နိုင်ငံရေးရောယှက်မှုကင်းသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းကိုသာ ဆောင်ရွက်နေပြီး မည့်သည့်နိုင်ငံ၊ အဖွဲ့အစည်းနှင့်မဆိုပူးပေါင်းရန် အသင့်ရှိဟု ရဲချုပ်ဆို

994
ယွန်း (NP News) - စက်တင်ဘာ ၉
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံရေးရောယှက်မှုကင်းသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းကိုသာ ဆောင်ရွက်နေပြီး မည့်သည့်နိုင်ငံ၊ အဖွဲ့အစည်းနှင့်မဆို ပူးပေါင်းရန် အသင့်ရှိနေကြောင်း အသိပေးပြောကြားသည်။

ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်က ပြီးခဲ့သည့် စက်တင်ဘာလ(၆)ရက်တွင် တရုတ်နိုင်ငံ၊ ပေကျင်းမြို့၌ ကျင်းပခဲ့သည့် (၁၄) ကြိမ်မြောက် မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ မဲခေါင်နားလည်မှုစာချွန်လွှာဝန်ကြီးအဆင့်အစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်၍ ဘက်ပေါင်းစုံမှကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် နိုင်ငံရေးရောယှက်မှုကင်းရှင်းသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းကိုသာ ဦးတည်ဆောင်ရွက်နေပြီး မည်သည့်နိုင်ငံ၊ အဖွဲ့အစည်းနှင့်မဆို ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိကြောင်း ရဲချုပ်က အသိပေးပြောကြားထားသည်။
အလားတူ ဒေသတွင်းမူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများကိုလည်း UNDO အပါအဝင် မဲခေါင်အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒကို ထုတ်လုပ်မှုလျှော့ချရေးနှင့် အစားထိုးဖွံ့ဖြိုးရေး၊ သုံးစွဲမှုများလျှော့ချရေးနှင့် နောက်ဆက်တွဲအန္တရာယ်လျှော့ချရေး၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး၊ သုတေသနလုပ်ငန်းများတိုးမြှင့်ရေး၊ လူ့အခွင့်အရေးပြဋ္ဌာန်းချက်များနှင့်အညီဖြစ်စေရေးဟူသော ကဏ္ဍ (၅) ရပ် ချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေးများကိုလည်း စီမံချက်ချမှတ်၍ နှစ်စဉ်ဆောင်ရွက်လျက်ရှိပြီး ဘိန်းစိုက်ပျိုးမှု လျော့နည်းပပျောက်စေရေးအတွက် ရှမ်းပြည်နယ်အတွင်း ရေရှည်တည်တံ့သော အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အလားတူ မဲခေါင်ဒေသခွဲအတွင်း ယခင်က ဘိန်းစိုက်ပျိုးမှုနှင့် ဘိန်းဖြူထုတ်လုပ်မှုသည် အဓိကပြဿနာတစ်ရပ် ဖြစ်ခဲ့သော်လည်း ယခုအခါ လူလုပ်မူးယစ်ဆေးဝါး (Synthetic Drug) ထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်မှုသည် ပိုမိုကြီးထွား ကျယ်ပြန့်လာခဲ့ကြောင်း သိရသည်။
ထို့ပြင် Happy Water အမည်ရှိ စိတ်ပြောင်းဆေးဝါးများ ရောစပ်သုံးစွဲမှု အခြေအနေသည်လည်း နေ့စဉ်နှင့်အမျှ မြင့်တက်နေသည်ကို ဖမ်းဆီးရမိမှု ဖြစ်စဉ်များအရ တွေ့ရှိရကြောင်း ရဲချုပ်က ဆက်လက်ပြောကြားသည်။

zawgyi version
ႏိုင္ငံေရးေရာယွက္မႈကင္းသည့္ မူးယစ္ေဆးဝါးတိုက္ဖ်က္ေရးလုပ္ငန္းကိုသာ ေဆာင္႐ြက္ေနၿပီး မည့္သည့္ႏိုင္ငံ၊ အဖြဲ႕အစည္းႏွင့္မဆိုပူးေပါင္းရန္ အသင့္ရွိဟု ရဲခ်ဳပ္ဆို
ယြန္း (NP News) - စက္တင္ဘာ ၉
ျမန္မာႏိုင္ငံအေနျဖင့္ ႏိုင္ငံေရးေရာယွက္မႈကင္းသည့္ မူးယစ္ေဆးဝါးတိုက္ဖ်က္ေရးလုပ္ငန္းကိုသာ ေဆာင္႐ြက္ေနၿပီး မည့္သည့္ႏိုင္ငံ၊ အဖြဲ႕အစည္းႏွင့္မဆို ပူးေပါင္းရန္ အသင့္ရွိေနေၾကာင္း အသိေပးေျပာၾကားသည္။
ဒုတိယဝန္ႀကီး၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ ရဲခ်ဳပ္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး နီလင္းေအာင္က ၿပီးခဲ့သည့္ စက္တင္ဘာလ(၆)ရက္တြင္ တ႐ုတ္ႏိုင္ငံ၊ ေပက်င္းၿမိဳ႕၌ က်င္းပခဲ့သည့္ (၁၄) ႀကိမ္ေျမာက္ မူးယစ္ေဆးဝါးထိန္းခ်ဳပ္ေရးဆိုင္ရာ မဲေခါင္နားလည္မႈစာခြၽန္လႊာဝန္ႀကီးအဆင့္အစည္းအေဝးတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ျမန္မာႏိုင္ငံအေနျဖင့္ မူးယစ္ေဆးဝါးတိုက္ဖ်က္ေရးလုပ္ငန္းမ်ားကို အမ်ိဳးသားေရးတာဝန္တစ္ရပ္အျဖစ္ သတ္မွတ္၍ ဘက္ေပါင္းစုံမွႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ထို႔ျပင္ ႏိုင္ငံေရးေရာယွက္မႈကင္းရွင္းသည့္ မူးယစ္ေဆးဝါးတိုက္ဖ်က္ေရး လုပ္ငန္းကိုသာ ဦးတည္ေဆာင္႐ြက္ေနၿပီး မည္သည့္ႏိုင္ငံ၊ အဖြဲ႕အစည္းႏွင့္မဆို ပူးေပါင္းေဆာင္႐ြက္သြားရန္ အသင့္ရွိေၾကာင္း ရဲခ်ဳပ္က အသိေပးေျပာၾကားထားသည္။
အလားတူ ေဒသတြင္းမူးယစ္ေဆးဝါး တိုက္ဖ်က္ေရးလုပ္ငန္းမ်ားကိုလည္း UNDO အပါအဝင္ မဲေခါင္အဖြဲ႕ဝင္ႏိုင္ငံမ်ားႏွင့္အတူ ဆက္လက္ပူးေပါင္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ၎က ေျပာသည္။
ထို႔ျပင္ ျမန္မာႏိုင္ငံအေနျဖင့္ အမ်ိဳးသားမူးယစ္ေဆးဝါးထိန္းခ်ဳပ္ေရးမူဝါဒကို ထုတ္လုပ္မႈေလွ်ာ့ခ်ေရးႏွင့္ အစားထိုးဖြံ႕ၿဖိဳးေရး၊ သုံးစြဲမႈမ်ားေလွ်ာ့ခ်ေရးႏွင့္ ေနာက္ဆက္တြဲအႏၲရာယ္ေလွ်ာ့ခ်ေရး၊ ႏိုင္ငံတကာ ပူးေပါင္းေဆာင္႐ြက္ေရး၊ သုေတသနလုပ္ငန္းမ်ားတိုးျမႇင့္ေရး၊ လူ႔အခြင့္အေရးျပ႒ာန္းခ်က္မ်ားႏွင့္အညီျဖစ္ေစေရးဟူေသာ က႑ (၅) ရပ္ ခ်မွတ္ကာ အေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး အထူးစစ္ဆင္ေရးမ်ားကိုလည္း စီမံခ်က္ခ်မွတ္၍ ႏွစ္စဥ္ေဆာင္႐ြက္လ်က္ရွိၿပီး ဘိန္းစိုက္ပ်ိဳးမႈ ေလ်ာ့နည္းပေပ်ာက္ေစေရးအတြက္ ရွမ္းျပည္နယ္အတြင္း ေရရွည္တည္တံ့ေသာ အစားထိုးဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားကိုလည္း စဥ္ဆက္မျပတ္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
အလားတူ မဲေခါင္ေဒသခြဲအတြင္း ယခင္က ဘိန္းစိုက္ပ်ိဳးမႈႏွင့္ ဘိန္းျဖဴထုတ္လုပ္မႈသည္ အဓိကျပႆနာတစ္ရပ္ ျဖစ္ခဲ့ေသာ္လည္း ယခုအခါ လူလုပ္မူးယစ္ေဆးဝါး (Synthetic Drug) ထုတ္လုပ္၊ သယ္ေဆာင္၊ ေရာင္းဝယ္မႈသည္ ပိုမိုႀကီးထြား က်ယ္ျပန႔္လာခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ Happy Water အမည္ရွိ စိတ္ေျပာင္းေဆးဝါးမ်ား ေရာစပ္သုံးစြဲမႈ အေျခအေနသည္လည္း ေန႔စဥ္ႏွင့္အမွ် ျမင့္တက္ေနသည္ကို ဖမ္းဆီးရမိမႈ ျဖစ္စဥ္မ်ားအရ ေတြ႕ရွိရေၾကာင္း ရဲခ်ဳပ္က ဆက္လက္ေျပာၾကားသည္။