၂ဝ၂ဝ ပြည့်နှစ်ရွေးကောက်ပွဲနှင့်ပတ်သက်သည့် တရားစီရင်မှုမတိုင်မီ အစိုးရရှေ့နေများ၊ တရားရုံး နှင့် မျက်မြင်သက်သေများကို ပြစ်တင်ဝေဖန်ခြင်းများ မပြုလုပ်ရန် အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့် တားမြစ်ခံရ

 521

Pika (NP News) - အောက်တိုဘာ ၁၇

ရွေးကောက်ပွဲ အဖျက်လုပ်ရပ်စွဲချက်များနှင့်ပတ်သက်သည့် တရားစီရင်မှုမတိုင်မီ အစိုးရရှေ့နေများ၊ တရားရုံး နှင့် မျက်မြင်သက်သေများကို ပြစ်တင်ဝေဖန်ခြင်းများ မပြုလုပ်ရန် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို အမေရိကန်တရားရုံးက အမိန့်ချမှတ်လိုက်သည်။

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် အစိုးရရှေ့နေများကို လူဆိုးအဖွဲ့တစ်ခုဟု ဝေဖန်ပြောဆိုခဲ့သလို အမှုတစ်ခုတွင် မျက်မြင်သက်သေတစ်ဦးအား သတ္တိမရှိသော ဝက်တစ်ကောင်ဟု ပြောဆိုခြင်းများပြုလုပ်ခဲ့ပြီး နောက် ယခုကဲ့သို့တားမြစ်ခံခဲ့ရခြင်းဖြစ်သည်။ အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်ကို ပြစ်တင်ဝေဖန်ခြင်း များမပြုလုပ်ရန် တားမြစ်ချက်သည် လုပ်ဆောင်ရန်လိုအပ်ကြောင်း တရားသူကြီး Tanya Chutkan က ပြောခဲ့သည်။

ဒေါ်နယ်ထရမ့်၏ ပြောရေးဆိုခွင့်ရှိသူက အဆိုပါစီရင်ချက်မှာ အခြားပါတီဝင်တစ်ဦး၏ အဖျက်လုပ်ရပ်တစ်ခုဖြစ် ကြောင်း ဝေဖန်ပြောဆိုခဲ့သည်။ ဒေါ်နယ်ထရမ့်က အစိုးရရှေ့နေများ၊ တရားသူကြီးများ နှင့် တရားရုံးဝန်ထမ်းကို ပြစ်တင်ဝေဖန်ပြောဆိုခြင်းများပြုလုပ်ပြီးနောက် စုံစမ်းစစ်ဆေးမှုကို ဦးဆောင်နေသော အထူးအတိုင်ပင်ခံ ဂျက်စမစ်က အဆိုပါတားမြစ်ချက်ကို တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ထို့အပြင် မျက်မြင်သက်သေများအပေါ် ဒေါ်နယ်ထရမ့်၏ ပြစ်တင်ဝေဖန်မှုများသည် အမှုကိစ္စအပေါ် သက်ရောက် မှုများရှိနိုင်ကြောင်း ဂျက်စမစ်၏ ရုံးက ပြောကြားခဲ့သည်။ အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်သည် ၂ဝ၂ဝ ပြည့်နှစ်ရွေးကောက်ပွဲတွင် ၎င်း၏ ရှုံးနိမ့်မှုကို ပြောင်းလဲရန် ကြားဝင်စွက်ဖက်မှုဖြင့် ယခုနှစ်အစောပိုင်းတွင် တရားစွဲ ဆိုခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဒေါ်နယ်ထရမ့်အပေါ် စွဲဆိုထားသော တရားစွဲဆိုချက်လေးခုမှာ လိမ်လည်ရန် ပူးပေါင်းကြံစည်မှု၊ တရားဝင် တရားစွဲဆိုမှုကို ဟန့်တားရန် ပူးပေါင်းကြံစည်မှု၊ တရားစွဲဆိုမှုကို နှောင့်ယှက်ခြင်း နှင့် နိုင်ငံသားများ၏ အခွင့်အရေးကို ဆန့်ကျင်ရန် ကြံစည်မှုတို့ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
၂ဝ၂ဝ ျပည့္ႏွစ္ေ႐ြးေကာက္ပြဲႏွင့္ပတ္သက္သည့္ တရားစီရင္မႈမတိုင္မီ အစိုးရေရွ႕ေနမ်ား၊ တရား႐ုံး ႏွင့္ မ်က္ျမင္သက္ေသမ်ားကို ျပစ္တင္ေဝဖန္ျခင္းမ်ား မျပဳလုပ္ရန္ အေမရိကန္သမၼတေဟာင္းေဒၚနယ္ထရမ့္ တားျမစ္ခံရ
Pika (NP News) - ေအာက္တိုဘာ ၁၇

ေ႐ြးေကာက္ပြဲ အဖ်က္လုပ္ရပ္စြဲခ်က္မ်ားႏွင့္ပတ္သက္သည့္ တရားစီရင္မႈမတိုင္မီ အစိုးရေရွ႕ေနမ်ား၊ တရား႐ုံး ႏွင့္ မ်က္ျမင္သက္ေသမ်ားကို ျပစ္တင္ေဝဖန္ျခင္းမ်ား မျပဳလုပ္ရန္ အေမရိကန္သမၼတေဟာင္း ေဒၚနယ္ထရမ့္ကို အေမရိကန္တရား႐ုံးက အမိန႔္ခ်မွတ္လိုက္သည္။

အေမရိကန္သမၼတေဟာင္း ေဒၚနယ္ထရမ့္သည္ အစိုးရေရွ႕ေနမ်ားကို လူဆိုးအဖြဲ႕တစ္ခုဟု ေဝဖန္ေျပာဆိုခဲ့သလို အမႈတစ္ခုတြင္ မ်က္ျမင္သက္ေသတစ္ဦးအား သတၱိမရွိေသာ ဝက္တစ္ေကာင္ဟု ေျပာဆိုျခင္းမ်ားျပဳလုပ္ခဲ့ၿပီး ေနာက္ ယခုကဲ့သို႔တားျမစ္ခံခဲ့ရျခင္းျဖစ္သည္။ အေမရိကန္သမၼတေဟာင္းေဒၚနယ္ထရမ့္ကို ျပစ္တင္ေဝဖန္ျခင္း မ်ားမျပဳလုပ္ရန္ တားျမစ္ခ်က္သည္ လုပ္ေဆာင္ရန္လိုအပ္ေၾကာင္း တရားသူႀကီး Tanya Chutkan က ေျပာခဲ့သည္။

ေဒၚနယ္ထရမ့္၏ ေျပာေရးဆိုခြင့္ရွိသူက အဆိုပါစီရင္ခ်က္မွာ အျခားပါတီဝင္တစ္ဦး၏ အဖ်က္လုပ္ရပ္တစ္ခုျဖစ္ ေၾကာင္း ေဝဖန္ေျပာဆိုခဲ့သည္။ ေဒၚနယ္ထရမ့္က အစိုးရေရွ႕ေနမ်ား၊ တရားသူႀကီးမ်ား ႏွင့္ တရား႐ုံးဝန္ထမ္းကို ျပစ္တင္ေဝဖန္ေျပာဆိုျခင္းမ်ားျပဳလုပ္ၿပီးေနာက္ စုံစမ္းစစ္ေဆးမႈကို ဦးေဆာင္ေနေသာ အထူးအတိုင္ပင္ခံ ဂ်က္စမစ္က အဆိုပါတားျမစ္ခ်က္ကို ေတာင္းဆိုခဲ့ျခင္းျဖစ္သည္။

ထို႔အျပင္ မ်က္ျမင္သက္ေသမ်ားအေပၚ ေဒၚနယ္ထရမ့္၏ ျပစ္တင္ေဝဖန္မႈမ်ားသည္ အမႈကိစၥအေပၚ သက္ေရာက္ မႈမ်ားရွိႏိုင္ေၾကာင္း ဂ်က္စမစ္၏ ႐ုံးက ေျပာၾကားခဲ့သည္။ အေမရိကန္သမၼတေဟာင္းေဒၚနယ္ထရမ့္သည္ ၂ဝ၂ဝ ျပည့္ႏွစ္ေ႐ြးေကာက္ပြဲတြင္ ၎၏ ရႈံးနိမ့္မႈကို ေျပာင္းလဲရန္ ၾကားဝင္စြက္ဖက္မႈျဖင့္ ယခုႏွစ္အေစာပိုင္းတြင္ တရားစြဲ ဆိုခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

ေဒၚနယ္ထရမ့္အေပၚ စြဲဆိုထားေသာ တရားစြဲဆိုခ်က္ေလးခုမွာ လိမ္လည္ရန္ ပူးေပါင္းႀကံစည္မႈ၊ တရားဝင္ တရားစြဲဆိုမႈကို ဟန႔္တားရန္ ပူးေပါင္းႀကံစည္မႈ၊ တရားစြဲဆိုမႈကို ေႏွာင့္ယွက္ျခင္း ႏွင့္ ႏိုင္ငံသားမ်ား၏ အခြင့္အေရးကို ဆန႔္က်င္ရန္ ႀကံစည္မႈတို႔ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.