မွန်ပြည်နယ်အစိုးရအဖွဲ့အိမ်ယာအနီး၌ Drop Bomb ပေါက်ကွဲမှုဖြစ်ပွားခဲ့

 1131

ကျော် (NP News)- ဒီဇင်ဘာ ၂

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်အစိုးရအဖွဲ့အိမ်ယာအနီး၌ ယမန်နေ့ (ဒီဇင်ဘာလ ၁ ရက်) ညပိုင်းက Drop Bomb ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ယမန်နေ့ ည ၉ နာရီခွဲကျော်ခန့်က PDF အဖွဲ့ဝင်များသည် Drone ယာဥ်အသုံးပြု၍ မော်လမြိုင်မြို့၊ ငန်းတေးရပ်ကွက်ရှိ မွန်ပြည်နယ်အစိုးရအဖွဲ့အိမ်ယာအား Drop Bomb ဖြင့်ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ချတိုက်ခိုက်ရာ Drop Bomb သည် အစိုးရအဖွဲ့ရုံးအိမ်ယာအနီးရှိ အရပ်သားများနေ ထိုင်သော နေအိမ်အနီးတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

"ငန်းတေးဂေါက်ကွင်းအရှေ့ဖက်က ပြည်နယ်အစိုးရအဖွဲ့ရုံးအိမ်ယာနားမှာ ဖြစ်သွားတာပါ။ အခင်းဖြစ်နေရာနားမှာက အရပ်သားတွေနေထိုင်တဲ့အိမ်တွေရှိပါတယ်။ ပျက်စီးမှုကြီးကြီးမားမားမရှိသလို သေဆုံးဒဏ်ရာရတာလည်းမရှိပါဘူး"ဟု ပြည်နယ်အစိုးရ အဖွဲ့၏ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

လုံခြုံရေးအဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် စုံစမ်းစစ် ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်၊ ည ၉ နာရီခန့်ကလည်း PDF အဖွဲ့ဝင်များသည် တနင်္သာရီတိုင်းအစိုးရအဖွဲ့၏ ထားဝယ်မြို့ရှိ ဝန်ကြီးများအိမ်ယာအတွင်းသို့ လက်လုပ်စိန်ပြောင်းများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။

အဆိုပါ လက်လုပ်စိန်ပြောင်းများသည် တိုင်းအစိုးရအဖွဲ့၏ သယံဇာတရေးရာဝန်ကြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့၏ နေအိမ်ပေါ်နှင့် နေအိမ်ရှေ့ကားရပ်နားရာနေရာပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သော်လည်း ထိခိုက်ဒဏ်ရာရသူမရှိခဲ့ကြောင်း သိရသည်။

zawgyi version
မြန္ျပည္နယ္အစိုးရအဖြဲ႕အိမ္ယာအနီး၌ Drop Bomb ေပါက္ကြဲမႈျဖစ္ပြားခဲ့
ေက်ာ္ (NP News)- ဒီဇင္ဘာ ၂

မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕ရွိ မြန္ျပည္နယ္အစိုးရအဖြဲ႕အိမ္ယာအနီး၌ ယမန္ေန႔ (ဒီဇင္ဘာလ ၁ ရက္) ညပိုင္းက Drop Bomb ေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း ျပည္နယ္အစိုးရအဖြဲ႕တာဝန္ရွိသူတစ္ဦးထံမွ သိရသည္။

ယမန္ေန႔ ည ၉ နာရီခြဲေက်ာ္ခန္႔က PDF အဖြဲ႕ဝင္မ်ားသည္ Drone ယာဥ္အသုံးျပဳ၍ ေမာ္လၿမိဳင္ၿမိဳ႕၊ ငန္းေတးရပ္ကြက္ရွိ မြန္ျပည္နယ္အစိုးရအဖြဲ႕အိမ္ယာအား Drop Bomb ျဖင့္ပစ္ခ်တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ပစ္ခ်တိုက္ခိုက္ရာ Drop Bomb သည္ အစိုးရအဖြဲ႕႐ုံးအိမ္ယာအနီးရွိ အရပ္သားမ်ားေန ထိုင္ေသာ ေနအိမ္အနီးတြင္ က်ေရာက္ေပါက္ကြဲခဲ့ေၾကာင္း သိရသည္။

"ငန္းေတးေဂါက္ကြင္းအေရွ႕ဖက္က ျပည္နယ္အစိုးရအဖြဲ႕႐ုံးအိမ္ယာနားမွာ ျဖစ္သြားတာပါ။ အခင္းျဖစ္ေနရာနားမွာက အရပ္သားေတြေနထိုင္တဲ့အိမ္ေတြရွိပါတယ္။ ပ်က္စီးမႈႀကီးႀကီးမားမားမရွိသလို ေသဆုံးဒဏ္ရာရတာလည္းမရွိပါဘူး"ဟု ျပည္နယ္အစိုးရ အဖြဲ႕၏ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက ျပစ္မႈက်ဴးလြန္သူမ်ားအား ဖမ္းဆီးရမိေရးႏွင့္ဥပေဒအရထိေရာက္စြာအေရးယူႏိုင္ေရးတို႔အတြက္ စုံစမ္းစစ္ ေဆးမႈမ်ားျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ဇူလိုင္လ ၂၂ ရက္၊ ည ၉ နာရီခန္႔ကလည္း PDF အဖြဲ႕ဝင္မ်ားသည္ တနသၤာရီတိုင္းအစိုးရအဖြဲ႕၏ ထားဝယ္ၿမိဳ႕ရွိ ဝန္ႀကီးမ်ားအိမ္ယာအတြင္းသို႔ လက္လုပ္စိန္ေျပာင္းမ်ားျဖင့္ပစ္ခတ္တိုက္ခိုက္ခဲ့ၾကသည္။

အဆိုပါ လက္လုပ္စိန္ေျပာင္းမ်ားသည္ တိုင္းအစိုးရအဖြဲ႕၏ သယံဇာတေရးရာဝန္ႀကီး၊ လုံၿခဳံေရးႏွင့္နယ္စပ္ေရးရာဝန္ႀကီးတို႔၏ ေနအိမ္ေပၚႏွင့္ ေနအိမ္ေရွ႕ကားရပ္နားရာေနရာေပၚသို႔ က်ေရာက္ေပါက္ကြဲခဲ့ေသာ္လည္း ထိခိုက္ဒဏ္ရာရသူမရွိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.