နေပြည်တော်ရှိ ဒုညွှန်ချုပ်အိမ်ကို ဓါးပြဝင်တိုက်ခဲ့သူအား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

 2809

NP News - ဇူလိုင် ၁၇

နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၏ နေအိမ်ကို ဓါးပြဝင်တိုက်ခဲ့သူအား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိပြီဖြစ်ကြောင်း သတင်းရရှိသည်။

ဒုညွှန်ချုပ်နေအိမ်အား ဓါးပြတိုက်ခဲ့သူ ဘုန်းနိုင်ဝင်းဆိုသူကို ဇူလိုင်လ ၁၂ ရက်တွင် နေပြည်တော်ရဲတပ်ဖွဲ့နှင့် ရန်ကုန်တိုင်းရဲတပ်ဖွဲ့တို့ ချိတ်ဆက်ပူးပေါင်းကာ ရန်ကုန်မြို့၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများက ပြောသည်။

ဘုန်းနိုင်ဝင်း ငှားရမ်းနေထိုင်သည့် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ထန်းတပင်ကျေးရွာ၊ VIP ကွက်သစ်၊ မြရွှေဝါ(၆) လမ်းရှိ နေအိမ်၌ သက်သေခံပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

၎င်းငှားရမ်းနေထိုင်ခဲ့သော နေအိမ်အတွင်းမှ USA နိုင်ငံထုတ် .22 သေနတ်တစ်လက်၊ .22 ကျည် (၃၄) တောင့်၊ .22 ကျည် ခွံ (၅)ခု၊ .22 ကျည်အိမ်တစ်ခု၊ 9 MM ကျည် (၂၇)တောင့်၊ အသံတိတ်ပြောင်းတစ်ခုတို့ကို သိမ်းဆည်းရမိခဲ့သည်ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများက ပြောသည်။

ထို့ပြင် ၎င်းအိမ်အတွင်းမှ ဓါးပြတိုက်ယူဆောင်သွားခဲ့သော Laptop တစ်လုံး၊ ဘဏ်စာအုပ်များ၊ အိမ်ဂရမ်များ၊ လက်ဝတ်ရတနာများကိုလည်း ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အလုပ်သမားဝန်ကြီးဌာနမှ ဒုညွှန်ချုပ်ဖြစ်သူ ဒေါ်ခင်နွေဦးသည် ဇူလိုင်လ ၁၀ ရက် ညပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်ရှိ ၎င်းတစ်ဦးတည်းနေထိုင်ရာအိမ်သို့ ပြန်လာစဉ် နေအိမ်အတွင်း ထမင်းစားခန်း၌ အရက်ထိုင်သောက်နေသော အမျိုးသားတစ်ဦးက သေနတ်ပြ ခြိမ်းခြောက်ကာ ဓါးပြတိုက်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အထက်ပါဒုညွှန်ချုပ်နေအိမ်အား ဓါးပြတိုက်ခဲ့သူ ဘုန်းနိုင်ဝင်းကို ဖမ်းဆီးအမှုဖွင့်ကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

zawgyi version
ေနျပည္ေတာ္ရွိ ဒုၫႊန္ခ်ဳပ္အိမ္ကို ဓါးျပဝင္တိုက္ခဲ့သူအား လက္နက္ခဲယမ္းမ်ားႏွင့္အတူ ဖမ္းဆီးရမိ

NP News - ဇူလိုင္ ၁၇

ေနျပည္ေတာ္ရွိ အလုပ္သမားဝန္ႀကီးဌာနမွ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္၏ ေနအိမ္ကို ဓါးျပဝင္တိုက္ခဲ့သူအား လက္နက္ခဲယမ္းမ်ားႏွင့္အတူ ဖမ္းဆီးရမိၿပီျဖစ္ေၾကာင္း သတင္းရရွိသည္။

ဒုၫႊန္ခ်ဳပ္ေနအိမ္အား ဓါးျပတိုက္ခဲ့သူ ဘုန္းႏိုင္ဝင္းဆိုသူကို ဇူလိုင္လ ၁၂ ရက္တြင္ ေနျပည္ေတာ္ရဲတပ္ဖြဲ႕ႏွင့္ ရန္ကုန္တိုင္းရဲတပ္ဖြဲ႕တို႔ ခ်ိတ္ဆက္ပူးေပါင္းကာ ရန္ကုန္ၿမိဳ႕၌ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူမ်ားက ေျပာသည္။

ဘုန္းႏိုင္ဝင္း ငွားရမ္းေနထိုင္သည့္ ေနျပည္ေတာ္၊ ဒကၡိဏသီရိၿမိဳ႕နယ္၊ ထန္းတပင္ေက်း႐ြာ၊ VIP ကြက္သစ္၊ ျမေ႐ႊဝါ(၆) လမ္းရွိ ေနအိမ္၌ သက္ေသခံပစၥည္းမ်ားကိုလည္း သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

၎ငွားရမ္းေနထိုင္ခဲ့ေသာ ေနအိမ္အတြင္းမွ USA ႏိုင္ငံထုတ္ .22 ေသနတ္တစ္လက္၊ .22 က်ည္ (၃၄) ေတာင့္၊ .22 က်ည္ ခြံ (၅)ခု၊ .22 က်ည္အိမ္တစ္ခု၊ 9 MM က်ည္ (၂၇)ေတာင့္၊ အသံတိတ္ေျပာင္းတစ္ခုတို႔ကို သိမ္းဆည္းရမိခဲ့သည္ဟု လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူမ်ားက ေျပာသည္။

ထို႔ျပင္ ၎အိမ္အတြင္းမွ ဓါးျပတိုက္ယူေဆာင္သြားခဲ့ေသာ Laptop တစ္လုံး၊ ဘဏ္စာအုပ္မ်ား၊ အိမ္ဂရမ္မ်ား၊ လက္ဝတ္ရတနာမ်ားကိုလည္း ထပ္မံသိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

အလုပ္သမားဝန္ႀကီးဌာနမွ ဒုၫႊန္ခ်ဳပ္ျဖစ္သူ ေဒၚခင္ေႏြဦးသည္ ဇူလိုင္လ ၁၀ ရက္ ညပိုင္းတြင္ ဒကၡိဏသီရိၿမိဳ႕နယ္ရွိ ၎တစ္ဦးတည္းေနထိုင္ရာအိမ္သို႔ ျပန္လာစဥ္ ေနအိမ္အတြင္း ထမင္းစားခန္း၌ အရက္ထိုင္ေသာက္ေနေသာ အမ်ိဳးသားတစ္ဦးက ေသနတ္ျပ ၿခိမ္းေျခာက္ကာ ဓါးျပတိုက္ခဲ့ျခင္းျဖစ္သည္။

လက္ရွိတြင္ အထက္ပါဒုၫႊန္ခ်ဳပ္ေနအိမ္အား ဓါးျပတိုက္ခဲ့သူ ဘုန္းႏိုင္ဝင္းကို ဖမ္းဆီးအမႈဖြင့္ကာ စစ္ေဆးေမးျမန္းမႈမ်ား ျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။

Picture

eiei aye

17/07/2023 18:40

တပ်က လူလား အပြင်လူလား သိရရင်ပြောပေးပါအုံးနော်

Picture

Thaung Win

17/07/2023 18:45

eiei aye တပ္အေပါ ္ အထင္ေတာ္ေတာ္လဲြေနပံုရတ္ ယ

Related news

© 2021. All rights reserved.