ဝ၁)ခုနှစ်တွင် ဇော်မင်းထွန်းဆိုသူက သူတို့ ၏ ရိုဟင်ဂျာလိမ်လည်ဇာတ်လမ်း ကမ္ဘာတွင် အသက် ရှင်ရပ်တည်ရေးအတွက် ပြည်ထောင်စုမြန်မာနိုင်ငံနှင့် တိုင်းရင်းသားရိုဟင်ဂျာများ (The Union of Burma and Ethnic Rohingyas) ဆိုသည့်စာအုပ်ကို ဂျပန် နိုင်ငံတွင်ထုတ်ဝေခဲ့သည်။ ဤသမိုင်းလိမ်စာအုပ်ရေး သူ ဇော်မင်းထွန်းထံသို့ ဒေါက်တာအေးချမ်း(Professor of History at Kanda University of international Study in Japan) က အိတ်ဖွင့်စာပေး ခဲ့သည်။ ထိုစာသည် သွယ်ဝိုက်သောအားဖြင့် ရိုဟင် ဂျာနာမည်မှာ လိမ်ညာသည့်နာမည်သာဖြစ်ကြောင်း၊ ထောက်ပြထားသည့် သမိုင်းဝင်စာပင်ဖြစ်သည်။ ဤစာကို ပြည်သူများ အထူးသိမြင်ဖို့လိုသည်ဟု ထင် မြင်ပါသည်။ ဆရာ၏ သရော်သံပါပါရေးသားချက်မှာ လည်း အထူးစိတ်ဝင်စားဖွယ်ကောင်းပေရာ မူရင်းမ ပျက် ဖော်ပြလိုက်ရပေသည်။
ဇော်မင်းထွန်းသို့ပေးစာ -
အရင်တစ်ပတ်က မိတ်ဆွေတစ်ယောက်ပေးပို့ လိုက်လို့ ဇော်မင်းထွန်းရေးတဲ့ ပြည်ထောင်စုမြန်မာ နိုင်ငံတော်နှင့် တိုင်းရင်းသားရိုဟင်ဂျာများဆိုတဲ့စာ အုပ်ကို မအားမလပ်တဲ့ကြားထဲက အချိန်ယူပြီးဖတ် ကြည့်တယ်။ ပို့တဲ့လူက အခုပို့လိုက်တဲ့စာဟာ ခင်ဗျား နဲ့ တိုက်ရိုက်ပတ်သက်နေတယ် ဖတ်ဖြစ်အောင်ဖတ် ပါဆိုလို့ ကျောစိမ့်သွားမိတယ်။ ဖတ်ကြည့်လိုက်တော့ လည်း အဟုတ်သား။ ကိုယ်တရားခံဖြစ်ရမည့်ကိန်း ဆိုက်နေပြီ။ အစအဆုံးဖတ်ကြည့်လို့လည်းပြီးရော စလေဦးပုညရဲ့ " ကာလနှယ် ဆိုးပါဘိ၊ သူခိုးကလူ" ဆိုတဲ့ကဗျာကို သွားသတိရပြီး ဟက်ဟက် ပက်ပက် ရယ်လိုက်မိတယ်။ ဇော်မင်းထွန်း... မောင်ရင့်ကို ကိုယ်သနားမိတယ်။
ဇော်မင်းထွန်း သိပ္ပံဂုဏ်ထူးဘွဲ့၊ မဟာသိပ္ပံ နောက်ဆုံးနှစ်ဆိုတဲ့ သူရဲ့ပညာအဆင့်အတန်းကိုတွေ့ လိုက်တော့ ဘယ်ဘာသာရပ်ကို လေ့လာဆည်းပူးပြီး ဒီအဆင့်အထိရောက်လာရသလဲဆိုတာ မေးကြည့် ချင်တယ်။ သမိုင်းဘာသာတော့ မဟုတ်တန်ဘူး။ ဪသာ်...ဒီလိုပါ။ ဗြိတိန်နိုင်ငံနဲ့ ဥရောပ၊ အမေရိက တက္ကသိုလ်တချို့က သမိုင်းကို လူမှုရေးသိပ္ပံလို့သတ် မှတ်ပြီး သိပ္ပံဘွဲ့ပေးတတ်ကြလို့ပါ။
သမိုင်းဆိုတာကည်း သိပ္ပံပါပဲ။ သမိုင်းဆရာဟာ သူပြောသမျှအတွက် တာဝန်ယူရတယ်။ အထောက် အထား ခိုင်ခိုင်လုံလုံပြရတယ်။ ယုတ္တိဗေဒပညာသ ဘောတရားအရ အကျိုးအကြောင်းကို ဆက်စပ်ပြရ တယ်။ ပြီးတော့မှ အပိုအလိုမရှိတဲ့ ကောက်ချက်ပေး ရတယ်။
သမိုင်းအထောက်အထားဆိုလို့ ပြောရဦးမယ်။ သမိုင်းဆရာဟာ သမိုင်းတန်ဖိုးရှိတဲ့အထောက်အ ထားတွေကိုပဲ ကိုးကားရတယ်။ အထောက်အထားမှာ နှစ်မျိုးရှိတယ်။ မူရင်းအထောက်အထားနဲ့ တစ်ဆင့်ခံ အထောက်အထားလို့ခေါ်ပါတယ်။ မူရင်းအထောက် အထားဆိုတာက ခေတ်ပြိုင်မှတ်တမ်း မူရင်းအတိုင်း ကျန်ခဲ့တဲ့မှတ်တမ်းကိုခေါ်တယ်။ တစ်ဆင့်ခံအ ထောက်အထားဆိုတာက မူရင်းကိုမှီငြမ်းပြီး နှောင်း ခေတ်ပညာရှင်တွေကပြန်ရေးတဲ့ ရာဇဝင်ကျမ်းတို့၊ သုတေသနစာတမ်း၊ ဆောင်းပါးတို့ကိုခေါ်တာ။ သု တေသနစာတမ်းတစ်စောင်ဟာ တစ်ဆင့်ခံအထောက် အထားတွေကိုချည်းအားပြုပြီးပြုစုထားရင် သုတေသ နလို့ ခေါ်ဖို့ခက်တယ်။ ဆိုပါတော့လေ (၁၁)ရာစုနှစ် ပုဂံခေတ်အဖြစ်အပျက်တွေကိုရေးတဲ့အခါ (၁၈)ရာစု ဆန်းမှာ ဦးကုလားရေးခဲ့တဲ့ " မဟာရာဇဝင်ကြီး"တို့၊ မုံရွေးဆရာတော်ရဲ့"မုံရွေးရာဇဝင်"တို့၊ တွင်းသင်း တိုက်ဝန် မဟာစည်သူတို့ရဲ့"ရာဇဝင်သစ်"တို့ကို ကိုး ကားရင် ဘယ်မှာ ခိုင်လုံတဲ့အထောက်အထားဖြစ်မှာ လဲ။ ဒါကြောင့် ခေတ်ပြိုင်မှတ်တမ်းဖြစ်တဲ့ ကျောက်စာ တွေကို ကိုးကားကြရတယ်။ ကျောက်စာမှာတောင် ပုဂံခေတ်က မထင်မရှားဖြစ်ခဲ့တဲ့ ကျောက်စာတွေ၊ ဘိုးတော်အမိန့်နဲ့ ပြန်ကူးခိုင်းလို့ပေါ်လာတဲ့ "ဆင့်ထိုး ကျောက်စာ"ဆိုတာတွေ ရှိတယ်။ ဒီဆင့်ထိုးတွေကို ပါမောက္ခ လုစ်တို့ ဒေါက်တာ သန်းထွန်းတို့က မူရင်း မှတ်တမ်းအဖြစ် အားမကိုးဘူး။ (၁၈) ရာစုကျမှကူး ယူရင် ကူးယူသူမှားနိုင်တယ်။ ခိုင်လုံတဲ့သက်သေ မဖြစ်ဘူးလို့ ယူဆကြတယ်။
မောင်ရင်အားကိုးထားတဲ့ အထောက်အထား တွေကိုလှန်ကြည့်တောာ့ ဂျီအိပ်ချ်လုစ်၊ ဒီဂျီအီး ဟောလ်၊ ဆာဟန်နရီးယူးလ်၊ ဂျီအီးဟာဗေး၊ မိုရှေ ယေဂါး၊ ဒေါက်တာသန်းထွန်းစတဲ့ အကျော်အမော် ပညာရှင်တွေရဲ့သုတေသနာကျမ်းစာတွေပဲ။ ဒါပေမဲ့ အားလုံး တစ်ဆင့်ခံအထောက်အထားတွေဖြစ်နေ တယ်။ တချို့ပညာရှင်တွေရဲ့စာတမ်းတွေကို ကိုး ကားပါတယ်ဆိုပြီး စာတမ်းခေါင်းစဉ်က ပါမလာ။ သု တေသနစာတမ်းမှာအသက်ဖြစ်တဲ့ ကျမ်းကိုးစာရင်း ကိုတောင် ဘယ်လိုစီစဉ်ရမှန်းမသိတဲ့ သုတေသီ ဇော် မင်းထွန်းဖြစ်နေတယ်။ ဒါကြောင့် မောင်ရင့်ကို သနား လည်းသနားမိတယ်လို့ပြောတာ။ ဒါတွေထားပါတော့။ ဂျီအိပ်ချ်လုစ်၊ ဒီဂျီအီးဟောလ်၊ မိုရှေယေဂါး၊ ဒေါက် တာသန်းထွန်း စတဲ့ အကျော်အမော် ပညာရှင်တွေကို သာမန်လောက်အòန်းပြပြီး ယခင် နှစ်သုံးဆယ် လောက်က ကိုယ်နုစဉ်ဘဝမှာရေးခဲ့တဲ့စာတမ်းတစ် စောင်ကို တခမ်းတနားနဲ့ ဒေါက်တာအေးချမ်း၏သမိုင်းအမြင်ဆိုပြီး ကဏ္ဍတစ်ရပ်အဖြစ် သီးသန့်ခွဲ ထုတ်ပြီးဖော်ညွှန်းထားလေတော့ ကိုယ်က မပြည့်တဲ့ အကောင်ဆိုရင် ဘောင်ဘင်ခတ်ပြီး အရူးဘုံမြှောက် အဲ...ဟိုဟာကောက်စား ဒါမျိုးတောင်ဖြစ်သွားနိုင် တယ်။ကိုယ်က မောင်ရင်ညွှန်းထားတဲ့ဆရာကြီးတွေ နဲ့ တစ်တန်းတည်းထားဖို့နေနေသာသာ သူတို့ ခြေမှုန် တစ်မှုန်လောက်တောင် အဆင့်မရှိလို့ပါကွာ။
မောင်ရင် ကိုယ့်ကို အချွန်နဲ့မပြီဆိုတာ ချက်ချင်း သိလိုက်တယ်။ ဒါတင်ဘယ်ကမလဲ။ မောင်ရင် မရိုး သားတာက ကိုယ့်စာတမ်းကို မူရင်းအတိုင်းမဖော်ပြဘဲ၊ မောင်ရင်အသုံးတည့်မယ်ထင်တဲ့အပိုဒ်တွေကိုပဲ ဆွဲ ထုတ်၊ မလိုချင်တဲ့ဝါကျတွေကိုဆွဲဖြုတ်၊ တချို့စာသား တွေကို မသိမသာပြင်၊ မောင်ရင်လိုတဲ့ကောက်ချက် တွေကိုသာဆွဲယူတယ်။ ဒါကို ဘယ်လိုမှခွင့်မလွှတ်နိုင် ဘူး။ ကိုယ့်ကို တရားခံလုပ်တာပဲ။ ကိုယ်က မောင်ရင် ထင်သလို မအဘူးနော်။ မောင်ရင်တို့ ဘင်္ဂါလီစကား မှာ ဉာဏ်နည်းတဲ့သူကိုဆဲတဲ့အခါသုံးတဲ့ "ဂါရ်ဒါ"မဟုတ်ဘူး။
ကိုယ့်ရဲ့ သမိုင်းအမြင်နဲ့ မောင်ရင်တို့ဘာသာ၊ မောင်ရင်တို့ ရိုဟင်ဂျာလို့ခေါ်နေကြတဲ့ ခေါ်တော ကုလားတွေ ရခိုင်ပြည်ထဲဝင်လာတာ ဘယ်လိုမှဆက် စပ်လို့မရဘူး။ ကိုယ်ရေးတာက ရခိုင်မှာ အေဒီ (၃/ ၄)ရာစုလောက်ကစပြီး (၁၀)ရာစုအထိ ကျောက်စာ တွေထိုးတဲ့အခါ သက္ကတဘာသာနဲ့ နာဂရိအက္ခရာသုံး တယ်။ (၁၁)ရာစုကစပြီး ရက္ခဝဏ္ဏအက္ခရာနဲ့ ရခိုင် ဘာသာကိုသုံးခဲ့တယ်။ ဒါက အလှည့်အပြောင်းတစ်ခု ဖြစ်ပြီး ဒီအလှည့်အပြောင်းဟာ အေဒီ(၉)ရာစုမှ မြန် မာတွေ ဧရာဝတီမြစ်ဝှမ်းကိုဝင်လာပြီး ပုဂံကိုထူထောင် တာနဲ့ ဆက်စပ်နေမယ်ထင်တယ်လို့ရေးတာ။ အချုပ် က ဒါပါပဲ။ ရိုဟင်ဂျာဆိုတဲ့စကား တစ်ခွန်းမှမပါပါဘူး။ ပါရအောင်လည်း ရိုဟင်ဂျာဆိုတာ လူ့သမိုင်းစက တည်းက မြန်မာလွတ်လပ်ရေးရတဲ့အထိ ကမ္ဘာပေါ်မှာ ရှိရှိသမျှ ဘယ်မှတ်တမ်းမှတ်ရာမှာမှမပါဘူး။ ဖဆပလ ခေတ်မှာ မောင်ရင်တို့ ခေါ်တောဆရာကြီးတွေအသစ် ထွင်တော့မှ ပေါ်ပေါက်လာတာ။ ဘာကြာသေးလို့ တုံး။ မောင်ရင်ငြင်းမလား။
မောင်ရင် ကိုယ့်စာတမ်းကိုအသုံးချခဲ့တဲ့ရည် ရွယ်ချက်က မောင်ရင်တို့ဘိုးဘွားတွေက ရခိုင်ပြည် နယ်ထဲကို ရခိုင်လူမျိုးတွေထက် နှစ်(၇၀ဝ)၊ (၈၀ဝ)စောပြီးရောက်နေကြောင်း သက်သေထူဖို့ပဲမဟုတ် လား။ ဒီတော့ ရှင်းရှင်းပဲပြောမယ်။ သမိုင်းလိမ်မရေး နဲ့။ "မြန်မာနိုင်ငံကို ခေါ်တောကုလားများ ဝင်ရောက် လာပုံ" ဆိုတဲ့ စာတမ်းပြုစုမလား။ အထောက်အထား တွေရှိတယ်။ ကိုယ်ရှာပေးမယ်။ မောင်ရင်တို့လူမျိုးအ ကြောင်းရေးထားတဲ့မှတ်တမ်းတွေက အင်္ဂလိပ်-မြန် မာ ပထမစစ်ပွဲအပြီးမှာ ရခိုင်ကို အင်္ဂလိပ်အုပ်ချုပ်ခဲ့ စဉ်က အရှေ့အိန္ဒိယကုမ္ပဏီရဲ့မှတ်တမ်းတွေ၊ အစီရင် ခံစာတွေမှာတွေ့ရမယ်။ ဒီထက်စောတဲ့မှတ်တမ်းတွေ ဆိုတာကတော့ ဗလာနတ္ထိ လုံးဝမရှိပါ။ မောင်းထုပြီး ရှာမလား။ မောပြီးသေလိမ့်မယ်။ အဲ...အခုပြောတဲ့ အင်္ဂလိပ် ကိုလိုနီအုပ်ချုပ်ရေးမှတ်တမ်းတွေကိုလေ့ လာချင်ရင် လန်ဒန်မြို့က ဗြိတိသျှစာကြည့်တိုက်ကို သွားကြည့်ရင်တွေ့ရမယ်။ ကွန်ပျူတာကက်သ လောက်ထဲရှာရမှာမို့လို့ အခက်အခဲရှိနေရင် စာကြည့် တိုက်ဝန်ထမ်းတွေကို "အိုင်အိုအာရ်"မှတ်တမ်းတွေ လေ့လာချင်တယ်လို့ပြောပြပေါ့။ သူတို့ချက်ချင်းထုတ် ပြလိမ့်မယ်။ အိုင်အိုအာရ်ဆိုတာ India Office Records ရဲ့အတိုကောက်ပဲ။ ဒီကိုလိုနီခေတ်မှတ်တမ်း တွေမှာ မောင်ရင်တို့ဘိုးဘွားတွေ ရခိုင်ပြည်ထဲ ဘယ် လိုဝင်လာ၊ ဘယ်လိုခြေချပြီးနေထိုင်လာတယ်ဆိုတာ အပြည့်အစုံသိလိမ့်မယ်။ ဒါပေမဲ့ ရိုဟင်ဂျာဆိုတဲ့လူမျိုး ရဲ့အခေါ်အဝေါ်ကိုတော့ ဘယ်မှတ်တမ်းမှာမှ တွေ့မှာ မဟုတ်ဘူး။ မောင်ရင်ရဲ့ဘိုးဘွားတွေကို အင်္ဂလိပ်နယ် ချဲ့အုပ်ချုပ်ရေးအရာရှိတွေရဲ့မှတ်တမ်းတွေမှာ စစ်တ ကောင်းသားလို့ပဲခေါ်တယ်။ မောင်ရင်တို့ကိုးကားထား တဲ့ ကျမ်းကြီးကျမ်းခိုင်တွေက RB.Smast ရဲ့ စစ် တွေခရိုင် ဂေဇက်(Burma Gazetter Akyab District)မှာ ကြည့်ဦးတော့ စစ်တကောင်းသားလို့ပဲ တွေ့ရမယ်။
ဒီတော့ မောင်ရင်တို့ကို ကိုယ် စေတနာနဲ့ အကြံ တစ်ခုတော့ပေးမယ်။ ဖြစ်သင့်တာက မောင်ရင်တို့အ နေနဲ့ ကျွန်တော်တို့ဟာ စစ်တကောင်းသားတွေရဲ့အ ဆက်အနွှယ်ဆိုတာမှန်ပါတယ်။ ဒါပေမဲ့ မြန်မာပြည် လွတ်လပ်ရေးရပြီးတဲ့အချိန်က မြန်မာပြည်သားဖြစ် ချင်လို့ မြန်မာပြည်နယ်နိမိတ်ထဲမှာပဲနေခဲ့ပါတယ်။ " မူဂျာဟစ်"ဆိုပြီးသူပုန်ထ၊ ပါကစ္စတန် ဂျိန်းဒါဘဆိုတဲ့ကြွေးကြော်သံနဲ့ သောင်းကျန်းထကြွခဲ့တာလည်း လူ နည်းစုပါ။ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး ရခိုင်ပြည်နယ် ကို အင်္ဂလိပ်အစိုးရ ဘင်္ဂလားကတစ်ဆင့် အုပ်ချုပ်ချိန် ရခိုင်မှာဝင်ပြီး အခြေချနေထိုင်လာကြတော့ အခုဆို ရင် နှစ်တစ်ရာကျော်ဝန်းကျင်ရှိပါပြီ။လွတ်လပ်ရေး ရပြီးမှခိုးဝင်တဲ့သူလည်း ရှိတော့ရှိတာပဲဗျ။ " ဖြစ်ခဲ့တာ တွေကိုသင်ပုန်းချေပြီး ကျွန်တော်တို့ကို မြန်မာနိုင်ငံ မှာနေထိုင်သူတွေအဖြစ်တော့ အသိအမှတ်ပြုသင့်ပါတယ်"စသဖြင့် မှန်သောသစ္စာစကားဆိုကာ အကျိုး အကြောင်းအဆင်ပြေအောင်ပြောရင် မြန်ပြည်သား တွေက ကရုဏာသက်ကြမှာအမှန်ပဲ။ ဒါမှမဟုတ်လို့ "အာရပ်နှင့်ကုလားအုတ်"ပုံပြင်ထဲကလို ကုလားအုတ် လမ်းစဉ်ကိုကျင့်သုံးနေရင်တော့ ကမ္ဘာမှာ ရိုဟင်ဂျာ ရယ်လို့ အသံကုန်ဟစ်၍အော် ရင်ကွဲသေရုံပဲရှိမယ်။ခု ကိုယ်တင်ပြတဲ့အချက်တွေက မောင်ရင့်ရေးသား ချက်တွေကို သာမန်ထောက်ပြရုံပဲရှိသေးတယ်။ ကိုယ် အချက်သုံးချက်ကို အထောက်အထား ခိုင်ခိုင်မာမာ ပြောနိုင်တယ်။ ဒါတွေကတော့
(၁) ရိုဟင်ဂျာဆိုတာ မြန်မာလွတ်လပ်ရေးရပြီးမှ လုပ် ကြံထားတဲ့ ဝေါဟာရ။
(၂) သမိုင်းစတင်တဲ့ခေတ်ကတည်းက ဖဆပလခေတ် ရောက်တဲ့အထိ ရိုဟင်ဂျာလူမျိုးရယ်လို့ မှတ်တမ်းတင် ထားတဲ့အထောက်အထားဆိုတာ ဘယ်မှာမှမရှိ။
(၃) ရိုဟင်ဂျာလို့ သူတို့ကိုယ်သူတို့ ခေါ်နေကြတဲ့သူ တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းသားတွေရဲ့ အဆက်အနွှယ်တွေ သာဖြစ်တယ်။
ဒီတော့ ဇော်မင်းထွန်းပဲဖြစ်ဖြစ်၊ တခြား ဘယ် ပညာရှင်ပဲဖြစ်ဖြစ် ဒီအချက်သုံးချက်ကို ချေပလိုတယ် ဆိုရင် ကိုယ့်ဘက်ကတော့အဆင်သင့်ပါပဲ။ဖြစ်နိုင် မယ်ဆိုရင် ပညာရှင်တွေ၊ သတင်းထောက်တွေ၊ စိတ် ဝင်စားသူတွေ အားလုံးရှေ့မှာ စကားဝိုင်းဆွေးနွေးပွဲ (Symposium) တစ်ခု စီစဉ်ချင်တယ်။ မောင်ရင်တို့ ဘက်ကလက်ခံရင် အဆင်သင့်ပါပဲ။ ရိုးသားခြင်းဖြင့် ဂုဏ်ယူပါလို့ အကြံပြုလိုက်ပါရစေ။
ဒေါက်တာအေးချမ်း (MA. Ph,.D. D.Litt)
ဧပြီ ၂၄- ၂၀ဝ၃
UN က မည်သည့်နာမည်ကိုမဆို ပေးနိုင်သည် ဟုဆိုသော်လည်း ထိုနာမည်သည် မည်သူ့ကိုမှ မထိ ခိုက်ရန်လိုသည်၊ အနှောင့်အယှက်မဖြစ်ရန် ရှင်းလင်း နေရန်လိုသည်။ ရိုဟင်ဂျာနာမည်က မရှင်းလင်း၊ မရိုး သား။ ဘင်္ဂါလီဆိုလျှင် လာရင်းနိုင်ငံ ဘင်္ဂလားဒေ့ရှ် ရှိ သည်။ အရေးကြုံလာလျှင် လာရင်းနိုင်ငံ ဘင်္ဂလား ဒေ့ရှ်သို့ပြန်ရမည်။ ယခုလည်း ပြန်နေကြသည်။ ရို ဟင်ဂျာဆိုလျှင် လာရင်းနိုင်ငံ မြန်မာဖြစ်နေ၍ မြန်မာ နိုင်ငံသို့သာပြန်ကြရမည်။ ဤသဘောဖြင့် လိမ်ညာ ထားသည့်နာမည်ဖြစ်၍ အန္တရာယ်ကြီးသည်။ အန္တ ရာယ်ကြီးသည်ကို သိကြဖို့လိုမည်။
အခုက ရိုဟင်ဂျာနာမည် တရားဝင်ခေါ်တွင်ရေး၊ နိုင်ငံသား၊ တိုင်းရင်းသားတန်းတူဖြစ်ရေး၊ မြန်မာရှိ မောင်တောခရိုင်ကို ရိုဟင်ဂျာပြည်နယ်ထူထောင်ရေး တို့ကိုဦးတည်လျက် ပြုပြင်ဖန်တီးသည့် သက်သေတု၊ အထောက်အထားအတုတို့ဖြင့် ဂမ်ဘီယာနိုင်ငံက အငှား တရားစွဲဆိုနေသည်ကို ICJ တရားသူကြီးများ သတိမူရန်လိုသည်ဟု အဆိုပြုပါရစေ။
ကျမ်းကိုး။ ရခိုင်အမျိုးသားအသင်း(ဂျပန်)မှ ထုတ်ဝေသော"လူ့အခွင့်အရေးအရေခြုံ ရိုဟင်ဂျာ အမည်ခံ စစ်တကောင်းနွယ်ဘင်္ဂါလီတို့၏ နယ်ချဲ့ထွင် ရေးသမိုင်းလိမ်ကိုဝေဖန်ခြင်း"။

Zawgyi Version:
သမိုင္းလိမ္ ႐ိုဟင္ဂ်ာ လိမ္ညာမႈ စတင္ေပၚေပါက္ျခင္း
(အေတြးအျမင္ သုံးသပ္ေဆာင္းပါး)
ေမာင္ေက်ာ္ဖိုး(ေလးေတာင္) (NP News) - ဇန္နဝါရီလ ၂၉
ျမန္မာႏွင့္ ဂမ္ဘီယာတို႔ ICJ တြင္ တရားရင္ ဆိုင္ေနၾကရသည္။ (၁၅-၁-၂၀၂၆)ရက္က တရား ႐ုံးအျပင္ဘက္တြင္ သတင္းေထာက္ ကိုသက္ေထြး ႏိုင္က ကိုထြန္းခင္ႏွင့္ကိုေနဆန္းလြင္တို႔ကို တရားႏိုင္ လွ်င္ ဘာကိုေတာင္းဆိုမလဲဟုအင္တာဗ်ဴးရာ သူတို႔ က ႐ိုဟင္ဂ်ာမ်ား ေနရပ္ျပန္ခြင့္ရရွိေရး၊ ႐ိုဟင္ဂ်ာအ မည္ကို တရားဝင္ေခၚခြင့္ရေရး၊ ႐ိုဟင္ဂ်ာမ်ား ႏိုင္ငံ သားျဖစ္ေရးႏွင့္ ျမန္မာတိုင္းရင္းသားမ်ားကဲ့သို႔ တန္း တူအခြင့္အေရးရရွိေရး၊ နစ္နာဆုံးရႈံးသည္မ်ားကို ေလ်ာ္ေၾကးရရွိေရးတို႔ျဖစ္သည္။
ICJ တရား႐ုံးတြင္ ႐ိုဟင္ဂ်ာ သမိုင္းလိမ္ နာမည္ ကိုဦးတည္ၿပီး တရားစြဲဆိုထားသည္ကိုသိရ၍ အထူး စိတ္မေကာင္းျဖစ္ရၿပီး ျမန္မာ၏ အခ်ဳပ္အခ်ာကိုလည္း ေကာင္း၊ ျမန္မာ၏ပုံရိပ္ကိုလည္းေကာင္း ထိခိုက္က် ဆင္းေစေသာ ဤသမိုင္းလိမ္နာမည္ဆိုးႀကီးကို မည္ သူက တီထြင္ခဲ့သနည္း၊ မည္သည့္အဖြဲ႕က မသိက်ိဳးႏြံ ျပဳၿပီး ကိုယ္က်ိဳးအတြက္ အသုံးခ်ခဲ့သနည္း၊ မည္သူ ေတြကေကာ ဆန႔္က်င္ကန႔္ကြက္ခဲ့ၾကသနည္း၊ သမိုင္းပညာရွင္ ေဒါက္တာေအးခ်မ္းကေကာ မည္သို႔ ေခ်ပခဲ့သနည္း စသည္တို႔ကို ေဖာ္ျပလိုစိတ္ ျပင္းျပခဲ့ ရကာ ဤေဆာင္းပါးကိုေရးျဖစ္ပါသည္။
(၁၉၄၂)ခုႏွစ္က ကုလား-ရခိုင္ အဓိက႐ုဏ္းျဖစ္ ခဲ့သည္။ မူဂ်ာဟစ္ သူပုန္ထခဲ့သည္။ မူဂ်ာဟစ္တို႔၏ ေသနတ္သံကို စည္းဝါးအျဖစ္အသုံးခ်ကာ (၁၉၅၀)ျပည့္ႏွစ္တြင္ ဘူးသီးေတာင္ပါလီမန္အမတ္ "မစၥတာ ဂါဖါးရ္"က ဂါဒီးယန္းသတင္းစာ၌ မည္သည့္ ျမန္မာ့ သမိုင္း၊ မည္သည့္ ကမာၻ႔သမိုင္းတို႔မွာမွ မပါရွိ၊ မၾကား ဖူးသည့္ ႐ိုဟင္ဂ်ာေခၚ အစၥလာမ္ဘာသာဝင္လူမ်ိဳး တစ္မ်ိဳး ရခိုင္ျပည္တြင္ တိုင္းရင္းသားအျဖစ္ ေရွး ေခတ္ကပင္ရွိခဲ့သေယာင္ ဖန္တီးေရးသားခဲ့ေလသည္။ ထို႐ိုဟင္ဂ်ာနာမည္မွာ လုပ္ႀကံလိမ္လည္ေသာ နာမည္သာျဖစ္ေၾကာင္း ရခိုင္တိုင္း လူဝင္မႈႀကီးၾကပ္ ေရးမႉး ဦးေဖာ္ဇံက ခ်က္ခ်င္းတုံ႔ျပန္တင္ျပခဲ့သည္။ႏိုင္ငံေရးသမားမ်ားျဖစ္ၾကေသာ ဦးဘစံ၊ ဦးလွထြန္း ျဖဴ၊ ဦးစံထြန္းေအာင္၊ ဘုံေပါက္သာေက်ာ္တို႔ကလည္း ထိုနာမည္မွာ သမိုင္းလိမ္သာျဖစ္ေၾကာင္း ကန႔္ကြက္ခဲ့ ၾကၿပီး ဖဆပလ အစိုးရသို႔တင္ျပၾကေသာ္လည္း အေရးယူေဆာင္႐ြက္မႈမရွိပါ။ ျမန္မာ့အသံ တိုင္းရင္း သားအစီအစဥ္တြင္ ႐ိုဟင္ဂ်ာအစီအစဥ္ကို တင္ဆက္ အသံလႊင့္ခဲ့ျခင္းတို႔မွာ သမိုင္းလိမ္မ်ားကို စင္ေပၚတင္ ေပးလိုက္သကဲ့သို႔ျဖစ္သြားရသည္။ နယ္ခ်ဲ႕အစိုးရ လက္ထက္က ဘဂၤါလီအင္အား ႀကီးထြားလာျခင္း ေၾကာင့္ လူမ်ိဳးေရးပဋိပကၡျဖစ္လာမည္ကိုစိုးရိမ္၍ စုံ စမ္းေရးေကာ္မရွင္ ဖြဲ႕စည္းႏိုင္ခဲ့ေသာ္လည္း ယခင္ ျမန္မာအစိုးရ အစဥ္အဆက္တို႔ စုံစမ္းေရးေကာ္မရွင္ မဖြဲ႕စည္းႏိုင္ခဲ့ျခင္းမွာ သမိုင္းလိမ္မ်ားကို အျမစ္တြယ္ ရန္ပံ့ပိုးသကဲ့သို႔ရွိခဲ့သည္။ ႐ိုဟင္ဂ်ာလူမ်ိဳး ျမန္မာ တြင္မရွိဟု NLD အစိုးရလက္ထက္မွာ ျပတ္သားစြာ ရွင္းလင္မႈမရွိခဲ့ျခင္းကလည္း ICJ သို႔အထိ တရားစြဲ ဆိုမႈ ဆိုက္သြားရသည္။
မီဒီယာေလာကတြင္ ေရွးအက်ဆုံးျဖစ္ေသာ ဂါဒီးယန္းသတင္းစာႀကီးက ေဝဖန္စိစစ္မႈမရွိဘဲေဖာ္ ျပလိုက္ေသာေဆာင္းပါးတစ္ေစာင္ကအစျပဳ၍ ယေန႔ ကမာၻ႔အလယ္မွာ ျမန္မာ့ပုံရိပ္ က်ဆင္းသြားရသည္အ ထိျဖစ္သြားရသည္။ ဤလိမ္လည္႐ိုဟင္ဂ်ာကိုအ ေၾကာင္းျပဳၿပီး အျပည္ျပည္ဆိုင္ရာက ဖိအားေပးမႈ၊ မီဒီယာသမားမ်ား၏ မီဒီယာမပီသမႈ၊ ျမန္မာ့ ႏိုင္ငံေရး သမားအခ်ိဳ႕ ပါးနပ္မႈမရွိဘဲ ဤနာမည္ကိုသာတြင္တြင္ သုံးေနၾကမႈတို႔ေၾကာင့္ ျပည္သူမ်ား ဤလိုလို ကြၽဲလိုလို ျဖစ္ေနၾကရသည္ မဟုတ္ပါလား။
(၂၀ဝ၁)ခုႏွစ္တြင္ ေဇာ္မင္းထြန္းဆိုသူက သူတို႔ ၏ ႐ိုဟင္ဂ်ာလိမ္လည္ဇာတ္လမ္း ကမာၻတြင္ အသက္ ရွင္ရပ္တည္ေရးအတြက္ ျပည္ေထာင္စုျမန္မာႏိုင္ငံႏွင့္ တိုင္းရင္းသား႐ိုဟင္ဂ်ာမ်ား (The Union of Burma and Ethnic Rohingyas) ဆိုသည့္စာအုပ္ကို ဂ်ပန္ ႏိုင္ငံတြင္ထုတ္ေဝခဲ့သည္။ ဤသမိုင္းလိမ္စာအုပ္ေရး သူ ေဇာ္မင္းထြန္းထံသို႔ ေဒါက္တာေအးခ်မ္း(Professor of History at Kanda University of international Study in Japan) က အိတ္ဖြင့္စာေပး ခဲ့သည္။ ထိုစာသည္ သြယ္ဝိုက္ေသာအားျဖင့္ ႐ိုဟင္ ဂ်ာနာမည္မွာ လိမ္ညာသည့္နာမည္သာျဖစ္ေၾကာင္း၊ ေထာက္ျပထားသည့္ သမိုင္းဝင္စာပင္ျဖစ္သည္။ ဤစာကို ျပည္သူမ်ား အထူးသိျမင္ဖို႔လိုသည္ဟု ထင္ ျမင္ပါသည္။ ဆရာ၏ သေရာ္သံပါပါေရးသားခ်က္မွာ လည္း အထူးစိတ္ဝင္စားဖြယ္ေကာင္းေပရာ မူရင္းမ ပ်က္ ေဖာ္ျပလိုက္ရေပသည္။
ေဇာ္မင္းထြန္းသို႔ေပးစာ -
အရင္တစ္ပတ္က မိတ္ေဆြတစ္ေယာက္ေပးပို႔ လိုက္လို႔ ေဇာ္မင္းထြန္းေရးတဲ့ ျပည္ေထာင္စုျမန္မာ ႏိုင္ငံေတာ္ႏွင့္ တိုင္းရင္းသား႐ိုဟင္ဂ်ာမ်ားဆိုတဲ့စာ အုပ္ကို မအားမလပ္တဲ့ၾကားထဲက အခ်ိန္ယူၿပီးဖတ္ ၾကည့္တယ္။ ပို႔တဲ့လူက အခုပို႔လိုက္တဲ့စာဟာ ခင္ဗ်ား နဲ႔ တိုက္႐ိုက္ပတ္သက္ေနတယ္ ဖတ္ျဖစ္ေအာင္ဖတ္ ပါဆိုလို႔ ေက်ာစိမ့္သြားမိတယ္။ ဖတ္ၾကည့္လိုက္ေတာ့ လည္း အဟုတ္သား။ ကိုယ္တရားခံျဖစ္ရမည့္ကိန္း ဆိုက္ေနၿပီ။ အစအဆုံးဖတ္ၾကည့္လို႔လည္းၿပီးေရာ စေလဦးပုညရဲ႕ " ကာလႏွယ္ ဆိုးပါဘိ၊ သူခိုးကလူ" ဆိုတဲ့ကဗ်ာကို သြားသတိရၿပီး ဟက္ဟက္ ပက္ပက္ ရယ္လိုက္မိတယ္။ ေဇာ္မင္းထြန္း... ေမာင္ရင့္ကို ကိုယ္သနားမိတယ္။
ေဇာ္မင္းထြန္း သိပၸံဂုဏ္ထူးဘြဲ႕၊ မဟာသိပၸံ ေနာက္ဆုံးႏွစ္ဆိုတဲ့ သူရဲ႕ပညာအဆင့္အတန္းကိုေတြ႕ လိုက္ေတာ့ ဘယ္ဘာသာရပ္ကို ေလ့လာဆည္းပူးၿပီး ဒီအဆင့္အထိေရာက္လာရသလဲဆိုတာ ေမးၾကည့္ ခ်င္တယ္။ သမိုင္းဘာသာေတာ့ မဟုတ္တန္ဘူး။ ဪသာ္...ဒီလိုပါ။ ၿဗိတိန္ႏိုင္ငံနဲ႔ ဥေရာပ၊ အေမရိက တကၠသိုလ္တခ်ိဳ႕က သမိုင္းကို လူမႈေရးသိပၸံလို႔သတ္ မွတ္ၿပီး သိပၸံဘြဲ႕ေပးတတ္ၾကလို႔ပါ။
သမိုင္းဆိုတာကည္း သိပၸံပါပဲ။ သမိုင္းဆရာဟာ သူေျပာသမွ်အတြက္ တာဝန္ယူရတယ္။ အေထာက္ အထား ခိုင္ခိုင္လုံလုံျပရတယ္။ ယုတၱိေဗဒပညာသ ေဘာတရားအရ အက်ိဳးအေၾကာင္းကို ဆက္စပ္ျပရ တယ္။ ၿပီးေတာ့မွ အပိုအလိုမရွိတဲ့ ေကာက္ခ်က္ေပး ရတယ္။
သမိုင္းအေထာက္အထားဆိုလို႔ ေျပာရဦးမယ္။ သမိုင္းဆရာဟာ သမိုင္းတန္ဖိုးရွိတဲ့အေထာက္အ ထားေတြကိုပဲ ကိုးကားရတယ္။ အေထာက္အထားမွာ ႏွစ္မ်ိဳးရွိတယ္။ မူရင္းအေထာက္အထားနဲ႔ တစ္ဆင့္ခံ အေထာက္အထားလို႔ေခၚပါတယ္။ မူရင္းအေထာက္ အထားဆိုတာက ေခတ္ၿပိဳင္မွတ္တမ္း မူရင္းအတိုင္း က်န္ခဲ့တဲ့မွတ္တမ္းကိုေခၚတယ္။ တစ္ဆင့္ခံအ ေထာက္အထားဆိုတာက မူရင္းကိုမွီျငမ္းၿပီး ေႏွာင္း ေခတ္ပညာရွင္ေတြကျပန္ေရးတဲ့ ရာဇဝင္က်မ္းတို႔၊ သုေတသနစာတမ္း၊ ေဆာင္းပါးတို႔ကိုေခၚတာ။ သု ေတသနစာတမ္းတစ္ေစာင္ဟာ တစ္ဆင့္ခံအေထာက္ အထားေတြကိုခ်ည္းအားျပဳၿပီးျပဳစုထားရင္ သုေတသ နလို႔ ေခၚဖို႔ခက္တယ္။ ဆိုပါေတာ့ေလ (၁၁)ရာစုႏွစ္ ပုဂံေခတ္အျဖစ္အပ်က္ေတြကိုေရးတဲ့အခါ (၁၈)ရာစု ဆန္းမွာ ဦးကုလားေရးခဲ့တဲ့ " မဟာရာဇဝင္ႀကီး"တို႔၊ မုံေ႐ြးဆရာေတာ္ရဲ႕"မုံေ႐ြးရာဇဝင္"တို႔၊ တြင္းသင္း တိုက္ဝန္ မဟာစည္သူတို႔ရဲ႕"ရာဇဝင္သစ္"တို႔ကို ကိုး ကားရင္ ဘယ္မွာ ခိုင္လုံတဲ့အေထာက္အထားျဖစ္မွာ လဲ။ ဒါေၾကာင့္ ေခတ္ၿပိဳင္မွတ္တမ္းျဖစ္တဲ့ ေက်ာက္စာ ေတြကို ကိုးကားၾကရတယ္။ ေက်ာက္စာမွာေတာင္ ပုဂံေခတ္က မထင္မရွားျဖစ္ခဲ့တဲ့ ေက်ာက္စာေတြ၊ ဘိုးေတာ္အမိန႔္နဲ႔ ျပန္ကူးခိုင္းလို႔ေပၚလာတဲ့ "ဆင့္ထိုး ေက်ာက္စာ"ဆိုတာေတြ ရွိတယ္။ ဒီဆင့္ထိုးေတြကို ပါေမာကၡ လုစ္တို႔ ေဒါက္တာ သန္းထြန္းတို႔က မူရင္း မွတ္တမ္းအျဖစ္ အားမကိုးဘူး။ (၁၈) ရာစုက်မွကူး ယူရင္ ကူးယူသူမွားႏိုင္တယ္။ ခိုင္လုံတဲ့သက္ေသ မျဖစ္ဘူးလို႔ ယူဆၾကတယ္။
ေမာင္ရင္အားကိုးထားတဲ့ အေထာက္အထား ေတြကိုလွန္ၾကည့္ေတာာ့ ဂ်ီအိပ္ခ်္လုစ္၊ ဒီဂ်ီအီး ေဟာလ္၊ ဆာဟန္နရီးယူးလ္၊ ဂ်ီအီးဟာေဗး၊ မိုေရွ ေယဂါး၊ ေဒါက္တာသန္းထြန္းစတဲ့ အေက်ာ္အေမာ္ ပညာရွင္ေတြရဲ႕သုေတသနာက်မ္းစာေတြပဲ။ ဒါေပမဲ့ အားလုံး တစ္ဆင့္ခံအေထာက္အထားေတြျဖစ္ေန တယ္။ တခ်ိဳ႕ပညာရွင္ေတြရဲ႕စာတမ္းေတြကို ကိုး ကားပါတယ္ဆိုၿပီး စာတမ္းေခါင္းစဥ္က ပါမလာ။ သု ေတသနစာတမ္းမွာအသက္ျဖစ္တဲ့ က်မ္းကိုးစာရင္း ကိုေတာင္ ဘယ္လိုစီစဥ္ရမွန္းမသိတဲ့ သုေတသီ ေဇာ္ မင္းထြန္းျဖစ္ေနတယ္။ ဒါေၾကာင့္ ေမာင္ရင့္ကို သနား လည္းသနားမိတယ္လို႔ေျပာတာ။ ဒါေတြထားပါေတာ့။ ဂ်ီအိပ္ခ်္လုစ္၊ ဒီဂ်ီအီးေဟာလ္၊ မိုေရွေယဂါး၊ ေဒါက္ တာသန္းထြန္း စတဲ့ အေက်ာ္အေမာ္ ပညာရွင္ေတြကို သာမန္ေလာက္အòန္းျပၿပီး ယခင္ ႏွစ္သုံးဆယ္ ေလာက္က ကိုယ္ႏုစဥ္ဘဝမွာေရးခဲ့တဲ့စာတမ္းတစ္ ေစာင္ကို တခမ္းတနားနဲ႔ ေဒါက္တာေအးခ်မ္း၏သမိုင္းအျမင္ဆိုၿပီး က႑တစ္ရပ္အျဖစ္ သီးသန႔္ခြဲ ထုတ္ၿပီးေဖာ္ၫႊန္းထားေလေတာ့ ကိုယ္က မျပည့္တဲ့ အေကာင္ဆိုရင္ ေဘာင္ဘင္ခတ္ၿပီး အ႐ူးဘုံေျမႇာက္ အဲ...ဟိုဟာေကာက္စား ဒါမ်ိဳးေတာင္ျဖစ္သြားႏိုင္ တယ္။ကိုယ္က ေမာင္ရင္ၫႊန္းထားတဲ့ဆရာႀကီးေတြ နဲ႔ တစ္တန္းတည္းထားဖို႔ေနေနသာသာ သူတို႔ ေျခမႈန္ တစ္မႈန္ေလာက္ေတာင္ အဆင့္မရွိလို႔ပါကြာ။
ေမာင္ရင္ ကိုယ့္ကို အခြၽန္နဲ႔မၿပီဆိုတာ ခ်က္ခ်င္း သိလိုက္တယ္။ ဒါတင္ဘယ္ကမလဲ။ ေမာင္ရင္ မ႐ိုး သားတာက ကိုယ့္စာတမ္းကို မူရင္းအတိုင္းမေဖာ္ျပဘဲ၊ ေမာင္ရင္အသုံးတည့္မယ္ထင္တဲ့အပိုဒ္ေတြကိုပဲ ဆြဲ ထုတ္၊ မလိုခ်င္တဲ့ဝါက်ေတြကိုဆြဲျဖဳတ္၊ တခ်ိဳ႕စာသား ေတြကို မသိမသာျပင္၊ ေမာင္ရင္လိုတဲ့ေကာက္ခ်က္ ေတြကိုသာဆြဲယူတယ္။ ဒါကို ဘယ္လိုမွခြင့္မလႊတ္ႏိုင္ ဘူး။ ကိုယ့္ကို တရားခံလုပ္တာပဲ။ ကိုယ္က ေမာင္ရင္ ထင္သလို မအဘူးေနာ္။ ေမာင္ရင္တို႔ ဘဂၤါလီစကား မွာ ဉာဏ္နည္းတဲ့သူကိုဆဲတဲ့အခါသုံးတဲ့ "ဂါရ္ဒါ"မဟုတ္ဘူး။
ကိုယ့္ရဲ႕ သမိုင္းအျမင္နဲ႔ ေမာင္ရင္တို႔ဘာသာ၊ ေမာင္ရင္တို႔ ႐ိုဟင္ဂ်ာလို႔ေခၚေနၾကတဲ့ ေခၚေတာ ကုလားေတြ ရခိုင္ျပည္ထဲဝင္လာတာ ဘယ္လိုမွဆက္ စပ္လို႔မရဘူး။ ကိုယ္ေရးတာက ရခိုင္မွာ ေအဒီ (၃/ ၄)ရာစုေလာက္ကစၿပီး (၁၀)ရာစုအထိ ေက်ာက္စာ ေတြထိုးတဲ့အခါ သကၠတဘာသာနဲ႔ နာဂရိအကၡရာသုံး တယ္။ (၁၁)ရာစုကစၿပီး ရကၡဝဏၰအကၡရာနဲ႔ ရခိုင္ ဘာသာကိုသုံးခဲ့တယ္။ ဒါက အလွည့္အေျပာင္းတစ္ခု ျဖစ္ၿပီး ဒီအလွည့္အေျပာင္းဟာ ေအဒီ(၉)ရာစုမွ ျမန္ မာေတြ ဧရာဝတီျမစ္ဝွမ္းကိုဝင္လာၿပီး ပုဂံကိုထူေထာင္ တာနဲ႔ ဆက္စပ္ေနမယ္ထင္တယ္လို႔ေရးတာ။ အခ်ဳပ္ က ဒါပါပဲ။ ႐ိုဟင္ဂ်ာဆိုတဲ့စကား တစ္ခြန္းမွမပါပါဘူး။ ပါရေအာင္လည္း ႐ိုဟင္ဂ်ာဆိုတာ လူ႔သမိုင္းစက တည္းက ျမန္မာလြတ္လပ္ေရးရတဲ့အထိ ကမာၻေပၚမွာ ရွိရွိသမွ် ဘယ္မွတ္တမ္းမွတ္ရာမွာမွမပါဘူး။ ဖဆပလ ေခတ္မွာ ေမာင္ရင္တို႔ ေခၚေတာဆရာႀကီးေတြအသစ္ ထြင္ေတာ့မွ ေပၚေပါက္လာတာ။ ဘာၾကာေသးလို႔ တုံး။ ေမာင္ရင္ျငင္းမလား။
ေမာင္ရင္ ကိုယ့္စာတမ္းကိုအသုံးခ်ခဲ့တဲ့ရည္ ႐ြယ္ခ်က္က ေမာင္ရင္တို႔ဘိုးဘြားေတြက ရခိုင္ျပည္ နယ္ထဲကို ရခိုင္လူမ်ိဳးေတြထက္ ႏွစ္(၇၀ဝ)၊ (၈၀ဝ)ေစာၿပီးေရာက္ေနေၾကာင္း သက္ေသထူဖို႔ပဲမဟုတ္ လား။ ဒီေတာ့ ရွင္းရွင္းပဲေျပာမယ္။ သမိုင္းလိမ္မေရး နဲ႔။ "ျမန္မာႏိုင္ငံကို ေခၚေတာကုလားမ်ား ဝင္ေရာက္ လာပုံ" ဆိုတဲ့ စာတမ္းျပဳစုမလား။ အေထာက္အထား ေတြရွိတယ္။ ကိုယ္ရွာေပးမယ္။ ေမာင္ရင္တို႔လူမ်ိဳးအ ေၾကာင္းေရးထားတဲ့မွတ္တမ္းေတြက အဂၤလိပ္-ျမန္ မာ ပထမစစ္ပြဲအၿပီးမွာ ရခိုင္ကို အဂၤလိပ္အုပ္ခ်ဳပ္ခဲ့ စဥ္က အေရွ႕အိႏၵိယကုမၸဏီရဲ႕မွတ္တမ္းေတြ၊ အစီရင္ ခံစာေတြမွာေတြ႕ရမယ္။ ဒီထက္ေစာတဲ့မွတ္တမ္းေတြ ဆိုတာကေတာ့ ဗလာနတၳိ လုံးဝမရွိပါ။ ေမာင္းထုၿပီး ရွာမလား။ ေမာၿပီးေသလိမ့္မယ္။ အဲ...အခုေျပာတဲ့ အဂၤလိပ္ ကိုလိုနီအုပ္ခ်ဳပ္ေရးမွတ္တမ္းေတြကိုေလ့ လာခ်င္ရင္ လန္ဒန္ၿမိဳ႕က ၿဗိတိသွ်စာၾကည့္တိုက္ကို သြားၾကည့္ရင္ေတြ႕ရမယ္။ ကြန္ပ်ဴတာကက္သ ေလာက္ထဲရွာရမွာမို႔လို႔ အခက္အခဲရွိေနရင္ စာၾကည့္ တိုက္ဝန္ထမ္းေတြကို "အိုင္အိုအာရ္"မွတ္တမ္းေတြ ေလ့လာခ်င္တယ္လို႔ေျပာျပေပါ့။ သူတို႔ခ်က္ခ်င္းထုတ္ ျပလိမ့္မယ္။ အိုင္အိုအာရ္ဆိုတာ India Office Records ရဲ႕အတိုေကာက္ပဲ။ ဒီကိုလိုနီေခတ္မွတ္တမ္း ေတြမွာ ေမာင္ရင္တို႔ဘိုးဘြားေတြ ရခိုင္ျပည္ထဲ ဘယ္ လိုဝင္လာ၊ ဘယ္လိုေျခခ်ၿပီးေနထိုင္လာတယ္ဆိုတာ အျပည့္အစုံသိလိမ့္မယ္။ ဒါေပမဲ့ ႐ိုဟင္ဂ်ာဆိုတဲ့လူမ်ိဳး ရဲ႕အေခၚအေဝၚကိုေတာ့ ဘယ္မွတ္တမ္းမွာမွ ေတြ႕မွာ မဟုတ္ဘူး။ ေမာင္ရင္ရဲ႕ဘိုးဘြားေတြကို အဂၤလိပ္နယ္ ခ်ဲ႕အုပ္ခ်ဳပ္ေရးအရာရွိေတြရဲ႕မွတ္တမ္းေတြမွာ စစ္တ ေကာင္းသားလို႔ပဲေခၚတယ္။ ေမာင္ရင္တို႔ကိုးကားထား တဲ့ က်မ္းႀကီးက်မ္းခိုင္ေတြက RB.Smast ရဲ႕ စစ္ ေတြခ႐ိုင္ ေဂဇက္(Burma Gazetter Akyab District)မွာ ၾကည့္ဦးေတာ့ စစ္တေကာင္းသားလို႔ပဲ ေတြ႕ရမယ္။
ဒီေတာ့ ေမာင္ရင္တို႔ကို ကိုယ္ ေစတနာနဲ႔ အႀကံ တစ္ခုေတာ့ေပးမယ္။ ျဖစ္သင့္တာက ေမာင္ရင္တို႔အ ေနနဲ႔ ကြၽန္ေတာ္တို႔ဟာ စစ္တေကာင္းသားေတြရဲ႕အ ဆက္အႏႊယ္ဆိုတာမွန္ပါတယ္။ ဒါေပမဲ့ ျမန္မာျပည္ လြတ္လပ္ေရးရၿပီးတဲ့အခ်ိန္က ျမန္မာျပည္သားျဖစ္ ခ်င္လို႔ ျမန္မာျပည္နယ္နိမိတ္ထဲမွာပဲေနခဲ့ပါတယ္။ " မူဂ်ာဟစ္"ဆိုၿပီးသူပုန္ထ၊ ပါကစၥတန္ ဂ်ိန္းဒါဘဆိုတဲ့ေႂကြးေၾကာ္သံနဲ႔ ေသာင္းက်န္းထႂကြခဲ့တာလည္း လူ နည္းစုပါ။ အဂၤလိပ္-ျမန္မာစစ္ပြဲအၿပီး ရခိုင္ျပည္နယ္ ကို အဂၤလိပ္အစိုးရ ဘဂၤလားကတစ္ဆင့္ အုပ္ခ်ဳပ္ခ်ိန္ ရခိုင္မွာဝင္ၿပီး အေျခခ်ေနထိုင္လာၾကေတာ့ အခုဆို ရင္ ႏွစ္တစ္ရာေက်ာ္ဝန္းက်င္ရွိပါၿပီ။လြတ္လပ္ေရး ရၿပီးမွခိုးဝင္တဲ့သူလည္း ရွိေတာ့ရွိတာပဲဗ်။ " ျဖစ္ခဲ့တာ ေတြကိုသင္ပုန္းေခ်ၿပီး ကြၽန္ေတာ္တို႔ကို ျမန္မာႏိုင္ငံ မွာေနထိုင္သူေတြအျဖစ္ေတာ့ အသိအမွတ္ျပဳသင့္ပါတယ္"စသျဖင့္ မွန္ေသာသစၥာစကားဆိုကာ အက်ိဳး အေၾကာင္းအဆင္ေျပေအာင္ေျပာရင္ ျမန္ျပည္သား ေတြက က႐ုဏာသက္ၾကမွာအမွန္ပဲ။ ဒါမွမဟုတ္လို႔ "အာရပ္ႏွင့္ကုလားအုတ္"ပုံျပင္ထဲကလို ကုလားအုတ္ လမ္းစဥ္ကိုက်င့္သုံးေနရင္ေတာ့ ကမာၻမွာ ႐ိုဟင္ဂ်ာ ရယ္လို႔ အသံကုန္ဟစ္၍ေအာ္ ရင္ကြဲေသ႐ုံပဲရွိမယ္။ခု ကိုယ္တင္ျပတဲ့အခ်က္ေတြက ေမာင္ရင့္ေရးသား ခ်က္ေတြကို သာမန္ေထာက္ျပ႐ုံပဲရွိေသးတယ္။ ကိုယ္ အခ်က္သုံးခ်က္ကို အေထာက္အထား ခိုင္ခိုင္မာမာ ေျပာႏိုင္တယ္။ ဒါေတြကေတာ့
(၁) ႐ိုဟင္ဂ်ာဆိုတာ ျမန္မာလြတ္လပ္ေရးရၿပီးမွ လုပ္ ႀကံထားတဲ့ ေဝါဟာရ။
(၂) သမိုင္းစတင္တဲ့ေခတ္ကတည္းက ဖဆပလေခတ္ ေရာက္တဲ့အထိ ႐ိုဟင္ဂ်ာလူမ်ိဳးရယ္လို႔ မွတ္တမ္းတင္ ထားတဲ့အေထာက္အထားဆိုတာ ဘယ္မွာမွမရွိ။
(၃) ႐ိုဟင္ဂ်ာလို႔ သူတို႔ကိုယ္သူတို႔ ေခၚေနၾကတဲ့သူ ေတြဟာ ဘဂၤလားေဒ့ရွ္ႏိုင္ငံ စစ္တေကာင္းသားေတြရဲ႕ အဆက္အႏႊယ္ေတြ သာျဖစ္တယ္။
ဒီေတာ့ ေဇာ္မင္းထြန္းပဲျဖစ္ျဖစ္၊ တျခား ဘယ္ ပညာရွင္ပဲျဖစ္ျဖစ္ ဒီအခ်က္သုံးခ်က္ကို ေခ်ပလိုတယ္ ဆိုရင္ ကိုယ့္ဘက္ကေတာ့အဆင္သင့္ပါပဲ။ျဖစ္ႏိုင္ မယ္ဆိုရင္ ပညာရွင္ေတြ၊ သတင္းေထာက္ေတြ၊ စိတ္ ဝင္စားသူေတြ အားလုံးေရွ႕မွာ စကားဝိုင္းေဆြးေႏြးပြဲ (Symposium) တစ္ခု စီစဥ္ခ်င္တယ္။ ေမာင္ရင္တို႔ ဘက္ကလက္ခံရင္ အဆင္သင့္ပါပဲ။ ႐ိုးသားျခင္းျဖင့္ ဂုဏ္ယူပါလို႔ အႀကံျပဳလိုက္ပါရေစ။
ေဒါက္တာေအးခ်မ္း (MA. Ph,.D. D.Litt)
ဧၿပီ ၂၄- ၂၀ဝ၃
UN က မည္သည့္နာမည္ကိုမဆို ေပးႏိုင္သည္ ဟုဆိုေသာ္လည္း ထိုနာမည္သည္ မည္သူ႔ကိုမွ မထိ ခိုက္ရန္လိုသည္၊ အေႏွာင့္အယွက္မျဖစ္ရန္ ရွင္းလင္း ေနရန္လိုသည္။ ႐ိုဟင္ဂ်ာနာမည္က မရွင္းလင္း၊ မ႐ိုး သား။ ဘဂၤါလီဆိုလွ်င္ လာရင္းႏိုင္ငံ ဘဂၤလားေဒ့ရွ္ ရွိ သည္။ အေရးႀကဳံလာလွ်င္ လာရင္းႏိုင္ငံ ဘဂၤလား ေဒ့ရွ္သို႔ျပန္ရမည္။ ယခုလည္း ျပန္ေနၾကသည္။ ႐ို ဟင္ဂ်ာဆိုလွ်င္ လာရင္းႏိုင္ငံ ျမန္မာျဖစ္ေန၍ ျမန္မာ ႏိုင္ငံသို႔သာျပန္ၾကရမည္။ ဤသေဘာျဖင့္ လိမ္ညာ ထားသည့္နာမည္ျဖစ္၍ အႏၲရာယ္ႀကီးသည္။ အႏၲ ရာယ္ႀကီးသည္ကို သိၾကဖို႔လိုမည္။
အခုက ႐ိုဟင္ဂ်ာနာမည္ တရားဝင္ေခၚတြင္ေရး၊ ႏိုင္ငံသား၊ တိုင္းရင္းသားတန္းတူျဖစ္ေရး၊ ျမန္မာရွိ ေမာင္ေတာခ႐ိုင္ကို ႐ိုဟင္ဂ်ာျပည္နယ္ထူေထာင္ေရး တို႔ကိုဦးတည္လ်က္ ျပဳျပင္ဖန္တီးသည့္ သက္ေသတု၊ အေထာက္အထားအတုတို႔ျဖင့္ ဂမ္ဘီယာႏိုင္ငံက အငွား တရားစြဲဆိုေနသည္ကို ICJ တရားသူႀကီးမ်ား သတိမူရန္လိုသည္ဟု အဆိုျပဳပါရေစ။
က်မ္းကိုး။ ရခိုင္အမ်ိဳးသားအသင္း(ဂ်ပန္)မွ ထုတ္ေဝေသာ"လူ႔အခြင့္အေရးအေရၿခဳံ ႐ိုဟင္ဂ်ာ အမည္ခံ စစ္တေကာင္းႏြယ္ဘဂၤါလီတို႔၏ နယ္ခ်ဲ႕ထြင္ ေရးသမိုင္းလိမ္ကိုေဝဖန္ျခင္း"။