ရနောင်းခရိုင်တွင် မြန်မာနိုင်သား(၇)ဦး တရားမဝင်ဝင်ရောက်မှုဖြင့် ဖမ်းဆီးခံရ

 935

ကျော် (NP News) - ဒီဇင်ဘာ ၁

ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၉ ရက်ညပိုင်းက မြန်မာနိုင်ငံသား(၇)ဦး တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအရေးကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

အဆိုပါနေ့၊ ညနေ ၆ နာရီခန့်က ရနောင်းခရိုင်မှတာဝန်ရှိသူများသည် ခရိုင်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသော နိုင်ငံခြားသားများမရှိစေရေးအတွက် လှည့်လည်စစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။

ထိုသို့ လှည့်လည်စစ်ဆေးစဥ် ရနောင်းခရိုင်၊ စုခ်စာမ်ရာမြို့၊ နာခါကျေးရွာတွင် ထိုင်းနိုင်ငံ သားတစ်ဦးမောင်းနှင်လာသည့် ပစ်ကပ်ကားအား မသင်္ကာသဖြင့်တားဆီးစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ကားပေါ်တွင် ထိုင်းနိုင်ငံသားကားမောင်းသူနှင့်အတူ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား အမျိုးသား(၁) ဦးနှင့်အမျိုးသမီး(၆)ဦး(စုစုပေါင်း ၇ ဦး)တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

"မြန်မာနိုင်ငံသားတွေဖမ်းခံရတယ်ကြားလို့ ကူညီပေးဖို့အတွက်သွားခဲ့ပါတယ်။ သူတို့ကို ထိုင်းမှာအလုပ်လုပ်ရမယ်လို့ ပွဲစားကပြောတဲ့အတွက် လာခဲ့တာလို့သိရတယ်။ ပွဲခကတစ်ယောက်ကို ဘတ် ၂၅၀၀၀ စီပေးရတယ်လို့ပြောတယ်။ လိုအပ်တာတွေကို တတ်နိုင်သလောက်ကူညီပေးသွားမှာပါ"ဟု ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအရေးကိုကူညီဆောင်ရွက်ပေးနေသည့် ကိုနိုင်မိုးက NP News ကိုပြောသည်။

ဖမ်းဆီးရမိခဲ့သည့် ထိုင်းနိုင်ငံသားကားမောင်းသူအား စစ်ဆေးချက်အရ မြန်မာနိုင်ငံသားများကို ပို့ဆောင်ပေးခအဖြစ် တစ်ဦးလျှင် ဘတ် ၁၀၀၀ စီရရှိမည်ဖြစ်၍ ပို့ဆောင်ပေးခြင်းဖြစ် ကြောင်း သိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိခဲ့သည့် ထိုင်းနိုင်ငံသားကားမောင်းသူအပါအဝင် မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံဥပဒေအရအရေးယူရန် သက်ဆိုင်ရာရဲစခန်းသို့ပို့ဆောင်ထားကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားများအား ဖမ်းဆီးမှုများပြုလုပ်လျက်ရှိရာ နိုဝင်ဘာလ ၂၄ ရက်ကလည်း တာခ်ခရိုင်၊ မဲဆောက်မြို့၊ မဲ့ပါ့ကျေးရွာရှိ ဘန့်ဟွေ့ဟင်န်ဖွန်စစ်ဆေးရေးဂိတ်တွင် ကုန်ပစ္စည်းစုံတင်လာသည့် Box ကားအတွင်း ပုန်းအောင်းလိုက်ပါလာသည့် မြန်မာနိုင်ငံသား ၂၆ ဦး ဖမ်းဆီးခံခဲ့ရသည်။

zawgyi version
ရေနာင္းခ႐ိုင္တြင္ ျမန္မာႏိုင္သား(၇)ဦး တရားမဝင္ဝင္ေရာက္မႈျဖင့္ ဖမ္းဆီးခံရ

ေက်ာ္ (NP News) - ဒီဇင္ဘာ ၁

ထိုင္းႏိုင္ငံ၊ ရေနာင္းခ႐ိုင္တြင္ ၿပီးခဲ့သည့္ ႏိုဝင္ဘာလ ၂၉ ရက္ညပိုင္းက ျမန္မာႏိုင္ငံသား(၇)ဦး တရားမဝင္ ဝင္ေရာက္မႈျဖင့္ ဖမ္းဆီးခံခဲ့ရေၾကာင္း ထိုင္းႏိုင္ငံေရာက္ ျမန္မာအလုပ္သမားမ်ားအေရးကူညီေဆာင္႐ြက္ေပးေနသူမ်ားထံမွ သိရသည္။

အဆိုပါေန႔၊ ညေန ၆ နာရီခန္႔က ရေနာင္းခ႐ိုင္မွတာဝန္ရွိသူမ်ားသည္ ခ႐ိုင္အတြင္းသို႔ တရားမဝင္ ဝင္ေရာက္လာေသာ ႏိုင္ငံျခားသားမ်ားမရွိေစေရးအတြက္ လွည့္လည္စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ၾကသည္။

ထိုသို႔ လွည့္လည္စစ္ေဆးစဥ္ ရေနာင္းခ႐ိုင္၊ စုခ္စာမ္ရာၿမိဳ႕၊ နာခါေက်း႐ြာတြင္ ထိုင္းႏိုင္ငံ သားတစ္ဦးေမာင္းႏွင္လာသည့္ ပစ္ကပ္ကားအား မသကၤာသျဖင့္တားဆီးစစ္ေဆးခဲ့ၾကေၾကာင္း သိရသည္။

ကားေပၚတြင္ ထိုင္းႏိုင္ငံသားကားေမာင္းသူႏွင့္အတူ ထိုင္းႏိုင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္လာသည့္ ျမန္မာႏိုင္ငံသား အမ်ိဳးသား(၁) ဦးႏွင့္အမ်ိဳးသမီး(၆)ဦး(စုစုေပါင္း ၇ ဦး)တို႔အား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

"ျမန္မာႏိုင္ငံသားေတြဖမ္းခံရတယ္ၾကားလို႔ ကူညီေပးဖို႔အတြက္သြားခဲ့ပါတယ္။ သူတို႔ကို ထိုင္းမွာအလုပ္လုပ္ရမယ္လို႔ ပြဲစားကေျပာတဲ့အတြက္ လာခဲ့တာလို႔သိရတယ္။ ပြဲခကတစ္ေယာက္ကို ဘတ္ ၂၅၀၀၀ စီေပးရတယ္လို႔ေျပာတယ္။ လိုအပ္တာေတြကို တတ္ႏိုင္သေလာက္ကူညီေပးသြားမွာပါ"ဟု ထိုင္းႏိုင္ငံေရာက္ ျမန္မာအလုပ္သမားမ်ားအေရးကိုကူညီေဆာင္႐ြက္ေပးေနသည့္ ကိုႏိုင္မိုးက NP News ကိုေျပာသည္။

ဖမ္းဆီးရမိခဲ့သည့္ ထိုင္းႏိုင္ငံသားကားေမာင္းသူအား စစ္ေဆးခ်က္အရ ျမန္မာႏိုင္ငံသားမ်ားကို ပို႔ေဆာင္ေပးခအျဖစ္ တစ္ဦးလွ်င္ ဘတ္ ၁၀၀၀ စီရရွိမည္ျဖစ္၍ ပို႔ေဆာင္ေပးျခင္းျဖစ္ ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ဖမ္းဆီးရမိခဲ့သည့္ ထိုင္းႏိုင္ငံသားကားေမာင္းသူအပါအဝင္ ျမန္မာႏိုင္ငံသားမ်ားအား ထိုင္းႏိုင္ငံဥပေဒအရအေရးယူရန္ သက္ဆိုင္ရာရဲစခန္းသို႔ပို႔ေဆာင္ထားေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္လာသည့္ ႏိုင္ငံျခားသားမ်ားအား ဖမ္းဆီးမႈမ်ားျပဳလုပ္လ်က္ရွိရာ ႏိုဝင္ဘာလ ၂၄ ရက္ကလည္း တာခ္ခ႐ိုင္၊ မဲေဆာက္ၿမိဳ႕၊ မဲ့ပါ့ေက်း႐ြာရွိ ဘန႔္ေဟြ႕ဟင္န္ဖြန္စစ္ေဆးေရးဂိတ္တြင္ ကုန္ပစၥည္းစုံတင္လာသည့္ Box ကားအတြင္း ပုန္းေအာင္းလိုက္ပါလာသည့္ ျမန္မာႏိုင္ငံသား ၂၆ ဦး ဖမ္းဆီးခံခဲ့ရသည္။

Related news

© 2021. All rights reserved.