အမြန်လမ်း၌ Hijet ကားတစ်စီးတိမ်းမှောက်ပြီး တစ်ဦးသေဆုံးကာ (၆)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

 2713

Pearl (NP News) - စက်တင်ဘာ ၁၁

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ Hijet ကားတစ်စီးတိမ်းမှောက်ပြီး အမျိုးသမီးတစ်ဦးသေဆုံးကာ (၆)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့ထံမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၁၁ ရက်)၊ နံနက် (၈)နာရီ(၄၀)မိနစ်အချိန်ခန့်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၁၇/၀ နှင့် ၂၁၈/၁)ဖာလုံကြား၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယာဉ်မောင်းအပါအဝင် အမျိုးသား(၄)ဦး နှင့် အမျိုးသမီး(၄)ဦး၊ စုစုပေါင်း (၈)ဦးလိုက်ပါလာသော HIJET အမျိုးအစား (အဖြူရောင်) ယာဉ်သည် မန္တလေးဘက်မှ နေပြည်တော်ဘက်သို့မောင်းနှင်လာစဉ် အခင်းဖြစ်နေရာသို့အရောက်၌ အရှိန်းမထိန်းနိုင်ဖြစ်ကာ တိမ်းမှောက်ပြီး လမ်းလယ်ကျွန်းပေါ်သို့ ရောက်ရှိသွားခဲ့ကြောင်း သိရသည်။

" Hijet ကား အရှိန်လွန်ပြီး မှောက်တာ။ (၇)ဦး ဒဏ်ရာရတာ။ (၁)ဦးက ဆေးရုံ‌ရောက်တော့ ဆုံးသွားတယ်" ဟု ပ‌လွေးအမြန်လမ်းမီးသတ်စခန်း၏တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

ဖြစ်စဉ်ကြောင့် အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ပြီး အမျိုးသား(၃)ဦး နှင့် အမျိုးသမီး(၃)ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ၎င်းတို့အားနေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံကြီးသို့ပို့ဆောင်ပေးထားပြီး ဒဏ်ရာရရှိသူများအနက် (၂)ဦးသည် စိုးရိမ်ဖွယ်ရာ အခြေအနေရှိကြောင်း သိရသည်။

zawgyi version
အျမန္လမ္း၌ Hijet ကားတစ္စီးတိမ္းေမွာက္ၿပီး တစ္ဦးေသဆုံးကာ (၆)ဦးထက္မနည္း ထိခိုက္ဒဏ္ရာရ

Pearl (NP News) - စက္တင္ဘာ ၁၁

ရန္ကုန္-မႏၲေလးအျမန္လမ္းမႀကီး၌ Hijet ကားတစ္စီးတိမ္းေမွာက္ၿပီး အမ်ိဳးသမီးတစ္ဦးေသဆုံးကာ (၆)ဦးထက္မနည္း ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း အျမန္လမ္းမီးသတ္တပ္ဖြဲ႕ထံမွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔ (စက္တင္ဘာလ ၁၁ ရက္)၊ နံနက္ (၈)နာရီ(၄၀)မိနစ္အခ်ိန္ခန႔္တြင္ ရန္ကုန္-မႏၲေလးအျမန္လမ္းမႀကီး၊ မိုင္တိုင္အမွတ္(၂၁၇/၀ ႏွင့္ ၂၁၈/၁)ဖာလုံၾကား၌ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ယာဥ္ေမာင္းအပါအဝင္ အမ်ိဳးသား(၄)ဦး ႏွင့္ အမ်ိဳးသမီး(၄)ဦး၊ စုစုေပါင္း (၈)ဦးလိုက္ပါလာေသာ HIJET အမ်ိဳးအစား (အျဖဴေရာင္) ယာဥ္သည္ မႏၲေလးဘက္မွ ေနျပည္ေတာ္ဘက္သို႔ေမာင္းႏွင္လာစဥ္ အခင္းျဖစ္ေနရာသို႔အေရာက္၌ အရွိန္းမထိန္းႏိုင္ျဖစ္ကာ တိမ္းေမွာက္ၿပီး လမ္းလယ္ကြၽန္းေပၚသို႔ ေရာက္ရွိသြားခဲ့ေၾကာင္း သိရသည္။

" Hijet ကား အရွိန္လြန္ၿပီး ေမွာက္တာ။ (၇)ဦး ဒဏ္ရာရတာ။ (၁)ဦးက ေဆး႐ုံ‌ေရာက္ေတာ့ ဆုံးသြားတယ္" ဟု ပ‌ေလြးအျမန္လမ္းမီးသတ္စခန္း၏တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ျဖစ္စဥ္ေၾကာင့္ အမ်ိဳးသမီးတစ္ဦး ေသဆုံးသြားခဲ့ၿပီး အမ်ိဳးသား(၃)ဦး ႏွင့္ အမ်ိဳးသမီး(၃)ဦးတို႔ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ ၎တို႔အားေနျပည္ေတာ္ကုတင္(၁၀၀၀)ေဆး႐ုံႀကီးသို႔ပို႔ေဆာင္ေပးထားၿပီး ဒဏ္ရာရရွိသူမ်ားအနက္ (၂)ဦးသည္ စိုးရိမ္ဖြယ္ရာ အေျခအေနရွိေၾကာင္း သိရသည္။

Picture

m t (တေဇ)

12/09/2023 08:56

Go hospital

Related news

© 2021. All rights reserved.