မူဆယ်မြို့နယ်တွင် HULIX VIGO ကားပေါ်မှ ငွေကျပ်သိန်း(၂၀၀၀)ကျော်တန်းဖိုးရှိ ဘိန်းဆီခဲများ ဖမ်းဆီးရမိ

591
သန့်ဇင် (NP News) - ဇူလိုင် ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်တွင် HULIX VIGO ကားပေါ်မှ ငွေကျပ်သိန်း(၂၀၀၀)ကျော်တန်းဖိုးရှိ ဘိန်းဆီခဲများဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ဘိန်းဆီခဲများကို ပြီးခဲ့သော(ဇူလိုင်လ ၁၁ ရက်)၊ နံနက် ၇ နာရီအချိန်တွင် မူဆယ်မြို့နယ်၊ ၁၀၅မိုင်(မိုင်းယုကျေးရွာ)၊ မူဆယ်-ကွတ်ခိုင်သွားကားလမ်း၊ အိုရီယစ်တယ်တိုးဂိတ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က အဆိုပါတိုးဂိတ်၌ တရားခံ မော်ကျိန်ဖူ(ခ)အားဖူ မောင်းနင်လာသော HULIX VIGO ကားပေါ်တွင် သိုဝှက်သယ်ဆောင်လာသည့် ငွေကျပ်(၂၀၁၂ ဒသမ ၅သိန်း) တန်ဖိုးရှိ ဘိန်းဆီခဲ(၈၀ ဒသမ ၅ကီလို)နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ခြင်းကြောင်း သိရသည်။
ထို့နောက် ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ နံနက် ၁၁ နာရီအချိန်တွင် ထန်ဂွဲဟွ(ခ)အားဟွအား မူဆယ်မြို့၊ စွမ်ဆော်ရပ်ကွက်တွင် HONDA FIT ကားနှင် လက်ကိုင်ဖုန်းတစ်လုံးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဆက်လက်စစ်ဆေးချက်အရ ယမန်နေ့(ဇူလိုင်လ ၁၂ ရက်)၊ နံနက် ၈နာရီ ၁၅မိနစ်အချိန်တွင် ကွတ်ခိုင်မြို့၊ ရပ်ကွက်(၈)ရှိ ကားဝပ်ရှော့တွင် ထန်ဂွဲဟ(ခ)အားဟွမှ ရှေ့ပြေးယာဉ်အဖြစ်အသုံးပြုသည့် TOYOTA CROWN ကားတစ်စီးအား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့(၂)ဦးကို မူဆယ်မြို့နယ်ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
zawgyi version
မူဆယ္ၿမိဳ႕နယ္တြင္ HULIX VIGO ကားေပၚမွ ေငြက်ပ္သိန္း(၂၀၀၀)ေက်ာ္တန္းဖိုးရွိ ဘိန္းဆီခဲမ်ား ဖမ္းဆီးရမိ
သန႔္ဇင္ (NP News) - ဇူလိုင္ ၁၃
ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ မူဆယ္ၿမိဳ႕နယ္တြင္ HULIX VIGO ကားေပၚမွ ေငြက်ပ္သိန္း(၂၀၀၀)ေက်ာ္တန္းဖိုးရွိ ဘိန္းဆီခဲမ်ားဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ထားသည္။
အဆိုပါ ဘိန္းဆီခဲမ်ားကို ၿပီးခဲ့ေသာ(ဇူလိုင္လ ၁၁ ရက္)၊ နံနက္ ၇ နာရီအခ်ိန္တြင္ မူဆယ္ၿမိဳ႕နယ္၊ ၁၀၅မိုင္(မိုင္းယုေက်း႐ြာ)၊ မူဆယ္-ကြတ္ခိုင္သြားကားလမ္း၊ အိုရီယစ္တယ္တိုးဂိတ္တြင္ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က အဆိုပါတိုးဂိတ္၌ တရားခံ ေမာ္က်ိန္ဖူ(ခ)အားဖူ ေမာင္းနင္လာေသာ HULIX VIGO ကားေပၚတြင္ သိုဝွက္သယ္ေဆာင္လာသည့္ ေငြက်ပ္(၂၀၁၂ ဒသမ ၅သိန္း) တန္ဖိုးရွိ ဘိန္းဆီခဲ(၈၀ ဒသမ ၅ကီလို)ႏွင့္ လက္ကိုင္ဖုန္းတစ္လုံးတို႔ကို သိမ္းဆည္းရမိခဲ့ျခင္းေၾကာင္း သိရသည္။
ထို႔ေနာက္ ကြင္းဆက္စစ္ေဆးေဖာ္ထုတ္ခ်က္အရ နံနက္ ၁၁ နာရီအခ်ိန္တြင္ ထန္ဂြဲဟြ(ခ)အားဟြအား မူဆယ္ၿမိဳ႕၊ စြမ္ေဆာ္ရပ္ကြက္တြင္ HONDA FIT ကားႏွင္ လက္ကိုင္ဖုန္းတစ္လုံးတို႔ႏွင့္အတူ ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ဆက္လက္စစ္ေဆးခ်က္အရ ယမန္ေန႔(ဇူလိုင္လ ၁၂ ရက္)၊ နံနက္ ၈နာရီ ၁၅မိနစ္အခ်ိန္တြင္ ကြတ္ခိုင္ၿမိဳ႕၊ ရပ္ကြက္(၈)ရွိ ကားဝပ္ေရွာ့တြင္ ထန္ဂြဲဟ(ခ)အားဟြမွ ေရွ႕ေျပးယာဥ္အျဖစ္အသုံးျပဳသည့္ TOYOTA CROWN ကားတစ္စီးအား ထပ္မံသိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ၎တို႔(၂)ဦးကို မူဆယ္ၿမိဳ႕နယ္ရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒအရ အမႈဖြင့္အေရးယူထားၿပီး ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားအား ေဖာ္ထုတ္စစ္ေဆးလ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။