နယူးကာဆယ်အသင်း ရရှိခဲ့သော ဂိုးမှာ မပေးသင့်ခဲ့သော ဂိုးမျိုးဖြစ်ကြောင်း အာဆင်နယ်နည်းပြ ဝေဖန်

 1467

Pika (NP News) - နိုဝင်ဘာ ၅

အာဆင်နယ်အသင်းနှင့် နယူးကာဆယ်အသင်းတို့ကစားခဲ့သည့် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် နယူးကာဆယ်အသင်း က သွင်းယူနိုင်ခဲ့သော သွင်းဂိုးမှာ အရှက်ရစရာသွင်းဂိုးတစ်ခုဖြစ်ကြောင်း အာဆင်နယ်နည်းပြအာတီတာက ထုတ်ဖော်ပြောခဲ့သည်။

ပွဲချိန်(၆၄)မိနစ်တွင် ဂိုးသွင်းယူနိုင်ခဲ့သော နယူးကာဆယ်အသင်းတောင်ပံကစားသမား အန်သိုနီဂေါ်ဒွန်၏ သွင်းဂိုး ကို VAR ကြည့်ကာ ဂိုးအဖြစ်ပေးခဲ့မှုကို အာဆင်နယ်နည်းပြအာတီတာက စိတ်ဆိုးဒေါသထွက်ခဲ့ကြောင်းလည်း သိရသည်။

အဆိုပါပွဲစဉ်အတွက် တာဝန်ရှိသူများသည် VAR စစ်ဆေးမှုသုံးကြိမ် ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။ ဒိုင်လူကြီး များသည် VAR စစ်ဆေးမှုကို ငါးမိနစ်ကြာ ပြုလုပ်ခဲ့ပြီးနောက် ဂိုးအဖြစ် သတ်မှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အာဆင်နယ်နည်းပြအာတီတာ က "နယူးကာဆယ်အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ ကျွန်တော့်အသင်းရဲ့ ကစားသမား တွေရဲ့ခြေစွမ်းနဲ့ ကစားနိုင်စွမ်းတွေကို တကယ်ချီးကျူးပါတယ်။ အမှန်တကယ်တော့ အဲ့ဒီဂိုးက မပေးခဲ့သင့်ပါဘူး။ အဲဒီအတွက် အကြောင်းပြချက်က အများကြီးရှိပါတယ်။ ဒီနေ့ပွဲစဉ်မှာ အနိုင်ရရှိသင့်တဲ့ အသင်းကိုပြောပါဆိုရင် အဲဒါဟာ အာဆင်နယ်အသင်းပါပဲ" ဟု ပြောခဲ့သည်။

Zawgyi Version;
နယူးကာဆယ္အသင္း ရရွိခဲ့ေသာ ဂိုးမွာ မေပးသင့္ခဲ့ေသာ ဂိုးမ်ိဳးျဖစ္ေၾကာင္း အာဆင္နယ္နည္းျပ ေဝဖန္
Pika (NP News) - ႏိုဝင္ဘာ ၅

အာဆင္နယ္အသင္းႏွင့္ နယူးကာဆယ္အသင္းတို႔ကစားခဲ့သည့္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲတြင္ နယူးကာဆယ္အသင္း က သြင္းယူႏိုင္ခဲ့ေသာ သြင္းဂိုးမွာ အရွက္ရစရာသြင္းဂိုးတစ္ခုျဖစ္ေၾကာင္း အာဆင္နယ္နည္းျပအာတီတာက ထုတ္ေဖာ္ေျပာခဲ့သည္။

ပြဲခ်ိန္(၆၄)မိနစ္တြင္ ဂိုးသြင္းယူႏိုင္ခဲ့ေသာ နယူးကာဆယ္အသင္းေတာင္ပံကစားသမား အန္သိုနီေဂၚဒြန္၏ သြင္းဂိုး ကို VAR ၾကည့္ကာ ဂိုးအျဖစ္ေပးခဲ့မႈကို အာဆင္နယ္နည္းျပအာတီတာက စိတ္ဆိုးေဒါသထြက္ခဲ့ေၾကာင္းလည္း သိရသည္။

အဆိုပါပြဲစဥ္အတြက္ တာဝန္ရွိသူမ်ားသည္ VAR စစ္ေဆးမႈသုံးႀကိမ္ ျပဳလုပ္ခဲ့ေၾကာင္းလည္း သိရသည္။ ဒိုင္လူႀကီး မ်ားသည္ VAR စစ္ေဆးမႈကို ငါးမိနစ္ၾကာ ျပဳလုပ္ခဲ့ၿပီးေနာက္ ဂိုးအျဖစ္ သတ္မွတ္ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ အာဆင္နယ္နည္းျပအာတီတာ က "နယူးကာဆယ္အသင္းနဲ႔ ကစားခဲ့တဲ့ပြဲမွာ ကြၽန္ေတာ့္အသင္းရဲ႕ ကစားသမား ေတြရဲ႕ေျခစြမ္းနဲ႔ ကစားႏိုင္စြမ္းေတြကို တကယ္ခ်ီးက်ဴးပါတယ္။ အမွန္တကယ္ေတာ့ အဲ့ဒီဂိုးက မေပးခဲ့သင့္ပါဘူး။ အဲဒီအတြက္ အေၾကာင္းျပခ်က္က အမ်ားႀကီးရွိပါတယ္။ ဒီေန႔ပြဲစဥ္မွာ အႏိုင္ရရွိသင့္တဲ့ အသင္းကိုေျပာပါဆိုရင္ အဲဒါဟာ အာဆင္နယ္အသင္းပါပဲ" ဟု ေျပာခဲ့သည္။

Related news

© 2021. All rights reserved.