DKBA အနေဖြင့် NCA စာချုပ်ပါ စည်းမျဥ်းစည်းကမ်းများအတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဟု စစ်ဦးစီးချုပ် စောစတီးပြော

3948
ကျော်(NP News) - ဒီဇင်ဘာ ၂၂
DKBA အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)စာချုပ်ပါ စည်းမျဥ်းစည်း ကမ်းများအတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောစတီးကပြောသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဆုံဆည်းမြိုင်ကျေးရွာ၌ ယမန်နေ့ (ဒီဇင်ဘာလ ၂၁ ရက်)၊ နံနက်ပိုင်းကကျင်းပခဲ့သည့် (၂၉)နှစ်မြောက် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မ တော်(DKBA)နေ့ အခမ်းအနားတွင် အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
DKBA သည် ကြားနေမူဝါဒအားကျင့်သုံးသည့် အဖွဲ့အစည်းဖြစ်ပြီး NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းဖြစ်၍ NCA စာချုပ်ပါစည်းမျဥ်း၊စည်း ကမ်းများအတိုင်း လုပ်ဆောင်လျက်ရှိသည်ဟု ၎င်းကပြောသည်။
"ကျွန်တော်တို့စောင့်ဆိုင်းနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဥ်ကိုပြန်သုံးသပ်ကြည့်ရင် လွယ်လွယ်ကူကူဖြစ်လာတာမဟုတ်ပါဘူး။ အသက်တွေ၊ သွေးတွေ၊ ဘဝတွေ အများကြီးပေးဆပ်ပြီးတော့မှရလာတာပါ"ဟု ဗိုလ်ချုပ်ကြီးစောစတီးကပြောသည်။
ထိုသို့ အရင်းအနှီးကြီးမားစွာပေးဆပ်ရရှိလာသည့် ငြိမ်း ချမ်းရေးအား စိတ်ရှည်သည်းခံကာ မတူညီသည်များကိုတူညီရန် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရမည်ဖြစ်ပြီး လက်ရှိအခြေအနေအား ဆက်လက်ထိန်းသိမ်းရေးအတွက် ခိုင်မြဲအောင်လုပ်ဆောင်သွားရမည်ဟု ၎င်းကပြောသည်။
"အခုအချိန်မှာ ကျွန်တော်တို့နဲ့အတူ ကရင်လက်နက် ကိုင် အဖွဲ့အစည်းတွေဟာ လူမျိုးချင်းတူညီတဲ့အပေါ်မှာ မတူတာတွေကို အတူတကွတွဲလုပ်ရမှာဖြစ်သလို မတူတာတွေကိုလည်း ညှိနှိုင်းဆောင်ရွက်သွားရပါမယ်"ဟု ဗိုလ်ချုပ်ကြီးစောစတီးကပြောသည်။
ထို့ပြင် ရှေ့ဆက်လက်၍ ဒေသအတွင်းနေထိုင်သူများအဆင်ပြေကာ လူနေမှုဘဝအဆင့်မြင့်မားရေး၊ပညာ ရေး၊ ကျန်းမာရေးနှင့်ဒေသဖွံဖြိုးရေးတို့ကို တစ်စိုက်မတ်မတ်ဆောင်ရွာသွားမည်ဖြစ်ပြီး ဒေသတွင်း တည် ငြိမ်အေးချမ်းရေးနှင့်လုံခြုံရေးကိုလည်း ကျရာအခန်းကဏ္ဏမှ ပြည်သူများနှင့်အတူ လက်တွဲလုပ်ဆောင်သွားမည်ဟု ပြောသည်။
DKBA သည် ၂၀၁၅ ခုနှစ်က တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)အား လက်မှတ်ရေးထိုးခဲ့ပြီးနောက် နစကမှပြုလုပ်လျက်ရှိသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများအား နယ်မြေတည်ငြိမ်အေးချမ်းစေရေးအတွက် ဝင်ရောက်ဆွေးနွေးမှုများပြုလုပ်လျက်ရှိသည့် အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။

zawgyi version
DKBA အေနျဖင့္ NCA စာခ်ဳပ္ပါ စည္းမ်ဥ္းစည္းကမ္းမ်ားအတိုင္း ဆက္လက္လုပ္ေဆာင္သြားမည္ဟု စစ္ဦးစီးခ်ဳပ္ ေစာစတီးေျပာ
ေက်ာ္(NP News) - ဒီဇင္ဘာ ၂၂
DKBA အေနျဖင့္ တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္(NCA)စာခ်ဳပ္ပါ စည္းမ်ဥ္းစည္း ကမ္းမ်ားအတိုင္း ဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း DKBA စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီးေစာစတီးကေျပာသည္။
ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕နယ္၊ ဆုံဆည္းၿမိဳင္ေက်း႐ြာ၌ ယမန္ေန႔ (ဒီဇင္ဘာလ ၂၁ ရက္)၊ နံနက္ပိုင္းကက်င္းပခဲ့သည့္ (၂၉)ႏွစ္ေျမာက္ ဒီမိုကေရစီအက်ိဳးျပဳကရင့္တပ္မ ေတာ္(DKBA)ေန႔ အခမ္းအနားတြင္ အထက္ပါကဲ့သို႔ေျပာၾကားခဲ့ျခင္းျဖစ္သည္။
DKBA သည္ ၾကားေနမူဝါဒအားက်င့္သုံးသည့္ အဖြဲ႕အစည္းျဖစ္ၿပီး NCA လက္မွတ္ေရးထိုးထားသည့္ အဖြဲ႕အစည္းျဖစ္၍ NCA စာခ်ဳပ္ပါစည္းမ်ဥ္း၊စည္း ကမ္းမ်ားအတိုင္း လုပ္ေဆာင္လ်က္ရွိသည္ဟု ၎ကေျပာသည္။
"ကြၽန္ေတာ္တို႔ေစာင့္ဆိုင္းေနတဲ့ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ကိုျပန္သုံးသပ္ၾကည့္ရင္ လြယ္လြယ္ကူကူျဖစ္လာတာမဟုတ္ပါဘူး။ အသက္ေတြ၊ ေသြးေတြ၊ ဘဝေတြ အမ်ားႀကီးေပးဆပ္ၿပီးေတာ့မွရလာတာပါ"ဟု ဗိုလ္ခ်ဳပ္ႀကီးေစာစတီးကေျပာသည္။
ထိုသို႔ အရင္းအႏွီးႀကီးမားစြာေပးဆပ္ရရွိလာသည့္ ၿငိမ္း ခ်မ္းေရးအား စိတ္ရွည္သည္းခံကာ မတူညီသည္မ်ားကိုတူညီရန္ ေပါင္းစပ္ညႇိႏႈိင္းေဆာင္႐ြက္သြားရမည္ျဖစ္ၿပီး လက္ရွိအေျခအေနအား ဆက္လက္ထိန္းသိမ္းေရးအတြက္ ခိုင္ၿမဲေအာင္လုပ္ေဆာင္သြားရမည္ဟု ၎ကေျပာသည္။
"အခုအခ်ိန္မွာ ကြၽန္ေတာ္တို႔နဲ႔အတူ ကရင္လက္နက္ ကိုင္ အဖြဲ႕အစည္းေတြဟာ လူမ်ိဳးခ်င္းတူညီတဲ့အေပၚမွာ မတူတာေတြကို အတူတကြတြဲလုပ္ရမွာျဖစ္သလို မတူတာေတြကိုလည္း ညႇိႏႈိင္းေဆာင္႐ြက္သြားရပါမယ္"ဟု ဗိုလ္ခ်ဳပ္ႀကီးေစာစတီးကေျပာသည္။
ထို႔ျပင္ ေရွ႕ဆက္လက္၍ ေဒသအတြင္းေနထိုင္သူမ်ားအဆင္ေျပကာ လူေနမႈဘဝအဆင့္ျမင့္မားေရး၊ပညာ ေရး၊ က်န္းမာေရးႏွင့္ေဒသဖြံၿဖိဳးေရးတို႔ကို တစ္စိုက္မတ္မတ္ေဆာင္႐ြာသြားမည္ျဖစ္ၿပီး ေဒသတြင္း တည္ ၿငိမ္ေအးခ်မ္းေရးႏွင့္လုံၿခဳံေရးကိုလည္း က်ရာအခန္းကဏၰမွ ျပည္သူမ်ားႏွင့္အတူ လက္တြဲလုပ္ေဆာင္သြားမည္ဟု ေျပာသည္။
DKBA သည္ ၂၀၁၅ ခုႏွစ္က တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ (NCA)အား လက္မွတ္ေရးထိုးခဲ့ၿပီးေနာက္ နစကမွျပဳလုပ္လ်က္ရွိသည့္ ၿငိမ္း ခ်မ္းေရးေဆြးေႏြးပြဲမ်ားအား နယ္ေျမတည္ၿငိမ္ေအးခ်မ္းေစေရးအတြက္ ဝင္ေရာက္ေဆြးေႏြးမႈမ်ားျပဳလုပ္လ်က္ရွိသည့္ အဖြဲ႕အစည္းတစ္ခုလည္းျဖစ္သည္။