မလေးရှားနိုင်ငံ ဂျိုးဟိုးပြည်နယ်တွင် မြန်မာနိုင်ငံသား ၅ဝ ကျော် အပါအဝင် နိုင်ငံခြားသား ၁၁ဝ ကျော် ဖမ်းဆီးခံရ

 2925

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၁၂

ဂျိုးဟိုးပြည်နယ် Tampoi စူပါမားကက်ဈေးအတွင်း ‘Ops Belanja’ အမည်ရှိ စစ်ဆင်ရေး နှင့် ‘Ops Selera’ အမည်ရှိစစ်ဆင်ရေးများ လုပ်ဆောင်ခဲ့ရာ တရားမဝင်အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသား ၁၁၄ ဦးကို ဖမ်းဆီး ရမိခဲ့ပြီး ဖမ်းဆီးခံရသူများထဲတွင် မြန်မာနိုင်ငံသားအများဆုံး ဖမ်းဆီးခံခဲ့ရကြောင်း ဂျိုဟိုးပြည်နယ် လူဝင်မှု ကြီးကြပ်ရေးဌာနက သတင်းထုတ်ပြန်ထားသည်။

မလေးရှားဂျိုးဟိုးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူး Baharuddin Tahir က ဒီဇင်ဘာ ၈ ရက် နံနက် ၁၁ နာရီ ၃ဝ မိနစ်က လူဝင်မှုကြီးကြပ်ရေးအဖွဲ့ဝင် ၉ဝ ဦးနှင့်အတူ တရားမဝင်နေထိုင်လုပ်ကိုင်နေသူများကို စီးနင်းရှာဖွေခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။ ဖမ်းဆီးခံရသူ ၁၁၄ ဦးသည် အသက် ၁၉ နှစ်အရွယ်မှ အသက် ၅၈ နှစ်အရွယ်ရှိသူများဖြစ်ကြောင်း၊ မြန်မာ၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေရှ့်၊ နီပေါ နှင့် အိန္ဒိယနိုင်ငံသားတို့ ဖမ်းဆီးခံခဲ့ရ ကြောင်း ဂျိုးဟိုးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖမ်းဆီးခံရသူများထဲတွင် မြန်မာနိုင်ငံသား ၅၁ ဦး ပါဝင်ခဲ့ပြီး အမျိုးသားများဖြစ်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံသား ၄၂ ဦး၊ ဘင်္ဂလားဒေရှ့်နိုင်ငံသား ၁ဝ ဦး နှင့် နီပေါနိုင်ငံသား ၈ ဦးနှင့် အိန္ဒိယနိုင်ငံသား ၃ ဦး ပါဝင်ခဲ့ကြောင်း သိရသည်။

မလေးရှားဂျိုးဟိုးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူးက ဖမ်းဆီးခံထားရသူများကို လူဝင်မှု ကြီးကြပ်ရေးအက်ဥပဒေချိုးဖောက်မှုများဖြင့် စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ပြောသည်။
၎င်းက "ဖမ်းဆီးထိန်းသိမ်းထားသူတွေကို ထပ်မံစုံစမ်းစစ်ဆေးနိုင်ဖို့ Setia Tropika လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစင်တာမှာ ထိန်းသိမ်းထားတယ်။ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ နိုင်ငံခြားသားအားလုံးဟာ တရားဝင် စာရွက်စာတမ်းမရှိသူတွေ၊ နေထိုင်ခွင့်သက်တမ်းကျော်လွန်နေထိုင်သူတွေဖြစ်ပါတယ်။ သူတို့တွေဟာ Social Visit Pass ကို ချိုးဖောက်ခဲ့တာမျိုးဖြစ်ပါတယ်" ဟု ပြောသည်။

မလေးရှားအစိုးရသည် နိုင်ငံအတွင်း တရားမဝင် နေထိုင်နေသူများကို မကြာခဏ စီးနင်းဖမ်းဆီးမှုများပြုလုပ်နေရာ မြန်မာနိုင်ငံသားများအပြင် အခြားနိုင်ငံခြားသားများ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း သိရသည်။

Zawgyi Version;
မေလးရွားႏိုင္ငံ ဂ်ိဳးဟိုးျပည္နယ္တြင္ ျမန္မာႏိုင္ငံသား ၅ဝ ေက်ာ္ အပါအဝင္ ႏိုင္ငံျခားသား ၁၁ဝ ေက်ာ္ ဖမ္းဆီးခံရ
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၁၂

ဂ်ိဳးဟိုးျပည္နယ္ Tampoi စူပါမားကက္ေဈးအတြင္း ‘Ops Belanja’ အမည္ရွိ စစ္ဆင္ေရး ႏွင့္ ‘Ops Selera’ အမည္ရွိစစ္ဆင္ေရးမ်ား လုပ္ေဆာင္ခဲ့ရာ တရားမဝင္အလုပ္လုပ္ကိုင္ေနသည့္ ႏိုင္ငံျခားသား ၁၁၄ ဦးကို ဖမ္းဆီး ရမိခဲ့ၿပီး ဖမ္းဆီးခံရသူမ်ားထဲတြင္ ျမန္မာႏိုင္ငံသားအမ်ားဆုံး ဖမ္းဆီးခံခဲ့ရေၾကာင္း ဂ်ိဳဟိုးျပည္နယ္ လူဝင္မႈ ႀကီးၾကပ္ေရးဌာနက သတင္းထုတ္ျပန္ထားသည္။

မေလးရွားဂ်ိဳးဟိုးျပည္နယ္ လူဝင္မႈႀကီးၾကပ္ေရးဌာန ၫႊန္ၾကားေရးမႉး Baharuddin Tahir က ဒီဇင္ဘာ ၈ ရက္ နံနက္ ၁၁ နာရီ ၃ဝ မိနစ္က လူဝင္မႈႀကီးၾကပ္ေရးအဖြဲ႕ဝင္ ၉ဝ ဦးႏွင့္အတူ တရားမဝင္ေနထိုင္လုပ္ကိုင္ေနသူမ်ားကို စီးနင္းရွာေဖြခဲ့ျခင္းျဖစ္ေၾကာင္း ေျပာသည္။ ဖမ္းဆီးခံရသူ ၁၁၄ ဦးသည္ အသက္ ၁၉ ႏွစ္အ႐ြယ္မွ အသက္ ၅၈ ႏွစ္အ႐ြယ္ရွိသူမ်ားျဖစ္ေၾကာင္း၊ ျမန္မာ၊ အင္ဒိုနီးရွား၊ ဘဂၤလားေဒရွ႕္၊ နီေပါ ႏွင့္ အိႏၵိယႏိုင္ငံသားတို႔ ဖမ္းဆီးခံခဲ့ရ ေၾကာင္း ဂ်ိဳးဟိုးျပည္နယ္ လူဝင္မႈႀကီးၾကပ္ေရးဌာန၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ဖမ္းဆီးခံရသူမ်ားထဲတြင္ ျမန္မာႏိုင္ငံသား ၅၁ ဦး ပါဝင္ခဲ့ၿပီး အမ်ိဳးသားမ်ားျဖစ္ေၾကာင္း၊ အင္ဒိုနီးရွားႏိုင္ငံသား ၄၂ ဦး၊ ဘဂၤလားေဒရွ႕္ႏိုင္ငံသား ၁ဝ ဦး ႏွင့္ နီေပါႏိုင္ငံသား ၈ ဦးႏွင့္ အိႏၵိယႏိုင္ငံသား ၃ ဦး ပါဝင္ခဲ့ေၾကာင္း သိရသည္။

မေလးရွားဂ်ိဳးဟိုးျပည္နယ္ လူဝင္မႈႀကီးၾကပ္ေရးဌာန ၫႊန္ၾကားေရးမႉးက ဖမ္းဆီးခံထားရသူမ်ားကို လူဝင္မႈ ႀကီးၾကပ္ေရးအက္ဥပေဒခ်ိဳးေဖာက္မႈမ်ားျဖင့္ စုံစမ္းစစ္ေဆးသြားမည္ျဖစ္ေၾကာင္း ေျပာသည္။
၎က "ဖမ္းဆီးထိန္းသိမ္းထားသူေတြကို ထပ္မံစုံစမ္းစစ္ေဆးႏိုင္ဖို႔ Setia Tropika လူဝင္မႈႀကီးၾကပ္ေရး ထိန္းသိမ္းေရးစင္တာမွာ ထိန္းသိမ္းထားတယ္။ ဖမ္းဆီးထိန္းသိမ္းခံရတဲ့ ႏိုင္ငံျခားသားအားလုံးဟာ တရားဝင္ စာ႐ြက္စာတမ္းမရွိသူေတြ၊ ေနထိုင္ခြင့္သက္တမ္းေက်ာ္လြန္ေနထိုင္သူေတြျဖစ္ပါတယ္။ သူတို႔ေတြဟာ Social Visit Pass ကို ခ်ိဳးေဖာက္ခဲ့တာမ်ိဳးျဖစ္ပါတယ္" ဟု ေျပာသည္။

မေလးရွားအစိုးရသည္ ႏိုင္ငံအတြင္း တရားမဝင္ ေနထိုင္ေနသူမ်ားကို မၾကာခဏ စီးနင္းဖမ္းဆီးမႈမ်ားျပဳလုပ္ေနရာ ျမန္မာႏိုင္ငံသားမ်ားအျပင္ အျခားႏိုင္ငံျခားသားမ်ား ဖမ္းဆီးထိန္းသိမ္းခံခဲ့ရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.