ရန်ကုန်-မန္တလေးရထားလမ်းပိုင်း ထပ်မံမိုင်းခွဲခံခဲ့ရ၊ နစကလက်ထက်အတွင်း ရထားလမ်း နှင့် ဘူတာရုံ မိုင်းခွဲဖျက်ဆီးခံရမှုအကြိမ်ရေ (၁၂၅)ကြိမ်ရှိ

 3211

မြူနစ် (NP News) - စက်တင်ဘာ ၆

ရန်ကုန်-မန္တလေးရထားလမ်းပိုင်း ထပ်မံမိုင်းခွဲခံခဲ့ရပြီး လက်ရှိ နစကလက်ထက်၌ ရထားလမ်းနှင့်ဘူတာရုံ မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် အကြိမ်ရေသည် (၁၂၅)ကြိမ်ရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်ဘူတာအနီးရှိ ရန်ကုန်-မန္တလေးရထားလမ်းပိုင်း မိုင်တိုင်အမှတ် (၉၉) တွင် ယမန်နေ့(စက်တင်ဘာလ ၅ ရက်)၊ နံနက် ၂ နာရီခွဲအချိန်တွင် အကြမ်းဖက်အဖွဲ့၏ မိုင်းခွဲဖျက်ဆီးခြင်းကို ခံခဲ့ရကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

၎င်းရထားလမ်းပိုင်းကို အကြမ်းဖက်သမားများက မိုင်း(၂)လုံးဖြင့် ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး ယင်းကဲ့သို့ ဖောက်ခွဲခဲ့မှုကြောင့် ရထားသံလမ်းပေ (၈၀)ခန့် ပြတ်တောက်တွန့်လိမ်ခြင်း၊ ကွန်ကရစ်ဇလီဖား(၁၄)တုံးပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း နစကမှ အသိပေးထားသည်။

ထိုသို့ဖျက်ဆီးခံရမှုကြောင့် မန္တလေး-ရန်ကုန်သို့ ထွက်ခွာလာသော လူစီးအမြန်ရထားသည် ယမန်နေ့ (စက်တင်ဘာ လ ၅ ရက်)၊ နံနက် ၃ နာရီခွဲအချိန်တွင် အခင်းဖြစ်ပွားရာနေရာအရောက်၌ အချိန်မီရပ်တန့်နိုင်ခဲ့ပြီး ရထားခရီးစဉ်အား ခေတ္တရပ်တန့်ခဲ့ရကြောင်း သိရသည်။

မြန်မာ့မီးရထားအနေဖြင့် မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် ပျက်စီးခဲ့သော ရထားလမ်းပိုင်းအား ပြန်လည်ပြုပြင်ခဲ့ရာတွင် နံနက် ၁၁ နာရီအချိန်ခန့်၌ ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ရထားခရီးစဉ်များကို ပြန်လည်ပြေးဆွဲနိုင်ခဲ့ကြောင်း နစကမှ အသိပေးထားသည်။

နိုင်ငံတော်တာဝန်များကို ရယူခဲ့သော နစကအစိုးရလက်ထက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ လက်ရှိအချိန်ထိ ရထား လမ်းကွန်ယက်တစ်ခုလုံးတွင် ရထားလမ်းများ၊ ဘူတာနယ်မြေများအတွင်း အကြမ်းဖက်သမားများ၏ ဗုံးထောင်၊ မိုင်းခွဲဖျက်ဆီးမှု (၁၂၅)ကြိမ် ဖြစ်ပွားခဲ့ကြောင်း နစကဘက်က ထုတ်ပြန်ထားသည်။

ထို့ပြင် တံတားမိုင်းခွဲဖျက်ဆီးခြင်း အကြိမ်ရေသည် (၄၅)ကြိမ်၊ ဘူတာနှင့်ဝန်ထမ်းနေအိမ်များ မီးရှို့ဖျက်ဆီးခြင်းအကြိမ်ရေ (၁၂)ကြိမ်ရှိခဲ့ကြောင်းလည်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းကဲ့သို့ အကြမ်းဖက်လုပ်ရပ်များကြောင့် ရထားလမ်းနှင့်တံတားများပျက်စီးခြင်း၊ ရထားစက်ခေါင်းနှင့်တွဲများ ထိခိုက်ပျက်စီးခြင်း၊ ကုန်စည်များပျက်စီးဆုံးရှုံးခြင်း၊ ခရီးသည်များ လမ်းခရီး၌ ကြန့်ကြာ၍ အခက်အခဲမျိုးစုံကြုံတွေ့ခဲ့ရခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

zawgyi version
ရန္ကုန္-မႏၲေလးရထားလမ္းပိုင္း ထပ္မံမိုင္းခြဲခံခဲ့ရ၊ နစကလက္ထက္အတြင္း ရထားလမ္း ႏွင့္ ဘူတာ႐ုံ မိုင္းခြဲဖ်က္ဆီးခံရမႈအႀကိမ္ေရ (၁၂၅)ႀကိမ္ရွိ
ျမဴနစ္ (NP News) - စက္တင္ဘာ ၆

ရန္ကုန္-မႏၲေလးရထားလမ္းပိုင္း ထပ္မံမိုင္းခြဲခံခဲ့ရၿပီး လက္ရွိ နစကလက္ထက္၌ ရထားလမ္းႏွင့္ဘူတာ႐ုံ မိုင္းခြဲဖ်က္ဆီးခံခဲ့ရသည့္ အႀကိမ္ေရသည္ (၁၂၅)ႀကိမ္ရွိၿပီျဖစ္ေၾကာင္း သတင္းရရွိသည္။

ပဲခူးတိုင္း၊ ေညာင္ေလးပင္ၿမိဳ႕နယ္၊ ပိန္းဇလုပ္ဘူတာအနီးရွိ ရန္ကုန္-မႏၲေလးရထားလမ္းပိုင္း မိုင္တိုင္အမွတ္ (၉၉) တြင္ ယမန္ေန႔(စက္တင္ဘာလ ၅ ရက္)၊ နံနက္ ၂ နာရီခြဲအခ်ိန္တြင္ အၾကမ္းဖက္အဖြဲ႕၏ မိုင္းခြဲဖ်က္ဆီးျခင္းကို ခံခဲ့ရေၾကာင္း နစကမွ သတင္းထုတ္ျပန္ထားသည္။

၎ရထားလမ္းပိုင္းကို အၾကမ္းဖက္သမားမ်ားက မိုင္း(၂)လုံးျဖင့္ ေဖာက္ခြဲခဲ့ျခင္းျဖစ္ၿပီး ယင္းကဲ့သို႔ ေဖာက္ခြဲခဲ့မႈေၾကာင့္ ရထားသံလမ္းေပ (၈၀)ခန႔္ ျပတ္ေတာက္တြန႔္လိမ္ျခင္း၊ ကြန္ကရစ္ဇလီဖား(၁၄)တုံးပ်က္စီးျခင္းမ်ား ျဖစ္ေပၚခဲ့ေၾကာင္း နစကမွ အသိေပးထားသည္။

ထိုသို႔ဖ်က္ဆီးခံရမႈေၾကာင့္ မႏၲေလး-ရန္ကုန္သို႔ ထြက္ခြာလာေသာ လူစီးအျမန္ရထားသည္ ယမန္ေန႔ (စက္တင္ဘာ လ ၅ ရက္)၊ နံနက္ ၃ နာရီခြဲအခ်ိန္တြင္ အခင္းျဖစ္ပြားရာေနရာအေရာက္၌ အခ်ိန္မီရပ္တန႔္ႏိုင္ခဲ့ၿပီး ရထားခရီးစဥ္အား ေခတၱရပ္တန႔္ခဲ့ရေၾကာင္း သိရသည္။

ျမန္မာ့မီးရထားအေနျဖင့္ မိုင္းခြဲဖ်က္ဆီးခံရမႈေၾကာင့္ ပ်က္စီးခဲ့ေသာ ရထားလမ္းပိုင္းအား ျပန္လည္ျပဳျပင္ခဲ့ရာတြင္ နံနက္ ၁၁ နာရီအခ်ိန္ခန႔္၌ ျပန္လည္ဖြင့္လွစ္ေပးႏိုင္ခဲ့ၿပီး ရထားခရီးစဥ္မ်ားကို ျပန္လည္ေျပးဆြဲႏိုင္ခဲ့ေၾကာင္း နစကမွ အသိေပးထားသည္။

ႏိုင္ငံေတာ္တာဝန္မ်ားကို ရယူခဲ့ေသာ နစကအစိုးရလက္ထက္ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလမွစ၍ လက္ရွိအခ်ိန္ထိ ရထား လမ္းကြန္ယက္တစ္ခုလုံးတြင္ ရထားလမ္းမ်ား၊ ဘူတာနယ္ေျမမ်ားအတြင္း အၾကမ္းဖက္သမားမ်ား၏ ဗုံးေထာင္၊ မိုင္းခြဲဖ်က္ဆီးမႈ (၁၂၅)ႀကိမ္ ျဖစ္ပြားခဲ့ေၾကာင္း နစကဘက္က ထုတ္ျပန္ထားသည္။

ထို႔ျပင္ တံတားမိုင္းခြဲဖ်က္ဆီးျခင္း အႀကိမ္ေရသည္ (၄၅)ႀကိမ္၊ ဘူတာႏွင့္ဝန္ထမ္းေနအိမ္မ်ား မီးရႈိ႕ဖ်က္ဆီးျခင္းအႀကိမ္ေရ (၁၂)ႀကိမ္ရွိခဲ့ေၾကာင္းလည္း နစက၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ယင္းကဲ့သို႔ အၾကမ္းဖက္လုပ္ရပ္မ်ားေၾကာင့္ ရထားလမ္းႏွင့္တံတားမ်ားပ်က္စီးျခင္း၊ ရထားစက္ေခါင္းႏွင့္တြဲမ်ား ထိခိုက္ပ်က္စီးျခင္း၊ ကုန္စည္မ်ားပ်က္စီးဆုံးရႈံးျခင္း၊ ခရီးသည္မ်ား လမ္းခရီး၌ ၾကန႔္ၾကာ၍ အခက္အခဲမ်ိဳးစုံႀကဳံေတြ႕ခဲ့ရျခင္းမ်ား ျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.