အစ္စရေးနိုင်ငံက အကြမ်းဖက်နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း တူရကီသမ္မတ ဝေဖန်ပြောဆို

 1328

Pika (NP News) - နိုဝင်ဘာ ၁၆

အစ္စရေးနိုင်ငံသည် ဂါဇာကမ်းမြောင်ဒေသတွင် လူမျိုးတုန်းသတ်ဖြတ်မှုများကို လုပ်ဆောင်နေသည့် အကြမ်းဖက် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း တူရကီသမ္မတအာဒိုဂန်က ထုတ်ဖော်ပြောဆိုခဲ့သည်။

ထို့အပြင် အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုသည် ပျောက်ကွယ်သွားသင့်သည့် လူတစ်ဦးဖြစ်ကြောင်း အာဒိုဂန်က ပြောခဲ့သည်။ အစ္စရေးသည် နျူကလီးယားလက်နက်များ ပိုင်ဆိုင်ခြင်း ရှိ/မရှိ ဆိုသည့်အချက်ကို ထုတ်ဖော်ပြောဆို ရန် နေတန်ရာဟုကို အာဒိုဂန်က စိန်ခေါ်ခဲ့ကြောင်းလည်း သိရသည်။

ဂါဇာကမ်းမြောင်ဒေသတွင် မည်သည့်အကြမ်းဖက်မှုများဖြစ်ပွားနေစေကာမူ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု သည် ၎င်း၏ ရာထူးကို ဆုံးရှုံးရမည်ဖြစ်ကြောင်း အာဒိုဂန်ကပြောဆိုခဲ့ပြီး နေတန်ရာဟုကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက် မှုများစွာကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အာဒိုဂန်က "နေတန်ရာဟုဟာ သတင်းစာရှင်းလင်းပွဲတိုင်းမှာ ဝန်ကြီးတွေ သူနဲ့အနီးမှာရှိနေတာကို ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။ ဒီဝန်ကြီးတွေက သူ့ကိုကယ်တင်နိုင်လိမ့်မယ်လို့ နေတန်ရာဟုက ထင်နေပါတယ်။ နေတန်ရာဟုက ပျောက်ကွယ်သွားရမယ့်လူဖြစ်ပါတယ်" ဟု ပြောခဲ့သည်။

ဂါဇာကမ်းမြောင်အပေါ် လုပ်ဆောင်နေသော အစ္စရေး၏ စစ်ဆင်ရေးကို လူမျိုးတုန်းသတ်ဖြတ်မှုတစ်ခုအဖြစ် အာဒိုဂန်က ဖော်ပြပြောဆိုခဲ့ကြောင်းလည်း သိရသည်။ ထို့အပြင် တူရကီအစိုးရသည် အဆိုပါကိစ္စများကို နိုင်ငံတကာဆိုင်ရာ တရားမျှတမှုတရားရုံးသို့ ရောက်ရှိနိုင်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အာဒိုဂန်က ထပ်မံပြောဆိုခဲ့သည်။

အာဒိုဂန် က "အစ္စရေးမှာ အဏုမြူဗုံး ရှိလား/မရှိဘူးလား ဆိုတာကို ထုတ်ဖော်ပြောဆိုဖို့ နေတန်ရာဟုကို ကျွန်တော် စိန်ခေါ်ပါတယ်။ ဒါပေမယ့် သူအဲ့လိုလုပ်မယ်လို့ ကျွန်တော် မထင်ပါဘူး။ လူတွေကို တတ်နိုင်သမျှ နည်းလမ်းတွေနဲ့ ခြိမ်းခြောက်လို့ ရပါတယ်။ ဒါပေမယ့် နေတန်ရာဟုရဲ့အဆုံးသတ်က နီးကပ်နေပါပြီ" ဟု ပြောခဲ့သည်။

ထို့အပြင် ဂါဇာကမ်းမြောင်ဒေသကို နျူကလီးယားဗုံးကြဲတိုက်ခိုက်ရန် မှတ်ချက်ပေးခဲ့သော အစ္စရေး၏ အမွေအနှစ် ဝန်ကြီး Amichai Eliyahu ၏ ပြောဆိုချက်များကို အာဒိုဂန်က ဝေဖန်ခဲ့ကြောင်းလည်း သိရသည်။ အဆိုပါမှတ်ချက် ကို အစ္စရေး နှင့် ပြည်ပနိုင်ငံများတွင် ဝေဖန်ပြောဆိုခဲ့ခြင်းများရှိခဲ့ပြီး နောက်ပိုင်းတွင် Amichai Eliyahu သည် ရာထူးမှ ဆိုင်းငံ့ခံခဲ့ရကြောင်းလည်း သိရသည်။

Zawgyi Version;
အစၥေရးႏိုင္ငံက အၾကမ္းဖက္ႏိုင္ငံတစ္ႏိုင္ငံျဖစ္ေၾကာင္း တူရကီသမၼတ ေဝဖန္ေျပာဆို
Pika (NP News) - ႏိုဝင္ဘာ ၁၆

အစၥေရးႏိုင္ငံသည္ ဂါဇာကမ္းေျမာင္ေဒသတြင္ လူမ်ိဳးတုန္းသတ္ျဖတ္မႈမ်ားကို လုပ္ေဆာင္ေနသည့္ အၾကမ္းဖက္ ႏိုင္ငံတစ္ႏိုင္ငံျဖစ္ေၾကာင္း တူရကီသမၼတအာဒိုဂန္က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

ထို႔အျပင္ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုသည္ ေပ်ာက္ကြယ္သြားသင့္သည့္ လူတစ္ဦးျဖစ္ေၾကာင္း အာဒိုဂန္က ေျပာခဲ့သည္။ အစၥေရးသည္ န်ဴကလီးယားလက္နက္မ်ား ပိုင္ဆိုင္ျခင္း ရွိ/မရွိ ဆိုသည့္အခ်က္ကို ထုတ္ေဖာ္ေျပာဆို ရန္ ေနတန္ရာဟုကို အာဒိုဂန္က စိန္ေခၚခဲ့ေၾကာင္းလည္း သိရသည္။

ဂါဇာကမ္းေျမာင္ေဒသတြင္ မည္သည့္အၾကမ္းဖက္မႈမ်ားျဖစ္ပြားေနေစကာမူ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟု သည္ ၎၏ ရာထူးကို ဆုံးရႈံးရမည္ျဖစ္ေၾကာင္း အာဒိုဂန္ကေျပာဆိုခဲ့ၿပီး ေနတန္ရာဟုကို ပုဂၢိဳလ္ေရးအရ တိုက္ခိုက္ မႈမ်ားစြာကို လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။

အာဒိုဂန္က "ေနတန္ရာဟုဟာ သတင္းစာရွင္းလင္းပြဲတိုင္းမွာ ဝန္ႀကီးေတြ သူနဲ႔အနီးမွာရွိေနတာကို ကြၽန္ေတာ္တို႔ ေတြ႕ခဲ့ရပါတယ္။ ဒီဝန္ႀကီးေတြက သူ႔ကိုကယ္တင္ႏိုင္လိမ့္မယ္လို႔ ေနတန္ရာဟုက ထင္ေနပါတယ္။ ေနတန္ရာဟုက ေပ်ာက္ကြယ္သြားရမယ့္လူျဖစ္ပါတယ္" ဟု ေျပာခဲ့သည္။

ဂါဇာကမ္းေျမာင္အေပၚ လုပ္ေဆာင္ေနေသာ အစၥေရး၏ စစ္ဆင္ေရးကို လူမ်ိဳးတုန္းသတ္ျဖတ္မႈတစ္ခုအျဖစ္ အာဒိုဂန္က ေဖာ္ျပေျပာဆိုခဲ့ေၾကာင္းလည္း သိရသည္။ ထို႔အျပင္ တူရကီအစိုးရသည္ အဆိုပါကိစၥမ်ားကို ႏိုင္ငံတကာဆိုင္ရာ တရားမွ်တမႈတရား႐ုံးသို႔ ေရာက္ရွိႏိုင္ေအာင္ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း အာဒိုဂန္က ထပ္မံေျပာဆိုခဲ့သည္။

အာဒိုဂန္ က "အစၥေရးမွာ အဏုျမဴဗုံး ရွိလား/မရွိဘူးလား ဆိုတာကို ထုတ္ေဖာ္ေျပာဆိုဖို႔ ေနတန္ရာဟုကို ကြၽန္ေတာ္ စိန္ေခၚပါတယ္။ ဒါေပမယ့္ သူအဲ့လိုလုပ္မယ္လို႔ ကြၽန္ေတာ္ မထင္ပါဘူး။ လူေတြကို တတ္ႏိုင္သမွ် နည္းလမ္းေတြနဲ႔ ၿခိမ္းေျခာက္လို႔ ရပါတယ္။ ဒါေပမယ့္ ေနတန္ရာဟုရဲ႕အဆုံးသတ္က နီးကပ္ေနပါၿပီ" ဟု ေျပာခဲ့သည္။

ထို႔အျပင္ ဂါဇာကမ္းေျမာင္ေဒသကို န်ဴကလီးယားဗုံးႀကဲတိုက္ခိုက္ရန္ မွတ္ခ်က္ေပးခဲ့ေသာ အစၥေရး၏ အေမြအႏွစ္ ဝန္ႀကီး Amichai Eliyahu ၏ ေျပာဆိုခ်က္မ်ားကို အာဒိုဂန္က ေဝဖန္ခဲ့ေၾကာင္းလည္း သိရသည္။ အဆိုပါမွတ္ခ်က္ ကို အစၥေရး ႏွင့္ ျပည္ပႏိုင္ငံမ်ားတြင္ ေဝဖန္ေျပာဆိုခဲ့ျခင္းမ်ားရွိခဲ့ၿပီး ေနာက္ပိုင္းတြင္ Amichai Eliyahu သည္ ရာထူးမွ ဆိုင္းငံ့ခံခဲ့ရေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.