သံဖြူဇရပ်မြို့၌ စကားများရန်ဖြစ်ကြရာမှ အမျိုးသမီး(၁)ဦး ဓားဖြင့်ခုတ်ခံရ

 1240

စော(NP News) - အောက်တိုဘာ ၁၅

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် စကားများရန်ဖြစ်ရာမှ အမျိုးသမီး(၁)ဦး ဓားဖြင့်ခုတ်ခံရကြောင်း သိရသည်။

ဖြစ်စဉ်မှာ ‌ယနေ့(အောက်တိုဘာလ ၁၅ ရက်)၊ နံနက်(၈)နာရီခွဲဝန်းကျင်အချိန်တွင် သံဖြူဇရပ်မြို့၊ ကျုံကရုတ်ကျေးရွာ၌ အထက်ပါကဲ့သိုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။

"အတိအကျကြီးတော့ သိလိုက်ရတာမဟုတ်ဘူးပေါ့နော်။ အမျိုးအချင်းချင်း ခြံမှာစကားများရင်းဓား‌တွေဘာတွေ ပါလာကြတာ"ဟု စေတနာရှင် လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

ဓားခုတ်ခံရမှုကြောင့် အဆိုပါ အမျိုးသမီးတွင် ဦးခေါင်း အပါအဝင် လက်နှင့် မျက်နှာတို့တွင်လည်း ပြတ်ရှဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

"လက်ရှိကတော့ ရန်ကုန်ပြည်သူ့ဆေးရုံကိုသွားနေတုန်းပါ။ စိုးရိမ်ရပါတယ်။ သတိတွေဘာတွေလည်းရနေသေးတယ်။ အသက်ရှုရတာလေးပဲ ခက်ခဲနေတာပါ။ နားကနေစပြီး နှာခေါင်းနားထိ ဓားဒဏ်ရာရသွားတာပါ"ဟု ၎င်းကဆက်လက်ပြောသည်။

လက်ရှိတွင် ၎င်းအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်‌နေကြောင်း သိရသည်။

zawgyi version
သံျဖဴဇရပ္ၿမိဳ႕၌ စကားမ်ားရန္ျဖစ္ၾကရာမွ အမ်ိဳးသမီး(၁)ဦး ဓားျဖင့္ခုတ္ခံရ
ေစာ(NP News) - ေအာက္တိုဘာ ၁၅

မြန္ျပည္နယ္၊ သံျဖဴဇရပ္ၿမိဳ႕နယ္တြင္ စကားမ်ားရန္ျဖစ္ရာမွ အမ်ိဳးသမီး(၁)ဦး ဓားျဖင့္ခုတ္ခံရေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ‌ယေန႔(ေအာက္တိုဘာလ ၁၅ ရက္)၊ နံနက္(၈)နာရီခြဲဝန္းက်င္အခ်ိန္တြင္ သံျဖဴဇရပ္ၿမိဳ႕၊ က်ဳံက႐ုတ္ေက်း႐ြာ၌ အထက္ပါကဲ့သိုျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ေစတနာရွင္လူမႈကယ္ဆယ္ေရးအသင္းထံမွ သိရသည္။

"အတိအက်ႀကီးေတာ့ သိလိုက္ရတာမဟုတ္ဘူးေပါ့ေနာ္။ အမ်ိဳးအခ်င္းခ်င္း ၿခံမွာစကားမ်ားရင္းဓား‌ေတြဘာေတြ ပါလာၾကတာ"ဟု ေစတနာရွင္ လူမႈကယ္ဆယ္ေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

ဓားခုတ္ခံရမႈေၾကာင့္ အဆိုပါ အမ်ိဳးသမီးတြင္ ဦးေခါင္း အပါအဝင္ လက္ႏွင့္ မ်က္ႏွာတို႔တြင္လည္း ျပတ္ရွဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း သိရသည္။

"လက္ရွိကေတာ့ ရန္ကုန္ျပည္သူ႔ေဆး႐ုံကိုသြားေနတုန္းပါ။ စိုးရိမ္ရပါတယ္။ သတိေတြဘာေတြလည္းရေနေသးတယ္။ အသက္ရႈရတာေလးပဲ ခက္ခဲေနတာပါ။ နားကေနစၿပီး ႏွာေခါင္းနားထိ ဓားဒဏ္ရာရသြားတာပါ"ဟု ၎ကဆက္လက္ေျပာသည္။

လက္ရွိတြင္ ၎အား ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို့ပို႔ေဆာင္‌ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.