ဂျာမနီနာဇီအာဏာရှင်ဟစ်တလာကဲ့သို့ ယူကရိန်းသမ္မတ အဆုံးသတ်ဖွယ်ရှိနေကြောင်း ရုရှားသမ္မတဟောင်း ထုတ်ဖော်ပြောဆို

896

Pika (NP News) - မေ ၁၄
ယူကရိန်းသမ္မတဇီလန်စကီးသည် ဂျာမနီနာဇီအာဏာရှင်ဟစ်တလာကဲ့သို့ ကံကြမ္မာမျိုးကို ကြုံတွေ့ရနိုင်ကြောင်း ရုရှားသမ္မတဟောင်း ဒီမစ်ထရီမက်ဗီဒက် က ပြောကြားခဲ့သည်။
ရုရှားအစိုးရတာဝန်ရှိသူများသည် ဝမ်းနည်းစရာအဆုံးသတ်နှင့် တွေ့ကြုံရမည်ဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ရုရှားသမ္မတဟောင်း ဒီမစ်ထရီမက်ဗီဒက်က ယခုကဲ့သို့ ပြန်လည် တုံ့ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။
ရုရှားသမ္မတဟောင်း ဒီမစ်ထရီမက်ဗီဒက် က "ဝမ်းနည်းစရာအဆုံးသတ်ကို ဘယ်သူကြုံတွေ့ရမယ်ဆိုတာ ကျွန်တော်တို့ မသိနိုင်ပါဘူး" ဟု ပြောဆိုခဲ့သည်။ ထို့အပြင် ၎င်းသည် ဒုတိယကမ္ဘာစစ်နောက်ဆုံးကာလတွင် ဆိုဗီယက်တပ်ဖွဲ့များက ဂျာမနီနိုင်ငံ ဘာလင်မြို့ကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ချိန်အတွင်း ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့သည့် ဟစ်တလာနဲ့ ယူကရိန်းသမ္မတဇီလန်စကီး တို့ကို နှိုင်းယှဥ်ခဲ့ကြောင်းလည်း သိရသည်။
ယူကရိန်းသမ္မတဇီလန်စကီးသည် ရုရှားအစိုးရတာဝန်ရှိသူများအားလုံးကို သေစေလိုသော ဆန္ဒရှိကြောင်း ရုရှားသမ္မတဟောင်း ဒီမစ်ထရီမက်ဗီဒက်က စွပ်စွဲပြောဆိုခဲ့သည်။ ယူကရိန်းသမ္မတဇီလန်စကီး က "ကျွန်တော့်ကို ယုံကြည်ကြပါ။ ကရင်မလင်နန်းတော်မှာရှိတဲ့ တာဝန်ရှိသူတွေအားလုံး ဆိုးဆိုးရွားရွား အဆုံးသတ်သွားပါလိမ့် မယ်။ သူတို့အားလုံးဟာ သဘာဝအတိုင်းသေခြင်းမျိုးနဲ့ သေဆုံးရမှာ မဟုတ်ပါဘူး" ဟု ပြောဆိုခဲ့သည်။
ရုရှားသမ္မတပူတင်ကို ဒရုန်းဖြင့်လုပ်ကြံသတ်ဖြတ်ရန်ယူကရိန်းတို့ ကြိုးစားခဲ့သည်ဆိုသော ပြောဆိုချက်များကို ရုရှားဖက်က ထုတ်ဖော်ပြောဆိုပြီးနောက် သီတင်းပတ်နှစ်ပတ်ကြာတွင် ယူကရိန်းသမ္မတဇီလန်စကီး ၏ မှတ်ချက်ပြု ပြောဆိုခြင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။ ယူကရိန်းက ရုရှားသမ္မတပူတင်ကို ဒရုန်းဖြင့် တိုက်ခိုက် လုပ်ကြံရန်ကြိုးပမ်းချိန်အတွင်း ရုရှားသမ္မတပူတင်သည် ကရင်မလင်နန်းတော်တွင် မရှိကြောင်း ရုရှားဖက် က ထုတ်ဖော်ပြောဆိုခဲ့သည်။

Zawgyi Version;
ဂ်ာမနီနာဇီအာဏာရွင္ဟစ္တလာကဲ့သို႔ ယူကရိန္းသမၼတ အဆုံးသတ္ဖြယ္ရွိေနေၾကာင္း ႐ုရွားသမၼတေဟာင္း ထုတ္ေဖာ္ေျပာဆို
Pika (NP News) - ေမ ၁၄
ယူကရိန္းသမၼတဇီလန္စကီးသည္ ဂ်ာမနီနာဇီအာဏာရွင္ဟစ္တလာကဲ့သို႔ ကံၾကမၼာမ်ိဳးကို ႀကဳံေတြ႕ရႏိုင္ေၾကာင္း ႐ုရွားသမၼတေဟာင္း ဒီမစ္ထရီမက္ဗီဒက္ က ေျပာၾကားခဲ့သည္။
႐ုရွားအစိုးရတာဝန္ရွိသူမ်ားသည္ ဝမ္းနည္းစရာအဆုံးသတ္ႏွင့္ ေတြ႕ႀကဳံရမည္ျဖစ္ေၾကာင္း ယူကရိန္းသမၼတ ဇီလန္စကီးက ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ ႐ုရွားသမၼတေဟာင္း ဒီမစ္ထရီမက္ဗီဒက္က ယခုကဲ့သို႔ ျပန္လည္ တုံ႔ျပန္ေျပာဆိုခဲ့ျခင္းျဖစ္သည္။
႐ုရွားသမၼတေဟာင္း ဒီမစ္ထရီမက္ဗီဒက္ က "ဝမ္းနည္းစရာအဆုံးသတ္ကို ဘယ္သူႀကဳံေတြ႕ရမယ္ဆိုတာ ကြၽန္ေတာ္တို႔ မသိႏိုင္ပါဘူး" ဟု ေျပာဆိုခဲ့သည္။ ထို႔အျပင္ ၎သည္ ဒုတိယကမာၻစစ္ေနာက္ဆုံးကာလတြင္ ဆိုဗီယက္တပ္ဖြဲ႕မ်ားက ဂ်ာမနီႏိုင္ငံ ဘာလင္ၿမိဳ႕ကို ဝင္ေရာက္စီးနင္းတိုက္ခိုက္ခဲ့ခ်ိန္အတြင္း ကိုယ့္ကိုယ္ကိုယ္ သတ္ေသခဲ့သည့္ ဟစ္တလာနဲ႔ ယူကရိန္းသမၼတဇီလန္စကီး တို႔ကို ႏႈိင္းယွဥ္ခဲ့ေၾကာင္းလည္း သိရသည္။
ယူကရိန္းသမၼတဇီလန္စကီးသည္ ႐ုရွားအစိုးရတာဝန္ရွိသူမ်ားအားလုံးကို ေသေစလိုေသာ ဆႏၵရွိေၾကာင္း ႐ုရွားသမၼတေဟာင္း ဒီမစ္ထရီမက္ဗီဒက္က စြပ္စြဲေျပာဆိုခဲ့သည္။ ယူကရိန္းသမၼတဇီလန္စကီး က "ကြၽန္ေတာ့္ကို ယုံၾကည္ၾကပါ။ ကရင္မလင္နန္းေတာ္မွာရွိတဲ့ တာဝန္ရွိသူေတြအားလုံး ဆိုးဆိုး႐ြား႐ြား အဆုံးသတ္သြားပါလိမ့္ မယ္။ သူတို႔အားလုံးဟာ သဘာဝအတိုင္းေသျခင္းမ်ိဳးနဲ႔ ေသဆုံးရမွာ မဟုတ္ပါဘူး" ဟု ေျပာဆိုခဲ့သည္။
႐ုရွားသမၼတပူတင္ကို ဒ႐ုန္းျဖင့္လုပ္ႀကံသတ္ျဖတ္ရန္ယူကရိန္းတို႔ ႀကိဳးစားခဲ့သည္ဆိုေသာ ေျပာဆိုခ်က္မ်ားကို ႐ုရွားဖက္က ထုတ္ေဖာ္ေျပာဆိုၿပီးေနာက္ သီတင္းပတ္ႏွစ္ပတ္ၾကာတြင္ ယူကရိန္းသမၼတဇီလန္စကီး ၏ မွတ္ခ်က္ျပဳ ေျပာဆိုျခင္းမ်ား ထြက္ေပၚလာျခင္းျဖစ္သည္။ ယူကရိန္းက ႐ုရွားသမၼတပူတင္ကို ဒ႐ုန္းျဖင့္ တိုက္ခိုက္ လုပ္ႀကံရန္ႀကိဳးပမ္းခ်ိန္အတြင္း ႐ုရွားသမၼတပူတင္သည္ ကရင္မလင္နန္းေတာ္တြင္ မရွိေၾကာင္း ႐ုရွားဖက္ က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။