အမေရိကန်မှာ အလုပ်သမားဝန်ထမ်းတွေကို အဆီကျဆေး ထောက်ပံ့မယ့် အလုပ်ရှင်တွေ တိုးလာဖွယ်ရှိ

 749

ရောင်နီ (NP News) - အောက်တိုဘာ ၁၁

အမေရိကန်နိုင်ငံမှာ သြဂုတ်လနဲ့ စက်တင်ဘာလအကြား အသေးစား၊ အလတ်စား ကုမ္ပဏီလုပ်ငန်းတွေမှ HR department 500 ကို စစ်တမ်းကောက်ယူခဲ့ရာမှာ ယေဘုယျအားဖြင့်၊ HR department ၈၁ ရာခိုင်နှုန်း ဟာ ၎င်းတို့ရဲ့ဝန်ထမ်း ကျန်းမာရေးအတွက် တစ်စိတ်တစ်ပိုင်းအနေဖြင့် Wegovy နဲ့ Ozemic လို အဆီကျ glucagon-like peptide 1 receptor agonist ဆေးဝါးတွေ ထောက်ပံ့ပေးဖို့ စိတ်ဝင်စားနေကြတယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။

အဆိုပါစစ်တမ်းအရ ကိုယ်အလေးချိန်လျှော့ချတဲ့ ဆေးတွေ ထောက်ပံ့မယ့် အမေရိကန်အလုပ်ရှင် အရေအတွက် ဟာ ၂ဝ၂၄ ခုနှစ်မှာ နှစ်ဆနီးပါးထိ ရှိလာနိုင်မယ်လို့ ယူဆရပါတယ်။ Accolade (ACCD.O) မှ အလုပ်ရှင် ၅ဝ၂ ဦးရဲ့ စစ်တမ်းမှာ အလုပ်ရှင် ၄၃ ရာခိုင်နှုန်းဟာ ၂ဝ၂၄ ခုနှစ်မှာ GLP-1 ဆေးဝါးတွေ ထည့်သွင်းထောက်ပံ့နိုင်မယ်လို့ သိရပါတယ်။

GLP-1s၊ glucagon-like peptide 1 agonists (GLP-1s ) ဟာ အမျိုးအစား ၂ ဆီးချိုရောဂါနဲ့ ကိုယ်အလေးချိန်ကျ ဖို့အတွက် ကုသရာမှာ အသုံးပြုပါတယ်။

GLP-1 ဆေးဝါးတွေကိုထောက်ပံ့နေဆဲ ကုမ္ပဏီအားလုံးနီးပါးဟာလည်း ၎င်းကို လာမယ့်နှစ်မှာလည်း ဆက်လက် ထောက်ပံ့ဖို့ စီစဉ်နေတယ်လို့ စစ်တမ်းအရ သိရပါတယ်။ GLP-1 ဆေးကို ထောက်ပံ့ထားပြီးဖြစ်တဲ့ အလုပ်ရှင်များ ၂၅ ရာခိုင်နှုန်းဟာ ဝန်ထမ်းတွေရဲ့ဆက်ဆံရေး ကောင်းလာခြင်း၊ ကျန်းမာရေးအခြေအနေတိုးတက်မှုနဲ့ အလုံးစုံ ကျန်းမာရေးကောင်းမွန်မှုတို့ကြောင့် အဆိုပါဆေးဝါးတွေကို ဆက်လက်ထောက်ပံ့ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

Zawgyi Version;
အေမရိကန္မွာ အလုပ္သမားဝန္ထမ္းေတြကို အဆီက်ေဆး ေထာက္ပံ့မယ့္ အလုပ္ရွင္ေတြ တိုးလာဖြယ္ရွိ
ေရာင္နီ (NP News) - ေအာက္တိုဘာ ၁၁

အေမရိကန္ႏိုင္ငံမွာ ၾသဂုတ္လနဲ႔ စက္တင္ဘာလအၾကား အေသးစား၊ အလတ္စား ကုမၸဏီလုပ္ငန္းေတြမွ HR department 500 ကို စစ္တမ္းေကာက္ယူခဲ့ရာမွာ ေယဘုယ်အားျဖင့္၊ HR department ၈၁ ရာခိုင္ႏႈန္း ဟာ ၎တို႔ရဲ႕ဝန္ထမ္း က်န္းမာေရးအတြက္ တစ္စိတ္တစ္ပိုင္းအေနျဖင့္ Wegovy နဲ႔ Ozemic လို အဆီက် glucagon-like peptide 1 receptor agonist ေဆးဝါးေတြ ေထာက္ပံ့ေပးဖို႔ စိတ္ဝင္စားေနၾကတယ္လို႔ စစ္တမ္းေတြအရ သိရပါတယ္။

အဆိုပါစစ္တမ္းအရ ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်တဲ့ ေဆးေတြ ေထာက္ပံ့မယ့္ အေမရိကန္အလုပ္ရွင္ အေရအတြက္ ဟာ ၂ဝ၂၄ ခုႏွစ္မွာ ႏွစ္ဆနီးပါးထိ ရွိလာႏိုင္မယ္လို႔ ယူဆရပါတယ္။ Accolade (ACCD.O) မွ အလုပ္ရွင္ ၅ဝ၂ ဦးရဲ႕ စစ္တမ္းမွာ အလုပ္ရွင္ ၄၃ ရာခိုင္ႏႈန္းဟာ ၂ဝ၂၄ ခုႏွစ္မွာ GLP-1 ေဆးဝါးေတြ ထည့္သြင္းေထာက္ပံ့ႏိုင္မယ္လို႔ သိရပါတယ္။

GLP-1s၊ glucagon-like peptide 1 agonists (GLP-1s ) ဟာ အမ်ိဳးအစား ၂ ဆီးခ်ိဳေရာဂါနဲ႔ ကိုယ္အေလးခ်ိန္က် ဖို႔အတြက္ ကုသရာမွာ အသုံးျပဳပါတယ္။

GLP-1 ေဆးဝါးေတြကိုေထာက္ပံ့ေနဆဲ ကုမၸဏီအားလုံးနီးပါးဟာလည္း ၎ကို လာမယ့္ႏွစ္မွာလည္း ဆက္လက္ ေထာက္ပံ့ဖို႔ စီစဥ္ေနတယ္လို႔ စစ္တမ္းအရ သိရပါတယ္။ GLP-1 ေဆးကို ေထာက္ပံ့ထားၿပီးျဖစ္တဲ့ အလုပ္ရွင္မ်ား ၂၅ ရာခိုင္ႏႈန္းဟာ ဝန္ထမ္းေတြရဲ႕ဆက္ဆံေရး ေကာင္းလာျခင္း၊ က်န္းမာေရးအေျခအေနတိုးတက္မႈနဲ႔ အလုံးစုံ က်န္းမာေရးေကာင္းမြန္မႈတို႔ေၾကာင့္ အဆိုပါေဆးဝါးေတြကို ဆက္လက္ေထာက္ပံ့ဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.