(၃)နှစ်နီးပါးအတွင်း ပဲခူးတိုင်း၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၁၉၇)သန်းကျော် ဝင်ရောက်ခဲ့ဟုဆို

515

ယွန်း (NP News) - နိုဝင်ဘာ ၂၆
(၃)နှစ်နီးပါးကာလအတွင်း ပဲခူးတိုင်း၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၁၉၇)သန်းကျော် ဝင်ရောက်ခဲ့ ကြောင်း သိရသည်။
ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းအစိုးရအဖွဲ့ရုံး၌ နိုဝင်ဘာ(၂၅)ရက်တွင် ကျင်းပခဲ့သည့် ညှိနှိုင်း အစည်းအဝေးတွင် အထက်ပါကဲ့သို့ အသိပေးပြောခဲ့ခြင်းဖြစ်သည်။
ယခု နိုဝင်ဘာတစ်လအတွင်း ပဲခူးတိုင်း၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအသစ် အမေရိကန်ဒေါ်လာ (၁ ဒသမ ၆၂၂) သန်း နှင့် လုပ်ငန်းတိုးချဲ့ မှုအတွက် အမေရိကန် ဒေါ်လာ(၇)သန်း တိုးတက်ဝင်ရောက်ခဲ့ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။
ထို့ကြောင့် ပဲခူးတိုင်းအတွင်း ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ယခု(၂ဝ၂၃ ခုနှစ်) နိုဝင်ဘာလအထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၉၇ ဒသမ ၁ သန်းနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ငွေကျပ် ၇၅၄၅၆ ဒသမ ၃ သန်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါကာလအတွင်း ပဲခူးတိုင်း၌ လူဦးရေ(၁၁၂၈၁) ဦးကို အလုပ်အကိုင်အခွင့်အလမ်း ဖော်ဆောင်ပေးနိုင်ခဲ့ ကြောင်း ဝန်ကြီးက ဦးမျိုးဆွေဝင်းက ပြောသည်။
အလားတူ လည်ပတ်လျက်ရှိသည့် စက်ရုံများ၌ အလုပ်သမားများ၏ ကျန်းမာရေးဆိုင်ရာထိခိုက်နိုင်မှု ရှိ၊ မရှိအပြင် အလုပ်သမားများ၏ ရပိုင်ခွင့်အခွင့်အရေးများ ရရှိနိုင်ရေးကိုလည်း ရှောင်တခင်ဝင်ရောက်စစ်ခြင်းများ ဆောင်ရွက် ရန် ၎င်းက တိုက်တွန်းထားသည်။
ထို့ပြင် ပဲခူးတိုင်း၌ လယ်ယာသုံးစက်ကိရိယာထုတ်လုပ်ရေးလုပ်ငန်း အပါအဝင် မြေသြဇာထုတ်လုပ်သည့် လုပ်ငန်းများ နှင့် အအေးခန်းစက်ရုံများ ဖွင့်လှစ်နိုင်ရေးအတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဆက်လက်ဖိတ်ခေါ်လျက် ရှိကြောင်း သိရသည်။

Zawgyi Version;
(၃)ႏွစ္နီးပါးအတြင္း ပဲခူးတိုင္း၌ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ အေမရိကန္ေဒၚလာ (၁၉၇)သန္းေက်ာ္ ဝင္ေရာက္ခဲ့ဟုဆို
ယြန္း (NP News) - ႏိုဝင္ဘာ ၂၆
(၃)ႏွစ္နီးပါးကာလအတြင္း ပဲခူးတိုင္း၌ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ အေမရိကန္ေဒၚလာ (၁၉၇)သန္းေက်ာ္ ဝင္ေရာက္ခဲ့ ေၾကာင္း သိရသည္။
ပဲခူးတိုင္းဝန္ႀကီးခ်ဳပ္ ဦးမ်ိဳးေဆြဝင္းက ပဲခူးတိုင္းအစိုးရအဖြဲ႕႐ုံး၌ ႏိုဝင္ဘာ(၂၅)ရက္တြင္ က်င္းပခဲ့သည့္ ညႇိႏႈိင္း အစည္းအေဝးတြင္ အထက္ပါကဲ့သို႔ အသိေပးေျပာခဲ့ျခင္းျဖစ္သည္။
ယခု ႏိုဝင္ဘာတစ္လအတြင္း ပဲခူးတိုင္း၌ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈအသစ္ အေမရိကန္ေဒၚလာ (၁ ဒသမ ၆၂၂) သန္း ႏွင့္ လုပ္ငန္းတိုးခ်ဲ႕ မႈအတြက္ အေမရိကန္ ေဒၚလာ(၇)သန္း တိုးတက္ဝင္ေရာက္ခဲ့ေၾကာင္း ဝန္ႀကီးခ်ဳပ္က ဆိုသည္။
ထို႔ေၾကာင့္ ပဲခူးတိုင္းအတြင္း ၿပီးခဲ့သည့္ ၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလမွ ယခု(၂ဝ၂၃ ခုႏွစ္) ႏိုဝင္ဘာလအထိ ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံမႈ အေမရိကန္ေဒၚလာ ၁၉၇ ဒသမ ၁ သန္းႏွင့္ ျမန္မာႏိုင္ငံသားရင္းႏွီးျမႇဳပ္ႏွံမႈ ေငြက်ပ္ ၇၅၄၅၆ ဒသမ ၃ သန္း ဝင္ေရာက္ခဲ့ေၾကာင္း သိရသည္။
အဆိုပါကာလအတြင္း ပဲခူးတိုင္း၌ လူဦးေရ(၁၁၂၈၁) ဦးကို အလုပ္အကိုင္အခြင့္အလမ္း ေဖာ္ေဆာင္ေပးႏိုင္ခဲ့ ေၾကာင္း ဝန္ႀကီးက ဦးမ်ိဳးေဆြဝင္းက ေျပာသည္။
အလားတူ လည္ပတ္လ်က္ရွိသည့္ စက္႐ုံမ်ား၌ အလုပ္သမားမ်ား၏ က်န္းမာေရးဆိုင္ရာထိခိုက္ႏိုင္မႈ ရွိ၊ မရွိအျပင္ အလုပ္သမားမ်ား၏ ရပိုင္ခြင့္အခြင့္အေရးမ်ား ရရွိႏိုင္ေရးကိုလည္း ေရွာင္တခင္ဝင္ေရာက္စစ္ျခင္းမ်ား ေဆာင္႐ြက္ ရန္ ၎က တိုက္တြန္းထားသည္။
ထို႔ျပင္ ပဲခူးတိုင္း၌ လယ္ယာသုံးစက္ကိရိယာထုတ္လုပ္ေရးလုပ္ငန္း အပါအဝင္ ေျမၾသဇာထုတ္လုပ္သည့္ လုပ္ငန္းမ်ား ႏွင့္ အေအးခန္းစက္႐ုံမ်ား ဖြင့္လွစ္ႏိုင္ေရးအတြက္ ျပည္ပရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ဆက္လက္ဖိတ္ေခၚလ်က္ ရွိေၾကာင္း သိရသည္။