မြန်မာ-ကိုရီးယား နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ ခွဲစိတ်ကုသခြင်းဆိုင်ရာ ဆေးလက်တွေ့အသိပညာဖလှယ်ရေး နားလည်မှုစာချွန်လွှာ(MOU)ရေးထိုး

 522

Pearl (NP News) - နိုဝင်ဘာ ၅

မြန်မာ-ကိုရီးယား နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ ခွဲစိတ်ကုသခြင်းဆိုင်ရာ ဆေးလက်တွေ့အသိပညာဖလှယ် ရေး နားလည်မှုစာချွန်လွှာ(MOU) ရေးထိုးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသွားဘက်ဆိုင်ရာဆေးပညာညီလာခံ (၂ဝ၂၃) ကို နိုဝင်ဘာလ (၃) ရက် နှင့် (၄)ရက်တွင် နေပြည်တော် ကျင်းပခဲ့ကြောင်း သိရသည်။

ညီလာခံ ပထမနေ့တွင် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး နှင့် ကိုရီးယားနိုင်ငံ Korea University Medicine မှ Director Professor Kim Deok-Woo တို့သည် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ ခွဲစိတ် ကုသခြင်းဆိုင်ရာ ဆေးလက်တွေ့အသိပညာဖလှယ်ရေး နားလည်မှုစာချွန်လွှာ(MOU)ကို လက်မှတ်ရေးထိုးခဲ့ ကြောင်း သိရသည်။

ထို့ပြင် ပြည်ပပညာရှင်များက မျက်နှာ၊ မေးရိုးနှင့်ခံတွင်းခွဲစိတ်ကုသမှုနှင့် ဆန်းသစ်တီထွင်မှုများ အပါအဝင် မေးရိုး ခံတွင်းကင်ဆာ ၊ ကလေးသွားများတွင် ဖြစ်တတ်သော မာကျောမှုအဆင့်မမီခြင်း နှင့် ခံတွင်းအတွင်းရှိ အဏုဇီဝ ပိုးမွှားများအကြောင်း ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

ညီလာခံ ဒုတိယနေ့တွင် ကျန်မာရေးဝန်ကြီးဌာ နှင့် ထိုင်းနိုင်ငံ Faculty of Dentistry, Khon Kaen University မှ Dean Professor Ajira-vudh Subarnbhesajတို့အကြား ဆေးလက်တွေ့အသိပညာဖလှယ်ရေး၊ သင်ကြားရေးနှင့် သွားနှင့် ခံတွင်း ဆေးပညာ သုတေသနလုပ်ငန်းများကို ပူးပေါင်း၍ တိုးမြှင့်ဆောင်ရွက်နိုင်ရေး နားလည်မှုစာချွန်လွှာ (MOU) သက်တမ်းတိုးလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါနေ့တွင် ကိုရီးယားနိုင်ငံမှ Korea University Medicine မှ ပါမောက္ခများက သွားမြစ်တုအစားထိုးကုသမှုများ ၊ ဂျပန်နိုင်ငံ Japan Heart Foundation မှ ပါမောက္ခက နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ ခွဲစိတ်ကုသခြင်း အကြောင်း နှင့် မလေးရှားနိုင်ငံ International Medical University မှ သွားနှင့် ခံတွင်းခွဲစိတ်ဆရာဝန်က မျက်နှာ၊ မေးရိုးနှင့်ခံတွင်း ခွဲစိတ်ကုသမှု များအကြောင်းတို့ကို ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

Zawgyi Version;
ျမန္မာ-ကိုရီးယား ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲလူနာမ်ား ခြဲစိတ္ကုသျခင္းဆိုင္ရာ ေဆးလက္ေတြ႕အသိပညာဖလွယ္ ေရး နားလည္မႈစာခြၽန္လႊာ(MOU)ေရးထိုး
Pearl (NP News) - ႏိုဝင္ဘာ ၅

ျမန္မာ-ကိုရီးယား ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲလူနာမ်ား ခြဲစိတ္ကုသျခင္းဆိုင္ရာ ေဆးလက္ေတြ႕အသိပညာဖလွယ္ ေရး နားလည္မႈစာခြၽန္လႊာ(MOU) ေရးထိုးခဲ့ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံသြားဘက္ဆိုင္ရာေဆးပညာညီလာခံ (၂ဝ၂၃) ကို ႏိုဝင္ဘာလ (၃) ရက္ ႏွင့္ (၄)ရက္တြင္ ေနျပည္ေတာ္ က်င္းပခဲ့ေၾကာင္း သိရသည္။

ညီလာခံ ပထမေန႔တြင္ ကုသေရးဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာျမတ္ဝဏၰစိုး ႏွင့္ ကိုရီးယားႏိုင္ငံ Korea University Medicine မွ Director Professor Kim Deok-Woo တို႔သည္ ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲလူနာမ်ား ခြဲစိတ္ ကုသျခင္းဆိုင္ရာ ေဆးလက္ေတြ႕အသိပညာဖလွယ္ေရး နားလည္မႈစာခြၽန္လႊာ(MOU)ကို လက္မွတ္ေရးထိုးခဲ့ ေၾကာင္း သိရသည္။

ထို႔ျပင္ ျပည္ပပညာရွင္မ်ားက မ်က္ႏွာ၊ ေမး႐ိုးႏွင့္ခံတြင္းခြဲစိတ္ကုသမႈႏွင့္ ဆန္းသစ္တီထြင္မႈမ်ား အပါအဝင္ ေမး႐ိုး ခံတြင္းကင္ဆာ ၊ ကေလးသြားမ်ားတြင္ ျဖစ္တတ္ေသာ မာေက်ာမႈအဆင့္မမီျခင္း ႏွင့္ ခံတြင္းအတြင္းရွိ အဏုဇီဝ ပိုးမႊားမ်ားအေၾကာင္း ေဆြးေႏြးတင္ျပခဲ့ေၾကာင္း သိရသည္။

ညီလာခံ ဒုတိယေန႔တြင္ က်န္မာေရးဝန္ႀကီးဌာ ႏွင့္ ထိုင္းႏိုင္ငံ Faculty of Dentistry, Khon Kaen University မွ Dean Professor Ajira-vudh Subarnbhesajတို႔အၾကား ေဆးလက္ေတြ႕အသိပညာဖလွယ္ေရး၊ သင္ၾကားေရးႏွင့္ သြားႏွင့္ ခံတြင္း ေဆးပညာ သုေတသနလုပ္ငန္းမ်ားကို ပူးေပါင္း၍ တိုးျမႇင့္ေဆာင္႐ြက္ႏိုင္ေရး နားလည္မႈစာခြၽန္လႊာ (MOU) သက္တမ္းတိုးလက္မွတ္ေရးထိုးခဲ့ေၾကာင္း သိရသည္။

အဆိုပါေန႔တြင္ ကိုရီးယားႏိုင္ငံမွ Korea University Medicine မွ ပါေမာကၡမ်ားက သြားျမစ္တုအစားထိုးကုသမႈမ်ား ၊ ဂ်ပန္ႏိုင္ငံ Japan Heart Foundation မွ ပါေမာကၡက ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲလူနာမ်ား ခြဲစိတ္ကုသျခင္း အေၾကာင္း ႏွင့္ မေလးရွားႏိုင္ငံ International Medical University မွ သြားႏွင့္ ခံတြင္းခြဲစိတ္ဆရာဝန္က မ်က္ႏွာ၊ ေမး႐ိုးႏွင့္ခံတြင္း ခြဲစိတ္ကုသမႈ မ်ားအေၾကာင္းတို႔ကို ေဆြးေႏြးတင္ျပခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.