ပူတာအိုမြို့မှတစ်ဆင့် အဝေးသင်တက္ကသိုလ်တက်ရန် ထွက်လာသော ကျောင်းသား/သူများကို KIA ပူးပေါင်း အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား

 13345

မြူနစ် (NP News) - အောက်တိုဘာ ၆

ကချင်ပြည်နယ်၊ ပူတာအိုမြို့မှတစ်ဆင့် အဝေးသင်တက္ကသိုလ်တက်ရန် ထွက်ခွာလာသော ကျောင်းသား/သူများကို KIA ပူး ပေါင်းအဖွဲ့က ဖမ်းဆီးခေါ်ဆောင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့တို့ရှိ အဝေးသင်တက္ကသိုလ်များ၌ တက်ရောက်ရန်အတွက် ပူတာအိုမြို့မှတစ်ဆင့် ထွက်ခွာလာသော ကျောင်းသား/သူများသည် ပူတာအို-မြစ်ကြီးနားကားလမ်းပေါ်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်း၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“အဲဒီလိုတားတယ်။ စစ်ဆေးတယ်။ ဖမ်းတယ် အဲဒီသတင်းတွေ ကျွန်တော်တို့ ကြားရတယ်။ အရေအတွက် အတိအကျတော့ ကျွန်တော် မသိပါဘူး။ အဲဒီလိုဖမ်းသွားတယ်လို့ သတင်းကြားရတယ်။ ဖမ်းတာတော့ KIA တို့၊ PDF တို့ပဲ ရှိမှာပဲ။ ပူတာအို-မြစ်ကြီးနားလမ်း၊ ဆွမ်ပရာဘွမ်မြို့နယ် ဒေသထဲမှာ ဖြစ်လိမ့်မယ်။ ကားလမ်းပေါ်မှာပဲ” ဟု ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ပြောခွင့်ရ ဝန်ကြီးဦးဝင်းရဲထွန်းက NP News ကို ပြောသည်။

KIA ၊ PDF ပူးပေါင်းအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည့် ကျောင်းသား၊ကျောင်းသူအရေအတွက် နှင့် အချိန်၊ နေ့ရက် တို့ကို တိတိကျကျမသိရှိရကြောင်း ဝန်ကြီး ဦးဝင်းရဲထွန်းက ဆက်လက်ပြောသည်။

“နောက် အဝေးသင်လာဖြေမယ့် ကျောင်းတွေအတွက်ကိုတော့ အစိုးရက လိုတဲ့ ဌာနဆိုင်ရာတွေ ပေါင်းစပ်ပြီးတော့ သူတို့ ကို ကူညီဖို့တော့ လုပ်နေပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။


KIA ၊ PDF ပူးပေါင်းအဖွဲ့သည် ပြီးခဲ့သော အောက်တိုဘာ (၁)ရက်တွင် ပူတာအိုမှတဆင့် အဝေးသင် တက္ကသိုလ် တက်ရောက်ရန် ထွက်ခွာလာသည့် ကျောင်းသား၊ ကျောင်းသူ (၃ဝ)ကျော်ကို ဆွမ်ပရာဘွမ်မြို့နယ်အတွင်း၌ ဖမ်းဆီးခေါ်ဆောင် သွားခြင်းဖြစ်ကြောင်း ကနဦးသတင်းများအရ ကြားသိရသည်။

Zawgyi Version;
ပူတာအိုၿမိဳ႕မွတစ္ဆင့္ အေဝးသင္တကၠသိုလ္တက္ရန္ ထြက္ခြာလာေသာ ေက်ာင္းသား/သူမ်ားကို KIA ပူးေပါင္း အဖြဲ႕က ဖမ္းဆီးေခၚေဆာင္သြား
ျမဴနစ္ (NP News) - ေအာက္တိုဘာ ၆

ကခ်င္ျပည္နယ္၊ ပူတာအိုၿမိဳ႕မွတစ္ဆင့္ အေဝးသင္တကၠသိုလ္တက္ရန္ ထြက္ခြာလာေသာ ေက်ာင္းသား/သူမ်ားကို KIA ပူး ေပါင္းအဖြဲ႕က ဖမ္းဆီးေခၚေဆာင္မႈ ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

ျမစ္ႀကီးနားၿမိဳ႕ႏွင့္ မႏၲေလးၿမိဳ႕တို႔ရွိ အေဝးသင္တကၠသိုလ္မ်ား၌ တက္ေရာက္ရန္အတြက္ ပူတာအိုၿမိဳ႕မွတစ္ဆင့္ ထြက္ခြာလာေသာ ေက်ာင္းသား/သူမ်ားသည္ ပူတာအို-ျမစ္ႀကီးနားကားလမ္းေပၚ၊ ဆြမ္ပရာဘြမ္ၿမိဳ႕နယ္အတြင္း၌ ဖမ္းဆီးခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

“အဲဒီလိုတားတယ္။ စစ္ေဆးတယ္။ ဖမ္းတယ္ အဲဒီသတင္းေတြ ကြၽန္ေတာ္တို႔ ၾကားရတယ္။ အေရအတြက္ အတိအက်ေတာ့ ကြၽန္ေတာ္ မသိပါဘူး။ အဲဒီလိုဖမ္းသြားတယ္လို႔ သတင္းၾကားရတယ္။ ဖမ္းတာေတာ့ KIA တို႔၊ PDF တို႔ပဲ ရွိမွာပဲ။ ပူတာအို-ျမစ္ႀကီးနားလမ္း၊ ဆြမ္ပရာဘြမ္ၿမိဳ႕နယ္ ေဒသထဲမွာ ျဖစ္လိမ့္မယ္။ ကားလမ္းေပၚမွာပဲ” ဟု ကခ်င္ျပည္နယ္အစိုးရအဖြဲ႕၏ ေျပာခြင့္ရ ဝန္ႀကီးဦးဝင္းရဲထြန္းက NP News ကို ေျပာသည္။

KIA ၊ PDF ပူးေပါင္းအဖြဲ႕က ဖမ္းဆီးေခၚေဆာင္သြားသည့္ ေက်ာင္းသား၊ေက်ာင္းသူအေရအတြက္ ႏွင့္ အခ်ိန္၊ ေန႔ရက္ တို႔ကို တိတိက်က်မသိရွိရေၾကာင္း ဝန္ႀကီး ဦးဝင္းရဲထြန္းက ဆက္လက္ေျပာသည္။

“ေနာက္ အေဝးသင္လာေျဖမယ့္ ေက်ာင္းေတြအတြက္ကိုေတာ့ အစိုးရက လိုတဲ့ ဌာနဆိုင္ရာေတြ ေပါင္းစပ္ၿပီးေတာ့ သူတို႔ ကို ကူညီဖို႔ေတာ့ လုပ္ေနပါတယ္” ဟု ၎က ဆက္လက္ေျပာသည္။


KIA ၊ PDF ပူးေပါင္းအဖြဲ႕သည္ ၿပီးခဲ့ေသာ ေအာက္တိုဘာ (၁)ရက္တြင္ ပူတာအိုမွတဆင့္ အေဝးသင္ တကၠသိုလ္ တက္ေရာက္ရန္ ထြက္ခြာလာသည့္ ေက်ာင္းသား၊ ေက်ာင္းသူ (၃ဝ)ေက်ာ္ကို ဆြမ္ပရာဘြမ္ၿမိဳ႕နယ္အတြင္း၌ ဖမ္းဆီးေခၚေဆာင္ သြားျခင္းျဖစ္ေၾကာင္း ကနဦးသတင္းမ်ားအရ ၾကားသိရသည္။

Related news

© 2021. All rights reserved.