မလေးရှားရောက် တရားမဝင်မြန်မာလုပ်သားများ ဒုက္ခသည်အဖြစ် လျှောက်ထားမှုများလာ

132

Pearl (NP News)စက်တင်ဘာ၁၅
မလေးရှားရောက် တရားမဝင်မြန်မာလုပ်သားများ ဒုက္ခသည်အဖြစ် လျှောက်ထားမှုများလာ ကြောင်း ပြည်ပရောက်မြန်မာလုပ်သားများအရေး ဆောင်ရွက်ပေးနေသူများ၏ ပြောကြားချက်အရ သိရ သည်။
မလေးရှားနိုင်ငံအနေဖြင့် နိုင်ငံကူးလက်မှတ်ဖြင့် တရားဝင်သွားရောက်လုပ်ကိုင်နေသူများ နှင့် ဒုက္ခသည်များမှလွဲ၍ ဖမ်းဆီးမှုများပြုလုပ်နေရာ တရားမဝင်ရောက်ရှိနေသည့် မြန်မာလုပ်သားများ အနေဖြင့် နေ့စဉ်စိုးရိမ်စိတ်ဖြင့် အလုပ်လုပ်ကိုင်နေရကြောင်းလည်း သိရသည်။
တရားမဝင် လုပ်သားအချို့အနေဖြင့် အနှိပ်ခန်း ၊ KTV စသည့် ဖျော်ဖြေရေးလုပ်ငန်းများတွင် လုပ်ကိုင်မှုများရှိနေရာ ပြီးခဲ့သည့် စက်တင်ဘာ (၆)ရက်က မလေးရှားနိုင်ငံ၊ နီလိုင်မြို့ရှိ KTV တစ်ခု၌ မြန်မာအမျိုးသမီး (၂၁)ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းထားကာ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ အရေးယူ ထားကြောင်းလည်း သိရသည်။
“မလေးရှားရဲ့အဖမ်းအဆီးတွေကလည်း တစ်နှစ်ကျော် နှစ်နှစ်လောက် ဖြစ်ပြီ။ လုံးဝမရပ်ဘူး။ ဆက် တိုက်ဖမ်းနေတယ်။ ပြီးခဲ့တဲ့ ရက်က KTV မှာ မြန်မာနိုင်ငံသား ဖျော်ဖြေရေးအမျိုးသမီးတွေ အပါအဝင် (၂၁)ယောက်ကို ဖမ်းဆီးထားတယ်လို့ ကြေ ညာထားတယ်။ မြန်မာလိုခေါ်ရင်တော့ အကျဉ်းဦးစီး ဌာနမှာ ထိန်းသိမ်းထားတဲ့ နိုင်ငံခြားသားတွေ ဖမ်းဆီးထိန်းသိမ်းထားတာတွေ အရမ်းများနေပြီ။ မိမိ နိုင်ငံတွေ ပြန်ပို့နေတယ်လို့ပြောတယ်။ ရေတွက်ရတာတော့ တော်တော်ကို ခက်ခဲတယ်။ နေ့တိုင်းလိုလို ပြန်ပို့တယ်။ မြန်မာသံရုံးက သွားစစ်တယ်။ မြန်မာ နိုင်ငံသားဖြစ်ကြောင်း အထောက်အထားပြည့်စုံရင် ဖောင်ထုတ်ပေးတယ်။ ပြီးရင် သံရုံးမှာ လေယာဉ်လက် မှတ်ဖိုး (၇၃၀)သွင်းရတယ်။ ပြီးရင် ရက်အနည်း ငယ်အတွင်း ပြစ်မှုမရှိရင် ချက်ချင်းပြန်ပို့ပေးပါတယ်။ နေ့တိုင်းနီးနီးပြန်ပို့ပေးနေတာ။ တစ်ရက်ဖမ်းရင် တောင် ရာဂဏန်းရှိတော့ သောင်းနဲ့ချီနေလောက်ပြီထင်တယ်” ဟုပြည်ပရောက်မြန်မာလုပ်သားများ အရေးဆောင်ရွက်ပေးနေသူတစ်ဦးက NP News သို့ ပြောသည်။
မလေးရှားအစိုးရအနေဖြင့် မြန်မာနိုင်ငံသားများအပါအဝင် တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီး၍ မိခင်နိုင်ငံများသို့ ပြန်လည်ပို့ဆောင်မှုများဆောင်ရွက်နေရာ သောင်းနှင့်ချီသော မြန်မာနိုင်ငံ သားများကို ဖမ်းဆီးထိန်းသိမ်းပြီး ပြန်လည်လွှဲပြောင်း ပေးထားကြောင်း သိရသည်။
ထို့ကြောင့် မလေးရှားနိုင်ငံသို့ တရားမဝင် ရောက်ရှိနေသော မြန်မာနိုင်ငံသား တိုင်းရင်းသား လူမျိုးအများစုသည် ဒုက္ခသည်အဖြစ် လျှောက်ထားသူ ပိုများလာသော်လည်း ရရှိသူ နည်းပါးကြောင်း လည်း သိရသည်။
“UNHCR ကတ်ကိုင်ထားတဲ့ ဒုက္ခသည်နဲ့ ပတ်စပို့နဲ့ တရားဝင်လာတဲ့လူတွေ နောက်၊ ဒီနိုင်ငံမှာ ပါမစ်တင်ပြီး ပါမစ်ရတဲ့လူတွေကလွဲပြီး ဘာအထောက်အထားပဲရှိရှိ၊ ဘာကတ်ပဲရှိရှိ သူတို့အနေနဲ့ ဖမ်း ဆီးတာ နေ့တိုင်းလိုလိုရှိပါတယ်။ ဒုက္ခသည်အဖြစ်လျှောက်တာကတော့ UNHCR ကနေ ဖွင့်ထားတယ်။ ဒါပေမဲ့ ဒုက္ခသည်အဖြစ်လက်ခံပြီးတဲ့လူမှသာလျှင် မလေးရှားအစိုးရမဖမ်းတာ။ လျှောက်ထားဆဲလူတွေ ကိုလည်း အကုန်ဖမ်းတာ။ လျှောက်တဲ့လူတွေက အရင်ထက်ပိုများတယ်။ တိုင်းရင်းသားတွေပိုများကြ တယ်။ တချို့ကျတော့ လည်း မိသားစုတွေက တခြားနိုင်ငံမှာရှိနေတော့ ဒီကနေ အလွယ်အကူဆုံးသွား ကြရတော့ အဲဒါတွေကြောင့် လျှောက်တာရှိသလို တချို့လည်း ပြည်တွင်း အခက်အခဲတွေကြောင့် ရောက်ရှိလာပြီး လျှောက် တဲ့လူတွေလည်း ရှိတယ်။ အဆင်ပြေပြေရတဲ့လူတော့ မရှိဘူး။ အကန့် အသတ် တွေကတော့ အရမ်းများလာတယ်။ အရင်လို လွယ်လင့်တကူတော့ မဟုတ်တော့ဘူး။ အရင်ကဆို ဆက် တိုက်လိုလိုခေါ်တယ် အခုဆို နည်းသွားပြီ။ နည်းလည်း လျှောက်ကြတယ်။ လျှောက်ပေမယ့်လည်း တခြားနိုင်ငံသားတွေကလည်း လျှောက်ကြတော့ ချာလည်ပတ်ရမ်းနေတာပဲ” ဟု ၎င်းကဆက်လက် ပြောသည်။

Zawgyi Version:
မေလးရွားေရာက္ တရားမဝင္ျမန္မာလုပ္သားမ်ား ဒုကၡသည္အျဖစ္ ေလွ်ာက္ထားမႈမ်ားလာ
Pearl (NP News)စက္တင္ဘာ၁၅
မေလးရွားေရာက္ တရားမဝင္ျမန္မာလုပ္သားမ်ား ဒုကၡသည္အျဖစ္ ေလွ်ာက္ထားမႈမ်ားလာ ေၾကာင္း ျပည္ပေရာက္ျမန္မာလုပ္သားမ်ားအေရး ေဆာင္႐ြက္ေပးေနသူမ်ား၏ ေျပာၾကားခ်က္အရ သိရ သည္။
မေလးရွားႏိုင္ငံအေနျဖင့္ ႏိုင္ငံကူးလက္မွတ္ျဖင့္ တရားဝင္သြားေရာက္လုပ္ကိုင္ေနသူမ်ား ႏွင့္ ဒုကၡသည္မ်ားမွလြဲ၍ ဖမ္းဆီးမႈမ်ားျပဳလုပ္ေနရာ တရားမဝင္ေရာက္ရွိေနသည့္ ျမန္မာလုပ္သားမ်ား အေနျဖင့္ ေန႔စဥ္စိုးရိမ္စိတ္ျဖင့္ အလုပ္လုပ္ကိုင္ေနရေၾကာင္းလည္း သိရသည္။
တရားမဝင္ လုပ္သားအခ်ိဳ႕အေနျဖင့္ အႏွိပ္ခန္း ၊ KTV စသည့္ ေဖ်ာ္ေျဖေရးလုပ္ငန္းမ်ားတြင္ လုပ္ကိုင္မႈမ်ားရွိေနရာ ၿပီးခဲ့သည့္ စက္တင္ဘာ (၆)ရက္က မေလးရွားႏိုင္ငံ၊ နီလိုင္ၿမိဳ႕ရွိ KTV တစ္ခု၌ ျမန္မာအမ်ိဳးသမီး (၂၁)ဦးကိုလည္း ဖမ္းဆီးထိန္းသိမ္းထားကာ လူဝင္မႈႀကီးၾကပ္ေရးဥပေဒအရ အေရးယူ ထားေၾကာင္းလည္း သိရသည္။
“မေလးရွားရဲ႕အဖမ္းအဆီးေတြကလည္း တစ္ႏွစ္ေက်ာ္ ႏွစ္ႏွစ္ေလာက္ ျဖစ္ၿပီ။ လုံးဝမရပ္ဘူး။ ဆက္ တိုက္ဖမ္းေနတယ္။ ၿပီးခဲ့တဲ့ ရက္က KTV မွာ ျမန္မာႏိုင္ငံသား ေဖ်ာ္ေျဖေရးအမ်ိဳးသမီးေတြ အပါအဝင္ (၂၁)ေယာက္ကို ဖမ္းဆီးထားတယ္လို႔ ေၾက ညာထားတယ္။ ျမန္မာလိုေခၚရင္ေတာ့ အက်ဥ္းဦးစီး ဌာနမွာ ထိန္းသိမ္းထားတဲ့ ႏိုင္ငံျခားသားေတြ ဖမ္းဆီးထိန္းသိမ္းထားတာေတြ အရမ္းမ်ားေနၿပီ။ မိမိ ႏိုင္ငံေတြ ျပန္ပို႔ေနတယ္လို႔ေျပာတယ္။ ေရတြက္ရတာေတာ့ ေတာ္ေတာ္ကို ခက္ခဲတယ္။ ေန႔တိုင္းလိုလို ျပန္ပို႔တယ္။ ျမန္မာသံ႐ုံးက သြားစစ္တယ္။ ျမန္မာ ႏိုင္ငံသားျဖစ္ေၾကာင္း အေထာက္အထားျပည့္စုံရင္ ေဖာင္ထုတ္ေပးတယ္။ ၿပီးရင္ သံ႐ုံးမွာ ေလယာဥ္လက္ မွတ္ဖိုး (၇၃၀)သြင္းရတယ္။ ၿပီးရင္ ရက္အနည္း ငယ္အတြင္း ျပစ္မႈမရွိရင္ ခ်က္ခ်င္းျပန္ပို႔ေပးပါတယ္။ ေန႔တိုင္းနီးနီးျပန္ပို႔ေပးေနတာ။ တစ္ရက္ဖမ္းရင္ ေတာင္ ရာဂဏန္းရွိေတာ့ ေသာင္းနဲ႔ခ်ီေနေလာက္ၿပီထင္တယ္” ဟုျပည္ပေရာက္ျမန္မာလုပ္သားမ်ား အေရးေဆာင္႐ြက္ေပးေနသူတစ္ဦးက NP News သို႔ ေျပာသည္။
မေလးရွားအစိုးရအေနျဖင့္ ျမန္မာႏိုင္ငံသားမ်ားအပါအဝင္ တရားမဝင္ ႏိုင္ငံျခားသားမ်ားကို ဖမ္းဆီး၍ မိခင္ႏိုင္ငံမ်ားသို႔ ျပန္လည္ပို႔ေဆာင္မႈမ်ားေဆာင္႐ြက္ေနရာ ေသာင္းႏွင့္ခ်ီေသာ ျမန္မာႏိုင္ငံ သားမ်ားကို ဖမ္းဆီးထိန္းသိမ္းၿပီး ျပန္လည္လႊဲေျပာင္း ေပးထားေၾကာင္း သိရသည္။
ထို႔ေၾကာင့္ မေလးရွားႏိုင္ငံသို႔ တရားမဝင္ ေရာက္ရွိေနေသာ ျမန္မာႏိုင္ငံသား တိုင္းရင္းသား လူမ်ိဳးအမ်ားစုသည္ ဒုကၡသည္အျဖစ္ ေလွ်ာက္ထားသူ ပိုမ်ားလာေသာ္လည္း ရရွိသူ နည္းပါးေၾကာင္း လည္း သိရသည္။
“UNHCR ကတ္ကိုင္ထားတဲ့ ဒုကၡသည္နဲ႔ ပတ္စပို႔နဲ႔ တရားဝင္လာတဲ့လူေတြ ေနာက္၊ ဒီႏိုင္ငံမွာ ပါမစ္တင္ၿပီး ပါမစ္ရတဲ့လူေတြကလြဲၿပီး ဘာအေထာက္အထားပဲရွိရွိ၊ ဘာကတ္ပဲရွိရွိ သူတို႔အေနနဲ႔ ဖမ္း ဆီးတာ ေန႔တိုင္းလိုလိုရွိပါတယ္။ ဒုကၡသည္အျဖစ္ေလွ်ာက္တာကေတာ့ UNHCR ကေန ဖြင့္ထားတယ္။ ဒါေပမဲ့ ဒုကၡသည္အျဖစ္လက္ခံၿပီးတဲ့လူမွသာလွ်င္ မေလးရွားအစိုးရမဖမ္းတာ။ ေလွ်ာက္ထားဆဲလူေတြ ကိုလည္း အကုန္ဖမ္းတာ။ ေလွ်ာက္တဲ့လူေတြက အရင္ထက္ပိုမ်ားတယ္။ တိုင္းရင္းသားေတြပိုမ်ားၾက တယ္။ တခ်ိဳ႕က်ေတာ့ လည္း မိသားစုေတြက တျခားႏိုင္ငံမွာရွိေနေတာ့ ဒီကေန အလြယ္အကူဆုံးသြား ၾကရေတာ့ အဲဒါေတြေၾကာင့္ ေလွ်ာက္တာရွိသလို တခ်ိဳ႕လည္း ျပည္တြင္း အခက္အခဲေတြေၾကာင့္ ေရာက္ရွိလာၿပီး ေလွ်ာက္ တဲ့လူေတြလည္း ရွိတယ္။ အဆင္ေျပေျပရတဲ့လူေတာ့ မရွိဘူး။ အကန႔္ အသတ္ ေတြကေတာ့ အရမ္းမ်ားလာတယ္။ အရင္လို လြယ္လင့္တကူေတာ့ မဟုတ္ေတာ့ဘူး။ အရင္ကဆို ဆက္ တိုက္လိုလိုေခၚတယ္ အခုဆို နည္းသြားၿပီ။ နည္းလည္း ေလွ်ာက္ၾကတယ္။ ေလွ်ာက္ေပမယ့္လည္း တျခားႏိုင္ငံသားေတြကလည္း ေလွ်ာက္ၾကေတာ့ ခ်ာလည္ပတ္ရမ္းေနတာပဲ” ဟု ၎ကဆက္လက္ ေျပာသည္။