လောက်ကိုင်မြို့၌ စစ်ဘေးရှောင်ကား လက်နက်ကြီးကျည်ထိမှန်မှုဖြစ်ပွား

1745
ကျော် (NP News) - နိုဝင်ဘာ ၂၃
လောက်ကိုင်မြို့၌ စစ်ဘေးရှောင်ကား လက်နက်ကြီးကျည်ထိမှုန်မှုဖြစ်ပွားခဲ့ကြောင်း နယ်မြေသတင်းများအရ သိရသည်။

စစ်ဘေးရှောင်ကားအား တပ်မတော်မှပစ်ခတ်ခြင်းဖြစ်ကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီး အဆိုပါ သတင်းနှင့်ပတ်သက်၍ သတင်းအမှားသာဖြစ်ကြောင်း နစက က ယမန်နေ့ (နိုဝင်ဘာလ ၂၂ ရက်) ညပိုင်းက ထုတ်ပြန်ခဲ့သည်။
လူမှုကွန်ယက်စာမျက်နှာများ၌ ယမန်နေ့ (နိုဝင်ဘာလ ၂၂ ရက်)၊ နံနက် ၉ နာရီခွဲခန့်က လောက်ကိုင်မြို့တွင် စစ်ဘေးရှောင်ကားတစ်စီး ဒုံးကျည်ထိမှန်ကာ သေဆုံးမှုနှင့်ထိခိုက်ဒဏ်ရာရသူများရှိခဲ့ရာ ယင်း ဒုံးကျည်ကို ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်)မှပစ်ခတ်ခြင်းဖြစ်သည်ဟု MNDAA ပြန်ကြားရေးတာဝန်ခံ လီကျားဝင်းက ပြောကြားခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။
စစ်ဘေးရှောင်ကား လက်နက်ကြီးကျည်ထိမှန်မှုမှာ မှန်ကန်သော်လည်း တပ်မတော်မှပစ်ခတ်ခြင်းမဟုတ်ဘဲ လက်နက်ကိုင်အဖွဲ့ဝင်များက တပ်မတော်စခန်းတစ်ခုအား ပစ်ခတ်ရာမှ စစ်ဘေးရှောင်ကားကိုထိမှန်ပျက်ဆီးခဲ့ခြင်းသာဖြစ်သည်ဟု နစက ကထုတ်ပြန်ခဲ့သည်။
လက်နက်ကိုင်အဖွဲ့ဝင်များသည် ဒေသအတွင်းမတည်မငြိမ်ဖြစ်စေရန်၊ ဒေသခံတိုင်းရင်းသားများအားအကြောက်တရားဖြင့် ၎င်းတို့အား ထောက်ခံအားပေးလာစေရန် နှင့် တပ်မတော်ကို အထင်အမြင်လွဲမှားစေရန် ရည်ရွယ်၍ ထိုသို့ သတင်းမှားများဖြန့်ဝေလျက်ရှိသည်ဟုလည်း နစက ကထုတ်ပြန်ခဲ့သည်။
ထို့ပြင် လူမှုကွန်ယက်စာမျက်နှာများ၌ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ရှိ ဘုတလင်မြို့ပြည်သူ့ဆေးရုံမှကျန်း မာရေးဝန်ထမ်းများ CDM ပြုလုပ်ခဲ့သဖြင့် တပ်မတော်က ဆေးရုံအားချိတ်ပိတ်လိုက်သည်ဆိုခြင်းမှာလည်း သတင်းအမှားသာဖြစ်သည်ဟု နစက က ဆက်လက်ထုတ်ပြန်ခဲ့သည်။
ဖြစ်စဥ်တွင် ဘုတလင်မြို့အတွင်းသို့ PDF အဖွဲ့ဝင်များမှ နိုဝင်ဘာလ ၁၉ ရက်က လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည်အချို့သည် ဘုတလင်မြို့ပြည်သူ့ဆေးရုံဝင်းအတွင်း၌ကျရောက်ပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့သည်။
ထို့ကြောင့် ဆေးရုံအတွင်း လက်နက်ကြီးကျည်များထပ်မံကျရောက်ပေါက်ကွဲနိုင်သဖြင့် မြို့နယ်ဆရာဝန်နှင့်ကျန်းမာရေးဝန်ထမ်းများသည် ဆေးရုံမှခေတ္တထွက်ခွာခဲ့ခြင်းသာဖြစ်ပြီး CDM ပြုလုပ်ခဲ့ကြခြင်းမရှိကြောင်း နစက ကထုတ်ပြန်ခဲ့သည်။

zawgyi version
ေလာက္ကိုင္ၿမိဳ႕၌ စစ္ေဘးေရွာင္ကား လက္နက္ႀကီးက်ည္ထိမွန္မႈျဖစ္ပြား
ေက်ာ္ (NP News) - ႏိုဝင္ဘာ ၂၃
ေလာက္ကိုင္ၿမိဳ႕၌ စစ္ေဘးေရွာင္ကား လက္နက္ႀကီးက်ည္ထိမႈန္မႈျဖစ္ပြားခဲ့ေၾကာင္း နယ္ေျမသတင္းမ်ားအရ သိရသည္။
စစ္ေဘးေရွာင္ကားအား တပ္မေတာ္မွပစ္ခတ္ျခင္းျဖစ္ေၾကာင္း သတင္းမ်ားထြက္ေပၚခဲ့ၿပီး အဆိုပါ သတင္းႏွင့္ပတ္သက္၍ သတင္းအမွားသာျဖစ္ေၾကာင္း နစက က ယမန္ေန႔ (ႏိုဝင္ဘာလ ၂၂ ရက္) ညပိုင္းက ထုတ္ျပန္ခဲ့သည္။
လူမႈကြန္ယက္စာမ်က္ႏွာမ်ား၌ ယမန္ေန႔ (ႏိုဝင္ဘာလ ၂၂ ရက္)၊ နံနက္ ၉ နာရီခြဲခန္႔က ေလာက္ကိုင္ၿမိဳ႕တြင္ စစ္ေဘးေရွာင္ကားတစ္စီး ဒုံးက်ည္ထိမွန္ကာ ေသဆုံးမႈႏွင့္ထိခိုက္ဒဏ္ရာရသူမ်ားရွိခဲ့ရာ ယင္း ဒုံးက်ည္ကို ေဒသကြပ္ကဲမႈစစ္ဌာနခ်ဳပ္ (ေလာက္ကိုင္)မွပစ္ခတ္ျခင္းျဖစ္သည္ဟု MNDAA ျပန္ၾကားေရးတာဝန္ခံ လီက်ားဝင္းက ေျပာၾကားခဲ့သည္ဟု သတင္းမ်ားထြက္ေပၚခဲ့သည္။
စစ္ေဘးေရွာင္ကား လက္နက္ႀကီးက်ည္ထိမွန္မႈမွာ မွန္ကန္ေသာ္လည္း တပ္မေတာ္မွပစ္ခတ္ျခင္းမဟုတ္ဘဲ လက္နက္ကိုင္အဖြဲ႕ဝင္မ်ားက တပ္မေတာ္စခန္းတစ္ခုအား ပစ္ခတ္ရာမွ စစ္ေဘးေရွာင္ကားကိုထိမွန္ပ်က္ဆီးခဲ့ျခင္းသာျဖစ္သည္ဟု နစက ကထုတ္ျပန္ခဲ့သည္။
လက္နက္ကိုင္အဖြဲ႕ဝင္မ်ားသည္ ေဒသအတြင္းမတည္မၿငိမ္ျဖစ္ေစရန္၊ ေဒသခံတိုင္းရင္းသားမ်ားအားအေၾကာက္တရားျဖင့္ ၎တို႔အား ေထာက္ခံအားေပးလာေစရန္ ႏွင့္ တပ္မေတာ္ကို အထင္အျမင္လြဲမွားေစရန္ ရည္႐ြယ္၍ ထိုသို႔ သတင္းမွားမ်ားျဖန္႔ေဝလ်က္ရွိသည္ဟုလည္း နစက ကထုတ္ျပန္ခဲ့သည္။
ထို႔ျပင္ လူမႈကြန္ယက္စာမ်က္ႏွာမ်ား၌ စစ္ကိုင္းတိုင္း၊ ဘုတလင္ၿမိဳ႕ရွိ ဘုတလင္ၿမိဳ႕ျပည္သူ႔ေဆး႐ုံမွက်န္း မာေရးဝန္ထမ္းမ်ား CDM ျပဳလုပ္ခဲ့သျဖင့္ တပ္မေတာ္က ေဆး႐ုံအားခ်ိတ္ပိတ္လိုက္သည္ဆိုျခင္းမွာလည္း သတင္းအမွားသာျဖစ္သည္ဟု နစက က ဆက္လက္ထုတ္ျပန္ခဲ့သည္။
ျဖစ္စဥ္တြင္ ဘုတလင္ၿမိဳ႕အတြင္းသို႔ PDF အဖြဲ႕ဝင္မ်ားမွ ႏိုဝင္ဘာလ ၁၉ ရက္က လက္နက္ႀကီးမ်ားျဖင့္ပစ္ခတ္ခဲ့ရာ လက္နက္ႀကီးက်ည္အခ်ိဳ႕သည္ ဘုတလင္ၿမိဳ႕ျပည္သူ႔ေဆး႐ုံဝင္းအတြင္း၌က်ေရာက္ေပါက္ကြဲမႈမ်ားျဖစ္ေပၚခဲ့သည္။
ထို႔ေၾကာင့္ ေဆး႐ုံအတြင္း လက္နက္ႀကီးက်ည္မ်ားထပ္မံက်ေရာက္ေပါက္ကြဲႏိုင္သျဖင့္ ၿမိဳ႕နယ္ဆရာဝန္ႏွင့္က်န္းမာေရးဝန္ထမ္းမ်ားသည္ ေဆး႐ုံမွေခတၱထြက္ခြာခဲ့ျခင္းသာျဖစ္ၿပီး CDM ျပဳလုပ္ခဲ့ၾကျခင္းမရွိေၾကာင္း နစက ကထုတ္ျပန္ခဲ့သည္။