ထိုင်းရောက် MoU လုပ်သားများအား One Stop Service စနစ်ဖြင့် လုပ်ငန်းခွင်သို့ အမြန်ပြန်လည်ဝင်ရောက်နိုင်မည့် လုပ်ငန်းစဥ် မကြာမီစတင်မည်

681
ယွန်း (NP News) - သြဂုတ် ၂၆
နိုင်ငံကူးလက်မှတ်သက်တမ်း (၂)နှစ်နှင့်အထက်ကျန်နေသည့် ထိုင်းရောက်မြန်မာများအား One Stop Service စနစ်ဖြင့် လုပ်ငန်းခွင်သို့ အမြန်ပြန်လည်ဝင်ရောက်နိုင်သည့် လုပ်ငန်းစဥ်ကို မကြာမီဆောင်ရွက်မည်ဟု ထိုင်းရှိ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ ယနေ့(သြဂုတ်လ ၂၆ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ထိုင်းနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါ ကာလမတိုင်မီ MoU အစီအစဉ်ဖြင့် ရောက်ရှိနေသူများသည် ကိုဗစ်-၁၉ ကာလ လွန်မြောက်ချိန်၌ မြန်မာသံရုံး (ဘန်ကောက်)နှင့် ကောင်စစ်ဝန်ချုပ်ရုံး (ချင်းမိုင်)တို့တွင် နိုင်ငံကူးလက်မှတ်များကို သက်တမ်းတိုးကာ ထိုင်းနိုင်ငံအတွင်း ဆက်လက်နေထိုင်အလုပ်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံ၌ နေထိုင်ခွင့်သက်တမ်းကုန်နေသော်လည်း နိုင်ငံကူးလက်မှတ် ၂ နှစ်နှင့်အထက် ကျန်ရှိနေသူ များသည် MoU ၏ U-Turn လုပ်ငန်းစဥ်ကို မြန်မာနိုင်ငံတွင် ထပ်မံပြုပြီးမှ ထိုင်းနိုင်ငံတွင် U-Turn အစီအစဥ်ဖြင့် ပြန်လည်လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း သံရုံးမှ ပြီးခဲ့သည့် ရက်ပိုင်းကထုတ်ပြန်ထားသည်။
လက်ရှိတွင် MOU/U-Turn စနစ်ကို ယခင်ကဲ့သို့ ရန်ကုန်မြို့အထိ ပြန်လည်သွားရောက်လုပ်ကိုင်စရာမလိုဘဲ မြဝတီမြို့ နှင့် ကော့သောင်းမြို့များတွင် ပြန်လည်လုပ်ကိုင်နိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
MoU လုပ်သားများအနေဖြင့် အဆိုပါမြို့များသို့ ပြန်လည်ဝင်ရောက်၍ One Stop Service စနစ်ဖြင့် ထိုင်းနိုင်ငံရှိလုပ်ငန်းခွင်အသီးသီးကို ရက်တိုတိုဖြင့် ပြန်လည်ဝင်ရောက်နိုင်မည့် လုပ်ငန်းစဥ်ကို မကြာမီကာလတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဘန်ကောက်ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
ထို့ကြောင့် လုပ်ငန်းခွင်ရှိ HR Manager များ၊ တာဝန်ရှိသူများကို အသိပေးထားရန်လိုအပ်ပြီး စတင်ဖွင့်လှစ်မည့်ရက်နှင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဥ်အသေးစိတ်အား ထပ်မံအသိပေးသွားမည်ဖြစ်ကြာင်း သံရုံးမှ ထုတ်ပြန်ထားသည်။

zawgyi version
ထိုင္းေရာက္ MoU လုပ္သားမ်ားအား One Stop Service စနစ္ျဖင့္ လုပ္ငန္းခြင္သို႔ အျမန္ျပန္လည္ဝင္ေရာက္ႏိုင္မည့္ လုပ္ငန္းစဥ္ မၾကာမီစတင္မည္
ယြန္း (NP News) - ၾသဂုတ္ ၂၆
ႏိုင္ငံကူးလက္မွတ္သက္တမ္း (၂)ႏွစ္ႏွင့္အထက္က်န္ေနသည့္ ထိုင္းေရာက္ျမန္မာမ်ားအား One Stop Service စနစ္ျဖင့္ လုပ္ငန္းခြင္သို႔ အျမန္ျပန္လည္ဝင္ေရာက္ႏိုင္သည့္ လုပ္ငန္းစဥ္ကို မၾကာမီေဆာင္႐ြက္မည္ဟု ထိုင္းရွိ ျမန္မာသံ႐ုံးမွ ထုတ္ျပန္ထားသည္။
ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးမွ ယေန႔(ၾသဂုတ္လ ၂၆ ရက္)တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
ထိုင္းႏိုင္ငံသို႔ ကိုဗစ္-၁၉ ေရာဂါ ကာလမတိုင္မီ MoU အစီအစဥ္ျဖင့္ ေရာက္ရွိေနသူမ်ားသည္ ကိုဗစ္-၁၉ ကာလ လြန္ေျမာက္ခ်ိန္၌ ျမန္မာသံ႐ုံး (ဘန္ေကာက္)ႏွင့္ ေကာင္စစ္ဝန္ခ်ဳပ္႐ုံး (ခ်င္းမိုင္)တို႔တြင္ ႏိုင္ငံကူးလက္မွတ္မ်ားကို သက္တမ္းတိုးကာ ထိုင္းႏိုင္ငံအတြင္း ဆက္လက္ေနထိုင္အလုပ္လုပ္ကိုင္လ်က္ရွိေၾကာင္း သိရသည္။
ထိုင္းႏိုင္ငံ၌ ေနထိုင္ခြင့္သက္တမ္းကုန္ေနေသာ္လည္း ႏိုင္ငံကူးလက္မွတ္ ၂ ႏွစ္ႏွင့္အထက္ က်န္ရွိေနသူ မ်ားသည္ MoU ၏ U-Turn လုပ္ငန္းစဥ္ကို ျမန္မာႏိုင္ငံတြင္ ထပ္မံျပဳၿပီးမွ ထိုင္းႏိုင္ငံတြင္ U-Turn အစီအစဥ္ျဖင့္ ျပန္လည္လုပ္ကိုင္ႏိုင္မည္ျဖစ္ေၾကာင္း သံ႐ုံးမွ ၿပီးခဲ့သည့္ ရက္ပိုင္းကထုတ္ျပန္ထားသည္။
လက္ရွိတြင္ MOU/U-Turn စနစ္ကို ယခင္ကဲ့သို႔ ရန္ကုန္ၿမိဳ႕အထိ ျပန္လည္သြားေရာက္လုပ္ကိုင္စရာမလိုဘဲ ျမဝတီၿမိဳ႕ ႏွင့္ ေကာ့ေသာင္းၿမိဳ႕မ်ားတြင္ ျပန္လည္လုပ္ကိုင္ႏိုင္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
MoU လုပ္သားမ်ားအေနျဖင့္ အဆိုပါၿမိဳ႕မ်ားသို႔ ျပန္လည္ဝင္ေရာက္၍ One Stop Service စနစ္ျဖင့္ ထိုင္းႏိုင္ငံရွိလုပ္ငန္းခြင္အသီးသီးကို ရက္တိုတိုျဖင့္ ျပန္လည္ဝင္ေရာက္ႏိုင္မည့္ လုပ္ငန္းစဥ္ကို မၾကာမီကာလတြင္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ဘန္ေကာက္ရွိ ျမန္မာသံ႐ုံးက ထုတ္ျပန္ထားသည္။
ထို႔ေၾကာင့္ လုပ္ငန္းခြင္ရွိ HR Manager မ်ား၊ တာဝန္ရွိသူမ်ားကို အသိေပးထားရန္လိုအပ္ၿပီး စတင္ဖြင့္လွစ္မည့္ရက္ႏွင့္ ေဆာင္႐ြက္ရမည့္လုပ္ငန္းစဥ္အေသးစိတ္အား ထပ္မံအသိေပးသြားမည္ျဖစ္ၾကာင္း သံ႐ုံးမွ ထုတ္ျပန္ထားသည္။