လားရှိုးမြို့တွင် မူးယစ်ဆေးအလွန်အကျွံသုံးစွဲပြီး သေဆုံးနေသည့် အမျိုသား(၂)ဦးအလောင်းတွေ့ရှိ

886
သန့်ဇင် (NP News) - နိုဝင်ဘာ ၁၆
ရှမ်းပြည်နယ်၊ လားရှိုးမြို့တွင် မူးယစ်ဆေးဝါးအလွန်အကျွံသုံးစွဲပြီး သေဆုံးနေသည့် အမျိုးသား(၂)ဦးအလောင်းများအားတွေ့ရှိခဲ့ကြောင်း လားရှိုးလူငယ်များလူမှုကူညီရေးအသင်းထံမှ သိရသည်။

ယမန်နေ့(နိုဝင်ဘာလ ၁၅ ရက်)၊ နံနက် ၇နာရီခွဲအချိန်တွင် လားရှိုးမြို့၊ ရပ်ကွက်(၅)၊ ခိုင်ရွှေဝါလမ်း၊ ဂျိမ်းဖော်သူစားသောက်ဆိုင်အနီးတွင် တစ်ဦးကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ အဆိုပါနေ့ ညနေ ၄ နာရီခွဲအချိန်တွင် လားရှိုးမြို့၊ ဟူးမွန်ကျေးရွာအုပ်စု၊ မန်နားကျေးရွာ၊ ဘဝသစ် လူငယ်ပြုစုထူထောင်ရေး ပရဟိတဂေဟာ အနီးတွင် တစ်ဦးထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
“သေဆုံးသူတွေက မူးယစ်ဆေးလွန်ပြီး သေကြတဲ့လူတွေပါ။ ဘယ်ကလာတဲ့လူတွေဆိုတာလဲသေချာမသိရပါဘူး။ မိသားစုနဲ့လဲ အဆက်အသွယ်မရသေးဘူး”ဟု လားရှိုးလူငယ်များလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါသေဆုံးသူအမျိုးသား(၂)ဦးသည် အသက်(၃၅)နှစ်ဝန်းကျင်နှင့် အသက်(၄၅)နှစ်ဝန်းကျင်အရွယ်များဖြစ်ကြပြီး လက်ရှိအချိန်ထိ မိသားစုနှင့်အဆက်သွယ်မရရှိသေးကြောင်း သိရသည်။
“အရင်တည်းက ဒီမှာက မူးယစ်ဆေးစွဲပြီးသေတဲ့လူတွေခဏခဏကိုတွေ့ရတယ်။ ဘယ်ကရောက်လာကြမှန်းလဲမသိကြဘူး။ ခုလို လမ်းဘေးတွေမှာ သေကြတာတွေများတယ်။ မူးယစ်ဆေးအလွန်အကျွံသုံးတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေက လုပ်ဆောင်နေတာတွေတော့ ရှိပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့နောက် သေဆုံးသူအမျိုသား(၂)ဦး၏ ရုပ်အလောင်းများအား လားရှိုးလူငယ်များလူမှုကူညီရေးအသင်းမှ လားရှိုးမြို့နယ်ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
zawgyi version
လားရႈိးၿမိဳ႕တြင္ မူးယစ္ေဆးအလြန္အကြၽံသုံးစြဲၿပီး ေသဆုံးေနသည့္ အမ်ိဳသား(၂)ဦးအေလာင္းေတြ႕ရွိ
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၁၆
ရွမ္းျပည္နယ္၊ လားရႈိးၿမိဳ႕တြင္ မူးယစ္ေဆးဝါးအလြန္အကြၽံသုံးစြဲၿပီး ေသဆုံးေနသည့္ အမ်ိဳးသား(၂)ဦးအေလာင္းမ်ားအားေတြ႕ရွိခဲ့ေၾကာင္း လားရႈိးလူငယ္မ်ားလူမႈကူညီေရးအသင္းထံမွ သိရသည္။
ယမန္ေန႔(ႏိုဝင္ဘာလ ၁၅ ရက္)၊ နံနက္ ၇နာရီခြဲအခ်ိန္တြင္ လားရႈိးၿမိဳ႕၊ ရပ္ကြက္(၅)၊ ခိုင္ေ႐ႊဝါလမ္း၊ ဂ်ိမ္းေဖာ္သူစားေသာက္ဆိုင္အနီးတြင္ တစ္ဦးကို ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အလားတူ အဆိုပါေန႔ ညေန ၄ နာရီခြဲအခ်ိန္တြင္ လားရႈိးၿမိဳ႕၊ ဟူးမြန္ေက်း႐ြာအုပ္စု၊ မန္နားေက်း႐ြာ၊ ဘဝသစ္ လူငယ္ျပဳစုထူေထာင္ေရး ပရဟိတေဂဟာ အနီးတြင္ တစ္ဦးထပ္မံေတြ႕ရွိခဲ့ေၾကာင္း သိရသည္။
“ေသဆုံးသူေတြက မူးယစ္ေဆးလြန္ၿပီး ေသၾကတဲ့လူေတြပါ။ ဘယ္ကလာတဲ့လူေတြဆိုတာလဲေသခ်ာမသိရပါဘူး။ မိသားစုနဲ႔လဲ အဆက္အသြယ္မရေသးဘူး”ဟု လားရႈိးလူငယ္မ်ားလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါေသဆုံးသူအမ်ိဳးသား(၂)ဦးသည္ အသက္(၃၅)ႏွစ္ဝန္းက်င္ႏွင့္ အသက္(၄၅)ႏွစ္ဝန္းက်င္အ႐ြယ္မ်ားျဖစ္ၾကၿပီး လက္ရွိအခ်ိန္ထိ မိသားစုႏွင့္အဆက္သြယ္မရရွိေသးေၾကာင္း သိရသည္။
“အရင္တည္းက ဒီမွာက မူးယစ္ေဆးစြဲၿပီးေသတဲ့လူေတြခဏခဏကိုေတြ႕ရတယ္။ ဘယ္ကေရာက္လာၾကမွန္းလဲမသိၾကဘူး။ ခုလို လမ္းေဘးေတြမွာ ေသၾကတာေတြမ်ားတယ္။ မူးယစ္ေဆးအလြန္အကြၽံသုံးတဲ့ ကိစၥေတြနဲ႔ ပတ္သက္ၿပီး တာဝန္ရွိသူေတြက လုပ္ေဆာင္ေနတာေတြေတာ့ ရွိပါတယ္” ဟု ၎က ဆက္လက္ေျပာသည္။
ထို႔ေနာက္ ေသဆုံးသူအမ်ိဳသား(၂)ဦး၏ ႐ုပ္အေလာင္းမ်ားအား လားရႈိးလူငယ္မ်ားလူမႈကူညီေရးအသင္းမွ လားရႈိးၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံႀကီး ရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။