ပဲခူးမြစ်ရေသည် (၁၀၀၀)စင်တီမီတာအောက်သို့ ပြန်လည်ကျဆင်းလာသော်လည်း ပဲခူးမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ရှိနေဆဲဖြစ်

 1735

မြူနစ် (NP News) - အောက်တိုဘာ ၁၀

ပဲခူးမြစ်ရေသည် (၁၀၀၀)စင်တီမီတာအောက်သို့ ပြန်လည်ကျဆင်းလာသော်လည်း ပဲခူးမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ရှိနေဆဲဖြစ်ကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ မြစ်ရေမြင့်တက်ခြင်းတို့ကြောင့် အောက်တိုဘာလ ၇ ရက်မှစတင်ကာ လက်ရှိအချိန်ထိ ပဲခူးတစ်မြို့လုံးနီးပါး ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိသည်။

ပဲခူးမြို့မြစ်ရေ၏ စိုးရိမ်ရေမှတ်သည် (၈၈၀)စင်တီမီတာဖြစ်ပြီး ယမန်နေ့(အောက်တိုဘာလ ၉ ရက်)တွင် (၁၀၀၄)စင်တီမီတာအထိ စံချိန်တင်မြင့်တက်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အချက်အလက်များအရ သိရသည်။

အဆိုပါမြစ်ရေသည် ယနေ့(အောက်တိုဘာလ ၁၀ ရက်)၊ နံနက် ၆ နာရီခွဲအချိန် တိုင်းတာချက်အရ (၁၀၀၁)စင်တီမီတာသို့ပြန်လည်ကျဆင်းခဲ့ပြီး ယနေ့ နေ့လည် ၁၂ နာရီခွဲအချိန် ထပ်မံတိုင်းတာချက်အရ (၉၉၉)စင်တီမီတာသို့ ကျဆင်းလာခဲ့ကြောင်း မိုးဇလကပြောသည်။

ပဲခူးမြစ်ရေသည် နောက်တစ်ရက်အတွင်း ပေဝက်ခန့် ထပ်မံကျဆင်းလာနိုင်သော်လည်း ပဲခူးမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးဇလက အသိပေးထား သည်။

zawgyi version
ပဲခူးျမစ္ေရသည္ (၁၀၀၀)စင္တီမီတာေအာက္သို႔ ျပန္လည္က်ဆင္းလာေသာ္လည္း ပဲခူးၿမိဳ႕၏ စိုးရိမ္ေရမွတ္အထက္တြင္ ရွိေနဆဲျဖစ္
ျမဴနစ္ (NP News) - ေအာက္တိုဘာ ၁၀

ပဲခူးျမစ္ေရသည္ (၁၀၀၀)စင္တီမီတာေအာက္သို႔ ျပန္လည္က်ဆင္းလာေသာ္လည္း ပဲခူးၿမိဳ႕၏ စိုးရိမ္ေရမွတ္အထက္တြင္ ရွိေနဆဲျဖစ္ေၾကာင္း သိရသည္။

မိုးသည္းထန္စြာ႐ြာသြန္းျခင္းႏွင့္အတူ ျမစ္ေရျမင့္တက္ျခင္းတို႔ေၾကာင့္ ေအာက္တိုဘာလ ၇ ရက္မွစတင္ကာ လက္ရွိအခ်ိန္ထိ ပဲခူးတစ္ၿမိဳ႕လုံးနီးပါး ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ပြားလ်က္ရွိသည္။

ပဲခူးၿမိဳ႕ျမစ္ေရ၏ စိုးရိမ္ေရမွတ္သည္ (၈၈၀)စင္တီမီတာျဖစ္ၿပီး ယမန္ေန႔(ေအာက္တိုဘာလ ၉ ရက္)တြင္ (၁၀၀၄)စင္တီမီတာအထိ စံခ်ိန္တင္ျမင့္တက္ခဲ့ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။

အဆိုပါျမစ္ေရသည္ ယေန႔(ေအာက္တိုဘာလ ၁၀ ရက္)၊ နံနက္ ၆ နာရီခြဲအခ်ိန္ တိုင္းတာခ်က္အရ (၁၀၀၁)စင္တီမီတာသို႔ျပန္လည္က်ဆင္းခဲ့ၿပီး ယေန႔ ေန႔လည္ ၁၂ နာရီခြဲအခ်ိန္ ထပ္မံတိုင္းတာခ်က္အရ (၉၉၉)စင္တီမီတာသို႔ က်ဆင္းလာခဲ့ေၾကာင္း မိုးဇလကေျပာသည္။

ပဲခူးျမစ္ေရသည္ ေနာက္တစ္ရက္အတြင္း ေပဝက္ခန႔္ ထပ္မံက်ဆင္းလာႏိုင္ေသာ္လည္း ပဲခူးၿမိဳ႕၏ စိုးရိမ္ေရမွတ္အထက္တြင္ ဆက္လက္တည္ရွိႏိုင္ေၾကာင္း မိုးဇလက အသိေပးထား သည္။

Related news

© 2021. All rights reserved.