ပြည်မြို့တွင် တစ်ရပ်ကွက်တည်းနေသူချင်း စကားများရန်ဖြစ်ရာမှ အမျိုးသမီးတစ်ဦး ဓားထိုးခံရ

 1161

သန့်ဇင် (NP News) - ဒီဇင်ဘာ ၂၆

ပဲခူးတိုင်း(အနောက်ပိုင်း)၊ ပြည်မြို့တွင် တစ်ရပ်ကွက်တည်းနေသူချင်းစကားများ ရန်ဖြစ်ကြရာ အမျိုးသမီးတစ်ဦး ဓားဖြင့်အထိုးခံခဲ့ရကြောင်း ပရဟိတပါရမီလူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။

ယမန်နေ့(ဒီဇင်ဘာလ ၂၅ ရက်)၊ ည ၁၀ နာရီအချိန်တွင် ပြည်မြို့၊ ကိုးသောင်းဈေးမီးပွိုင့်လမ်းဆုံ၊ ဗိုလ်ချုပ်လမ်းမပေါ်၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သိရတာတော့ ဓားနဲ့ထိုးတဲ့ ဦးလေးကြီးက အထိုးခံရတဲ့ အန်တီးကြီးအိမ်အနီးနားကပါ။ စကားများပြီး ခုလိုဓားနဲ့ထိုးတာလို့ သိရတာပေါ့နော်။ အဲဒါနဲ့ အိုးဝေမောင်းတဲ့လူတွေက ဓားနဲ့ထိုးတဲ့ လူကိုဝိုင်းဖမ်းပေးထားတာပေါ့”ဟု ပရဟိတပါရမီအသင်းမှ တာဝန်ရှိသူ တစ်ဦးက NP News ကိုပြောသည်။

အဆိုပါ ဖြစ်စဉ်တွင် ဓားဖြင့်အထိုးခံရသည့် အသက်(၆၀)နှစ်ဝန်းကျင် အမျိုးသမီးတွင် ဇက်ပြတ်ရှဒဏ်ရာနင့် ခါးထိုးသွင်း ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

“ဓားနဲ့အထိုးခံရတဲ့ အန်တီကြီးက ဂုတ်မှာ တစ်ချက်နဲ့ ခါးနားမှာ ဓားနဲ့အထိုးခံရတဲ့ ဒဏ်ရာတွေရှိတယ်။ စိုးရိမ်စရာတော့ မရှိပါဘူး။ ဓားနဲ့ထိုးတဲ့လူကိုတော့ အိုးဝေမောင်းတဲ့ လူတွေကဖမ်းပေးထားပြီး ရဲတွေလည်းရောက်လာတော့ ဖမ်းခေါ်သွားတယ်” ဟု ၎င်းက ဆက်လက် ပြောသည်။

ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူအမျိုးသမီးအား ပရဟိတပါရမီလူမှုကယ်ဆယ်ရေးအသင်းမှ ပြည်မြို့ကုတင်(၅၀၀)ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ပြစ်မှုကျူးလွန်သူအမျိုးသားအား သက်ဆိုင်ရာမှ ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

zawgyi version
ျပည္ၿမိဳ႕တြင္ တစ္ရပ္ကြက္တည္းေနသူခ်င္း စကားမ်ားရန္ျဖစ္ရာမွ အမ်ိဳးသမီးတစ္ဦး ဓားထိုးခံရ

သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၂၆

ပဲခူးတိုင္း(အေနာက္ပိုင္း)၊ ျပည္ၿမိဳ႕တြင္ တစ္ရပ္ကြက္တည္းေနသူခ်င္းစကားမ်ား ရန္ျဖစ္ၾကရာ အမ်ိဳးသမီးတစ္ဦး ဓားျဖင့္အထိုးခံခဲ့ရေၾကာင္း ပရဟိတပါရမီလူမႈကယ္ဆယ္ေရးအသင္းထံမွ သိရသည္။

ယမန္ေန႔(ဒီဇင္ဘာလ ၂၅ ရက္)၊ ည ၁၀ နာရီအခ်ိန္တြင္ ျပည္ၿမိဳ႕၊ ကိုးေသာင္းေဈးမီးပြိဳင့္လမ္းဆုံ၊ ဗိုလ္ခ်ဳပ္လမ္းမေပၚ၌ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“သိရတာေတာ့ ဓားနဲ႔ထိုးတဲ့ ဦးေလးႀကီးက အထိုးခံရတဲ့ အန္တီးႀကီးအိမ္အနီးနားကပါ။ စကားမ်ားၿပီး ခုလိုဓားနဲ႔ထိုးတာလို႔ သိရတာေပါ့ေနာ္။ အဲဒါနဲ႔ အိုးေဝေမာင္းတဲ့လူေတြက ဓားနဲ႔ထိုးတဲ့ လူကိုဝိုင္းဖမ္းေပးထားတာေပါ့”ဟု ပရဟိတပါရမီအသင္းမွ တာဝန္ရွိသူ တစ္ဦးက NP News ကိုေျပာသည္။

အဆိုပါ ျဖစ္စဥ္တြင္ ဓားျဖင့္အထိုးခံရသည့္ အသက္(၆၀)ႏွစ္ဝန္းက်င္ အမ်ိဳးသမီးတြင္ ဇက္ျပတ္ရွဒဏ္ရာနင့္ ခါးထိုးသြင္း ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း သိရသည္။

“ဓားနဲ႔အထိုးခံရတဲ့ အန္တီႀကီးက ဂုတ္မွာ တစ္ခ်က္နဲ႔ ခါးနားမွာ ဓားနဲ႔အထိုးခံရတဲ့ ဒဏ္ရာေတြရွိတယ္။ စိုးရိမ္စရာေတာ့ မရွိပါဘူး။ ဓားနဲ႔ထိုးတဲ့လူကိုေတာ့ အိုးေဝေမာင္းတဲ့ လူေတြကဖမ္းေပးထားၿပီး ရဲေတြလည္းေရာက္လာေတာ့ ဖမ္းေခၚသြားတယ္” ဟု ၎က ဆက္လက္ ေျပာသည္။

ထို႔ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူအမ်ိဳးသမီးအား ပရဟိတပါရမီလူမႈကယ္ဆယ္ေရးအသင္းမွ ျပည္ၿမိဳ႕ကုတင္(၅၀၀)ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ၿပီး ျပစ္မႈက်ဴးလြန္သူအမ်ိဳးသားအား သက္ဆိုင္ရာမွ ဖမ္းဆီးအေရးယူထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.