စွပ်ပြုတ်အိုးတည်ရာမှ နေအိမ်တစ်လုံးမီးလောင်ဆုံးရှုံးမှု ပုတီးကုန်းမြို့တွင် ဖြစ်ပွား

 710

သန့်ဇင် (NP News) - ဇူလိုင် ၂၄

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့တွင် စွပ်ပြုတ်အိုးတည်ရာမှ နေအိမ်တစ်လုံးမီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ပုတီးကုန်းမြို့စေတနာရှင်လူမှုကူညီရေးအသင်းထံမှ သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်မှာ ဇူလိုင်လ ၂၃ ရက်၊ ညနေ ၆နာရီအချိန်တွင် သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့၊ ချမ်းမြေ့သာယာရပ်ကွက်၊ ကျောင်းစုလမ်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ပတ်ဝန်းကျင်ပြောတာတော့။ မီးလာချိန် ညနေ(၃)နာရီမှာ စွပ်ပြုတ်အိုးလေးနွှေးထားပြီးတော့ သတိမထားမိပဲ ရိပ်သာကိုသွားတာ အဲဒီမှာစလောင်တာလို့တော့ သိရတယ်ပေါ့”ဟု စေတနာရှင်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါမီးလောင်မှုအား မိနစ် ၃၀ ခန့်မီးငြှိမ်းသတ်ခဲ့ရပြီး နေအိမ်တစ်လုံးမီးလောင်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

“ အတွင်း ပစ္စည်းတော့မသိဘူး။ ဒါပေမဲ့ တစ်အိမ်လုံးကတော့ဘာမှရစရာကိုမရှိအောင် အကုန်လောင်သွားတာပါ။ ဘေးအိမ်တွေတော့မကူးပါဘူး"ဟု ၎င်းကဆက်လက်ပြောသည်။

အထက်ပါမီးလောင်မှုဖြစ်စဉ်တွင် မြို့နယ်မီးသတ်တပ်ဖွဲ့များ၊ အသင်းအဖွဲ့များနှင့် မြို့သူမြို့သားများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

zawgyi version
စြပ္ျပဳတ္အိုးတည္ရာမွ ေနအိမ္တစ္လုံးမီးေလာင္ဆုံးရႈံးမႈ ပုတီးကုန္းၿမိဳ႕တြင္ ျဖစ္ပြား
သန႔္ဇင္ (NP News) - ဇူလိုင္ ၂၄

ပဲခူးတိုင္း၊ သဲကုန္းၿမိဳ႕နယ္၊ ပုတီးကုန္းၿမိဳ႕တြင္ စြပ္ျပဳတ္အိုးတည္ရာမွ ေနအိမ္တစ္လုံးမီးေလာင္မႈ ျဖစ္ပြားခဲ့ေၾကာင္း ပုတီးကုန္းၿမိဳ႕ေစတနာရွင္လူမႈကူညီေရးအသင္းထံမွ သိရသည္။

အဆိုပါ မီးေလာင္မႈျဖစ္စဥ္မွာ ဇူလိုင္လ ၂၃ ရက္၊ ညေန ၆နာရီအခ်ိန္တြင္ သဲကုန္းၿမိဳ႕နယ္၊ ပုတီးကုန္းၿမိဳ႕၊ ခ်မ္းေျမ့သာယာရပ္ကြက္၊ ေက်ာင္းစုလမ္းတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

“ပတ္ဝန္းက်င္ေျပာတာေတာ့။ မီးလာခ်ိန္ ညေန(၃)နာရီမွာ စြပ္ျပဳတ္အိုးေလးေႏႊးထားၿပီးေတာ့ သတိမထားမိပဲ ရိပ္သာကိုသြားတာ အဲဒီမွာစေလာင္တာလို႔ေတာ့ သိရတယ္ေပါ့”ဟု ေစတနာရွင္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါမီးေလာင္မႈအား မိနစ္ ၃၀ ခန႔္မီးျငႇိမ္းသတ္ခဲ့ရၿပီး ေနအိမ္တစ္လုံးမီးေလာင္ဆုံးရႈံးခဲ့ရေၾကာင္း သိရသည္။

“ အတြင္း ပစၥည္းေတာ့မသိဘူး။ ဒါေပမဲ့ တစ္အိမ္လုံးကေတာ့ဘာမွရစရာကိုမရွိေအာင္ အကုန္ေလာင္သြားတာပါ။ ေဘးအိမ္ေတြေတာ့မကူးပါဘူး"ဟု ၎ကဆက္လက္ေျပာသည္။

အထက္ပါမီးေလာင္မႈျဖစ္စဥ္တြင္ ၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕မ်ား၊ အသင္းအဖြဲ႕မ်ားႏွင့္ ၿမိဳ႕သူၿမိဳ႕သားမ်ားက ဝိုင္းဝန္းျငႇိမ္းသတ္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.