မြန်မာနိုင်ငံတွင် ပိတ်မိနေသည့် ဗီယက်နမ်နိုင်ငံသား ၁ဝဝဝ ကျော်ကို မိခင်နိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ခဲ့ကြောင်း ဗီယက်နမ်အစိုးရပြော

559

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၇
ဗီယက်နမ်အစိုးရသည် မြန်မာနိုင်ငံတွင် ပိတ်မိနေသည့် ဗီယက်နမ် နိုင်ငံသား ၁ဝ၂ဝ ဦးကို ဒီဇင်ဘာ ၄ ရက်၊ ၅ ရက် နှင့် ဒီဇင်ဘာ ၆ ရက်တို့တွင် ဆက်တိုက်ပြန်လည်ခေါ်ယူနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
ဗီယက်နမ်အစိုးရသည် မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့်တိုက်ပွဲဇုန်အတွင်း ပိတ်မိနေသည့် ဗီယက်နမ်နိုင်ငံသား ၁ဝ၂ဝ ဦးကို လေကြောင်းခရီးစဉ် ၉ ခုဖြင့် ပြန်လည်ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ဗီယက်နမ်အစိုးရသည် မြန်မာနိုင်ငံမြောက်ပိုင်းတွင် ပိတ်မိနေသူများကို ဒီဇင်ဘာ ၄ ရက်တွင် ပထမဆုံး စတင်ခေါ်ယူခဲ့ပြီးနောက် ဒီဇင်ဘာ ၅ ရက်တွင် ဗီယက်နမ်နိုင်ငံသား ၃၃၈ ဦး၊ ဒီဇင်ဘာ ၆ ရက်တွင် ဗီယက်နမ်နိုင်ငံသား ၄၄၂ ဦးတို့ကို ပြန်လည်ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဗီယက်နမ်အစိုးရသည် ဗီယက်နမ်နိုင်ငံသားများအပြင် အီဂျစ်၊ မလေးရှား နှင့် စင်ကာပူနိုင်ငံသားများကိုလည်း မိခင်နိုင်ငံသို့ပြန်ရန် ကူညီပေးနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ ပြန်လည်ကယ်တင်ခဲ့သူအများစုသည် မြန်မာနိုင်ငံမြောက်ပိုင်းရှိ အွန်လိုင်းမှတဆင့် လိမ်လည်မှုကျူးလွန်နေသည့်ဂိုဏ်းများလက်ထဲတွင် ပိတ်မိနေသူများ ဖြစ်ကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံဆိုင်ရာဗီယက်နမ်သံရုံးတို့သည် ဗီယက်နမ်နိုင်ငံသားများ မိခင်နိုင်ငံသို့ပြန်နိုင်ရန်အတွက် ဗီဇာအပြင် အခြားလိုအပ်သည့်အရာများကို ကူညီပေးခဲ့ကြောင်းသိရသည်။
ဗီယက်နမ်အစိုးရသည် မြန်မာနိုင်ငံ မြောက်ပိုင်းတွင်ပိတ်မိနေသည့် ဗီယက်နမ်နိုင်ငံသားများ ပြန်လည်ခေါ်ယူရေးအတွက် ကုန်ကျစရိတ်အားလုံးကို အကုန်ကျခံမည်ဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

Zawgyi Version;
ျမန္မာႏိုင္ငံတြင္ ပိတ္မိေနသည့္ ဗီယက္နမ္ႏိုင္ငံသား ၁ဝဝဝ ေက်ာ္ကို မိခင္ႏိုင္ငံသို႔ ျပန္လည္ေခၚယူႏိုင္ခဲ့ေၾကာင္း ဗီယက္နမ္အစိုးရေျပာ
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၇
ဗီယက္နမ္အစိုးရသည္ ျမန္မာႏိုင္ငံတြင္ ပိတ္မိေနသည့္ ဗီယက္နမ္ ႏိုင္ငံသား ၁ဝ၂ဝ ဦးကို ဒီဇင္ဘာ ၄ ရက္၊ ၅ ရက္ ႏွင့္ ဒီဇင္ဘာ ၆ ရက္တို႔တြင္ ဆက္တိုက္ျပန္လည္ေခၚယူႏိုင္ခဲ့ေၾကာင္း သတင္းထုတ္ျပန္ထားသည္။
ဗီယက္နမ္အစိုးရသည္ ျမန္မာႏိုင္ငံတြင္ျဖစ္ပြားေနသည့္တိုက္ပြဲဇုန္အတြင္း ပိတ္မိေနသည့္ ဗီယက္နမ္ႏိုင္ငံသား ၁ဝ၂ဝ ဦးကို ေလေၾကာင္းခရီးစဥ္ ၉ ခုျဖင့္ ျပန္လည္ေခၚယူႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း ဗီယက္နမ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားသည္။
ဗီယက္နမ္အစိုးရသည္ ျမန္မာႏိုင္ငံေျမာက္ပိုင္းတြင္ ပိတ္မိေနသူမ်ားကို ဒီဇင္ဘာ ၄ ရက္တြင္ ပထမဆုံး စတင္ေခၚယူခဲ့ၿပီးေနာက္ ဒီဇင္ဘာ ၅ ရက္တြင္ ဗီယက္နမ္ႏိုင္ငံသား ၃၃၈ ဦး၊ ဒီဇင္ဘာ ၆ ရက္တြင္ ဗီယက္နမ္ႏိုင္ငံသား ၄၄၂ ဦးတို႔ကို ျပန္လည္ေခၚယူႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ဗီယက္နမ္အစိုးရသည္ ဗီယက္နမ္ႏိုင္ငံသားမ်ားအျပင္ အီဂ်စ္၊ မေလးရွား ႏွင့္ စင္ကာပူႏိုင္ငံသားမ်ားကိုလည္း မိခင္ႏိုင္ငံသို႔ျပန္ရန္ ကူညီေပးႏိုင္ခဲ့ေၾကာင္း သတင္းထုတ္ျပန္ထားသည္။ ျပန္လည္ကယ္တင္ခဲ့သူအမ်ားစုသည္ ျမန္မာႏိုင္ငံေျမာက္ပိုင္းရွိ အြန္လိုင္းမွတဆင့္ လိမ္လည္မႈက်ဴးလြန္ေနသည့္ဂိုဏ္းမ်ားလက္ထဲတြင္ ပိတ္မိေနသူမ်ား ျဖစ္ေၾကာင္း သိရသည္။
ဗီယက္နမ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ႏွင့္ ျမန္မာႏိုင္ငံဆိုင္ရာဗီယက္နမ္သံ႐ုံးတို႔သည္ ဗီယက္နမ္ႏိုင္ငံသားမ်ား မိခင္ႏိုင္ငံသို႔ျပန္ႏိုင္ရန္အတြက္ ဗီဇာအျပင္ အျခားလိုအပ္သည့္အရာမ်ားကို ကူညီေပးခဲ့ေၾကာင္းသိရသည္။
ဗီယက္နမ္အစိုးရသည္ ျမန္မာႏိုင္ငံ ေျမာက္ပိုင္းတြင္ပိတ္မိေနသည့္ ဗီယက္နမ္ႏိုင္ငံသားမ်ား ျပန္လည္ေခၚယူေရးအတြက္ ကုန္က်စရိတ္အားလုံးကို အကုန္က်ခံမည္ျဖစ္ေၾကာင္း ဗီယက္နမ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာသည္။