ရန်ကုန်မြို့၌ ရွှေဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦးကို သေနတ်ဖြင့်ပစ်ခတ်ကာ ကျပ်သိန်းပေါင်းများစွာတန်ဖိုးရှိ လက်ဝတ်ရတနားများကို ဓားပြတိုက်လုယက်မှုဖြစ်ပွား

 2150

NP News - နိုဝင်ဘာ ၁၁

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်တွင် ရွှေဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦးကို သေနတ်ဖြင့်ပစ်ခတ်ကာ ကျပ်သိန်းပေါင်းများစွာတန်ဖိုးရှိ လက်ဝတ်ရတနာများကို ဓားပြတိုက်လုယက်မှု ဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ယမန်နေ့(နိုဝင်ဘာလ ၁၀ ရက်)၊ ညနေ ၆နာရီ ၂၀မိနစ်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (၁)ရပ်ကွက်၊ သုမိတ္တာ(၂၂)လမ်း၊ အမှတ်(၈၆၇) နေအိမ်အရှေ့တွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်ရှိ (ဈ)ဈေးတွင်ဖွင့်လှစ်ထားသည့် “ခန့်မြတ်ချယ် စိန်/ရွှေ ရတနာပစ္စည်းရောင်းဝယ်ရေး”ဆိုင်မှ မအေးသဇင်နွယ် (၃၅)နှစ်သည် ၎င်းနေအိမ်သို့ ကားဖြင့် ပြန်လာခဲ့ပြီး ကားပေါ်မှ ဆင်းနေစဉ် လူ(၃)ဦးက ဆိုင်ကယ်(၃)စီးဖြင့်ရောက်ရှိလာကာ ခြံဝန်းအတွင်း ဝင်ရောက်ပြီး သေနတ်ဖြင့် ချိန်၍ ရွှေထည်ပစ္စည်းများထည့်ထားသည့် အိတ်အားအကြမ်းဖက်တောင်းယူခဲ့ကြောင်း သိရသည်။

ထို့နောက် မအေးသဇင်နွယ်က ဓားပြဟုအော်ဟစ်သည့်အခါ သေနတ်ဖြင့်ပစ်ခတ်၍ ငွေကျပ်သိန်း(၁၀၀၀၀)ခန့်တန်ဖိုးရှိ စိန်၊ ရွှေထည် ပစ္စည်းထည့်ထားသည့် အိတ်အားလုယူထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထိုသို့ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် မအေးသဇင်နွယ်တွင် ဝဲလက်မောင်းကျည်ထိမှန်ဒဏ်ရာတစ်ချက်ရရှိခဲ့သဖြင့် မြောက်ဥက္ကလာပ မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

zawgyi version
ရန္ကုန္ၿမိဳ႕၌ ေ႐ႊဆိုင္ပိုင္ရွင္အမ်ိဳးသမီးတစ္ဦးကို ေသနတ္ျဖင့္ပစ္ခတ္ကာ က်ပ္သိန္းေပါင္းမ်ားစြာတန္ဖိုးရွိ လက္ဝတ္ရတနားမ်ားကို ဓားျပတိုက္လုယက္မႈျဖစ္ပြား
NP News - ႏိုဝင္ဘာ ၁၁

ရန္ကုန္တိုင္း၊ ေျမာက္ဥကၠလာပၿမိဳ႕နယ္တြင္ ေ႐ႊဆိုင္ပိုင္ရွင္အမ်ိဳးသမီးတစ္ဦးကို ေသနတ္ျဖင့္ပစ္ခတ္ကာ က်ပ္သိန္းေပါင္းမ်ားစြာတန္ဖိုးရွိ လက္ဝတ္ရတနာမ်ားကို ဓားျပတိုက္လုယက္မႈ ျဖစ္ပြားခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။

ယမန္ေန႔(ႏိုဝင္ဘာလ ၁၀ ရက္)၊ ညေန ၆နာရီ ၂၀မိနစ္တြင္ ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ (၁)ရပ္ကြက္၊ သုမိတၱာ(၂၂)လမ္း၊ အမွတ္(၈၆၇) ေနအိမ္အေရွ႕တြင္ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ေျမာက္ဥကၠလာပၿမိဳ႕နယ္ရွိ (ဈ)ေဈးတြင္ဖြင့္လွစ္ထားသည့္ “ခန႔္ျမတ္ခ်ယ္ စိန္/ေ႐ႊ ရတနာပစၥည္းေရာင္းဝယ္ေရး”ဆိုင္မွ မေအးသဇင္ႏြယ္ (၃၅)ႏွစ္သည္ ၎ေနအိမ္သို႔ ကားျဖင့္ ျပန္လာခဲ့ၿပီး ကားေပၚမွ ဆင္းေနစဥ္ လူ(၃)ဦးက ဆိုင္ကယ္(၃)စီးျဖင့္ေရာက္ရွိလာကာ ၿခံဝန္းအတြင္း ဝင္ေရာက္ၿပီး ေသနတ္ျဖင့္ ခ်ိန္၍ ေ႐ႊထည္ပစၥည္းမ်ားထည့္ထားသည့္ အိတ္အားအၾကမ္းဖက္ေတာင္းယူခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ မေအးသဇင္ႏြယ္က ဓားျပဟုေအာ္ဟစ္သည့္အခါ ေသနတ္ျဖင့္ပစ္ခတ္၍ ေငြက်ပ္သိန္း(၁၀၀၀၀)ခန႔္တန္ဖိုးရွိ စိန္၊ ေ႐ႊထည္ ပစၥည္းထည့္ထားသည့္ အိတ္အားလုယူထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ေသနတ္ျဖင့္ ပစ္ခတ္ခံရမႈေၾကာင့္ မေအးသဇင္ႏြယ္တြင္ ဝဲလက္ေမာင္းက်ည္ထိမွန္ဒဏ္ရာတစ္ခ်က္ရရွိခဲ့သျဖင့္ ေျမာက္ဥကၠလာပ ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ထားရေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ျပစ္မႈက်ဴးလြန္သူမ်ားအား ဖမ္းဆီးရမိေရးအတြက္ သက္ဆိုင္ရာႏွင့္လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.