ကော့ကရိတ်မြို့ အမှတ်(၁)ရပ်ကွက်တွင် လက်နက်ကြီးကျည်ပေါက်ကွဲ၊ (၃)နှစ်အရွယ်ကလေးငယ် အပါအဝင် ၅ ဦး ဒဏ်ရာရ

 877

ကျော် (NP News) - နိုဝင်ဘာ ၄

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ်(၁)ရပ်ကွက်၌ ယနေ့ နိုဝင်ဘာ ၄ ရက်မွန်းတည့်ပိုင်းက လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

ယနေ့မွန်းတည့် ၁၂ နာရီကျော်ခန့်က KKO(ခွဲထွက်) နှင့် PDF အဖွဲ့ဝင်များသည် ကော့ကရိတ်မြို့တွင်းသို့ လက်နက် ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

၎င်းတို့ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် အမှတ်(၁)ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့ရာ ရပ်ကွက်နေ မသိမ့်သိမ့်သူ(၃)နှစ်၊ မခင်သန်းဦး(၂၅)နှစ်၊ ဒေါ်ညွန့်စိန်(၅၈)နှစ်၊ ဒေါ်နှင်းမြိုင်လ(၆၅)နှစ်နှင့် မသန္တာစိုး(၂၅)နှစ်တို့ တွင် လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာများ (စိုးရိမ်ရ နှင့် မစိုးရိမ်ရ) ရရှိခဲ့ကြသည်။

ထို့ကြောင့် ထိခိုက်ဒဏ်ရာရသူများအား လူမှုကူညီရေးအသင်းကားများဖြင့် ကော့ကရိတ်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Zawgyi Version;
ေကာ့ကရိတ္ၿမိဳ႕ အမွတ္(၁)ရပ္ကြက္တြင္ လက္နက္ႀကီးက်ည္ေပါက္ကြဲ၊ (၃)ႏွစ္အ႐ြယ္ကေလးငယ္ အပါအဝင္ ၅ ဦး ဒဏ္ရာရ
ေက်ာ္ (NP News) - ႏိုဝင္ဘာ ၄

ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕၊ အမွတ္(၁)ရပ္ကြက္၌ ယေန႔ ႏိုဝင္ဘာ ၄ ရက္မြန္းတည့္ပိုင္းက လက္နက္ႀကီး က်ည္ က်ေရာက္ေပါက္ကြဲမႈျဖစ္ပြားခဲ့သည္။

ယေန႔မြန္းတည့္ ၁၂ နာရီေက်ာ္ခန္႔က KKO(ခြဲထြက္) ႏွင့္ PDF အဖြဲ႕ဝင္မ်ားသည္ ေကာ့ကရိတ္ၿမိဳ႕တြင္းသို႔ လက္နက္ ႀကီးျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့သည္။

၎တို႔ပစ္ခတ္သည့္ လက္နက္ႀကီးက်ည္သည္ အမွတ္(၁)ရပ္ကြက္အတြင္း က်ေရာက္ေပါက္ကြဲခဲ့ရာ ရပ္ကြက္ေန မသိမ့္သိမ့္သူ(၃)ႏွစ္၊ မခင္သန္းဦး(၂၅)ႏွစ္၊ ေဒၚၫြန႔္စိန္(၅၈)ႏွစ္၊ ေဒၚႏွင္းၿမိဳင္လ(၆၅)ႏွစ္ႏွင့္ မသႏၲာစိုး(၂၅)ႏွစ္တို႔ တြင္ လက္နက္ႀကီးက်ည္စထိမွန္ဒဏ္ရာမ်ား (စိုးရိမ္ရ ႏွင့္ မစိုးရိမ္ရ) ရရွိခဲ့ၾကသည္။

ထို႔ေၾကာင့္ ထိခိုက္ဒဏ္ရာရသူမ်ားအား လူမႈကူညီေရးအသင္းကားမ်ားျဖင့္ ေကာ့ကရိတ္ၿမိဳ႕ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ၾကေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.