ပြင်သစ်နိုင်ငံတွင်းဖြစ်ပွားနေသည့် ဆန္ဒပြပွဲများကို ရပ်တန့်ရန် ကမ္ဘာကျော်တိုက်စစ်မှူးအမ်ဘာပေ တိုက်တွန်းတောင်းဆို

 2300

Pika (NP News) - ဇူလိုင် ၂

ပြင်သစ်အသင်းခေါင်းဆောင် အမ်ဘာပေသည် ဆယ်ကျော်သက်အရွယ်အမျိုးသားတစ်ဦးသေဆုံးပြီးနောက် ပြင်သစ်နိုင်ငံတွင်း ဖြစ်ပွားနေသော အကြမ်းဖက်ဆန္ဒပြမှုများကို ရပ်တန့်ရန် တိုက်တွန်းတောင်းဆိုလိုက်ကြောင်းသိရသည်။

Nahel M ဟုအမည်ရှိသော အသက်(၁၇)နှစ်အရွယ်အမျိုးသားတစ်ဦးသည် ဇွန်လ(၂၇)ရက်က Nanterre မြို့ရှိ မီးပွိုင့်တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ သေနတ်ဖြင့် ပစ်သတ်ခြင်းကိုခံခဲ့ရကြောင်းသိရသည်။ အဆိုပါကောင်လေးပစ်သတ်ခံရခြင်းနှင့်ပတ်သက်ပြီး ပဲရစ်မြို့နှင့်အခြားနေရာ အများအပြားတွင် ဆန္ဒပြပွဲများဆက်တိုက်ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့များနှင့်ပြည်သူများကြား ထိပ်တိုက်တွေ့ ဆုံမှုများရှိခဲ့သလို စီးပွားရေးလုပ်ငန်းများကိုလည်း လုယက်မှုများဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဇွန်လ(၂၉)ရက်တွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့သော ရဲအရာရှိသည် မိမိဆန္ဒအလျောက် ဖမ်းဆီးခံကာ လူသတ်မှုဖြင့် စွဲချက်တင်ခံခဲ့ရသော်လည်း ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်းသိရသည်။ပြင်သစ်အသင်းတိုက်စစ်မှူးအမ်ဘာပေသည် အကြမ်းဖက်မှုများကို ရပ်တန့်ပေးရန် ပြင်သစ်အသင်ကိုယ်စား ဇွန်လ(၃ဝ)ရက်တွင် လူမှုမီဒီယာများပေါ်မှ တိုက်တွန်းတောင်းဆိုခဲ့ကြောင်းသိရသည်။ အမ်ဘာပေက "Nahel ရဲ့သေဆုံးမှုကြောင့် ပြင်သစ်နိုင်ငံသားအားလုံးလိုပဲ ကျွန်တော်တို့လည်းအံ့ဩတုန်လှုပ်ခဲ့ရပါတယ်။ ပထမဆုံးအနေနဲ့ သူ့ရဲ့သေဆုံးမှုအတွက်လည်း ကျွန်တော်တို့တကယ်ကို စိတ်မကောင်းဖြစ်မိပါတယ်။ ဒီသေဆုံးမှုဟာ လက်ခံနိုင်စရာ မဟုတ်တဲ့ အခြေအနေဖြစ်တဲ့အတွက် ကျွန်တော်တို့ စိတ်ဆိုးဒေါ သဖြစ်ကြမယ်ဆိုတာ သိသာပါတယ်။ အလုပ်သမားလူတန်းစားရပ်ကွက်ကလာတဲ့ ကျွန်တော်တို့လို လူတော်တော်များများက ဒီလိုနာကျင်ဝမ်းနည်းစရာ ခံစားချက်တွေကို ကောင်းကောင်းကြီးသိပါတယ်။အကြမ်းဖက်မှုတွေဟာ ဘယ်အရာကိုမှ မဖြေရှင်းနိုင်ပါဘူး။ ဒါဟာ သေဆုံးသူရဲ့ မိသားစုတွေ၊သူငယ်ချင်းတွေနဲ့ အိမ်နီးနားချင်းတွေရဲ့ ဖြစ်ချင်တဲ့ ဆန္ဒနဲ့ ဆန့်ကျင်ဖက်ဖြစ်နေပါတယ်။ ဝမ်းနည်းပူဆွေးမှုတွေနဲ့ တရားမျှတမှုတို့ကို ရဖို့အတွက် ဒီအကြမ်းဖက်မှုတွေကို ရပ်တန့်ရမှာပါ"ဟု ပြောဆိုခဲ့သည်။

zawgyi version
ျပင္သစ္ႏိုင္ငံတြင္းျဖစ္ပြားေနသည့္ ဆႏၵျပပြဲမ်ားကို ရပ္တန႔္ရန္ ကမာၻေက်ာ္တိုက္စစ္မႉးအမ္ဘာေပ တိုက္တြန္းေတာင္းဆို
Pika (NP News) - ဇူလိုင္ ၂

ျပင္သစ္အသင္းေခါင္းေဆာင္ အမ္ဘာေပသည္ ဆယ္ေက်ာ္သက္အ႐ြယ္အမ်ိဳးသားတစ္ဦးေသဆုံးၿပီးေနာက္ ျပင္သစ္ႏိုင္ငံတြင္း ျဖစ္ပြားေနေသာ အၾကမ္းဖက္ဆႏၵျပမႈမ်ားကို ရပ္တန္႔ရန္ တိုက္တြန္းေတာင္းဆိုလိုက္ေၾကာင္းသိရသည္။

Nahel M ဟုအမည္ရွိေသာ အသက္(၁၇)ႏွစ္အ႐ြယ္အမ်ိဳးသားတစ္ဦးသည္ ဇြန္လ(၂၇)ရက္က Nanterre ၿမိဳ႕ရွိ မီးပြိဳင့္တြင္ ရဲတပ္ဖြဲ႕ဝင္တစ္ဦး၏ ေသနတ္ျဖင့္ ပစ္သတ္ျခင္းကိုခံခဲ့ရေၾကာင္းသိရသည္။ အဆိုပါေကာင္ေလးပစ္သတ္ခံရျခင္းႏွင့္ပတ္သက္ၿပီး ပဲရစ္ၿမိဳ႕ႏွင့္အျခားေနရာ အမ်ားအျပားတြင္ ဆႏၵျပပြဲမ်ားဆက္တိုက္ျဖစ္ပြားခဲ့ၿပီး ရဲတပ္ဖြဲ႕မ်ားႏွင့္ျပည္သူမ်ားၾကား ထိပ္တိုက္ေတြ႕ ဆုံမႈမ်ားရွိခဲ့သလို စီးပြားေရးလုပ္ငန္းမ်ားကိုလည္း လုယက္မႈမ်ားျဖစ္ပြားခဲ့ေၾကာင္းသိရသည္။

ဇြန္လ(၂၉)ရက္တြင္ ေသနတ္ျဖင့္ ပစ္ခတ္ခဲ့ေသာ ရဲအရာရွိသည္ မိမိဆႏၵအေလ်ာက္ ဖမ္းဆီးခံကာ လူသတ္မႈျဖင့္ စြဲခ်က္တင္ခံခဲ့ရေသာ္လည္း ဆႏၵျပမႈမ်ား ဆက္လက္ျဖစ္ပြားလ်က္ရွိေၾကာင္းသိရသည္။ျပင္သစ္အသင္းတိုက္စစ္မႉးအမ္ဘာေပသည္ အၾကမ္းဖက္မႈမ်ားကို ရပ္တန႔္ေပးရန္ ျပင္သစ္အသင္ကိုယ္စား ဇြန္လ(၃ဝ)ရက္တြင္ လူမႈမီဒီယာမ်ားေပၚမွ တိုက္တြန္းေတာင္းဆိုခဲ့ေၾကာင္းသိရသည္။ အမ္ဘာေပက "Nahel ရဲ႕ေသဆုံးမႈေၾကာင့္ ျပင္သစ္ႏိုင္ငံသားအားလုံးလိုပဲ ကြၽန္ေတာ္တို႔လည္းအံ့ဩတုန္လႈပ္ခဲ့ရပါတယ္။ ပထမဆုံးအေနနဲ႔ သူ႔ရဲ႕ေသဆုံးမႈအတြက္လည္း ကြၽန္ေတာ္တို႔တကယ္ကို စိတ္မေကာင္းျဖစ္မိပါတယ္။ ဒီေသဆုံးမႈဟာ လက္ခံႏိုင္စရာ မဟုတ္တဲ့ အေျခအေနျဖစ္တဲ့အတြက္ ကြၽန္ေတာ္တို႔ စိတ္ဆိုးေဒါ သျဖစ္ၾကမယ္ဆိုတာ သိသာပါတယ္။ အလုပ္သမားလူတန္းစားရပ္ကြက္ကလာတဲ့ ကြၽန္ေတာ္တို႔လို လူေတာ္ေတာ္မ်ားမ်ားက ဒီလိုနာက်င္ဝမ္းနည္းစရာ ခံစားခ်က္ေတြကို ေကာင္းေကာင္းႀကီးသိပါတယ္။အၾကမ္းဖက္မႈေတြဟာ ဘယ္အရာကိုမွ မေျဖရွင္းႏိုင္ပါဘူး။ ဒါဟာ ေသဆုံးသူရဲ႕ မိသားစုေတြ၊သူငယ္ခ်င္းေတြနဲ႔ အိမ္နီးနားခ်င္းေတြရဲ႕ ျဖစ္ခ်င္တဲ့ ဆႏၵနဲ႔ ဆန႔္က်င္ဖက္ျဖစ္ေနပါတယ္။ ဝမ္းနည္းပူေဆြးမႈေတြနဲ႔ တရားမွ်တမႈတို႔ကို ရဖို႔အတြက္ ဒီအၾကမ္းဖက္မႈေတြကို ရပ္တန႔္ရမွာပါ"ဟု ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.