မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းရာ၌ အာဆီယံနိုင်ငံအချင်းချင်း နိုင်ငံရေးရောယှက်မှုကင်းရှင်းစွာ သတင်းဖလှယ်ရန်လိုအပ်ဟု မြန်မာနိုင်ငံဘက်က တိုက်တွန်း

627
ယွန်း (NP News) - သြဂုတ် ၁၄
မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းရာ၌ အာဆီယံနိုင်ငံအချင်းချင်း နိုင်ငံရေးရောယှက်မှုကင်းရှင်းစွာ သတင်းအချက်အလက်ဖလှယ်မှုများ တိုးမြှင့်ဆောင်ရွက်ရန်လိုကြောင်း ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောသည်။

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က သြဂုတ်လ(၁၀)ရက်မှ (၁၁)ရက်အထိ လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တွင် ကျင်းပခဲ့သော (၈)ကြိမ်မြောက် အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာဝန်ကြီးအဆင့်အစည်းအဝေး၌ အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ကမ္ဘာပေါ်ရှိနိုင်ငံအများစုတွင် လူလုပ်မူးယစ်ဆေးဝါး ထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်မှုများသည် အဓိကခြိမ်းခြောက်နေသည့် ပြဿနာဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောသည်။
ထို့ကြောင့် မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းဆောင်ရွက်ရာတွင် နိုင်ငံတစ်နိုင်ငံတည်း ဆောင်ရွက်၍မရနိုင်ဘဲ နိုင်ငံအားလုံး ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးကြောင်း ၎င်းက တိုက်တွန်းပြောကြားထား သည်။
ထိုသို့ဆောင်ရွက်ရာတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ အချင်းချင်းနိုင်ငံရေးရောယှက်မှုများ ကင်းရှင်းစွာ သတင်းအချက်အလက်ဖလှယ်မှုများ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရန် လိုအပ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က အသိပေးပြောကြားခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ကာ တပ်မတော် အပါအဝင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အကောက်ခွန်ဦးစီးဌာနတို့မှ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ ဒေသတွင်းနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်နေကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က အသိပေးပြောကြားထားသည်။
အလားတူ ဘိန်းစိုက်ပျိုးရာဒေသများ၌ အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း စဥ်ဆက်မပြတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

zawgyi version
မူးယစ္ေဆးဝါးျပႆနာကို ေျဖရွင္းရာ၌ အာဆီယံႏိုင္ငံအခ်င္းခ်င္း ႏိုင္ငံေရးေရာယွက္မႈကင္းရွင္းစြာ သတင္းဖလွယ္ရန္လိုအပ္ဟု ျမန္မာႏိုင္ငံဘက္က တိုက္တြန္း
ယြန္း (NP News) - ၾသဂုတ္ ၁၄
မူးယစ္ေဆးဝါးျပႆနာကို ေျဖရွင္းရာ၌ အာဆီယံႏိုင္ငံအခ်င္းခ်င္း ႏိုင္ငံေရးေရာယွက္မႈကင္းရွင္းစြာ သတင္းအခ်က္အလက္ဖလွယ္မႈမ်ား တိုးျမႇင့္ေဆာင္႐ြက္ရန္လိုေၾကာင္း ဒုတိယဗိုလ္ခ်ဳပ္ႀကီးရာျပည့္က ေျပာသည္။
ျပည္ထဲေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီးရာျပည့္က ၾသဂုတ္လ(၁၀)ရက္မွ (၁၁)ရက္အထိ လာအိုႏိုင္ငံ၊ ဗီယန္က်င္းၿမိဳ႕တြင္ က်င္းပခဲ့ေသာ (၈)ႀကိမ္ေျမာက္ အာဆီယံမူးယစ္ေဆးဝါးဆိုင္ရာဝန္ႀကီးအဆင့္အစည္းအေဝး၌ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ကမာၻေပၚရွိႏိုင္ငံအမ်ားစုတြင္ လူလုပ္မူးယစ္ေဆးဝါး ထုတ္လုပ္၊ သယ္ေဆာင္၊ ေရာင္းဝယ္မႈမ်ားသည္ အဓိကၿခိမ္းေျခာက္ေနသည့္ ျပႆနာျဖစ္ေၾကာင္း ဒုတိယဗိုလ္ခ်ဳပ္ႀကီးရာျပည့္က ေျပာသည္။
ထို႔ေၾကာင့္ မူးယစ္ေဆးဝါးျပႆနာကို ေျဖရွင္းေဆာင္႐ြက္ရာတြင္ ႏိုင္ငံတစ္ႏိုင္ငံတည္း ေဆာင္႐ြက္၍မရႏိုင္ဘဲ ႏိုင္ငံအားလုံး ပူးေပါင္းေဆာင္႐ြက္မႈသည္ အေရးႀကီးေၾကာင္း ၎က တိုက္တြန္းေျပာၾကားထား သည္။
ထိုသို႔ေဆာင္႐ြက္ရာတြင္ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ား အခ်င္းခ်င္းႏိုင္ငံေရးေရာယွက္မႈမ်ား ကင္းရွင္းစြာ သတင္းအခ်က္အလက္ဖလွယ္မႈမ်ား ပူးေပါင္းေဆာင္႐ြက္မႈမ်ား တိုးျမႇင့္သြားရန္ လိုအပ္ေၾကာင္း ဒုတိယဗိုလ္ခ်ဳပ္ႀကီးရာျပည့္က အသိေပးေျပာၾကားခဲ့သည္။
ျမန္မာႏိုင္ငံအေနျဖင့္ မူးယစ္ေဆးဝါးတိုက္ဖ်က္ေရးလုပ္ငန္းမ်ားကို အမ်ိဳးသားေရးတာဝန္တစ္ရပ္အျဖစ္ သတ္မွတ္ကာ တပ္မေတာ္ အပါအဝင္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ႏွင့္ အေကာက္ခြန္ဦးစီးဌာနတို႔မွ ပူးေပါင္းေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ထို႔ျပင္ မူးယစ္ေဆးဝါးတိုက္ဖ်က္ေရးလုပ္ငန္းမ်ားကို ကုလသမဂၢ အပါအဝင္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ား ေဒသတြင္းႏိုင္ငံမ်ား၊ အိမ္နီးခ်င္းႏိုင္ငံႏွင့္ အနီးကပ္ပူးေပါင္းေဆာင္႐ြက္ေနေၾကာင္း ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ရာျပည့္က အသိေပးေျပာၾကားထားသည္။
အလားတူ ဘိန္းစိုက္ပ်ိဳးရာေဒသမ်ား၌ အစားထိုးဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားကိုလည္း စဥ္ဆက္မျပတ္အေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။