ကြို့ပင်ကောက်မြို့၌ ကားတစ်စီး ဝါယာရှော့ဖြစ်ကာ မီးလောင်မှုဖြစ်ပွား

724
စော (NP News) - ဩဂုတ် ၁၁
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့၌ Hijet ကားတစ်စီး ဝါယာရှော့ဖြစ်ကာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဩဂုတ်လ ၁၀ ရက်)၊ ည(၇)နာရီဝန်းကျင်အချိန်တွင် ကြို့ပင်ကောက်မြို့၊ ပန်းခြံရှေ့၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကြို့ပင်ကောက်နာရေးကူညီမှုအသင်းထံမှ သိရသည်။
အဆိုပါ Hijet ယာဉ်သည် ရန်ကုန်-ပြည်ကားလမ်းမှ ရန်ကုန်သို့ မောင်းလာစဉ် ဝါယာရှော့ဖြစ်ကာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
“သူကမောင်းနေရင်းနဲ့ ကားထဲကအငွေ့တွေထွက်လာပြီး မီးစလောင်တာပါ။ ဝါယာရှော့ ဖြစ်တာပါပဲ။ ကားပေါ်မှာ နှစ်ယောက်ပါလာပါတယ်။ လူတွေကတော့ ထိခိုက်ဒဏ်ရာရရှိမှုမရှိပါဘူး”ဟု ကြို့ပင်ကောက်နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ကားမီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့သော်လည်း ကားခေါင်းပိုင်းတစ်ခုလုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် (ဩဂုတ်လ ၆ရက်)၊ နံနက် (၇)ခွဲအချိန်တွင် မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ မန္တလေး-မိုးကုတ်လမ်း၌ လိုက်ထရက်ကားတစ်စီး ရှေ့ဘီးပေါက်ကာ တိမ်းမှောက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

zawgyi version
ႀကိဳ႕ပင္ေကာက္ၿမိဳ႕၌ ကားတစ္စီး ဝါယာေရွာ့ျဖစ္ကာ မီးေလာင္မႈျဖစ္ပြား
ေစာ (NP News) - ဩဂုတ္ ၁၁
ပဲခူးတိုင္း၊ ႀကိဳ႕ပင္ေကာက္ၿမိဳ႕၌ Hijet ကားတစ္စီး ဝါယာေရွာ့ျဖစ္ကာ မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ဩဂုတ္လ ၁၀ ရက္)၊ ည(၇)နာရီဝန္းက်င္အခ်ိန္တြင္ ႀကိဳ႕ပင္ေကာက္ၿမိဳ႕၊ ပန္းၿခံေရွ႕၌ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ႀကိဳ႕ပင္ေကာက္နာေရးကူညီမႈအသင္းထံမွ သိရသည္။
အဆိုပါ Hijet ယာဥ္သည္ ရန္ကုန္-ျပည္ကားလမ္းမွ ရန္ကုန္သို႔ ေမာင္းလာစဥ္ ဝါယာေရွာ့ျဖစ္ကာ မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
“သူကေမာင္းေနရင္းနဲ႔ ကားထဲကအေငြ႕ေတြထြက္လာၿပီး မီးစေလာင္တာပါ။ ဝါယာေရွာ့ ျဖစ္တာပါပဲ။ ကားေပၚမွာ ႏွစ္ေယာက္ပါလာပါတယ္။ လူေတြကေတာ့ ထိခိုက္ဒဏ္ရာရရွိမႈမရွိပါဘူး”ဟု ႀကိဳ႕ပင္ေကာက္နာေရးကူညီမႈအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
ကားမီးေလာင္မႈေၾကာင့္ ထိခိုက္ဒဏ္ရာရရွိမႈမရွိခဲ့ေသာ္လည္း ကားေခါင္းပိုင္းတစ္ခုလုံး မီးေလာင္ပ်က္စီးဆုံးရႈံးခဲ့ေၾကာင္း သိရသည္။
အလားတူ ၿပီးခဲ့သည့္ (ဩဂုတ္လ ၆ရက္)၊ နံနက္ (၇)ခြဲအခ်ိန္တြင္ မႏၲေလးတိုင္း၊ စဥ့္ကူးၿမိဳ႕နယ္၊ မႏၲေလး-မိုးကုတ္လမ္း၌ လိုက္ထရက္ကားတစ္စီး ေရွ႕ဘီးေပါက္ကာ တိမ္းေမွာက္ၿပီး မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။