တိုက်ပွဲအတွင်းပျက်စီးသွားသည့် ကျောက်မဲမြို့နယ်ရှိ ကျေးရွာများမှနေအိမ်များအတွက် သွပ်နှင့်အလှူငွေများလှူဒါန်းမည်

1177
ကျော် (NP News) - နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ဖြစ်ပွားလျက်ရှိသည့်တိုက်ပွဲများကြောင့် ပျက်စီးခဲ့ရသည့် ကျောက်မဲမြို့နယ်အတွင်းရှိ ကျေးရွာများမှ နေအိမ်များအတွက် ပြန်လည်ထူထောင်နိုင်ရန် သွပ် နှင့် အလှူငွေများလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ လှူဒါန်းမှုကို ကျောက်မဲမြို့နယ်အခြေစိုက် လူမှုကူညီရေးအသင်းတစ်သင်းမှ ဦးဆောင်ပြုလုပ်လျက်ရှိကြောင်း အဆိုပါအသင်း၏ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
"လတ်တလော ကျွန်တော်တို့ရထားတဲ့စာရင်းအရဆိုရင် လှူဒါန်းပေးရမယ့် အိမ်ခြေအရေအတွက် ၂၀ လုံးလောက်ရှိပါတယ်။ အဲဒီ အိမ်ခြေ ၂၀ လောက်က ခေါက်ခက်ကျေးရွာ၊ လုံချိန်ကျေးရွာ နဲ့ နောင်ပစ်ကျေးရွာတွေကပါ၊ ဝင်ခွင့်မရသေးတဲ့ကျေးရွာတွေမှာလည်း ပျက်စီးနေတာတွေရှိသေးတယ်"ဟု အဆိုပါအသင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အလှူငွေလက်ခံရရှိထားမှုအပေါ်မူတည်၍ မနက်ဖြန် (နိုဝင်ဘာလ ၂၆ ရက်)တွင် ခေါက်ခက်ကျေးရွာရှိ နေအိမ် (၄)လုံးအား သွပ် နှင့် အလှူငွေများ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
"မနက်ဖြန် ခေါက်ခက်ကျေးရွာက ပျက်စီးနေတဲ့ နေအိမ်(၄)လုံးအတွက် တစ်အိမ်ကို(၇)ပေသွပ် အ ချပ်(၂၀)စီနဲ့အလှူငွေတွေ လှူဒါန်းပေးသွားမှာပါ။ ကူညီလှူဒါန်းပေးရမယ့် စာရင်းတွေကိုလည်းဆက်ပြီးလက်ခံသွားမှာပါ"ဟု ဦးဆောင်ပြုလုပ်လျက်ရှိသည့် လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ဖြစ်ပွားလျက်ရှိသည့်တိုက်ပွဲများကြောင့် အောက်တိုဘာလ ၂၆ ရက်မှစတင်ကာ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာတွင် စစ်ဘေးရှောင်ဦးရေ ၁၅၀၀ ကျော်ရောက်ရှိနေပြီး စစ်ဘေးရှောင်စခန်း ၇ ခုဖွင့်လှစ်ထားရကြောင်း သိရသည်။
"လတ်တလော နောင်ပိန်မှာကတော့ ပစ်ခတ်မှုတွေမရှိဘူး။ လတ်တလောအေးချမ်းနေပါတယ်။ စစ်ဘေးရှောင်တွေလည်း နောင်ပိန်မှာခိုလှုံနေကြတယ်"ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။
နောင်ပိန်ရှိ စစ်ဘေးရှောင်စခန်း(၇)ခုတွင်ရောက်ရှိနေသည့် စစ်ဘေးရှောင်များ၏ စားသောက်ရေး၊ကျန်းမာရေးနှင့်အဝတ်အထည်လိုအပ်ချက်များအတွက် နောင်ပိန်အခြေစိုက်လူမှုကူညီရေးအသင်းများနှင့်အလှူရှင်များက ကူညီလှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

zawgyi version
တိုက္ပြဲအတြင္းပ်က္စီးသြားသည့္ ေက်ာက္မဲၿမိဳ႕နယ္ရွိ ေက်း႐ြာမ်ားမွေနအိမ္မ်ားအတြက္ သြပ္ႏွင့္အလႉေငြမ်ားလႉဒါန္းမည္
ေက်ာ္ (NP News) - ႏိုဝင္ဘာ ၂၅
ရွမ္းျပည္နယ္(ေျမာက္ပိုင္း)တြင္ ျဖစ္ပြားလ်က္ရွိသည့္တိုက္ပြဲမ်ားေၾကာင့္ ပ်က္စီးခဲ့ရသည့္ ေက်ာက္မဲၿမိဳ႕နယ္အတြင္းရွိ ေက်း႐ြာမ်ားမွ ေနအိမ္မ်ားအတြက္ ျပန္လည္ထူေထာင္ႏိုင္ရန္ သြပ္ ႏွင့္ အလႉေငြမ်ားလႉဒါန္းသြားမည္ျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ လႉဒါန္းမႈကို ေက်ာက္မဲၿမိဳ႕နယ္အေျခစိုက္ လူမႈကူညီေရးအသင္းတစ္သင္းမွ ဦးေဆာင္ျပဳလုပ္လ်က္ရွိေၾကာင္း အဆိုပါအသင္း၏ တာဝန္ရွိသူတစ္ဦးထံမွ သိရသည္။
"လတ္တေလာ ကြၽန္ေတာ္တို႔ရထားတဲ့စာရင္းအရဆိုရင္ လႉဒါန္းေပးရမယ့္ အိမ္ေျခအေရအတြက္ ၂၀ လုံးေလာက္ရွိပါတယ္။ အဲဒီ အိမ္ေျခ ၂၀ ေလာက္က ေခါက္ခက္ေက်း႐ြာ၊ လုံခ်ိန္ေက်း႐ြာ နဲ႔ ေနာင္ပစ္ေက်း႐ြာေတြကပါ၊ ဝင္ခြင့္မရေသးတဲ့ေက်း႐ြာေတြမွာလည္း ပ်က္စီးေနတာေတြရွိေသးတယ္"ဟု အဆိုပါအသင္း၏ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
အလႉေငြလက္ခံရရွိထားမႈအေပၚမူတည္၍ မနက္ျဖန္ (ႏိုဝင္ဘာလ ၂၆ ရက္)တြင္ ေခါက္ခက္ေက်း႐ြာရွိ ေနအိမ္ (၄)လုံးအား သြပ္ ႏွင့္ အလႉေငြမ်ား လႉဒါန္းေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
"မနက္ျဖန္ ေခါက္ခက္ေက်း႐ြာက ပ်က္စီးေနတဲ့ ေနအိမ္(၄)လုံးအတြက္ တစ္အိမ္ကို(၇)ေပသြပ္ အ ခ်ပ္(၂၀)စီနဲ႔အလႉေငြေတြ လႉဒါန္းေပးသြားမွာပါ။ ကူညီလႉဒါန္းေပးရမယ့္ စာရင္းေတြကိုလည္းဆက္ၿပီးလက္ခံသြားမွာပါ"ဟု ဦးေဆာင္ျပဳလုပ္လ်က္ရွိသည့္ လူမႈကူညီေရးအသင္း၏ တာဝန္ရွိသူတစ္ဦးကေျပာသည္။
ရွမ္းျပည္နယ္(ေျမာက္ပိုင္း)တြင္ ျဖစ္ပြားလ်က္ရွိသည့္တိုက္ပြဲမ်ားေၾကာင့္ ေအာက္တိုဘာလ ၂၆ ရက္မွစတင္ကာ ေက်ာက္မဲၿမိဳ႕နယ္၊ ေနာင္ပိန္ေက်း႐ြာတြင္ စစ္ေဘးေရွာင္ဦးေရ ၁၅၀၀ ေက်ာ္ေရာက္ရွိေနၿပီး စစ္ေဘးေရွာင္စခန္း ၇ ခုဖြင့္လွစ္ထားရေၾကာင္း သိရသည္။
"လတ္တေလာ ေနာင္ပိန္မွာကေတာ့ ပစ္ခတ္မႈေတြမရွိဘူး။ လတ္တေလာေအးခ်မ္းေနပါတယ္။ စစ္ေဘးေရွာင္ေတြလည္း ေနာင္ပိန္မွာခိုလႈံေနၾကတယ္"ဟု ေဒသခံလူမႈကူညီေရးအသင္းဝင္တစ္ဦးကေျပာသည္။
ေနာင္ပိန္ရွိ စစ္ေဘးေရွာင္စခန္း(၇)ခုတြင္ေရာက္ရွိေနသည့္ စစ္ေဘးေရွာင္မ်ား၏ စားေသာက္ေရး၊က်န္းမာေရးႏွင့္အဝတ္အထည္လိုအပ္ခ်က္မ်ားအတြက္ ေနာင္ပိန္အေျခစိုက္လူမႈကူညီေရးအသင္းမ်ားႏွင့္အလႉရွင္မ်ားက ကူညီလႉဒါန္းေပးလ်က္ရွိေၾကာင္း သိရသည္။