မလေးရှားမှာ အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦး အဝတ်လျှော်စက်ထဲ ပြုတ်ကျသေဆုံး

1599

ရောင်နီ (NP News) - အောက်တိုဘာ ၁၉
မလေးရှားနိုင်ငံ ပီရက်ခ် ပြည်နယ်မှာ တနင်္လာနေ့ (အောက်တိုဘာ ၁၆ ရက်) က အသက် ၆ နှစ်အရွယ် အော်တဇင်ရှိ ကလေးငယ်တစ်ဦးဟာ စက်ဖွင့်ထားတဲ့ အဝတ်လျှော်စက်ထဲ ပြုတ်ကျ သေဆုံးခဲ့ပါတယ်။
ကလေးငယ်ဟာ အဝတ်လျှော်စက်ဖွင့်ထားတုန်း၊ အဝတ်လျှောက်စက်နား လူကြီးတွေ မရှိတဲ့ အချိန်မှာ စက်ပေါ် တက်ခဲ့တယ်လို့ ယူဆရပါတယ်။ အိုင်ပိုဟ် ခရိုင်ရဲမှူး ရာဟာရာဟက်ဆန်က အော်တစ်ဇင်ရောဂါရှိတဲ့ အဆိုပါ ကလေးဟာ တနင်္လာနေ့ မနက် ၉ နာရီ ၃ဝ မိနစ်လောက် အိမ်ကလူတွေအားလုံး အိပ်ပျော်နေကြချိန်မှာ အဝတ်လျှော်စက်ပေါ်တက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ကလေးကို မိသားစုက ရှာတွေ့ချိန်မှာတော့ အဝတ်လျှော်စက်ရပ်သွားပြီဖြစ်ပြီး အဝတ်လျှော်စက်ထဲမှာ ကလေးဟာ ဒဏ်ရာတွေနဲ့ သတိလစ်နေတာ တွေ့ခဲ့ရ တယ်လို့ အဘွားဖြစ်သူက ဆိုပါတယ်။ ကလေးကို ချက်ချင်း Raja Permaisuri Bainun ဆေးရုံကို ခေါ်ဆောင်သွားပြီး ကုသပေးခဲ့ပေမယ့် နံနက် ၁၁ နာရီခန့်မှာတော့ သေဆုံးသွားခဲ့ပါတယ်။
သေဆုံးရခြင်းအကြောင်းအရင်းကတော့ ဦးခေါင်းမှာ ရရှိတဲ့ ဒဏ်ရာဒဏ်ချက်တွေကြောင့် ဖြစ်တယ်လို့ စစ်ဆေးမှု ရလဒ်တွေအရ သိရပါတယ်။ ၎င်းရဲ့ ဈာပနကိုလည်း တနင်္လာနေ့မှာပဲ ကျင်းပခဲ့ကြပြီး အဆိုပါအမှုကို ရဲတပ်ဖွဲ့က ဆက်လက် စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။ ဒါဟာ အိမ်မှာ ကလေးရှိတဲ့သူတွေအတွက် သတိထားသင့်တဲ့ အချက်တစ်ခုပဲ ဖြစ်ပါတယ်။

Zawgyi Version;
မေလးရွားမွာ အသက္ ၆ ႏွစ္အ႐ြယ္ ကေလးငယ္တစ္ဦး အဝတ္ေလွ်ာ္စက္ထဲ ျပဳတ္က်ေသဆုံး
ေရာင္နီ (NP News) - ေအာက္တိုဘာ ၁၉
မေလးရွားႏိုင္ငံ ပီရက္ခ္ ျပည္နယ္မွာ တနလၤာေန႔ (ေအာက္တိုဘာ ၁၆ ရက္) က အသက္ ၆ ႏွစ္အ႐ြယ္ ေအာ္တဇင္ရွိ ကေလးငယ္တစ္ဦးဟာ စက္ဖြင့္ထားတဲ့ အဝတ္ေလွ်ာ္စက္ထဲ ျပဳတ္က် ေသဆုံးခဲ့ပါတယ္။
ကေလးငယ္ဟာ အဝတ္ေလွ်ာ္စက္ဖြင့္ထားတုန္း၊ အဝတ္ေလွ်ာက္စက္နား လူႀကီးေတြ မရွိတဲ့ အခ်ိန္မွာ စက္ေပၚ တက္ခဲ့တယ္လို႔ ယူဆရပါတယ္။ အိုင္ပိုဟ္ ခ႐ိုင္ရဲမႉး ရာဟာရာဟက္ဆန္က ေအာ္တစ္ဇင္ေရာဂါရွိတဲ့ အဆိုပါ ကေလးဟာ တနလၤာေန႔ မနက္ ၉ နာရီ ၃ဝ မိနစ္ေလာက္ အိမ္ကလူေတြအားလုံး အိပ္ေပ်ာ္ေနၾကခ်ိန္မွာ အဝတ္ေလွ်ာ္စက္ေပၚတက္ခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။ ကေလးကို မိသားစုက ရွာေတြ႕ခ်ိန္မွာေတာ့ အဝတ္ေလွ်ာ္စက္ရပ္သြားၿပီျဖစ္ၿပီး အဝတ္ေလွ်ာ္စက္ထဲမွာ ကေလးဟာ ဒဏ္ရာေတြနဲ႔ သတိလစ္ေနတာ ေတြ႕ခဲ့ရ တယ္လို႔ အဘြားျဖစ္သူက ဆိုပါတယ္။ ကေလးကို ခ်က္ခ်င္း Raja Permaisuri Bainun ေဆး႐ုံကို ေခၚေဆာင္သြားၿပီး ကုသေပးခဲ့ေပမယ့္ နံနက္ ၁၁ နာရီခန႔္မွာေတာ့ ေသဆုံးသြားခဲ့ပါတယ္။
ေသဆုံးရျခင္းအေၾကာင္းအရင္းကေတာ့ ဦးေခါင္းမွာ ရရွိတဲ့ ဒဏ္ရာဒဏ္ခ်က္ေတြေၾကာင့္ ျဖစ္တယ္လို႔ စစ္ေဆးမႈ ရလဒ္ေတြအရ သိရပါတယ္။ ၎ရဲ႕ ဈာပနကိုလည္း တနလၤာေန႔မွာပဲ က်င္းပခဲ့ၾကၿပီး အဆိုပါအမႈကို ရဲတပ္ဖြဲ႕က ဆက္လက္ စုံစမ္းစစ္ေဆးေနတယ္လို႔ သိရပါတယ္။ ဒါဟာ အိမ္မွာ ကေလးရွိတဲ့သူေတြအတြက္ သတိထားသင့္တဲ့ အခ်က္တစ္ခုပဲ ျဖစ္ပါတယ္။