အိန္ဒိယက ၎င်းရဲ့ လကမ္ဘာခရီးစဉ်ကို အခြားနိုင်ငံတွေအတွက် စံပြဖြစ်ဖို့ မျှော်လင့်ထား

965
ရောင်နီ (NP News) - ဩဂုတ် ၂၇
အိန္ဒိယနိုင်ငံရဲ့ ကုန်ကျစရိတ်သက်သာတဲ့ လကမ္ဘာ ခရီးနှင်မှုဟာ ကိုယ်ပိုင် အာကာသ အစီအစဉ်တွေ ဖော်ဆောင်လိုတဲ့ အခြားနိုင်ငံတွေအတွက် စံနမူနာတစ်ခုဖြစ်တယ်လို့ ၀န်ကြီးချုပ် နာရန်ဒရာမိုဒီက စနေနေ့ (သြဂုတ်လ ၂၆ ရက်)မှာ ပြောကြားခဲ့ပါတယ်။

အိန္ဒိယရဲ့ "Mooncraft" ဟာ ဗုဒ္ဓဟူးနေ့ (သြဂုတ်လ ၂၃ ရက်)က လမျက်နှာပြင်၊ လတောင်ဝင်ရိုးစွန်းပေါ် ကို အောင်အောင်မြင်မြင် ဆင်းသက်နိုင်ခဲ့ပါတယ်။ ဒါကြောင့် အိန္ဒိယဟာ လကမ္ဘာပေါ် အန္တရာယ်ကင်း ကင်း ဆင်းသက်နိုင်ခဲ့တဲ့ အမေရိကန်၊ ရုရှားနဲ့ တရုတ်နိုင်ငံပြီးရင် စတုတ္ထမြောက် နိုင်ငံဖြစ်လာခဲ့ပါတယ်။ အဆိုပါ အောင်မြင်မှုဟာ အိန္ဒိယရဲ့ ဘတ်ဂျက် အာကာသအစီအစဉ်အတွက် မှတ်တိုင်တစ်ခုဖြစ်ခဲ့ပါတယ်။
"ကျွန်ုပ်တို့ရဲ့ မစ်ရှင်အောင်မြင်မှုဟာ အခြားနိုင်ငံတွေရဲ့ လကမ္ဘာ ခရီးစဉ်တွေအတွက် လမ်းကြောင်းသစ် တွေ ဖွင့်ပေးနိုင်မယ်"လို့ မိုဒီက ဘန်ဂလာရုရှိ Indian Space Research Organisation (ISRO) ပရဝုဏ်မှာ မစ်ရှင်ဝန်ထမ်းတွေကို ပြောကြားခဲ့ပါတယ်။ "ဒါကလရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကို ဖော်ထုတ်ပေးရုံသာမက ကမ္ဘာမြေရဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းရာမှာ အထောက်အကူဖြစ်စေမှာပါ" လို့ ၎င်းက ဆိုခဲ့ပါတယ်။
အိန္ဒိယရဲ့ အာကာသယာဉ် Chandrayaan-3 ဟာ အမေရိကန်ဒေါ်လာ ၇၄.၆ သန်းသာ ကုန်ကျပြီး အခြားနိုင်ငံတွေက လကမ္ဘာ မစ်ရှင်တွေထက် ကုန်ကျစားရိတ်ကို များစွာချွေတာနိုင်ခဲ့ပါတယ်။ ဒါဟာ အိန္ဒိယနိုင်ငံကရှိပြီးသား နည်းပညာကို လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်ပြီး ကျွမ်းကျင်တဲ့ အင်ဂျင်နီယာတွေ များစွာအသုံးပြုခြင်းကြောင့် ကုန်ကျစရိတ် သက်သာခဲ့တာ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောကြားခဲ့ပါတယ်။

zawgyi version
အိႏၵိယက ၎ရဲ႕ လကမာၻခရီးစဥ္ကို အျခားႏိုင္ငံေတြအတြက္ စံျပျဖစ္ဖို႔ ေမွ်ာ္လင့္ထား
ေရာင္နီ (NP News) - ဩဂုတ္ ၂၇
အိႏၵိယႏိုင္ငံရဲ႕ ကုန္က်စရိတ္သက္သာတဲ့ လကမာၻ ခရီးႏွင္မႈဟာ ကိုယ္ပိုင္ အာကာသ အစီအစဥ္ေတြ ေဖာ္ေဆာင္လိုတဲ့ အျခားႏိုင္ငံေတြအတြက္ စံနမူနာတစ္ခုျဖစ္တယ္လို႔ ၀န္ႀကီးခ်ဳပ္ နာရန္ဒရာမိုဒီက စေနေန႔ (ၾသဂုတ္လ ၂၆ ရက္)မွာ ေျပာၾကားခဲ့ပါတယ္။
အိႏၵိယရဲ႕ "Mooncraft" ဟာ ဗုဒၶဟူးေန႔ (ၾသဂုတ္လ ၂၃ ရက္)က လမ်က္ႏွာျပင္၊ လေတာင္ဝင္႐ိုးစြန္းေပၚ ကို ေအာင္ေအာင္ျမင္ျမင္ ဆင္းသက္ႏိုင္ခဲ့ပါတယ္။ ဒါေၾကာင့္ အိႏၵိယဟာ လကမာၻေပၚ အႏၲရာယ္ကင္း ကင္း ဆင္းသက္ႏိုင္ခဲ့တဲ့ အေမရိကန္၊ ႐ုရွားနဲ႔ တ႐ုတ္ႏိုင္ငံၿပီးရင္ စတုတၳေျမာက္ ႏိုင္ငံျဖစ္လာခဲ့ပါတယ္။ အဆိုပါ ေအာင္ျမင္မႈဟာ အိႏၵိယရဲ႕ ဘတ္ဂ်က္ အာကာသအစီအစဥ္အတြက္ မွတ္တိုင္တစ္ခုျဖစ္ခဲ့ပါတယ္။
"ကြၽႏ္ုပ္တို႔ရဲ႕ မစ္ရွင္ေအာင္ျမင္မႈဟာ အျခားႏိုင္ငံေတြရဲ႕ လကမာၻ ခရီးစဥ္ေတြအတြက္ လမ္းေၾကာင္းသစ္ ေတြ ဖြင့္ေပးႏိုင္မယ္"လို႔ မိုဒီက ဘန္ဂလာ႐ုရွိ Indian Space Research Organisation (ISRO) ပရဝုဏ္မွာ မစ္ရွင္ဝန္ထမ္းေတြကို ေျပာၾကားခဲ့ပါတယ္။ "ဒါကလရဲ႕ လွ်ိဳ႕ဝွက္ဆန္းၾကယ္မႈေတြကို ေဖာ္ထုတ္ေပး႐ုံသာမက ကမာၻေျမရဲ႕ စိန္ေခၚမႈေတြကို ေျဖရွင္းရာမွာ အေထာက္အကူျဖစ္ေစမွာပါ" လို႔ ၎က ဆိုခဲ့ပါတယ္။
အိႏၵိယရဲ႕ အာကာသယာဥ္ Chandrayaan-3 ဟာ အေမရိကန္ေဒၚလာ ၇၄.၆ သန္းသာ ကုန္က်ၿပီး အျခားႏိုင္ငံေတြက လကမာၻ မစ္ရွင္ေတြထက္ ကုန္က်စားရိတ္ကို မ်ားစြာေခြၽတာႏိုင္ခဲ့ပါတယ္။ ဒါဟာ အိႏၵိယႏိုင္ငံကရွိၿပီးသား နည္းပညာကို လိုက္ေလ်ာညီေထြျဖစ္ေအာင္ ျပဳလုပ္ၿပီး ကြၽမ္းက်င္တဲ့ အင္ဂ်င္နီယာေတြ မ်ားစြာအသုံးျပဳျခင္းေၾကာင့္ ကုန္က်စရိတ္ သက္သာခဲ့တာ ျဖစ္တယ္လို႔ ကြၽမ္းက်င္သူေတြက ေျပာၾကားခဲ့ပါတယ္။