အိမ်စီးကားမှ တွဲကားကိုကျော်တက်စဉ် မျက်နှာချင်းဆိုင်မှ ဆိုင်ကယ်အား ဝင်တိုက်မှုကြောင့် လင်မယား(၂)ဦး ပွဲချင်းပြီးသေဆုံးမှု သံဖြူဇရပ်တွင်ဖြစ်ပွား

 4781

NP News - စက်တင်ဘာ ၅

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ သံဖြူဇရပ်-ရေးသွားကားလမ်းတွင် အိမ်စီးကားမှ တွဲကားအား ကျော်တက်စဉ် မျက်နှာချင်းဆိုင်မှ လင်မယား(၂)ဦးမောင်းနှင်လာသည့် ဆိုင်ကယ်အား ဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၅ရက်)၊ နံနက် ၈နာရီ ၄၀မိနစ်အချိန်တွင် သံဖြူဇရပ်မြို့နယ်၊ စွပ်ပလောင်ကျေးရွာအနီး၊ သံဖြူဇရပ်-ရေးသွားကားလမ်းမကြီးတွင် ဖြစ်ပွားခဲ့ကြောင်း စေတနာရှင်လူမှုကူညီရေးအသင်းထံမှ သိရသည်။

"Misubishi အိမ်စီးကားက ၁၂ဘီးကားတွဲကားကို ကျော်တက်တာမှာ တစ်ဖက်ကလာတဲ့ဆိုင်ကယ်ကို မျက်နှာချင်း ဆိုင်တိုက်သွားတာပေါ့"ဟု စေတနာရှင်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် သံဖြူဇရပ်မြို့တွင်နေထိုင်သည့် ဆိုင်ကယ်ပေါ်မှအသက်(၄၀)ဝန်းကျင် လင်မယား(၂)ဦးသည် နေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။

"လင်မယား(၂)ယောက်က ရေးဘက်ကိုသွားတာဗျ။ သူတို့က သံဖြူဇရပ်မြို့ပေါ်ကလေ။ ကားနဲ့တိုက်တော့ (၂) ယောက်လုံးကတော့ ပွဲချင်းပြီးဆုံးသွားတယ်။ တိုက်တဲ့ကားက လိုင်စင်မပါဘူးဗျ။ တိုက်ပြီးကားသမားက ကားကိုထားပြီးထွက်ပြေးသွားတာ"ဟု ၎င်းကဆက်လက်ပြောသည်။

ယာဉ်တိုက်မှုတွင် သေဆုံးသွားသည့် အမျိုးသားနှင့် အမျိုးသမီးအား သံဖြူဇရပ်ဆေးရုံရှိ ရင်ခွဲရုံသို့ပို့ဆောင်ထားပြီး ကားပေါ်မှထွက်ပြေးသွားသည့် ယာဉ်မောင်းအား သက်ဆိုင်ရာမှ စုံစမ်းရှာဖွေလျက်ရှိကြောင်း သိရသည်။

zawgyi version
အိမ္စီးကားမွ တြဲကားကိုေက်ာ္တက္စဥ္ မ်က္ႏွာခ်င္းဆိုင္မွ ဆိုင္ကယ္အား ဝင္တိုက္မႈေၾကာင့္ လင္မယား(၂)ဦး ပြဲခ်င္းၿပီးေသဆုံးမႈ သံျဖဴဇရပ္တြင္ျဖစ္ပြား

NP News - စက္တင္ဘာ ၅

မြန္ျပည္နယ္၊ သံျဖဴဇရပ္ၿမိဳ႕နယ္ရွိ သံျဖဴဇရပ္-ေရးသြားကားလမ္းတြင္ အိမ္စီးကားမွ တြဲကားအား ေက်ာ္တက္စဥ္ မ်က္ႏွာခ်င္းဆိုင္မွ လင္မယား(၂)ဦးေမာင္းႏွင္လာသည့္ ဆိုင္ကယ္အား ဝင္တိုက္မႈျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔ (စက္တင္ဘာလ ၅ရက္)၊ နံနက္ ၈နာရီ ၄၀မိနစ္အခ်ိန္တြင္ သံျဖဴဇရပ္ၿမိဳ႕နယ္၊ စြပ္ပေလာင္ေက်း႐ြာအနီး၊ သံျဖဴဇရပ္-ေရးသြားကားလမ္းမႀကီးတြင္ ျဖစ္ပြားခဲ့ေၾကာင္း ေစတနာရွင္လူမႈကူညီေရးအသင္းထံမွ သိရသည္။

"Misubishi အိမ္စီးကားက ၁၂ဘီးကားတြဲကားကို ေက်ာ္တက္တာမွာ တစ္ဖက္ကလာတဲ့ဆိုင္ကယ္ကို မ်က္ႏွာခ်င္း ဆိုင္တိုက္သြားတာေပါ့"ဟု ေစတနာရွင္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါယာဥ္တိုက္မႈေၾကာင့္ သံျဖဴဇရပ္ၿမိဳ႕တြင္ေနထိုင္သည့္ ဆိုင္ကယ္ေပၚမွအသက္(၄၀)ဝန္းက်င္ လင္မယား(၂)ဦးသည္ ေနရာတြင္ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

"လင္မယား(၂)ေယာက္က ေရးဘက္ကိုသြားတာဗ်။ သူတို႔က သံျဖဴဇရပ္ၿမိဳ႕ေပၚကေလ။ ကားနဲ႔တိုက္ေတာ့ (၂) ေယာက္လုံးကေတာ့ ပြဲခ်င္းၿပီးဆုံးသြားတယ္။ တိုက္တဲ့ကားက လိုင္စင္မပါဘူးဗ်။ တိုက္ၿပီးကားသမားက ကားကိုထားၿပီးထြက္ေျပးသြားတာ"ဟု ၎ကဆက္လက္ေျပာသည္။

ယာဥ္တိုက္မႈတြင္ ေသဆုံးသြားသည့္ အမ်ိဳးသားႏွင့္ အမ်ိဳးသမီးအား သံျဖဴဇရပ္ေဆး႐ုံရွိ ရင္ခြဲ႐ုံသို႔ပို႔ေဆာင္ထားၿပီး ကားေပၚမွထြက္ေျပးသြားသည့္ ယာဥ္ေမာင္းအား သက္ဆိုင္ရာမွ စုံစမ္းရွာေဖြလ်က္ရွိေၾကာင္း သိရသည္။

Picture

ကိုကျော်ဇင် ကိုကျော်ဇင်

07/09/2023 13:43

တရားခံရအောင်ဖော်ထုတ်ထိထိရောက်ရောက်ပြစ်ဒါဏ်ချ

Related news

© 2021. All rights reserved.