ထိုင်းစစ်တပ်မှာ ဗိုလ်ချုပ်အဆင့်ရှိအရာရှိပေါင်း ၁၂ဝဝ ကျော်ရှိနေပြီး ၂ဝ၂၇ ခုနှစ်မှာ ထိုင်းစစ်တပ်ကို တစ်ဝက်နီးပါး လျော့ချဖွယ်ရှိနေ

3128

ဂျန်ဇက် (NP News) - ဇွန် ၂
ထိုင်းစစ်တပ်မှာ လက်ရှိအချိန်အထိ ဗိုလ်ချုပ်အဆင့်ရှိအရာရှိပေါင်း general-level officers ၁၂ဝဝ ကျော်ရှိနေပြီး လာမယ့် ၂ဝ၂၇ ခုနှစ်မှာ ထိုင်းစစ်တပ်ရဲ့အရေအတွက်ကို တစ်ဝက်နီးပါးလျော့ချဖို့ အစီအစဉ်များရှိနေကြောင်း သိရပါတယ်။
ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် Kongcheep Tantravanich ဆိုသူက ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ ဦးဆောင်ပြီး ထိုင်းနိုင်ငံရဲ့လုံခြုံရေးကောင်စီအစည်းအဝေးကို ဇွန်လ ၁ ရက်က လုပ်ဆောင်ခဲ့ကြောင်း ပြောပါတယ်။
ထိုင်းဗိုလ်ချုပ်ကြီးဟောင်းဖြစ်တဲ့ပရာယွတ်ချန်အိုချာက ထိုင်းကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ စစ်တပ်ကို ပိုမို ကောင်းမွန်စေဖို့၊ အရေအတွက်လျော့ချဖို့ နဲ့ ခေတ်မီတိုးတက်စေဖို့ လုပ်ဆောင်ရမယ့် ကနဦးအစီအစဉ်တွေရှိနေ ကြောင်း ပြောပါတယ်။
ထိုင်းရွေးကောက်ပွဲမှာ မဲအများဆုံးနဲ့ အနိုင်ရခဲ့တဲ့ Move Forward (MFP) party ပါတီဟာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးချိန်အတွင်း ထိုင်းစစ်တပ်ကို ပြုပြင်ပြောင်းလဲဖို့နဲ့ စစ်မှုမထမ်းမနေရစနစ်ကို ဖျက်သိမ်းဖို့ စတဲ့ အချက်ကို ကြွေးကြော်စည်းရုံးခဲ့ကြောင်း သိရပါတယ်။
ထိုင်းဝန်ကြီးချုပ်က စစ်တပ်ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီး Move Forward (MFP) party ပါတီဟာ ဘယ်လိုမျိုးအစီအစဉ်တွေ ရှိနေသလဲဆိုတာကို အတိအကျမသိသေးကြောင်း ပြောပါတယ်။ ထိုင်းကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက "ထိုင်းဝန်ကြီးချုပ်ဖြစ်သလို ဗိုလ်ချုပ်ကြီးဟောင်းဖြစ်တဲ့ ပရာယွတ်ချန်အိုချာ ဟာ စစ်တပ်ကို ထိုင်းကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြုပြင်ပြောင်းလဲမှုအစီအစဉ်များအတိုင်း ဆက်လက်လုပ်ဆောင်ဖို့ ပြောဆိုခဲ့တယ်။
ပရာယွတ်ချန်အိုချာဟာ အစိုးရအသစ်ဖွဲ့စည်းချိန်မှာ ပါဝင်တော့မှာ မဟုတ်ပါဘူး။ ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ဟာ စစ်တပ်ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ အစီအစဉ်တွေရှိပြီးသားဖြစ်ပါတယ်။ Move Forward ပါတီကြောင့် ထိုင်း စစ်တပ်ကို ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ စီစဉ်တာမျိုးမဟုတ်ဘူး။ ထိုင်းစစ်တပ်ကို ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ ယခင်ကတည်းက အစီအစဉ်တွေရှိပြီးသားပါ" လို့ ပြောပါတယ်။
ထိုင်းစစ်တပ်ပြုပြင်ပြောင်းလဲရေးအစီအစဉ်တွေဟာ ၂ဝဝ၈ ခုနှစ်မှာ စတင်ခဲ့ပြီး စစ်တပ်ပြုပြင်ပြောင်းလဲရေး အဆင့်များကို ငါးနှစ်တစ်ကြိမ် အကောင်အထည်ဖော်ရေးအစီအစဉ်များ ရှိနေကြောင်း သိရပါတယ်။
၎င်းက "ထိုင်းကာကွယ်ရေးဝန်ကြီးဌာနဟာ စစ်တပ်ပြုပြင်ပြောင်းလဲဖို့ ပါတီတစ်ခုက အဆိုပြုတဲ့အချက်တွေကို လည်း လက်ခံစဉ်းစားမှာဖြစ်ပြီး ကျွန်တော်တို့ရဲ့ရှိပြီးသားအစီအစဉ်တွေနဲ့ ကိုက်ညီမှုရှိရင် အသုံးပြုသွားမှာပါ" လို့ ပြောပါတယ်။
ထိုင်းစစ်တပ်နဲ့နီးစပ်တဲ့သတင်းအရင်းမြစ်များက ထိုင်းကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေထဲမှာ ချင်းမိုင်မြို့အခြေစိုက် အမှတ် ၇ ခြေလျင်တပ်ရင်း နဲ့ Khon Kaen ဒေသ အခြေစိုက် အမှတ် ၃ မြင်းတပ်တွေကို ဖျက်သိမ်းမယ့်အစီအစဉ်တွေ ရှိနေကြောင်း ဆိုပါတယ်။

Zawgyi Version;
ထိုင္းစစ္တပ္မွာ ဗိုလ္ခ်ဳပ္အဆင့္ရွိအရာရွိေပါင္း ၁၂ဝဝ ေက်ာ္ရွိေနၿပီး ၂ဝ၂၇ ခုႏွစ္မွာ ထိုင္းစစ္တပ္ကို တစ္ဝက္နီးပါး ေလ်ာ့ခ်ဖြယ္ရွိေန
ဂ်န္ဇက္ (NP News) - ဇြန္ ၂
ထိုင္းစစ္တပ္မွာ လက္ရွိအခ်ိန္အထိ ဗိုလ္ခ်ဳပ္အဆင့္ရွိအရာရွိေပါင္း general-level officers ၁၂ဝဝ ေက်ာ္ရွိေနၿပီး လာမယ့္ ၂ဝ၂၇ ခုႏွစ္မွာ ထိုင္းစစ္တပ္ရဲ႕အေရအတြက္ကို တစ္ဝက္နီးပါးေလ်ာ့ခ်ဖို႔ အစီအစဥ္မ်ားရွိေနေၾကာင္း သိရပါတယ္။
ထိုင္းကာကြယ္ေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ Kongcheep Tantravanich ဆိုသူက ထိုင္းဝန္ႀကီးခ်ဳပ္ ပရာယြတ္ခ်န္အိုခ်ာ ဦးေဆာင္ၿပီး ထိုင္းႏိုင္ငံရဲ႕လုံၿခဳံေရးေကာင္စီအစည္းအေဝးကို ဇြန္လ ၁ ရက္က လုပ္ေဆာင္ခဲ့ေၾကာင္း ေျပာပါတယ္။
ထိုင္းဗိုလ္ခ်ဳပ္ႀကီးေဟာင္းျဖစ္တဲ့ပရာယြတ္ခ်န္အိုခ်ာက ထိုင္းကာကြယ္ေရးဝန္ႀကီးဌာနအေနနဲ႔ စစ္တပ္ကို ပိုမို ေကာင္းမြန္ေစဖို႔၊ အေရအတြက္ေလ်ာ့ခ်ဖို႔ နဲ႔ ေခတ္မီတိုးတက္ေစဖို႔ လုပ္ေဆာင္ရမယ့္ ကနဦးအစီအစဥ္ေတြရွိေန ေၾကာင္း ေျပာပါတယ္။
ထိုင္းေ႐ြးေကာက္ပြဲမွာ မဲအမ်ားဆုံးနဲ႔ အႏိုင္ရခဲ့တဲ့ Move Forward (MFP) party ပါတီဟာ ေ႐ြးေကာက္ပြဲ မဲဆြယ္စည္း႐ုံးခ်ိန္အတြင္း ထိုင္းစစ္တပ္ကို ျပဳျပင္ေျပာင္းလဲဖို႔နဲ႔ စစ္မႈမထမ္းမေနရစနစ္ကို ဖ်က္သိမ္းဖို႔ စတဲ့ အခ်က္ကို ေႂကြးေၾကာ္စည္း႐ုံးခဲ့ေၾကာင္း သိရပါတယ္။
ထိုင္းဝန္ႀကီးခ်ဳပ္က စစ္တပ္ျပဳျပင္ေျပာင္းလဲေရးနဲ႔ပတ္သက္ၿပီး Move Forward (MFP) party ပါတီဟာ ဘယ္လိုမ်ိဳးအစီအစဥ္ေတြ ရွိေနသလဲဆိုတာကို အတိအက်မသိေသးေၾကာင္း ေျပာပါတယ္။ ထိုင္းကာကြယ္ေရး ဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူက "ထိုင္းဝန္ႀကီးခ်ဳပ္ျဖစ္သလို ဗိုလ္ခ်ဳပ္ႀကီးေဟာင္းျဖစ္တဲ့ ပရာယြတ္ခ်န္အိုခ်ာ ဟာ စစ္တပ္ကို ထိုင္းကာကြယ္ေရးဝန္ႀကီးဌာနရဲ႕ ျပဳျပင္ေျပာင္းလဲမႈအစီအစဥ္မ်ားအတိုင္း ဆက္လက္လုပ္ေဆာင္ဖို႔ ေျပာဆိုခဲ့တယ္။
ပရာယြတ္ခ်န္အိုခ်ာဟာ အစိုးရအသစ္ဖြဲ႕စည္းခ်ိန္မွာ ပါဝင္ေတာ့မွာ မဟုတ္ပါဘူး။ ထိုင္းကာကြယ္ေရးဝန္ႀကီးဌာန ဟာ စစ္တပ္ျပဳျပင္ေျပာင္းလဲေရးလုပ္ဖို႔ အစီအစဥ္ေတြရွိၿပီးသားျဖစ္ပါတယ္။ Move Forward ပါတီေၾကာင့္ ထိုင္း စစ္တပ္ကို ျပဳျပင္ေျပာင္းလဲေရးလုပ္ဖို႔ စီစဥ္တာမ်ိဳးမဟုတ္ဘူး။ ထိုင္းစစ္တပ္ကို ျပဳျပင္ေျပာင္းလဲေရးလုပ္ဖို႔ ယခင္ကတည္းက အစီအစဥ္ေတြရွိၿပီးသားပါ" လို႔ ေျပာပါတယ္။
ထိုင္းစစ္တပ္ျပဳျပင္ေျပာင္းလဲေရးအစီအစဥ္ေတြဟာ ၂ဝဝ၈ ခုႏွစ္မွာ စတင္ခဲ့ၿပီး စစ္တပ္ျပဳျပင္ေျပာင္းလဲေရး အဆင့္မ်ားကို ငါးႏွစ္တစ္ႀကိမ္ အေကာင္အထည္ေဖာ္ေရးအစီအစဥ္မ်ား ရွိေနေၾကာင္း သိရပါတယ္။
၎က "ထိုင္းကာကြယ္ေရးဝန္ႀကီးဌာနဟာ စစ္တပ္ျပဳျပင္ေျပာင္းလဲဖို႔ ပါတီတစ္ခုက အဆိုျပဳတဲ့အခ်က္ေတြကို လည္း လက္ခံစဥ္းစားမွာျဖစ္ၿပီး ကြၽန္ေတာ္တို႔ရဲ႕ရွိၿပီးသားအစီအစဥ္ေတြနဲ႔ ကိုက္ညီမႈရွိရင္ အသုံးျပဳသြားမွာပါ" လို႔ ေျပာပါတယ္။
ထိုင္းစစ္တပ္နဲ႔နီးစပ္တဲ့သတင္းအရင္းျမစ္မ်ားက ထိုင္းကာကြယ္ေရးဝန္ႀကီးဌာနရဲ႕ ျပဳျပင္ေျပာင္းလဲေရး အစီအစဥ္ေတြထဲမွာ ခ်င္းမိုင္ၿမိဳ႕အေျခစိုက္ အမွတ္ ၇ ေျခလ်င္တပ္ရင္း နဲ႔ Khon Kaen ေဒသ အေျခစိုက္ အမွတ္ ၃ ျမင္းတပ္ေတြကို ဖ်က္သိမ္းမယ့္အစီအစဥ္ေတြ ရွိေနေၾကာင္း ဆိုပါတယ္။