ညောင်ရွှေဘုရားပွဲမှပြန်လာသည့် ကားတစ်စီးတိမ်းမှောက်မှုကြောင့် (၁၃)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိ

795
Pearl (NP News) - အောက်တိုဘာ ၂၃
ညောင်ရွှေဘုရားပွဲမှ ပြန်လာသည့် ကားတစ်စီးတိမ်းမှောက်မှုကြောင့် (၁၃)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နာရေးကူညီမှုအသင်း (အောင်ပန်း)ထံမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (အောက်တိုဘာလ ၂၂ ရက်)၊ ည (၉)နာရီခွဲ အချိန်ခန့်တွင် ရှမ်းပြည် နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ကလော - မိတ္ထီလာ လမ်းမကြီး၊ ဝက်ဖြူရေးကျေးရွာ အနီးတွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယာဉ်မောင်းအမျိုးသား နှင့် ကလေးငယ် (၅)ဦးအပါအဝင် (၂၇)ဦး လိုက်ပါလာသော Canter အမျိုးအစားမော်တော်ယာဉ်သည် ညောင်ရွှေဘုရားပွဲမှ ၎င်းတို့နေထိုင်သည့် မိတ္ထီလာမြို့နယ်၊ ပန်းတိမ်ကုန်းရွာသို့ ပြန်လာစဉ် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဖြစ်ကာ တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။
"ညကလည်း မိုးကနည်းနည်းရွာထားတယ်။ အဲဒီမှာ ဘရိတ်အုတ်လိုက်တော့ စလစ်ဖြစ်ပြီး တစ်ပတ်လည်ပြီး ကားက တောင်ကြီးဘက်ကို ပြန်လည်သွားတာ။ ကလေး (၅)ယောက်တော့ပါတယ်။ ကလေးတွေကတော့ ဒဏ်ရာမရဘူး။ ဒဏ်ရာရတဲ့(၁၃)ယောက်အထဲ အမျိုး သမီးတွေ အများဆုံးပါတယ်။ အဲဒီထဲက (၃)ယောက်ကတော့ နည်းနည်း စိုးရိမ်ရတယ်။ ကလောဆေးရုံကို ပို့ထားပေးတယ်။ ကျန်တဲ့ဒဏ်ရာရတဲ့လူတွေကတော့ နည်းနည်းပါးပါးပဲဆိုတော့ ဆေးရုံတတ်စရာမလိုဘူး"ဟု အထက်ပါကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူများအနက် (၁၃)ဦးထက်မနည်း ထိခိုက်ဒဏ် ရာရရှိခဲ့ပြီး (၃)ဦးမှာ စိုးရိမ်ဖွယ်ရာ အခြေအနေရှိကြောင်း သိရသည်။
လက်ရှိတွင် ဒဏ်ရာရရှိသူ (၁၃)ဦးအား ကလောပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

zawgyi version
ေညာင္ေ႐ႊဘုရားပြဲမွျပန္လာသည့္ ကားတစ္စီးတိမ္းေမွာက္မႈေၾကာင့္ (၁၃)ဦးထက္မနည္း ထိခိုက္ဒဏ္ရာရရွိ
Pearl (NP News) - ေအာက္တိုဘာ ၂၃
ေညာင္ေ႐ႊဘုရားပြဲမွ ျပန္လာသည့္ ကားတစ္စီးတိမ္းေမွာက္မႈေၾကာင့္ (၁၃)ဦးထက္မနည္း ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း နာေရးကူညီမႈအသင္း (ေအာင္ပန္း)ထံမွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (ေအာက္တိုဘာလ ၂၂ ရက္)၊ ည (၉)နာရီခြဲ အခ်ိန္ခန႔္တြင္ ရွမ္းျပည္ နယ္ေတာင္ပိုင္း၊ ကေလာၿမိဳ႕နယ္၊ ကေလာ - မိတၳီလာ လမ္းမႀကီး၊ ဝက္ျဖဴေရးေက်း႐ြာ အနီးတြင္ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
ယာဥ္ေမာင္းအမ်ိဳးသား ႏွင့္ ကေလးငယ္ (၅)ဦးအပါအဝင္ (၂၇)ဦး လိုက္ပါလာေသာ Canter အမ်ိဳးအစားေမာ္ေတာ္ယာဥ္သည္ ေညာင္ေ႐ႊဘုရားပြဲမွ ၎တို႔ေနထိုင္သည့္ မိတၳီလာၿမိဳ႕နယ္၊ ပန္းတိမ္ကုန္း႐ြာသို႔ ျပန္လာစဥ္ အခင္းျဖစ္ေနရာအေရာက္၌ အရွိန္မထိန္းႏိုင္ျဖစ္ကာ တိမ္းေမွာက္သြားခဲ့ေၾကာင္း သိရသည္။
"ညကလည္း မိုးကနည္းနည္း႐ြာထားတယ္။ အဲဒီမွာ ဘရိတ္အုတ္လိုက္ေတာ့ စလစ္ျဖစ္ၿပီး တစ္ပတ္လည္ၿပီး ကားက ေတာင္ႀကီးဘက္ကို ျပန္လည္သြားတာ။ ကေလး (၅)ေယာက္ေတာ့ပါတယ္။ ကေလးေတြကေတာ့ ဒဏ္ရာမရဘူး။ ဒဏ္ရာရတဲ့(၁၃)ေယာက္အထဲ အမ်ိဳး သမီးေတြ အမ်ားဆုံးပါတယ္။ အဲဒီထဲက (၃)ေယာက္ကေတာ့ နည္းနည္း စိုးရိမ္ရတယ္။ ကေလာေဆး႐ုံကို ပို႔ထားေပးတယ္။ က်န္တဲ့ဒဏ္ရာရတဲ့လူေတြကေတာ့ နည္းနည္းပါးပါးပဲဆိုေတာ့ ေဆး႐ုံတတ္စရာမလိုဘူး"ဟု အထက္ပါကူညီေရးအသင္း၏ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
ျဖစ္စဥ္ေၾကာင့္ ယာဥ္ေပၚတြင္ လိုက္ပါလာသူမ်ားအနက္ (၁၃)ဦးထက္မနည္း ထိခိုက္ဒဏ္ ရာရရွိခဲ့ၿပီး (၃)ဦးမွာ စိုးရိမ္ဖြယ္ရာ အေျခအေနရွိေၾကာင္း သိရသည္။
လက္ရွိတြင္ ဒဏ္ရာရရွိသူ (၁၃)ဦးအား ကေလာျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။