ကွမ်းယာရောင်းနေသည့်အမျိုးသမီးကို ဆိုင်အတွင်းဝင်ရောက်၍ ဓားဖြင့်ထိုးခဲ့မှု စစ်ကိုင်းမြို့၌ ဖြစ်ပွား

2012

သန့်ဇင် (NP News) - ဒီဇင်ဘာ ၂၈
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့တွင် ကွမ်းယာရောင်းနေသည့်အမျိုးသမီးကို ဆိုင်အတွင်း ဝင်ရောက်၍ ဓားဖြင့်ထိုးမှုဖြစ်ပွားခဲ့ကြောင်း အိုးဘိုကျန်းမာရေး နှင့် လူမှုကူညီရေးအသင်းထံမှ သိရသည်။
ယနေ့(ဒီဇင်ဘာ ၂၈ ရက်)၊ မွန်းလွဲ ၁ နာရီခန့်အချိန်ခန့်တွင် စစ်ကိုင်းမြို့၊ ရွှေဗျိုင်းဖြူဆီဆိုင်အနီးရှိ ကွမ်းယာဆိုင်၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်မတို့ သိရတာတော့ ဓားနဲ့အထိုးခံရတဲ့အမျိုးသမီးက ကွမ်းယာရောင်းနေတဲ့အချိန်မှာ စက်ဘီးနဲ့ လူတစ်ယောက်ရောက်လာပြီး ကွမ်းယာဝယ်မလို နဲ့ ဆိုင်ထဲဝင်လာပြီးနောက်ကနေဓားနဲ့ထိုးသွားတာပေါ့။ ပြီးတော့ လူတွေရောက်လာတာနဲ့ ဓားနဲ့ထိုးတဲ့လူက စက်ဘီးထားပြီး ထွက်ပြေးသွားတယ်” ဟု အိုးဘိုကျန်းမာရေး နှင့် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါဓားထိုးခံရမှုကြောင့် စစ်ကိုင်းမြို့၊ ပြူကံရပ်ကွက်နေ အသက်(၅ဝ)နှစ်ဝန်းကျင် ဒေါ်သန်းသန်အေးတွင် လည်ဂုတ်ထိုးသွင်း ဒဏ်ရာတစ်ချက်ရရှိခဲ့ကြောင်း သိရသည်။
“ဓားနဲ့ အထိုးခံရတာက လည်ဂုတ်မှာပါ။ အရမ်းကြီးလည်းစိုးရိမ်စရာမရှိပါဘူး။ ဆေးရုံပို့နေတုန်းတော့ အသက်ရှုကြပ်တယ် ပြောတယ်။ ကျန်တာတော့ ရဲမှူခင်းဖြစ်တဲ့အတွက် သက်ဆိုင်ရာကပဲဆက်လုပ်နေတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသမီးအား အိုဘိုကျန်းမာရေးနှင့်လူမှုကူညီရေးအသင်းမှ စစ်ကိုင်းမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

Zawgyi Version;
ကြမ္းယာေရာင္းေနသည့္အမ်ိဳးသမီးကို ဆိုင္အတြင္းဝင္ေရာက္၍ ဓားျဖင့္ထိုးခဲ့မႈ စစ္ကိုင္းၿမိဳ႕၌ ျဖစ္ပြား
သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၂၈
စစ္ကိုင္းတိုင္း၊ စစ္ကိုင္းၿမိဳ႕တြင္ ကြမ္းယာေရာင္းေနသည့္အမ်ိဳးသမီးကို ဆိုင္အတြင္း ဝင္ေရာက္၍ ဓားျဖင့္ထိုးမႈျဖစ္ပြားခဲ့ေၾကာင္း အိုးဘိုက်န္းမာေရး ႏွင့္ လူမႈကူညီေရးအသင္းထံမွ သိရသည္။
ယေန႔(ဒီဇင္ဘာ ၂၈ ရက္)၊ မြန္းလြဲ ၁ နာရီခန႔္အခ်ိန္ခန႔္တြင္ စစ္ကိုင္းၿမိဳ႕၊ ေ႐ႊဗ်ိဳင္းျဖဴဆီဆိုင္အနီးရွိ ကြမ္းယာဆိုင္၌ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ကြၽန္မတို႔ သိရတာေတာ့ ဓားနဲ႔အထိုးခံရတဲ့အမ်ိဳးသမီးက ကြမ္းယာေရာင္းေနတဲ့အခ်ိန္မွာ စက္ဘီးနဲ႔ လူတစ္ေယာက္ေရာက္လာၿပီး ကြမ္းယာဝယ္မလို နဲ႔ ဆိုင္ထဲဝင္လာၿပီးေနာက္ကေနဓားနဲ႔ထိုးသြားတာေပါ့။ ၿပီးေတာ့ လူေတြေရာက္လာတာနဲ႔ ဓားနဲ႔ထိုးတဲ့လူက စက္ဘီးထားၿပီး ထြက္ေျပးသြားတယ္” ဟု အိုးဘိုက်န္းမာေရး ႏွင့္ လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါဓားထိုးခံရမႈေၾကာင့္ စစ္ကိုင္းၿမိဳ႕၊ ျပဴကံရပ္ကြက္ေန အသက္(၅ဝ)ႏွစ္ဝန္းက်င္ ေဒၚသန္းသန္ေအးတြင္ လည္ဂုတ္ထိုးသြင္း ဒဏ္ရာတစ္ခ်က္ရရွိခဲ့ေၾကာင္း သိရသည္။
“ဓားနဲ႔ အထိုးခံရတာက လည္ဂုတ္မွာပါ။ အရမ္းႀကီးလည္းစိုးရိမ္စရာမရွိပါဘူး။ ေဆး႐ုံပို႔ေနတုန္းေတာ့ အသက္ရႈၾကပ္တယ္ ေျပာတယ္။ က်န္တာေတာ့ ရဲမႉခင္းျဖစ္တဲ့အတြက္ သက္ဆိုင္ရာကပဲဆက္လုပ္ေနတယ္” ဟု ၎က ဆက္လက္ေျပာသည္။
ထို႔ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူ အမ်ိဳးသမီးအား အိုဘိုက်န္းမာေရးႏွင့္လူမႈကူညီေရးအသင္းမွ စစ္ကိုင္းၿမိဳ႕ ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။