မော်လမြိုင်မြို့ရှိ သံလွင်တံတားပေါ်မှ ကိုရင်ကြီးတစ်ပါးခုန်ချမှု ဖြစ်ပွား

 739

သန့်ဇင် (NP News) - ဩဂုတ် ၂

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ သံလွင်တံတားပေါ်မှ သံလွင်မြစ်အတွင်းသို့ ကိုရင်ကြီးတစ်ပါး ခုန်ချသွားခဲ့ကြောင်း ဘိုဘိုဝင်းအရေးပေါ်လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့ (ဩဂုတ်လ ၂ ရက်)၊ နံနက် ၁၀နာရီ ၅၅မိနစ်အချိန်တွင် မော်လမြိုင်မြို့ရှိ သံလွင်တံတား RP 11 နှင့် RP 12 အကြားတွင် ခုန်ချသွားခဲ့ကြောင်း သိရသည်။

“ခုန်ချသွားတာကိုရင်ကြီးပေါ့။ မော်လမြိုင်ဘက်ကို လာရင်းနဲ့ အပေါ့သွားချင်တယ်ဆိုတော့ သုံးဘီးကရပ်ပေးလိုက်တယ်ဗျ။ အဲဒီမှာခုန်ချသွားတာပါ” ဟု ဘိုဘိုဝင်းအရေးပေါ်လူမှု ကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

ထိုသို့ခုန်ချသွားသော သံဃာတော်သည် ပေါင်မြို့နယ်၊ မုတ္တမ၊ ရွှေရင်အေးကျောင်းမှ သက်တော် (၄၉)နှစ်ရှိ ဥူးကောသလ္လဖြစ်ပြီး မော်လမြိုင်မြို့ရှိ မျက်စီ၊ နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံတွင် ဆေးခန်းပြရန် သက်တော်(၅၇)နှစ်ရှိ ဥူးအာစိန္တ၊ ယာဉ်မောင်းတစ်ဦးနှင့် အတူမီနီအိုးဝေဖြင့် ထွက်လာခဲ့ကြောင်း သိရသည်။

ထို့နောက် အဆိုပါတံတားပေါ်သို့အရောက်တွင် ဥူးကောသလ္လသည် တံတားယာဘက်ခြမ်း လူသွားစင်္ကြန်ဘက်သို့ကူးကာ လက်ရန်းဘောင်မှ ကျော်၍ သံလွင်မြစ်အတွင်းသို့ ခုန်ချသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“သံလွင်တံတား RP 11နဲ့ RP 12ကြားမှာပေါ့။ မြစ်အလယ်ခေါင်ကိုခုန်ချသွားပါ” ဟု ဘိုဘိုဝင်းအရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကဆက်လက် ပြောသည်။

လက်ရှိတွင် တံတားပေါ်မှခုန်ချသွားခဲ့သော ကိုရင်ကြီးသည် မည်သို့သောအကြောင်းရင်းကြောင့် ယခုကဲ့သို့ပြုလုပ်ခြင်းမသိရသေးကြောင်း နှင့် ကူညီရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

zawgyi version
ေမာ္လၿမိဳင္ၿမိဳ႕ရွိ သံလြင္တံတားေပၚမွ ကိုရင္ႀကီးတစ္ပါးခုန္ခ်မႈ ျဖစ္ပြား

သန႔္ဇင္ (NP News) - ဩဂုတ္ ၂

မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕ရွိ သံလြင္တံတားေပၚမွ သံလြင္ျမစ္အတြင္းသို႔ ကိုရင္ႀကီးတစ္ပါး ခုန္ခ်သြားခဲ့ေၾကာင္း ဘိုဘိုဝင္းအေရးေပၚလူမႈကယ္ဆယ္ေရးအသင္းထံမွ သိရသည္။

ျဖစ္စဥ္မွာ ယေန႔ (ဩဂုတ္လ ၂ ရက္)၊ နံနက္ ၁၀နာရီ ၅၅မိနစ္အခ်ိန္တြင္ ေမာ္လၿမိဳင္ၿမိဳ႕ရွိ သံလြင္တံတား RP 11 ႏွင့္ RP 12 အၾကားတြင္ ခုန္ခ်သြားခဲ့ေၾကာင္း သိရသည္။

“ခုန္ခ်သြားတာကိုရင္ႀကီးေပါ့။ ေမာ္လၿမိဳင္ဘက္ကို လာရင္းနဲ႔ အေပါ့သြားခ်င္တယ္ဆိုေတာ့ သုံးဘီးကရပ္ေပးလိုက္တယ္ဗ်။ အဲဒီမွာခုန္ခ်သြားတာပါ” ဟု ဘိုဘိုဝင္းအေရးေပၚလူမႈ ကယ္ဆယ္ေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

ထိုသို႔ခုန္ခ်သြားေသာ သံဃာေတာ္သည္ ေပါင္ၿမိဳ႕နယ္၊ မုတၱမ၊ ေ႐ႊရင္ေအးေက်ာင္းမွ သက္ေတာ္ (၄၉)ႏွစ္ရွိ ဥဴးေကာသလႅျဖစ္ၿပီး ေမာ္လၿမိဳင္ၿမိဳ႕ရွိ မ်က္စီ၊ နား၊ ႏွာေခါင္း၊ လည္ေခ်ာင္းေဆး႐ုံတြင္ ေဆးခန္းျပရန္ သက္ေတာ္(၅၇)ႏွစ္ရွိ ဥဴးအာစိႏၲ၊ ယာဥ္ေမာင္းတစ္ဦးႏွင့္ အတူမီနီအိုးေဝျဖင့္ ထြက္လာခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ အဆိုပါတံတားေပၚသို႔အေရာက္တြင္ ဥဴးေကာသလႅသည္ တံတားယာဘက္ျခမ္း လူသြားစၾကၤန္ဘက္သို႔ကူးကာ လက္ရန္းေဘာင္မွ ေက်ာ္၍ သံလြင္ျမစ္အတြင္းသို႔ ခုန္ခ်သြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

“သံလြင္တံတား RP 11နဲ႔ RP 12ၾကားမွာေပါ့။ ျမစ္အလယ္ေခါင္ကိုခုန္ခ်သြားပါ” ဟု ဘိုဘိုဝင္းအေရးေပၚလူမႈကူညီကယ္ဆယ္ေရးအသင္းမွ တာဝန္ရွိသူတစ္ဦးကဆက္လက္ ေျပာသည္။

လက္ရွိတြင္ တံတားေပၚမွခုန္ခ်သြားခဲ့ေသာ ကိုရင္ႀကီးသည္ မည္သို႔ေသာအေၾကာင္းရင္းေၾကာင့္ ယခုကဲ့သို႔ျပဳလုပ္ျခင္းမသိရေသးေၾကာင္း ႏွင့္ ကူညီရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.