ဒါရိုက်တာဇမ္ဗူထွန်းသက်လွင် နှင့် ဒါရိုက်တာအောင်ချမ်းလူတို့ကို ဖမ်းဆီးအရေးယူထား

1385

သုတကျော် (NP News) - အောက်တိုဘာ ၃၁
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား နှောင့်ယှက်ဟန့်တား ဖျက်ဆီးလိုသည့် ဒါရိုက်တာ ဇမ္ဗူထွန်း သက်လွင်နှင့် ဒါရိုက်တာ အောင်ချမ်းလူတို့ကို ဖမ်းဆီးအရေးယူထားကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား အောင်မြင်စွာကျင်းပနိုင်ရေးဆောင်ရွက်လျက်ရှိရာ ရွေးကောက်ပွဲအပေါ် နည်းလမ်းမျိုးစုံဖြင့် နှောင့်ယှက်ဟန့်တားနိုင်မည့်အခြေအနေမှ ကာကွယ်တားဆီးနိုင်ရန် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပြဋ္ဌာန်းခဲ့ပြီး ဥပဒေလိုက်နာမှုမရှိသူများအား ထိထိရောက်ရောက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုကဲ့သို့ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်တွင် “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့် သူများ” ရွေးကောက်ပွဲအသိပညာပေးဇာတ်လမ်းနှင့် ဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်ခဲ့သော အနုပညာရှင် များအား ပြည်ပရောက် အကြမ်းဖက်အဖွဲ့အစည်း အားပေးထောက်ခံသူများနှင့် တရားခံပြေးများမှ လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် မဟုတ်မမှန်ဝေဖန်ရေးသားသည့်အပေါ် ထောက်ခံခဲ့ကြသည့် ဒါရိုက်တာ သက်လွင်(ခ) ဇမ္ဗူထွန်းသက်လွင်နှင့် ဒါရိုက်တာ အောင်ချမ်းလူ(ခ)အေးချမ်းအောင် တို့အား ၎င်းတို့၏နေအိမ်အသီးသီးမှ ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်နှင့်ဖော်ပြထားသည်။
ဖမ်းဆီးရမိသူများအား စိစစ်ဖော်ထုတ်ချက်အရ ၎င်းတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ တပ်မတော်မှ နိုင်ငံတော်တာဝန်ထမ်းဆောင်နေသည့်အပေါ် ထောက်ခံမှုမရှိခဲ့သည့်အပြင် မကြာမီကျင်းပရန် ရှိသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စေရေးအတွက်လည်း ၎င်းတို့တတ်ကျွမ်းသည့် အနုပညာကဏ္ဍမှ ပူးပေါင်းပါဝင်ခြင်းမရှိခဲ့ကြောင်း၊ ၎င်းအပြင် ရွေးကောက်ပွဲအောင်မြင်စေရေးအတွက် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်နေသည့် အနုပညာရှင်များအား ပြည်ပရောက်အကြမ်းဖက်အဖွဲ့ အစည်း ထောက်ခံသူများနှင့် တရားခံပြေးများမှ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ဝေဖန်ရေးသားသည့်အပေါ်ထောက်ခံအားပေးခဲ့ကြကြောင်း စိစစ်တွေ့ရှိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ပြည်တွင်းတည်ငြိမ်အေးချမ်းမှုကိုမလိုလားသည့် ခေတ်သစ် မီဒီယာအပါအဝင် မီဒီယာအမည်ခံ အကြမ်းဖက်အားပေး ပြည်ပဩဇာခံအဖွဲ့ အစည်းများ၊ လူပုဂ္ဂိုလ်များ၏ လူမှုကွန်ရက်စာမျက်နှာများ၌ မဟုတ်မမှန်လုပ်ကြံရေးသားဖော်ပြချက်များကိုလည်း အစဉ်တစိုက် ထောက်ခံ အားပေးလျက်ရှိသည်ကို စိစစ်တွေ့ရှိရကြောင်း ရေးသားထားသည်။
ထို့ကြောင့် မီဒီယာအမည်ခံအကြမ်းဖက်အားပေး ပြည်ပဩဇာခံအဖွဲ့အစည်းများနှင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပေါ် ပြည်သူလူထုမှအထင်အမြင် လွဲမှားစေရန်အတွက် လှုံ့ဆော်ရေးသားသူများအား ထောက်ခံအားပေးခဲ့ကြသည့် သက်လွင်(ခ)ဇမ္ဗူထွန်းသက်လွင်နှင့် အောင်ချမ်းလူ (ခ)အေးချမ်းအောင်တို့ ၂ ဦးအား ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ အပါအဝင် ပြစ်မှုဆိုင်ရာဥပဒေများဖြင့် ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးဆောင်ရွက်နေသည့်လုပ်ငန်းစဉ်များကို နှောင့်ယှက်ဟန့်တားလိုသူများအား မိဘပြည်သူများ၏ပူးပေါင်းပါဝင်မှုဖြင့် ဖော်ထုတ်အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Zawgyi Version:
ဒါ႐ိုက္တာဇမၺဴထြန္းသက္လြင္ ႏွင့္ ဒါ႐ိုက္တာေအာင္ခ်မ္းလူတို႔ကို ဖမ္းဆီးအေရးယူထား
သုတေက်ာ္ (NP News) - ေအာက္တိုဘာ ၃၁
ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲအား ေႏွာင့္ယွက္ဟန႔္တား ဖ်က္ဆီးလိုသည့္ ဒါ႐ိုက္တာ ဇမၺဴထြန္း သက္လြင္ႏွင့္ ဒါ႐ိုက္တာ ေအာင္ခ်မ္းလူတို႔ကို ဖမ္းဆီးအေရးယူထားေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ႏိုင္ငံေတာ္အစိုးရအေနျဖင့္ ၂၀၂၅ ခုႏွစ္၊ ဒီဇင္ဘာလ ၂၈ ရက္တြင္ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲအား ေအာင္ျမင္စြာက်င္းပႏိုင္ေရးေဆာင္႐ြက္လ်က္ရွိရာ ေ႐ြးေကာက္ပြဲအေပၚ နည္းလမ္းမ်ိဳးစုံျဖင့္ ေႏွာင့္ယွက္ဟန႔္တားႏိုင္မည့္အေျခအေနမွ ကာကြယ္တားဆီးႏိုင္ရန္ ၂၀၂၅ ခုႏွစ္၊ ဇူလိုင္လ ၂၉ ရက္တြင္ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲမ်ားကို ေႏွာင့္ယွက္ဟန႔္တား ဖ်က္ဆီးျခင္းမွ ကာကြယ္ေပးေရးဥပေဒျပ႒ာန္းခဲ့ၿပီး ဥပေဒလိုက္နာမႈမရွိသူမ်ားအား ထိထိေရာက္ေရာက္အေရးယူေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ထိုကဲ့သို႔ေဆာင္႐ြက္လ်က္ရွိရာ ၂၀၂၅ ခုႏွစ္၊ ေအာက္တိုဘာလ ၂၉ ရက္တြင္ “ေခတ္သမိုင္းကို ဒုန္းစိုင္းမည့္ သူမ်ား” ေ႐ြးေကာက္ပြဲအသိပညာေပးဇာတ္လမ္းႏွင့္ ဇာတ္လမ္းတြင္ ပါဝင္သ႐ုပ္ေဆာင္ခဲ့ေသာ အႏုပညာရွင္ မ်ားအား ျပည္ပေရာက္ အၾကမ္းဖက္အဖြဲ႕အစည္း အားေပးေထာက္ခံသူမ်ားႏွင့္ တရားခံေျပးမ်ားမွ လူမႈကြန္ရက္ စာမ်က္ႏွာမွတစ္ဆင့္ မဟုတ္မမွန္ေဝဖန္ေရးသားသည့္အေပၚ ေထာက္ခံခဲ့ၾကသည့္ ဒါ႐ိုက္တာ သက္လြင္(ခ) ဇမၺဴထြန္းသက္လြင္ႏွင့္ ဒါ႐ိုက္တာ ေအာင္ခ်မ္းလူ(ခ)ေအးခ်မ္းေအာင္ တို႔အား ၎တို႔၏ေနအိမ္အသီးသီးမွ ဖမ္းဆီးရမိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္ႏွင့္ေဖာ္ျပထားသည္။
ဖမ္းဆီးရမိသူမ်ားအား စိစစ္ေဖာ္ထုတ္ခ်က္အရ ၎တို႔သည္ ဖြဲ႕စည္းပုံအေျခခံဥပေဒ (၂၀၀၈ ခုႏွစ္)ႏွင့္အညီ တပ္မေတာ္မွ ႏိုင္ငံေတာ္တာဝန္ထမ္းေဆာင္ေနသည့္အေပၚ ေထာက္ခံမႈမရွိခဲ့သည့္အျပင္ မၾကာမီက်င္းပရန္ ရွိေသာ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲ ေအာင္ျမင္ေစေရးအတြက္လည္း ၎တို႔တတ္ကြၽမ္းသည့္ အႏုပညာက႑မွ ပူးေပါင္းပါဝင္ျခင္းမရွိခဲ့ေၾကာင္း၊ ၎အျပင္ ေ႐ြးေကာက္ပြဲေအာင္ျမင္ေစေရးအတြက္ တစ္တပ္တစ္အား ပါဝင္ေဆာင္႐ြက္ေနသည့္ အႏုပညာရွင္မ်ားအား ျပည္ပေရာက္အၾကမ္းဖက္အဖြဲ႕ အစည္း ေထာက္ခံသူမ်ားႏွင့္ တရားခံေျပးမ်ားမွ လူမႈကြန္ရက္စာမ်က္ႏွာမွတစ္ဆင့္ ေဝဖန္ေရးသားသည့္အေပၚေထာက္ခံအားေပးခဲ့ၾကေၾကာင္း စိစစ္ေတြ႕ရွိရသည္ဟု ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ထို႔ျပင္ ျပည္တြင္းတည္ၿငိမ္ေအးခ်မ္းမႈကိုမလိုလားသည့္ ေခတ္သစ္ မီဒီယာအပါအဝင္ မီဒီယာအမည္ခံ အၾကမ္းဖက္အားေပး ျပည္ပဩဇာခံအဖြဲ႕ အစည္းမ်ား၊ လူပုဂၢိဳလ္မ်ား၏ လူမႈကြန္ရက္စာမ်က္ႏွာမ်ား၌ မဟုတ္မမွန္လုပ္ႀကံေရးသားေဖာ္ျပခ်က္မ်ားကိုလည္း အစဥ္တစိုက္ ေထာက္ခံ အားေပးလ်က္ရွိသည္ကို စိစစ္ေတြ႕ရွိရေၾကာင္း ေရးသားထားသည္။
ထို႔ေၾကာင့္ မီဒီယာအမည္ခံအၾကမ္းဖက္အားေပး ျပည္ပဩဇာခံအဖြဲ႕အစည္းမ်ားႏွင့္ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲအေပၚ ျပည္သူလူထုမွအထင္အျမင္ လြဲမွားေစရန္အတြက္ လႈံ႕ေဆာ္ေရးသားသူမ်ားအား ေထာက္ခံအားေပးခဲ့ၾကသည့္ သက္လြင္(ခ)ဇမၺဴထြန္းသက္လြင္ႏွင့္ ေအာင္ခ်မ္းလူ (ခ)ေအးခ်မ္းေအာင္တို႔ ၂ ဦးအား ပါတီစုံဒီမိုကေရစီအေထြေထြ ေ႐ြးေကာက္ပြဲမ်ားကို ေႏွာင့္ယွက္ဟန႔္တားဖ်က္ဆီးျခင္းမွ ကာကြယ္ေပးေရးဥပေဒ အပါအဝင္ ျပစ္မႈဆိုင္ရာဥပေဒမ်ားျဖင့္ ထိေရာက္စြာအေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ႏွင့္ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲ ေအာင္ျမင္စြာက်င္းပႏိုင္ေရးေဆာင္႐ြက္ေနသည့္လုပ္ငန္းစဥ္မ်ားကို ေႏွာင့္ယွက္ဟန႔္တားလိုသူမ်ားအား မိဘျပည္သူမ်ား၏ပူးေပါင္းပါဝင္မႈျဖင့္ ေဖာ္ထုတ္အေရးယူႏိုင္ေရး ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။