လေယာဉ်ပျက်ကျမှုကြောင့် အမေရိကန်အထက်လွှတ်တော်အမတ်တစ်ဦးနဲ့အတူ မိသားစုဝင်များ သေဆုံး

856

ဂျန်ဇက် (NP News) - အောက်တိုဘာ ၃
အမေရိကန်နိုင်ငံ မြောက်ဒါကိုတာပြည်နယ်ရဲ့အထက်လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ ဒေါက်လာဆင် နဲ့ မိသားစုဝင်များဟာ အမေရိကန်နိုင်ငံ အနောက်ပိုင်း Utah ဒေသမှာ အောက်တိုဘာ ၁ ရက်က လေယာဉ်ပျက်ကျခဲ့ ခြင်းကြောင့် သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။
အဆိုပါလေယာဉ်ပျက်ကျမှုကြောင့် လွှတ်တော်ကိုယ်စားလှယ်လာဆင် အပြင် ဇနီးသည်နဲ့ သားသမီးနှစ်ဦးတို့လည်း သေဆုံးခဲ့ကြောင်း၊ လေယာဉ်ဟာ Canyonlands လေယာဉ်ကွင်းကနေ ပျံတက်ခဲ့ပြီးနောက် မကြာမီ ပျက်ကျသွား ခဲ့တာဖြစ်ကြောင်း သတင်းတွေက ဆိုပါတယ်။
အမေရိကန်အစိုးရတာဝန်ရှိသူများက လေယာဉ်ပေါ်မှာ လိုက်ပါသွားတဲ့ လူလေးဦးစလုံး သေဆုံးသွားခဲ့ကြောင်း အတည်ပြုထားပါတယ်။ အမေရိကန်အမျိုးသား သယ်ယူပို့ဆောင်ရေးဘေးကင်းမှုဘုတ်အဖွဲ့ဟာ လေယာဉ်ပျက်ကျရတဲ့အကြောင်းအရင်းကို အတိအကျမသိသေးဘဲ စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါဘုတ်အဖွဲ့က "စုံစမ်းစစ်ဆေးရေးအရာရှိတွေဟာ လေယာဉ်မှတ်တမ်းတွေကို ထိန်းသိမ်းဖို့ စုံစမ်းစစ်ဆေးဖို့ တောင်းဆိုထားတယ်။ လေယာဉ်နဲ့ပတ်သက်တဲ့ရေဒါအချက်လက်၊ ရာသီဥတုအခြေအနေ၊ လေကြောင်းဆက်သွယ်မှုကိစ္စတွေကိုလည်း ထည့်သွင်းစစ်ဆေးမှာပါ" လို့ ပြောပါတယ်။
အဆိုပါ လွှတ်တော်အမတ်မိသားစုဟာ အမေရိကန်နိုင်ငံအနောက်ပိုင်းရှိတောတောင်တွေကို လေ့လာဖို့ သွားရောက်ချိန်မှာ လေယာဉ်ပျက်ကျမှုနဲ့ ရင်ဆိုင်ခဲ့ရခြင်းဖြစ်ကြောင်း သိရပါတယ်။

Zawgyi Version;
ေလယာဥ္ပ်က္က်မႈေၾကာင့္ အေမရိကန္အထက္လႊတ္ေတာ္အမတ္တစ္ဦးနဲ႔အတူ မိသားစုဝင္မ်ား ေသဆုံး
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၃
အေမရိကန္ႏိုင္ငံ ေျမာက္ဒါကိုတာျပည္နယ္ရဲ႕အထက္လႊတ္ေတာ္အမတ္တစ္ဦးျဖစ္တဲ့ ေဒါက္လာဆင္ နဲ႔ မိသားစုဝင္မ်ားဟာ အေမရိကန္ႏိုင္ငံ အေနာက္ပိုင္း Utah ေဒသမွာ ေအာက္တိုဘာ ၁ ရက္က ေလယာဥ္ပ်က္က်ခဲ့ ျခင္းေၾကာင့္ ေသဆုံးသြားခဲ့ေၾကာင္း သိရပါတယ္။
အဆိုပါေလယာဥ္ပ်က္က်မႈေၾကာင့္ လႊတ္ေတာ္ကိုယ္စားလွယ္လာဆင္ အျပင္ ဇနီးသည္နဲ႔ သားသမီးႏွစ္ဦးတို႔လည္း ေသဆုံးခဲ့ေၾကာင္း၊ ေလယာဥ္ဟာ Canyonlands ေလယာဥ္ကြင္းကေန ပ်ံတက္ခဲ့ၿပီးေနာက္ မၾကာမီ ပ်က္က်သြား ခဲ့တာျဖစ္ေၾကာင္း သတင္းေတြက ဆိုပါတယ္။
အေမရိကန္အစိုးရတာဝန္ရွိသူမ်ားက ေလယာဥ္ေပၚမွာ လိုက္ပါသြားတဲ့ လူေလးဦးစလုံး ေသဆုံးသြားခဲ့ေၾကာင္း အတည္ျပဳထားပါတယ္။ အေမရိကန္အမ်ိဳးသား သယ္ယူပို႔ေဆာင္ေရးေဘးကင္းမႈဘုတ္အဖြဲ႕ဟာ ေလယာဥ္ပ်က္က်ရတဲ့အေၾကာင္းအရင္းကို အတိအက်မသိေသးဘဲ စုံစမ္းစစ္ေဆးေနဆဲျဖစ္တယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။
အဆိုပါဘုတ္အဖြဲ႕က "စုံစမ္းစစ္ေဆးေရးအရာရွိေတြဟာ ေလယာဥ္မွတ္တမ္းေတြကို ထိန္းသိမ္းဖို႔ စုံစမ္းစစ္ေဆးဖို႔ ေတာင္းဆိုထားတယ္။ ေလယာဥ္နဲ႔ပတ္သက္တဲ့ေရဒါအခ်က္လက္၊ ရာသီဥတုအေျခအေန၊ ေလေၾကာင္းဆက္သြယ္မႈကိစၥေတြကိုလည္း ထည့္သြင္းစစ္ေဆးမွာပါ" လို႔ ေျပာပါတယ္။
အဆိုပါ လႊတ္ေတာ္အမတ္မိသားစုဟာ အေမရိကန္ႏိုင္ငံအေနာက္ပိုင္းရွိေတာေတာင္ေတြကို ေလ့လာဖို႔ သြားေရာက္ခ်ိန္မွာ ေလယာဥ္ပ်က္က်မႈနဲ႔ ရင္ဆိုင္ခဲ့ရျခင္းျဖစ္ေၾကာင္း သိရပါတယ္။