မာရဝိဇယဘုရားကြီး၏ လျှပ်စစ်မီတာခသည် တစ်လလျှင်ကျပ်သိန်း (၁၅ဝဝ) နှင့် (၂၀၀၀)ကြားရှိဟုဆို

1100
ယွန်း (NP News) - သြဂုတ် ၂၄
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ကြီး၌ လျှပ်စစ်မီတာခသည် တစ်လလျှင် ငွေကျပ်သိန်း(၁၅၀၀) နှင့် (၂၀၀၀) ကြားတွင် ကုန်ကျနေပြီး ကုန်ကျစရိတ်ကို နိုင်ငံတော် ဘတ်ဂျက်မှ သုံးစွဲမည် မဟုတ်ကြောင်း နစကပြောခွင့်ရက အသိပေးပြောကြားခဲ့သည်။

နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြီးခဲ့သည့် (သြဂုတ်လ ၂၂ ရက်)တွင် နေပြည် တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပသည့် နစက၏သတင်းစာရှင်းလင်းပွဲတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ဘုရားကြီးအား စက်တင်ဘာလ(၃)ရက်အထိ အခမဲ့ဖူးမြော်ခွင့်ပြုထားပြီး ဘုရားဖူးပြည်သူများ နေ့စဥ်များပြားလျက်ရှိကြောင်း သိရသည်။
သို့သော် စက်တင်ဘာလ(၃)ရက်နောက်ပိုင်းမှစ၍ ဘုရားကြီးတည်တံ့ခိုင်မြဲရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက်လိုအပ်သည့် လုပ်ငန်းများဆောင်ရွက်နိုင်ရန်လိုအပ်သည့် ငွေကြေးများရရှိရေးအတွက် ဝင်ကြေးငွေကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
“လျှပ်စစ်မီတာခက တစ်လကို သိန်း(၁၅၀၀)နဲ့ (၂၀၀၀)ကြားလောက်ကို ကျပါတယ်။ ကျန်တာတွေမပါသေးဘူး။ သန့်ရှင်းရေးတွေ၊ ရေမီးတွေအတွက် ဝန်ထမ်းတွေလည်း ခန့်ရပါမယ်။ အနည်းဆုံး (၆၀၀)နဲ့ (၇၀၀)ကြားလောက်ခန့်ရမယ့် အနေအထားမှာရှိပါတယ်။ ဒီကုန်ကျ စရိတ်တွေကို နိုင်ငံတော်ဘတ်ဂျက်ကနေသုံးဖို့ မူဝါဒအရ မဖြစ်နိုင်ပါဘူး။ ထုံးစံလည်းမရှိဘူး။ ဘယ်ဘုရားစေတီမှာမှ ထုံးစံမရှိပါဘူး။ ယခင်ကလည်းမရှိဖူးပါဘူး။ ဒါကြောင့်မို့လို့ ဖူးမြော်ကုသိုလ်ယူသူများအတွက် ကုသိုလ်ယူခွင့်(၁၀၀၀)ကျပ် ကောက်ခံတာဖြစ်ပါတယ်” ဟု နစက ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ဘုရားကြီးဖူးမြော်ခွင့်အတွက် ဝင်ကြေးအား ကလေး၊ လူကြီးတစ်ဦးလျှင် ငွေကျပ်(၁၀၀၀) နှုန်းသာ သတ်မှတ်ထားပြီး အပျော်ရိုက်ကင်မရာယူဆောင်ခွင့်အတွက် ငွေကျပ်(၅၀၀၀)နှုန်းသတ်မှတ်ထားကြောင်း သိရသည်။
ရဟန်းသံဃာတော်များ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အခမဲ့ဖူးမြော်နိုင်မည်ဖြစ်ပြီး ဝန်ထမ်းများဖြစ်ပါက ဝန်ထမ်းကတ်ဖြင့် ၅ဝ ရာခိုင်နှုန်းသာ ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။
“ဖုန်းနဲ့ပတ်သက်လို့ သာမန်သုံးနေတဲ့ဖုန်းဆို ကိစ္စမရှိပါဘူး။ ခုခေတ်မှာက တစ်ချို့ဖုန်းတွေက professional ကင်မရာတွေနီးပါးလောက်ကို ကောင်းတာတွေရှိတယ်။ ဒီဖုန်းတွေနဲ့ပဲ short video ရိုက်တာတွေ ဇာတ်ကားရိုက်တင်တာတို့တွေ တွေ့ပါလိမ့်မယ်။ ဒါကြောင့် ဒီလိုမျိုးလုပ်နိုင်တာတွေဆိုရင်တော့ တစ်နည်းတစ်ဖုံစဥ်းစားမှာဖြစ်ပါတယ်။ အများပြည်သူ သာမာန်သုံးနေတဲ့ဟာမျိုးဆိုရင်တော့ တစ်နည်းတစ်ဖုံစဥ်းစားမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောသည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်အား အနေကဇာတင်ခြင်း၊ ကျောက်စာရုံစေတီများအား ထီးတော်တင်လှူခြင်းအခမ်းအနားများကို ပြီးခဲ့သည့် သြဂုတ်လ (၁)ရက်တွင် ကျင်းပခဲ့ပြီးနောက် သြဂုတ်လ (၈) ရက်တွင် ပြည်သူများအား စတင်ဖူးမြော်ခွင့်ပြုခဲ့သည်။

zawgyi version
မာရဝိဇယဘုရားႀကီး၏ လွ်ပ္စစ္မီတာခသည္ တစ္လလွ်င္က်ပ္သိန္း (၁၅ဝဝ) ႏွင့္ (၂၀၀၀)ၾကားရွိဟုဆို
ယြန္း (NP News) - ၾသဂုတ္ ၂၄
မာရဝိဇယဗုဒၶ႐ုပ္ပြားေတာ္ႀကီး၌ လွ်ပ္စစ္မီတာခသည္ တစ္လလွ်င္ ေငြက်ပ္သိန္း(၁၅၀၀) ႏွင့္ (၂၀၀၀) ၾကားတြင္ ကုန္က်ေနၿပီး ကုန္က်စရိတ္ကို ႏိုင္ငံေတာ္ ဘတ္ဂ်က္မွ သုံးစြဲမည္ မဟုတ္ေၾကာင္း နစကေျပာခြင့္ရက အသိေပးေျပာၾကားခဲ့သည္။
နစကေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ၿပီးခဲ့သည့္ (ၾသဂုတ္လ ၂၂ ရက္)တြင္ ေနျပည္ ေတာ္ရွိ ျပန္ၾကားေရးဝန္ႀကီးဌာန၌ က်င္းပသည့္ နစက၏သတင္းစာရွင္းလင္းပြဲတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
လက္ရွိတြင္ ဘုရားႀကီးအား စက္တင္ဘာလ(၃)ရက္အထိ အခမဲ့ဖူးေျမာ္ခြင့္ျပဳထားၿပီး ဘုရားဖူးျပည္သူမ်ား ေန႔စဥ္မ်ားျပားလ်က္ရွိေၾကာင္း သိရသည္။
သို႔ေသာ္ စက္တင္ဘာလ(၃)ရက္ေနာက္ပိုင္းမွစ၍ ဘုရားႀကီးတည္တံ့ခိုင္ၿမဲေရးႏွင့္ သန႔္ရွင္းသာယာလွပေရးအတြက္လိုအပ္သည့္ လုပ္ငန္းမ်ားေဆာင္႐ြက္ႏိုင္ရန္လိုအပ္သည့္ ေငြေၾကးမ်ားရရွိေရးအတြက္ ဝင္ေၾကးေငြေကာက္ခံသြားမည္ျဖစ္ေၾကာင္း သိရသည္။
“လွ်ပ္စစ္မီတာခက တစ္လကို သိန္း(၁၅၀၀)နဲ႔ (၂၀၀၀)ၾကားေလာက္ကို က်ပါတယ္။ က်န္တာေတြမပါေသးဘူး။ သန႔္ရွင္းေရးေတြ၊ ေရမီးေတြအတြက္ ဝန္ထမ္းေတြလည္း ခန႔္ရပါမယ္။ အနည္းဆုံး (၆၀၀)နဲ႔ (၇၀၀)ၾကားေလာက္ခန႔္ရမယ့္ အေနအထားမွာရွိပါတယ္။ ဒီကုန္က် စရိတ္ေတြကို ႏိုင္ငံေတာ္ဘတ္ဂ်က္ကေနသုံးဖို႔ မူဝါဒအရ မျဖစ္ႏိုင္ပါဘူး။ ထုံးစံလည္းမရွိဘူး။ ဘယ္ဘုရားေစတီမွာမွ ထုံးစံမရွိပါဘူး။ ယခင္ကလည္းမရွိဖူးပါဘူး။ ဒါေၾကာင့္မို႔လို႔ ဖူးေျမာ္ကုသိုလ္ယူသူမ်ားအတြက္ ကုသိုလ္ယူခြင့္(၁၀၀၀)က်ပ္ ေကာက္ခံတာျဖစ္ပါတယ္” ဟု နစက ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
ဘုရားႀကီးဖူးေျမာ္ခြင့္အတြက္ ဝင္ေၾကးအား ကေလး၊ လူႀကီးတစ္ဦးလွ်င္ ေငြက်ပ္(၁၀၀၀) ႏႈန္းသာ သတ္မွတ္ထားၿပီး အေပ်ာ္႐ိုက္ကင္မရာယူေဆာင္ခြင့္အတြက္ ေငြက်ပ္(၅၀၀၀)ႏႈန္းသတ္မွတ္ထားေၾကာင္း သိရသည္။
ရဟန္းသံဃာေတာ္မ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအေနျဖင့္ အခမဲ့ဖူးေျမာ္ႏိုင္မည္ျဖစ္ၿပီး ဝန္ထမ္းမ်ားျဖစ္ပါက ဝန္ထမ္းကတ္ျဖင့္ ၅ဝ ရာခိုင္ႏႈန္းသာ ေကာက္ခံမည္ျဖစ္ေၾကာင္း သိရသည္။
“ဖုန္းနဲ႔ပတ္သက္လို႔ သာမန္သုံးေနတဲ့ဖုန္းဆို ကိစၥမရွိပါဘူး။ ခုေခတ္မွာက တစ္ခ်ိဳ႕ဖုန္းေတြက professional ကင္မရာေတြနီးပါးေလာက္ကို ေကာင္းတာေတြရွိတယ္။ ဒီဖုန္းေတြနဲ႔ပဲ short video ႐ိုက္တာေတြ ဇာတ္ကား႐ိုက္တင္တာတို႔ေတြ ေတြ႕ပါလိမ့္မယ္။ ဒါေၾကာင့္ ဒီလိုမ်ိဳးလုပ္ႏိုင္တာေတြဆိုရင္ေတာ့ တစ္နည္းတစ္ဖုံစဥ္းစားမွာျဖစ္ပါတယ္။ အမ်ားျပည္သူ သာမာန္သုံးေနတဲ့ဟာမ်ိဳးဆိုရင္ေတာ့ တစ္နည္းတစ္ဖုံစဥ္းစားမွာျဖစ္ပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆက္လက္ေျပာသည္။
မာရဝိဇယဗုဒၶ႐ုပ္ပြားေတာ္အား အေနကဇာတင္ျခင္း၊ ေက်ာက္စာ႐ုံေစတီမ်ားအား ထီးေတာ္တင္လႉျခင္းအခမ္းအနားမ်ားကို ၿပီးခဲ့သည့္ ၾသဂုတ္လ (၁)ရက္တြင္ က်င္းပခဲ့ၿပီးေနာက္ ၾသဂုတ္လ (၈) ရက္တြင္ ျပည္သူမ်ားအား စတင္ဖူးေျမာ္ခြင့္ျပဳခဲ့သည္။